• စာအုပ်မိတ်ဆွေ
• လူမိတ်ဆွေ
• မိတ်ဆွေနှစ်ယောက်ထား-တဲ့။
• အဲသည် ဆောင်ပုဒ်ကတော့ ဆရာမင်းကျော် (ဦးကျော်ရွှေ)ရဲ့ ဆောင်ပုဒ်ပါ။ ဆရာမင်းကျော် ကတော့ သည်ဆောင်ပုဒ်ကိုကြိုက်လို့ စာရေးခုံရှေ့မှာ စာလုံးကြီးကြီးနဲ့ ရေးကပ်ထားတယ်တဲ့။ သည် ဆောင်ပုဒ်ကြောင့် စာအုပ်ကို မိတ်ဆွေ သူငယ်ချင်းလို ဆရာမင်းကျော်က သဘောထား တတ်လာခဲ့ပါတယ်။ စာအုပ်တွေဟာ သူငယ်ချင်းတွေပဲ။
• စာအုပ်တွေဟာ လောကကြီးကို ရူမြင်တဲ့ ပြတင်းတံခါးတွေပဲ မဟုတ်လား။ စာတွေက လော ကကို အလင်းရောင်ပေးတဲ့ မိတ်ဆွေကောင်းတွေ၊ ဘယ်တော့မှ သစ္စာဖောက်မသွားတဲ့ သူငယ်ချင်းတွေပါ။
• ဒါပေမယ့် တစ်ခုတော့ ရှိတယ်လေ။
• စာအုပ်ကောင်းတွေကသာ တကယ့်သစ္စာရှိ မိတ်ဆွေတွေ ဖြစ်နေပေမယ့် စာအုပ်ဆိုးတွေက တော့ သစ္စာမဲ့ တကယ့်ရန်သူတွေပါ။
• စာဖတ်တာဟာ သစ်ပင်စိုက်တာနဲ့တူပြီး စဉ်းစားတာကတော့ ရေလောင်းတာနဲ့ တူပါတယ်။
• စာဖတ်တာ၊ စာပေလိုက်စားတာဟာ ဘ၀တံခါးကိုဖွင့်တာနဲ့တူတယ်။ စာမဖတ်ရင် ဘ၀တံခါ အချို့ကို လုံးဝပိတ်ထားသလိုပါပဲ။
• ကမ္ဘာရဲ့ အရသာမှန်သမျှဟာ စာပေပဲ။ စာပေ စာမတတ်သူများမှာ ကမ္ဘာရဲ့ အရသာကို မခံ စားဖူးသဖြင့် ၀ရာမှ ပိန်သွားရဖို့ရှိတယ်လို့ မဟတ္တမဂန္ဒီက ဆိုမိန့်ခဲ့ဖူးပါတယ်။
• ဘ၀ချမ်းသာကိုရှာရင်၊ လိုချင်ရင် စာပေတွေကို မဖတ်မဖြစ်ကို ဖြတ်ရမှာဖြစ်တယ်။
• လူမှာ ကိုယ်တွေ့အားနည်းလာရင် ဘာနဲ့အားဖြည့်မလဲ။ စာတွေ့အားနဲ့ပဲ ကူရမယ်လေ။ အ ရာရာကို ကိုယ်တွေ့လိုက်လုပ်နေလို့ ဘယ်ဖြစ်မလဲ။
• လူတွေဖန်တီးထားတဲ့ အဲ့ဖွယ်များအနက် စာအုပ်စာလည်း အကြီးမားဆုံး အံ့ဖွယ်ပါပဲ။
• လူ့လောကရဲ့ ဗဟုသုတအားလုံး၊ အသိဥာဏ်အားလုံး၊ လုပ်ရပ်အားလုံးနဲ့ အတွေ့အကြုံအား လုံးဟာ စာအုပ်ထဲမှာပဲရှာလို့ ပြည့်စုံအောင်တွေ့နိုင်မယ်။ သိမ်းလို့လွယ်တော့ ကြာရှည်ခံ တယ်။ ကျန်တာတွေက ပျက်စီးနိုင်တယ် မဟုတ်လား။ ထိန်းသိမ်းရတာ စာအုပ်လောက် မလွယ်ဘူး။
• လူရဲ့အသိဥာဏ် ပိုမိုတိုးတက်ရေးအတွက် အထက်မြက်ဆုံးစွမ်းအားဟာ စာအုပ်ပါ။
• စာပေက ဘာပေးမလဲ။
• စာပေက နှလုံးသားထဲမျာ အမာခံစိတ်ဓာတ်ကောင်းတွေ ပေးမှာပေါ့။
• စာပေက သင့်ဦးနှောက်ကို ရင့်ကျက်ဖွံ့ဖြိုးမှုတွေ ပေးမှာပေါ့။
• ဒါပေမယ့် စာတော့ရွေးနော်။ စာကို ရွေးဖတ်ရမယ်။ မိတ်ဆွေတွေကို ရွေးပေါင်းသလို စာအုပ် တွေကိုလည်း ရွေးချယ်ဖတ်ရမယ်။ စာအုပ်မှားဖတ်မိရင် ဘ၀ချမ်းသာမရဘဲ ဘ၀ပရမ်းပတာ ဖြစ်ကုန်လိမ့်မယ်မိတ်ဆွေတို့။
• စာကို ဘယ်သူဖန်တီးသလဲ။
• စာကိုလူက ဖန်တီးတာပါ။ လူမှာ ကောင်းတာရှိသလို မကောင်းတာလည်း ရှိပါတယ်။
• ဖန်တီးတဲ့လူက စေတနာဆိုးနဲ့ဖန်တီးထားရင် စာလည်းကောင်းမှာ မဟုတ်ပါဘူး။ စာလည်းမ ကောင်း၊ လူလည်းမကောင်း ဖြစ်တတ်တာတွေ ရှိတတ်တယ်။
• စာမတတ်ရင် အကန်းပဲပေါ့။ စာမဖတ်ရင်တော့ လမ်းမပွင့်ပါဘူး။ စာတတ်ပါလျက်နဲ့ စာမဖတ်ရင်တော့ လူဖြစ်ရကျိုးမနပ်လောက်အောင် ဖြစ်လိမ့်မယ်။
• စာတွေကို အများကြီးဖတ်ပြီး မေ့ဖျောက်ပစ်လိုက်တာနဲ့ နည်းနည်းဖတ်ပြီး မှတ်သားမိတာ ကလည်းကောင်းပါတယ်။ မှတ်သားမိဖို့သာ လိုတယ်။ မှတ်မိမှလည်း အသိတရားက ရမှာကို။ စာသာဖတ်တယ် ပြီးပြီးရောဖတ်ရင်တော့ သဲထဲရေသွန်သလိုပါပဲ မိတ်ဆွေ။ ဒါကြောင့် မိမိ ဖတ်သလောက်ကို လေးလေးနက်နက် မှတ်မိနေအောင် ဖတ်စေချင်ပါတယ်။
• စာပေကို မိဘသဖွယ်အားထားရာလို့ကို သဘောထားရမယ်။ ကိုးကွယ်ရာ၊ ဆည်းကပ်ရာလို့ကို သဘောထားရမယ်။ ဘာဖြစ်လို့လဲ။ စာပေက အသိပညာ၊ အတတ်ပညာတွေကို ပေးရုံမကဘဲ အသက်ရှည်ရာ အနာမဲ့ကြောင်းတွေကို ညွှန်ကြားပြနေတဲ့ သမားကောင်း မဟုတ်လား။
• ခက်တာက လောကမှာ စာအုပ်ပေသလောက် စအုပ်ကောင်း ရှားတာပါပဲ။
• လူတွေ စာအကြိုက်ချင်းမတူတော့ စာအုပ်ကောင်း ရွေးချယ်ရာမှာလည်း တစ်ဦးနဲ့တစ်ဦး ကွဲနေကြမှာပဲ။ ဒါပေမယ့် စာအုပ်ကောင်းတွေဟာ သိကိုသိသာပါတယ်လေ။ ကောင်းတဲ့စာ အုပ်ဟာ လူ့လောကမှာ နာမည်တွင်ကျန်ခဲ့ကြတာ မဟုတ်လား။
• စာတွေကိုဖတ်ပါ။ ပြီးတော့ စဉ်းစားပါ။ ဘ၀ချမ်းသာရေးတွေ အများကြီး တွေ့လာပါလိမ့်မယ်။
• စာကိုဖတ်ရုံသာဖတ်ပြီး မစဉ်းစားမဆင်ခြင်ရင် ဘာအကျိုးမှ မများဘူး။
• မိတ်ဆွေတို့ရဲ့ စဉ်းစားဆင်ခြင်မှုတွေဟာ စာမဖတ်ဘဲ လုပ်နေတာတွေ ဆိုရင်တော့ အဲဒါ ကြောက်မက်ဖွယ် ဘေးအန္တရာယ် ရှာနည်းတစ်မျိုးပဲ။
• စာတွေအများကြီးဖတ်၊ ပြီးတော့စဉ်းစားတွေးခေါ်မှုမထား။ ဒါကျတော့ ဘာနဲ့တူသလဲသိ လား။ အစာကို စားပိုးနင့်အောင်စားမျိုပြီး အစာမကြေတဲ့လူနဲ့ တူတယ်လေ။
• အကျိုးရှိတာထက် အကျိုးမဲ့ဖို့က များတယ်။ စံကင်း ဆရာတော်ကြီိးက မိန့်မြွက်ခဲ့တယ်။ လောကမှာ ခပ်သိမ်းကုန်သော အမွေတွေထဲမှာ ပညာရှိအဆက်ဆက်ထံမှ ရယူအပ်တဲ့ စာပေကျမ်းဂန်တွေဟာ အမွေအကြီးဆုံးပဲတဲ့။
• ဘ၀တန်ဖိုးကို စာပေနှင့်ရှာပါ။
• သင့်ရဲ့ စိတ်ရှိလက်ရှိ လုပ်ကိုင်မှားယွင်းချင်တာတွေကို စာပေက ထိန်းသိမ်းဘောင်ကန့် ပေးပါလိမ့်မယ်။
• နုတဲ့စိတ်တွေကိုရင့်အောင လုပ်ပေးပါလိမ့်မယ်။ မပွင့်တဲ့မျက်လုံးတွေကို ပွင့်အောင်ဖွင့်ပေး ပါလိမ့်မယ်။ မမှားတန်တာ မမှားအောင် မသိတာတွေကို သိလာအောင် စာပေက အများကြီး လုပ်ပေးနိုင်ပါတယ်မိတ်ဆွေ။
• မတွေးတတ်သူ၊ မတွေးခေါ်နိုင်သူတွေဟာ စာနဲ့ကင်းကြတယ်။ စာမဖတ်တော့ ကျဉ်း မြောင်းတဲ့ ကိုယ့်အတွေ့အကြုံလေးကိုပဲ သုံးသပ်နိုင်မှာပေါ့။
• အဆိုးအကောင်း ဒွန်တွဲတဲ့သဘောကို စာပေဖတ်မှာ ပိုမြင်စွမ်းတာပါ။ နို့မို့ရင် ဘယ်ဟာဆိုး မှန်း၊ ဘယ်ဟာကောင်းမှန်း သိမှာမဟုတ်တော့ပါဘူး။
• စာပေဖတ်ပြီး အတွေ့အကြုံရင့်မှ ဘ၀ကိုနေတတ်ထိုင်တတ်လာမှာ။
• အဲသည်လို နေတတ်ထိုင်တတ်မှ ဘ၀ချမ်းသာမှာ၊ သည်တော့ ဆင်းရဲနေလို့ စာမဖတ်ဘဲ မနေနဲ့။ ဘ၀မငြိမ်းချမ်းလို့ စာမဖတ်ဘဲ မနေကြပါနဲ့။ ပညာပါဆင်းရဲ သွားလိမ့်မယ်။
• လူဆင်းရဲသော်လည်း ပညာချမ်းသာရင် တစ်နေ့ဘ၀ချမ်းသာလာနိုင်မှာပါ။ ဒါကြောင့် ခုခေတ်လူငယ်လေးများဟာ အချစ်ဝတ္တုများကို ဖတ်နေကြတာအများဆုံးရှိနေပါတယ်။ မ ဖတ်နဲ့လို့ပြောချင်တာမဟုတ်ပါဖူး။ စာအုပ်ဆိုရင်အကုန်လုံးဖတ်သင့်ပါတယ်။ အတုယူမ မှားဖို့သာလိုတာပါ။ အချစ်ဝတ္တုတစ်အုပ်ဖတ်ပြီး အော်ဘယ်လိုဖြစ်သွားတာပါလား ဆိုပြီး ကိုယ်ကအတုယူမယ်ဆိုရင် ကောင်းသော အတုယူခြင်းပေါ့။ အချစ်ဝတ္တုတွေဖတ်ပြီး မကောင်းတာအတုယူ လိုက်လုပ်ကြမယ်ဆိုရင်တော့ မကောင်းတဲ့ အတုယူခြင်းပေါ့။ ဘယ်စာအုပ်မဆို အကောင်းနဲ့အဆိုးတွဲနေတာပါ။ ကောင်းတာကိုအတုယူတတ် ရင်တော့ စာအုပ်ဟာ မိတ်ဆွေကောင်းပါ။ အတုယူလွဲရင်တော့ အဆိုးဆုံးရန်သူဖြစ်သွားတတ် တယ်နော်။ ဒါကြောင့်စာအုပ် ဖတ်တာခြင်းတူပေမယ့် ပညာယူတာခြင်းမတူကြဘူးလေ။ မိတ်ဆွေတို့စာဖတ်ရင် မိမိဘ၀တွက် အထောက်အကူ ဖြစ်စေမယ့် ဘ၀တွက်အရေးပါတဲ့ စာအုပ်ကောင်းများကိုသာ ရွေးဖတ်ပြီး ဘ၀တွက် မိတ်ဆွေကောင်းများ ရရှိနိုင်ပါစေလို့ နှင်း အကြံပြုခြင်ပါတယ်။
စာဖတ်သူမိတ်ဆွေအပေါင်းတို့ ကောင်းသောအတုယူချင်းများနဲ့ မိတ်ဆွေကောင်း များကိုသာ ထာဝရပိုင်ဆိုင်ကာ ရွှင်လန်းချမ်းမြေ့ပါစေလို့ဆုတောင်း လျှက်
နှင်း
Thursday, November 6, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment