Monday, August 4, 2008

အထုပ်မှားသော


glitter-graphics.com
ကျွန်မအလုပ်သို့သွားရန် ရေးမိုးချိုးပြင်ဆင်နေခိုက် မီးဖိုချောင်ထဲမှ အသံကို ရုတ်တရက်ကြားလိုက်ရသည်။ "ဂလုန်-ဂလုန်"ဟူသောအသံပင်...သါားကြည့်လိုက်တော့ ထမင်းချိုင့်များမှာ ပျံ့ကြဲ၍ နေသည်ကို တွေ့လိုက်ရတယ်။ ထိုစဉ်မှာပင် စိတ်တိုတိုနှင့်ဟာ..အစ်မကလည်းနော် ပြောကိုမပြောချင်ပါဘူး...လုပ်လိုက်ရင်အဲ့လိုဘဲ..အရာရာနဲ့အကြောင်းကြောင်းဆိုပြီး အစ်မဖြစ်သူအား အပြစ်ပြောနေသော ညီမဖြစ်သူရဲ့အသံပင် ဖြစ်သည်။ သို့ပေမယ့်..ကျွန်မပြောသောအသံကိုတော့ အစ်မဖြစ်သူက ကောင်းကောင်းကြားဟန်မတူ။ မသိသလိုနှင့် လှမ်းကြည့်နေပြန်၍ ပိုဒေါသထွက်သွားရပါသည်။ အစ်မ အဲ့ဒါ..သမီးလေးကျောင်းယူဖို့ထည်လုပ်ထားတဲ့ ထမင်းချိုင့်လေလို့ စိတ်တိုတိုနှင့်ပြောလိုက်သော်လည်း အစ်မအကြည့်က အလွန်အေးချမ်းနေသော တရားသမားပုံစံနှင့်ပင်။ ဒါနဲ့..ထမင်းတွေဖိတ်ကုန်ပြီ ချိုင့်ပြန်ဆေးပြီး ပြန်ထည့်လိုက်လို့အော်ကာ ကမန်းကတန်းပင် အခန်းထဲသို့ပြန်ဝင်သွားလိုက်တယ်။ အစ်မဖြစ်သူမှာ နားက သိပ်မကြား မျက်စိကမှုံနေသော်လည်း မိဘများကွယ်လွန်ပြီးကတည်းက ညီမဖြစ်သူကို အမကြီးအမိရာဆိုသလို ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည်မှာ ယခု ညီမဖြစ်သူမှာ ကိုယ့်အိမ်ထောင်နှင့်ကိုယ်ပင်ဖြစ်သော်လည်း သမီးဖြစ်သူနှင့်အတူ အစ်မအားစိတ်မချဟုဆိုကာ အိမ်တွင်လာနေနေခြင်းဖြစ်သည်။
အစ်မရေ-အစ်မ ခေါ်သံကြားသောကြောင့် ညီမလေးရယ် ဘာဖြစ်လာရပြန်တာလဲဟု အစ်မက ဂရုဏာသက်စွာဖြင့် ပြန်လည်မေးလိုက်ရာ ဘာဖြစ်ရမလဲ..မနက်ကညီမသိမ်းထားခဲ့တဲ့မာလကာသီး(၂)လုံး ဘယ်ရောက်သွားတာလည်း အစ်မရ ၊ တစ်မင်စားချင်လွန်းလို့ သိမ်းထားခဲ့တဲ့ဟာကို ၊ အော်...ညီမလေးရယ် မနက်ကမမမသိလို့ ဘုန်းကြီးလူလိုက်မိပါတယ်။ နောက်တစ်ခါအပင်က သီးတော့စားပေါ့ကွယ်။ ဟာ..အစ်မကလည်း ကုသိုလ်ဆိုတာက နောင်ဘ၀မှ စားချင်တာကအခု အစ်မရာတစ်ခြားဟာလည်းကုသိုလ်လုပ်ရပါတယ်။ တော်ပြီမပြောချင်တော့ဘူး အစ်မရာ လှုပြီးသားလည်း အလကားဖြစ်တယ် အစ်မရဲ့ဟုဆိုကာ ဒေါနဲ့မောနဲ့ အခန်းထဲဝင်သွားတော့တယ်။
ဒီလိုနဲ့ နောက်တစ်နေ့မနက်မှာတော့ အစ်မဖြစ်သူကိုတောင်းတောင်းပန်ပန်နှင့်ပင် ညီမလေး မင်္ဂလာဆောင်သွားစရာရှိလို့လေ။ အဲ့ဒါ...ညီမလေးကို အစ်မရဲ့ စိန်နားကပ် ၊ လက်စွပ် ၊ ဆွဲကြိုး ၊ လေးခဏလောက်ပေးပါလား ၊ အစ်မကအိမ်မှာဘဲနေတာ ဘယ်ကိုမှ မသွားဘူးဆိုတော့လေ ၊ အော်..အင်း..ရပါတယ်..ညီမလေးရယ် ပြောရမဲ့သူတွေမှ မဟုတ်တာဘဲ ၊ ရော့ရော့..ဒီမှာသော့ညီမလေးဆိုပြီး အစ်မဖြစ်သူက မီးခံသေတ္တာသော့ကို လှမ်းပေးလိုက်တော့..ကျွန်မပျော်လွန်းလို့ သော့ကိုင်ထားသော လက်များပင် တုန်ယမ်းပြီး ၊ မီးခံသေတ္တာရှိရာ အခန်းဆီသို့ အပြေးဆိုသလို အလျှင်မြန်ဆုံးပြေးဝင်သွား လိုက်မိပါတော့တယ်။ နောက်တစ်နေ့မှာတော့ ဥပုသ်နေ့လည်းဖြစ်တာကြောင့် အစ်မဖြစ်သူအား ဘုရားသို့ ဥပုသ်စောင့်ရန်ပို့ပေးပြီး အိမ်သို့ပြန်လာခဲ့တယ်။ အိမ်ရောက်တော့ မီးခံသေတ္တာ သော့ကိုဖွင့်ကာ သမီးဖြစ်သူက အမေရယ်အရမ်းလှလိုက်တာနော်။ အင်းလေ..ဒါနင့်အဒေါ်ရဲ့ အမွေပစ္စည်းတွေဘဲ..စိန်အစစ်တွေေ့။ မိဘတွေဆုံးသွားတော့ အမွေခွဲပေးခဲ့တာလေ။ သမီး..နင့်အဒေါ်သာ တစ်ခုခုဖြစ် ဆုံးသွားခဲ့ရင် အမေတို့ပိုင်ပြီသိလား။ ဒါကြောင့်..အမေဟာဒီအိမ်မှာလာနေနေတာပေါ့။ အားပါးပါး..အမေကတော့ အကြံပိုင်တယ်တော်လိုက်တာနော်။ ဒါပေါ့သမီးရဲ့ လူ့ဘ၀မှာ အထုပ်ဆိုတာ အရေးကြီးဘဲဆိုတာ သမီးမြဲမြဲမှတ်ထားကြားလား။ ထိုသို့ပြောရင်း မင်္ဂလာဆောင်သွားရန်ပြင်ဆင်နေသောအမေအား သမီးဖြစ်သူကပင်ချီးမွမ်းခမ်းဖွင့်နေပါသေးတယ်။ မကြာခင်မှာပင် အမေဖြစ်သူ အပြင်သို့ထွက်သွားလိုက်တော့သည်။ သမီးဖြစ်သူမှာတော့ အမေလုပ်သူ၏ မကောင်းမွန်သော စိတ်ဓာတ်ကိုပင် အဟုတ်ထင်နေမိတော့သည်။ ဒီလိုနဲ့မိုးချုပ်တော့ မိခင်ဖြစ်သူမှာ စားသောက်ထားသောအရှိန်ကြောင် မှုးမှုးယိုင်တိုင်တိုင်နှင့် လှေကားပေါ်သို့တက်လာသံကြောင့် သမီးဖြစ်သူမှာ ရုတ်တရက်အိပ်နေရာမှပင်သို့ထွက်လာတော့ မှုးဝေနေသောအရှိန့်လှေကားပေါ်မှရုတ်တရက်ဆိုသလို ပြုတ်ကျသွားပါတော့တယ်။ ဒါနဲ့သမီးဖြစ်သူရဲ့ အလန့်တကြားအဒေါ်ရေဟု အော်သံကြောင့်အိပ်နေရာမှ အမြန်အပြေးလာသော်လည်း ညီမဖြစ်သူမှာခေါ်၍ပင်မရတော့ပါသဖြင့် ဆေးရုံသို့ချက်ခြင်းပင်ပို့လိုက်ရပါတော့တယ်။ ဒီလိုနဲ့ဆေးရုံရောက်တော့ (၃)ရက်လောက် မေ့မြောနေလေတော့သည်။ (၃)ရက်ကြာမှာတော့ ကံကောင်းထောက်မစွာပင် ပြန်လည်းသတိရလာတော့မှ မိမိဘေးတွင်အိပ်နေသော အစ်မဖြစ်သူကို တွေ့လိုက်ရတော့ ၀မ်းသာအားရနှင့်ပင် အစ်မဖြစ်သူ၏လက်ကို ကိုင်မည်လုပ်လိုက်ရာ ဟင် ငါ့လက် ၊ ငါ့ခြေထောက် တွေ လှုပ်လို့မရတော့ပါလား။ စိတ်ထဲမှဝမ်းနည်းခြင်းများနဲ့ အစ်မဖြစ်သူအားတောင်းပန်ခြင်သော်လည်း စိတ်ထဲမှာတော့အလွန်ကိုပင်ခံစားနေရပါပြီ။ ဒီလိုနဲ့အစ်မဖြစ်သူက ရုတ်တရက်နိုးလာတော့ အဲ့..တူမလေးရေ သမီးအမေသတိရလာပြီဟု တူမဖြစ်သူအားအားရ၀မ်းသာအော်ခေါ်ရင်း ညီမလေး..နိုးလာပြီလား..ဘာမှစိတ်မပူနဲ့နော် ညီမလေးဘေးနားမှာ သမီးလေးရော မမရော ရှိတယ်သိလား အားမငယ်ပါနဲ့။ ညီမလေးလိုတာသာအကုန်ပြော ဖြစ်စေရမယ်။ ညီမလေး ခင်ပွန်းကိုလည်းခေါ်ထားတယ် မကြာခင်ရောက်လာတော့မှာပါနော်။
ထိုအချိန်တွင် အစ်မဖြစ်သူ၏ တရား ၊ ဘာဝနာနှင့်ပြည့်စုံသော အေးချမ်းလှတဲ့အသံလေးကြောင့် ရင်ထဲကအပူတွေအေးသွားခဲ့ရတယ်ဆိုပေမယ့် အစ်မဖြစ်သူအားမကောင်းစိတ်ထားခဲ့မိသည်မလား ။ အစ်မဖြစ်သူကို အိမ်မှာမရှိရင်ကောင်းတယ်ဆိုပြီး ဘုန်းကြီးကျောင်းကိုသာပို့ပေးနေခဲ့မိတာ ခုတော့ ဘုရား ၊ တရားရိပ်တွေနဲ့ အေးချမ်းနေလိုက်တဲ့ အစ်မရယ် ခုမှနောင်တာကြီးစွာရပေမယ့်လို့ အခါနှောင်းခဲ့ပြီးမဟုတ်ပါလား။ ခုတော့မကောင်းမှု အကုသိုလ်တွေကြောင့် ဒုက္ခိတဘ၀တောင်ရောက်နေလေပြီ။ အစ်မရေ "ဘုရား ၊ တရား ၊ ဘာဝနာ" ဆိုတဲ့" ဒါနထုပ် " နဲ့" လောဘ ၊ ဒေါသ ၊ မောဟ " ဆိုတဲ့" လောဘထုပ်" နဲ့ " အထုပ်မှား" ခဲ့တာ ခုတော့ နောင်တ နောင်မှရဆိုသလို နောင်တကြီးစွာရနေပါပြီမမရယ်ဟု နောင်တရရုံမှလွဲ၍ တစ်ခြားနည်းလမ်းမရှိတော့နိုင်ပါ ။ ခုတော့ နောင်ဘ၀တွက်မပါတဲ့ လောဘထုပ်ကိုမက်ခဲ့သူ နောင်တကြီးစွာရသူ အမှားကျူးလွန်ခဲ့မိလို့အပြစ်ကြီးသူက ကျွန်မ...
ဒါကြောင့် သူငယ်ချင်း မိတ်ဆွေအပေါင်းတို့လည်း "ဘုရား ၊ တရား ၊ ဘာဝနာ" ဆိုတဲ့" ဒါနထုပ် " နဲ့" လောဘ ၊ ဒေါသ ၊ မောဟ " ဆိုတဲ့" လောဘထုပ်" နဲ့ " အထုပ်မမှား" အောင်သတိထားကာ" လောဘ ၊ ဒေါသ ၊ မောဟ" တွေကြောင့် သူတစ်ပါးကို ဘယ်တော့မှ မကောင်းပြော မကောင်းကြံကာ သူတစ်ပါးအကျိုး ပျက်စီး ဆုံးရှုံးအောင်မလုပ်မိကြစေဖို့ သတိပေးလိုက်ရပါတယ်။

No comments: