• တစ်လောကလုံးကို အစိုးရတဲ့ အရာတစ်ခုရှိတယ်။ အဲဒါက အချိန်ပါပဲ။ အချိန်ဟာ တစ်လော ကလုံးကို စိုးမိုးနေတယ်။
• လောကဟာ အချိန်ပါ။ အချိန်ကို လောကလို့ပြောတ။ အချိန်ကိုပယ်ပြီး ကြည့်ပါလား။ ဘယ်မှာ လဲလောက၊ ပယ်ုလိုက်ရင်လောက မရှိတော့ပါဘူး။ လောကကို အချိန်က စားပစ်တယ်။
• အချိန်ပိုင်းလေးတွေနဲ့ လောကကို ဖန်တီးထားတယ်။ ဘာအချိန်ဆိုတာ ဘာလောက၊ ညာ အချိန်ဆိုတာ ညာလောကပေါ့။ သူ့အချိန်ပိုင်းလေးတွေနဲ့သူပဲ။
• အလင်းပြီးအမှောင်၊ အမှောင်ပြီးတော့ တစ်ခါလင်းပြရော၊ နှင်းဝေချိန်၊ နေပူချိန်ကျတော့ လည်း ပူလိုက်တာ။
• လူတွေမှာ မွေးဖွားချိန်၊ လှုပ်ရှားချိန်၊ သေဆုံးချိန်တွေရှိပြီး သူ့အချိန်နဲ့သူ လုပ်ကိုင်လှုပ်ရှား နေကြတယ်။
• အဲသည်လို အချိန်ပိုင်းလေးတွေနဲ့ လောကကို ဖန်တီးထားလေတော့ ဘ၀ချမ်းသာလိုတဲ့လူ ဟာ အချိန်ကို အသုံးချတတ်ရတယ်။ အချိန်ကို စောင့်တတ်ရတယ်။ အချိန်ကို နားမလည် ရင် ခံသွားရမှာပဲ။
• ပြဿနာတိုင်းကို ကြည့်ပါ။ ဘာတွေ့မလဲ။ ပြဿနာထုံးဖွဲ့ နေတဲ့အချိန်။ ပြေလည် ဖြေရှင်း သွားချိန်။
• ပြဿနာတစ်ခုကြောင့် စိတ်ညစ်နေရင် အချိန်ကိုသည်းခံပြီး စောင့်ရတယ်။
• အချိန်ဟာ လောကရဲ့ သောချက်ပဲ။ အဲသည်အချိန်ကနေ ပြဿနာတွေကို ဖြေရှင်းသွား တာ အံ့သြစရာတော့ ကောင်းတယ်။
• လူနဲ့ အရာဝတ္တုတွေရဲ့ တန်ဖိုးတွေဟာ သူ့အချိန်အခါ အသက်အရွယ်တွေနဲ့ လိုက်ဖက်ညီ တဲ့ အခြေအနေပေါ်မျာပဲ တည်နေတယ်။
• ဒါကြောင့်လည်း အချိန်ကို ငွေထက်တန်ဖိုးရှိတယ်လို့ ပြောကြတာ။ ငွေကို အချိန်နဲ့ ရှာနိုင် တယ်ဗျ။ အချိန်ကိုတော့ ငွေနဲ့ရှာလို့ မရပြန်ဘူး။
• လောကကြီးကို ကြည့်ပါ။ လောကကြီးမှာ ကောင်းတာရော၊ မကောင်းတာရော အချိန်တွေ ရှိသမျှ ရူပ်ထွေးပွေလီနေတာပဲ။
• အဲသည် ရူပ်ထွေးပွေလီနေတဲ့ အဖြစ်အပျက်တွေဟာ အမှုမဲ့ အမှတ်မဲ့ အချိန်ကုန်သွားလို့ မသိလိုက်ဘူး။ ပြီးတော့ လောကကြီးရဲ့ ရူပ်ထွေးပွေလီနေတဲ့ ပြဿနာတွေဟာ သူ့အချိန်နဲ့ သူ ပြီးသွားပြန်ပါရော။ အချိန်မကျသေးရင်တော့ ဘယ်လိုမှ မှန်အောင်ဖြေနိုင်ကြမှာ မဟုတ်ဘူး။
• အလုပ်လုပ်နေသူတို့အဖို့တော့ အချိန်ဟာ မလောက်နိုင်ဘူး။ အချိန်လုနေရတယ်။ အချိန်မ ရဘူး။ အလကားနေရင်တော့ တစ်နာရီဟာ သိပ်ကိုနေရတာလို့ ထင်ကြတယ်။
• ဘ၀ရဲ့အချိန်ဟာ ကြာလှတယ် ထင်ရပေမယ့်လို့ အလွန်ကို တိုတောင်းပါယ်။ အဲသည်တို တောင်းတဲ့ ဘ၀အချိန်လေးမှာ ကျစ်လစ်သိပ်သည်းစွာ ကြိုးပမ်းအသုံးချကြမယ့်အစား လူတွေဟာ အချိန်ကို ဖြုန်းသွားကြတယ်။ အချိန်လွန်မှ အသိရှိလာတာဟာ သိပ်ကိုဝမ်း နည်းဖို့ကောင်းတယ်။ မိတ်ဆွေတို့ တချို့သူတွေက အချိန်လွန်မှ အသိရှိမိတဲ့အတွက် ငယ်နုချိန်ကို ပြန်စဉ်းစားတိုင်း ပူလောင်တဲ့နောင်တကို ခံစားရတယ်။
• နေဖို့အချိန်ကို ဖြုန်းပြီးရင် သေဖို့အချိန်ကျောတ့ ဘာဖြစ်လာမှာလဲ။
• သေသေချာချာ တွေးကြည့်ရင် လောကမှာ နေရတဲ့ အချိန်ဟာ တန်ဖိုးအရှိဆုံးပါပဲ၊
• အချိန်တိုင်းဟာ ဘ၀ရဲ့ အရင်းအနှီးပါပဲ ၊ အခု လုပ်နိုင်တာကို နောက်မှလုပ်မယ် စိတ်မကူး ပါနဲ့။ မျက်မှောက်မှာ လုပ်နိုင်ရက်နဲ့ အနာဂတ်ကို ရွှေ့တာဟာ စောင့်ဆိုင်းချင်တာဟာ အချိန်သူခိုးပဲ။
• အချိန်သူခိုးဟာ ဘယ်တော့မှ လူတောမတိုးနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အချိန်တွေ နောက်ကျကုန်လို့ပေါ့။
• ကိုယ့်ကိုယ်ကို ကြီးပွားတိုးတက်အောင် လုပ်နေသူတွေဟာ အချိန်ကို သိပ်ပြီး တန်ဖိုးထား ကြပါတယ်။ အချိန်ကိုပေါပေါ မသုံးဘူး။ သတိ သိပ်ထားကြတယ်။
• အခုအချိန်မှဲာ ပြောတဲ့စကားတွေ၊ အခုအချိန်မှာ လုပ်တဲ့ အလုပ်တွေဟာ ပြီးစလွယ်ဖြစ်နေ ရင် နက်ဖြန်ဟာလည်း ပြီးစလွယ်ပဲ။ နောင်အချိန်မှာလည်း ပြီးစလွယ်ပါပဲ။
• အချိန်ဟာ ကာလအပိုင်းအခြားပဲ။ အချိန်ဟာ သိပ်ကို တည်ကြည်တယ်။ ဘက်လိုက်တာ မဟုတ်ဘူး။ ဘယ်သူက ချမ်းသာလို့၊ ဘယ်သူကဖြင့် ဆင်းရဲလို့နဲ့ အဲသည်လိုမလုပ်ဘူး။ လူမျိုးမရွေး၊ မျက်နှာကြီး ငယ်မလို၊ ဂုဏ်မကာသနကိုလည်း ဦးစားမပေးပါဘူး။ ခေါင်းပုံ ဖြတ်ခြင်းလည်း မခံဘူး။ လူသားတွေအားလုံးကို ညီမျှစွာသုံးစွဲနိုင်ဖို့ အားလုံးရဲ့ ပိုင်ဆိုင်တဲ့ ပစ္စည်းဖြစ်တယ်။ ဒါကြောင့် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးပါတယ်။
• လူပျင်းတွေ၊ ရေသာခိုးချင်သူတွေဟာ အချိန်ကို လိမ်ကြတယ်။ အချိန်က အလိမ်မခံဘူး။ အချိန်ကသာ သူတို့ကို အနိုင်ယူသွားပြီး သူတို့ဟာ အညာမိသွားကြတာပဲ။
• အချိန်ကို ကိုယ်ကဖြုန်းရင် အချိန်က ကိုယ့်ကိုဖြုန်းသွားလေရော။ ကိုယ့်အတွက်ကိုယ် အချိန်သတိထားယူရမယ်။ ကိုယ့်အတွက် အချိန်ရှိမှသာ သူများအတွက် အချိန်ရှိလာမှာ။
• မြတ်စွာဘုရားဟာ ကိုယ်တိုင်ဘုရားဖြစ်အောင် ဦးစွာကျင့်ရတဲ့ အချိန်ရှိခဲ့တယ်။ အချိန်ယူခဲ့ ရတယ်။
• ဘုရားဖြစ်တော့မှ သတ္တ၀ါတွေအတွက် အချိန်ပေးနိုင်တာ မဟုတ်လား။ ဘုရားဖြစ်တော့မှ သတ္တ၀ါတွေကို တရားတည်းဟူသော အမြိုက်ဆေးကို တိုက်ကျွေးချိန်ရခဲ့တာပဲ။
• ဘယ်အချိန်မှာ ပြောရမယ်၊ ဘယ်အချိန်မှာ ဆိတ်ဆိတ်နေရမယ်ဆိုတာလည်း သိဖို့လို တယ်။
• ပြောချိန်တန်ပြော၊ တိတ်ချိန်တန်တိတ်ပေါ့။
• အချိန်တွကိုလည်း နားလည်ရမယ်။
• သာချိန်ပြီးတော့ နာချိန်။
• ပျိုချိန်ပြီးတော့ အိုချိန်။
• ရှင်ချိန်ပြီးတော့ သေချိန်ပါပဲ။
• ဒီရေအတက်အကျရှိသလို လူ့ကိစ္စတွေမှာလည်း အတက်အကျရှိတယ်။ ဒီရေတက်လာတဲ့ အချိန်မှာ တွေဝေမနေပါနဲ့။ ပျင်းမနေပါနဲ့။ ဒီရေကျချိန်လို ကျတဲ့အချိန်ကျမှ ကြိုးစားနေရင် မထိရောက်ဘူး။ အဲသည်လိုပဲ လူ့ကိစ္စတွေမှာ အခွင့်ကောင်းရတဲ့အခါ သည်အခွင့်အရေး ကို အသုံးချပြီး အထွက်အထိပ် မိမိလိုရာပန်းတိုင်ကိုရောက်အောင် ချီတက်ကြရမယ်လေ။
• မိုးထိအောင်မြင့်တဲ့ အဆောက်အအုံကြီးတစ်ခု ဆောက်ရန် ပထမဦးစွာလုပ်ရတာက မြေစိုင်မြေခဲတွေတူးရတဲ့ အချိန်ပဲ။ အဲသည်အချိန်မျိုးစာ သိပ်ကိုအရေးကြီးပါတယ်။ ပေါ့ပေါ့ လုပ်လို့ မရပါဘူး။
• အသေးအဖွဲ စတင်လုပ်ရတဲ့အချိန်ဟာ လုပ်ငန်းကြီးတစ်ခုအတွက် ကြီးကျယ်လှတဲ့ အခြေ ခံ အကျိုးတရားပါပဲ။ အချိန်လွန်မှရတဲ့ နောင်တတွေဟာ သိပ်ပူတယ်။ ရင်ထဲမှာ မီးပူသလို ပူအောင်ခံစားရတယ်။
• ကြိုးစားနိုင်တဲ့အခိန် လုပ်နိုင်တဲ့အချိန်တွေမှာ လုပ်ထားနိုင်ပါလျက်နဲ့ မလုပ်မိခဲ့တော့ သိ လည်းသိရော အချိန်တွေက လွန်နေခဲ့ပြီလေ။
• လူမှာ နောင်တရချိန်ဆိုတာ ရှိပါတယ်။
• အဲသည်နောင်တရချိန်မှာ အရွယ်ရဲ့တန်ဖိုးနဲ့ အချိန်ရဲ့တန်ဖိုးကို သိနားလည်လာတာပဲ။
• စာရေးဆရာတစ်ယောက်က ပြောဖူးတယ် အချိန်ကို တန်ဖိုးမထား မသိခဲ့လို့ ဘာမှကို မရှိတဲ့ လူ့ဘ၀ရောက်ခဲ့တယ်။ နေစရာမရှိ၊ အိပ်စရာမရှိဘဲ အ၀တ်တစ်ထည် ကိုယ်တစ်ခု ဘ၀နဲ့ ကြုံရာမြင်ရာအိပ်တဲ့ ဘ၀တောင် ရောက်ခဲ့ရပါတယ်တဲ့။
• ဒါပေမယ့် ဘယ်လိုပဲဒုက္ခရောက်ခဲ့ရောက်ခဲ့ စာဖတ်တဲ့ အကျင့်နဲ့ စာပေ၀ါသနာပါတဲ့ အကျင့်လေးကြောင့် ဘ၀မပျက်ဘဲ ရပ်တည်စရာ စာပေအလုပ်ကလေး ရခဲ့ပါတယ်တဲ့။
• အချိန်ကိုသာ အလေပြုမိခဲ့ရင် အောင်မြင်မှုတော့ ရသင့်သလောက် ရမှာပါပဲ။ အပေါင်းအသင်း မိတ်ဆွေတွေဟာ တွေ့ရင်ပြောကြတယ်။ မင်း သည်လို ဘ၀တွေနာပြီး မျိုးစုံခံစားခဲ့ရလို့သာ သည်နေ့မှာ သည်လိုမျိုး စာရေးဆရာဖြစ်နိုင်တာပေါတဲ့။
• အချိန်ကိုသာ ဂရုစိုက်ခဲ့ရင် သည်ထက်တောင် ကောင်းစားပြီး စာကောင်းပေမွန်တွေ ရေးနိုင်မယ်ထင်တာပဲတဲ့လေ။
• ဒီစာရေးဆရာဟာ အိမ်ထောင်လည်းပျက်၊ နေစရာလည်းမရှိ၊ တစ်ဝမ်းတစ်ခါးကို ပင်ပင် ပန်းပန်း ရှာစားနေရတာဟာ ဘ၀ပေးတဲ့ အခွင့်အချိန်ကို ဂရုမမှုခဲ့လို့ပါပဲလို့ပြောတယ်။ အချိန်ကို လုံးဝဂရုမစိုက်ခဲ့လို့ပေါ့ဗျာတဲ့။
• အချိန်ဟာ ငွေထက်ရော၊ ရွှေထက်ရော၊ မိဘအမွေထက်ရော အဖိုးတန်လှပါ တယ်။ အချိန်ကို ကောင်းစွာ အသုံးပြုတတ်ရင် သူများထက် ဦးခေါင်းတစ်လုံးပိုမြင့်တယ် ပိုမြင်တယ်တဲ့လေ။
• ဒါကြောင့် အချိန်ကိုအလကား မဖြစ်ပါစေနဲ့။ အားနေရင် ထိုင်နေမယ့်အစား စာအုပ်ကောင်း လေးများကို ရှာဖွေဖတ်ရူသင့်ပါတယ်။ စာဖတ်ခြင်းဟာလည်း အသက်ရှင်နေထိုင်မယ့် မိမိဘ၀အတွက် တစ်ဖတ်တစ်လမ်းကနေ အင်မတန်အထောက်အကူပြုတယ်လို့ ပြောချင် ပြောချင်တာပါ။ နောက်ပြီး ပြောချင်တာက တစ်ချို့ လူတော်တော်များများဟာ မိမိလုပ်ချင်တာလုပ်လိုက်ပြဲီးမှ နောင်တရတတ်ကြပါတယ်။ တစ်ကယ်တော့ နှင်းကိုယ်တိုင် လည်း နောင်တရတယ်ဆိုတာကြီးကို ခံစားဖူးပါတယ်။ နောင်တဆိုတာ အချိန်လွန်၊ လုပ်ချင်တာလုပ်ပြီးမှ ရတဲ့အရာမို့လို့ “ အလာကောင်းပေမယ့် အခါနှောင်းပြီ ”ဆိုသလို ပေါ့။ ဘာဖြစ်ဖြစ် နောင်တရပေမယ့်လည်း မလုပ်သင့်တာလုပ်ခဲ့လို့ အတော်ခံစားရပြီးပြီမ လား။ ဒါကြောင့်မို့ မိတ်ဆွေ၊ သူငယ်ချင်းတို့လည်း နောင်တဆိုတာမရှိရလေအောင် ဘာပဲ လုပ်လုပ် သေချာစဉ်းစား ဆင်ခြင်ပြီးမှ ဆုံးဖြတ်လုပ်ဆောင်ရင်း အချိန်ကို အလေးထားသုံး စွဲကြစေချင်ပါတယ်။ အချိန်ဆိုတာဟာ ငွေပဲလို့ နှင်း ပြောချင်ပါတယ်။
Friday, November 7, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment