• စိုးရိမ်စရာရှိရင် ဒါဟာ စိုးရိမ်စရာရယ်လို့ ပီပီပြင်ပြင်သိမြင်ရင် စိုးရိမ်ရမှာပဲ။ ကြိုတင်ပြီး ရှောင် သင့်ရင်ရှောင် ရှောင်ရမှာပဲ။ စိုးရိမ်စရာမှန်းသိလျက်နဲ့ မရှောင်လို့ကတော့ ဒုက္ခရောက်တာ လောက် နှမြောစရာကောင်းတာ မရှိဘူး။
• သည်ခရီး၊ သည်ကိစ္စ၊ သည်လူ၊ သည်အရပ်ဟာ ကိုယ့်အတွက် အမှားအယွင်းဖြစ်ဖို့ မြင်နေရင် စဉ်းစားမိရင် မသွားဖို့၊ မတွေးဖို့၊ မလုပ်မိဖို့၊ စိုးရိမ်သင့်တယ်၊ ဆင်ခြင်သင့်တယ်။
• ဆင်ခြင်မှုဟာ မိမိမှာ ထာဝစဉ်ရှိနေသင့်တယ်။
• မဖြစ်သေးခင် ကြိုတင်ဆင်ခြင်တတ်တာဟာ အလွန်ကောင်းမြတ်လှတဲ့ အရည်အချင်းပါပဲ။
• စိုးရိမ်စရာ မဟုတ်တာကိုတော့ လုံးဝစိုးရိမိနေစရာ မလိုပါဘူး။ ဝေဖန်ပိုင်းခြားမှုမပါတဲ့ စိုးရိမ်ကြောင့်ကြမှုဟာ လူကို ဒုက္ခပေးတတ်ပါတယ်။ စိုးရိမ်မှုကြောင့် မဖြစ်သင့်တာတွေ ဖြစ်ရ တယ်။ လုပ်သင့်တာတွေလည်း မလုပ်မိတော့ဘူး။ တိုးတက်အောင်မြင်မှုတွေ ဝေးကွာသွား တတ်တယ်။ သိပ်စိုးရိမ်လာရင် အဲသည် စိုးရိမ်မှုရဲ့နောက်က သောကဗျာပါဒတွေ ပါလာပြီး ရုပ် ပိုင်းကိုပါ ထိခိုက်လာပါရော။ စိုးရိမ်စိတ်ဟာ လူကိုနှေးကွေးလေးလံစေတယ်။ ကျန်းမာရေးကို တစ်နည်းအားဖြင့် ပျက်စေတယ်။
• စိတ်ပျိုမှ ကိုယ်နုတယ်။
• စိုးရိမ်စိတ်တွေ ကင်းနိုင်သမျှ ကင်းအောင်နေမှသာ စိတ်ဟာ လန်းဆန်းနိုင်တယ်။ စိတ်လန်း ဆန်းမှ ရုပ်လန်းဆန်းတယ်။ စိတ်ညှိုးနေပြီဆိုရင် ဘယ်မှာ ၇ုပ်လန်းဆန်းမှာလဲ။ ဒါကြောင့်အ တတ်နိုင်ဆုံး စိုးရိမ်စိတ်ကို ခိုအောင်းမနေအောင် သတိနဲ့ဆင်ခြင်ပြီး နေတတ်ရမယ်။ (ခြွင်းချက်ကတော့ စိုးရိမ်စရာကိုတော့ အမှန်တကယ်ပဲစိုးရိမ်ပြီး ဝေဖန်ပိုင်းခြားရမှာနော်)။
• မဖြစ်နိုင်တာကို ကြိုတွေးပြီး ပူပန်နေရင်တော့ လက်ရှိအချိန်ကို အကျိုးမဲ့ ဖြုန်းတီးနေသူပဲ။
• ဆင်ခြင်မှုဟာ လက်ငင်းလက်တွေ့ကိုသာ ရှေးရှုလုပ်ဖို့ လိုပါတယ်။ ပစ္စက္ခအချိန်ကို ဦးစားပေး ပါ။ ဘာဖြစ်လို့လဲဆိုတော့ ယနေ့ဟာ ယနေ့ပဲ။ နက်ဖြန်ဟာ ယနေ့မဟုတ်ပါဘူး။
• ဒါပေမယ့် ယနေ့အလုပ်ဟာ နက်ဖြန်အတွက် အကြောင်းခံနေတာကိုတော့ သတိထားရမှာပေါ့။ လူတစ်ယောက်အတွက် နက်ဖြန်ပေါင်းများစွာကို ယနေ့ဆိုတဲ့ ပစ္စက္ခအချိန်နဲ့အကြောင်းခံ ကျော်လွှားနေရတာကို စဉ်းစားလို့ တွေ့နိုင်တာပေါ့။
• လူဟာ ဘ၀ဆိုတဲ့ ဘောင်ထဲမှာ နေတတ်စားတတ်ဖို့ အထူးလိုအပ်လှပါတယ်။ ခက်နေတာက မနေတတ်၊ မစားတတ်လို့ပါ။
• နေတတ်စားတတ်တဲ့ မိဘနှစ်ပါးက မွေးဖွားလာပေမယ့် မနေတတ် မစားတတ်တဲ့ သားသမီး ဖြစ်ချင်ဖြစ်နေတတ်တယ်။ နေထိုင်တတ်ရန်က ဝေဖန်ပိုင်းခြားတဲ့ စိုးရိမ်စိတ်၊ ဆင်ခြင်စိတ်၊ ဆင်ခြင်တုံတရားကို နားလည်ရပါမယ်။
• လောကရဲ့ ဖြစ်တတ်ပျက်တတ်တဲ့ ဓမ္မတာတရားကို လျစ်လျူမပြုဘဲ စိုရိမ်စိတ်၊ ဆင်ခြင်စိတ်၊ ဆင်ခြင်တုံတရားနဲ့ ဝေဖန်သုံးသပ်ကာ ဘ၀ကို အကျိုးပြုရမှာ ဖြစ်တယ်။
• လူတစ်ယောက်ဟာ မသေမချင်း နေရခြင်းက ဘ၀ပဲ၊ အဲသည်လို မသေမချင်း နေရတဲ့ဘ၀မှာ အမြဲခရီးဖော်အဖြစ် လက်တွဲခေါ်ငင်သွားရမှာက ဆင်ခြင်စိတ်၊ စိုးရိမ်စိတ်၊ ဆင်ခြင်တုံတရား ဆိုတာပါပဲ။
• လူကို အကျိုးမပြုတဲ့ စိုးရိမ်စိတ်ကိုတော့ ဖယ်ဖြစ်အောင် ဖယ်ပါ။ ကိုယ်သွားမယ့် ခရီးလမ်းမှာ အဖော်အဖြစ် မပါစေပါနဲ့။
• ဆင်ခြင်ရမှာတေါ၊ စိုးရိမ်စိတ် ထားရမှာတွေတော့ တစ်ဦးနဲ့တစ်ဦး မတူကြဘူးပေါ့။ ဘ၀ပေးအ ခြေအနေတွေအရပဲ ဖြစ်မှာပါ။ ကုန်သည်က စိုးရိမ်ပြီး ခရီးမသွားရင် ကုန်ကူးလို့မရဘူး။ ချော်လဲမှာကို စိုးရိမ်ရင် အားကစားသမားကောင်းဖြစ်လာမှာ မဟုတ်ဘူး။ စိုးရိမ်စိတ်သိပ်များ ရင် ဘာမှ လုပ်စားလို့ မရပါဘူး။
• ဒါကြောင့် စိုးရိမ်စိတ်ဆိုတာကို စိုးရိမ်သင့်တဲ့နေရာမှာသာ စိုးရိမ်တတ်ဖို့လိုပါတယ်။ သူ့နေရာနဲ့ သူ စိုးရိမ်သင့်တဲ့နေရာမှာ စိုးရိမ်တတ်မှသာ ချမ်းသာမှာ မဟုတ်ပါလား မိတ်ဆွေတို့။
Friday, November 7, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment