Sunday, November 2, 2008

အခန်း (၂)

မနက်ခင်းက မဖြူထံမှ၇ခဲ့သည့် အပြုံးပန်းပွင့်လေးသည် ဦးသုမနအတွက် ဘယ်သောအခါမှ နွမ်းယိသွားမည်မဟုတ်။ အမြဲတမ်း လန်းဆန်းနေမည်သာ ဖြစ်သည်။ ယခုလည်း ညသန်ခေါင် ရောက်သည်အထိ ထိုအပြုံးပန်းပွင့်လေးကို အထပ်ထပ်အခါခါ နမ်းရူပ်နေမိသည်။
မိုးမြန်မြန်လင်းပါစေဟုသာ ဆုတောင်းနေ မိသည်။ ဆွမ်းခံကြွမှသာလျှင် မဖြူနှင့် တွေ့နိုင်သည် မဟုတ်ပါလား။ အချစ်စိတ် ဒီဂရီတွေ ဘယ်လောက်ပင် မြင့်တက်ပါစေ၊ ရဟန်းတစ်ပါးအနေနှင့် ဆွမ်းခံချိန်မှတစ်ပါး ရပ်ကွက်ထဲ မသွားသင့်ဟူသော ကန့်သတ်ချက်ကိုကား ဦးသုမန လိုက်နာပေသည်။
အရင်က ဆွမ်းခံကြွခါနီးလျှင် မေတ္တာသုတ်ပ၇ိတ် သုံးခေါက်ရွတ်သည်။ ယခုမရွတ်နိုင်တော့။ မဖြူ၊ မဖြူဟူသော အမည်လေးကိုသာ အထပ်ထပ်အခါခါ ရွတ်နေမိသည်။ မျက်လွှာချသွားခြင်း ဖြစ်သဖြင့် လမ်းတစ်လျှောက်လုံး မြေကြီးကိုသာ မြင်သွားရပေမည်။ ဤကာသာမာန် လူများအတွက် ဖြစ်၏။ အချစ်နတ် ဖမ်းစားခြင်း ခံနေရသော သီးသုမန၏ မျက်စေ့ထဲတွင်ကား လမ်းမြေပြင်တစ်လျှောက် မဖြူ၏ လှပသော မျက်နှာလေးကိုသာ မြင်နေရသည်။
မဖြူတို့အိမ်ရှေ့ အရောက်တွင်ကား ဦးသုမနအတွက် အချိုရှာ သကာတွေ့လေပြီ။ အိမ်ရှေ့တွင် မဖြူတစ်ယောက် ပဲပြုတ်ဝယ်နေသည်ကို တွေ့လိုက်ရသည်။ ကျောင်းစိမ်းဝတ်စုံလေးက သူမ၏ ရှိပြီးသားအလှကို အရောင်တင်ပေးသကဲ့သို့ရှိသည်။ ဦးသုမနအိမ်ထဲသို့ တန်းမ၀င်နိုင်သေးဘဲတစ်ရိုက်မက်မက် ရပ်ကြည့်နေမိသည်။
မဖြူက ဦးသုမနကို မြင်သော်လည်း ချက်ခြင်းပြန်ကြည့်ရုံသည်အထိ သတ္တမရှိ၊ ထို့ကြောင့် မမြင်ဟန်ပြုကာ ပပြုတ်ကိုသာ ပြီးအောင်ဝယ်နေလိုက်သည်။ ထုံးစံအတိုင်း ဦးသုမနကို မြင်လိုက်သည်နှင့် ရင်တွေကခုန်လာပြီ က္ကုနြေ္ဒရှင်မိန်းကလေးမို့ ပြန်ကြည့်ချင်စိတ်ကို မျိုသိပ်နေခြင်းသာ။
ကုလားထိုင်မှာထိုင်ပြီးသည်နှင့် မဖြူကို စတွေ့ကတည်းက သူမ မျက်နှာမှာ အမြဲတပ်ထားသော မျက်မှန်လေးကြောင့် မျက်စိအားနည်းလို့ ထင်တယ် ဟူသောအတွေးဖြင့် သနားစိတ်လေးတစ်ခုပါ ပိုနေမိသည်။ သေချာသိအောင်လည်း မေးကြည့်ချင်သည်။
ချောမောလှပပြီး က္ကုနြေ္ဒရှိသော မိန်းကလေးတစ်ယောက်ကို ခင်မင်ဖို့မဆိုထားနှင့် စကားပြောဖိုီ့ပင် သိပ်မလွယ်ပေ။ ထို့ကြောင့်လည်း မဖြူနှင့် စကားပြောဖို့ရန် အခွင့်အလမ်းကို ဦိးသုမနစဉ်းစားနေသည်။ ယောက်ျားမာယာက မိန်းမထက်သာသည်မို့ အကြံကောင်း ဥာဏ်ကောင်းက ချက်ခြင်းပေါ်လာသည်။ ထို့ကြောင့်လည်း ပဲပြုတ်ဝယ်ပြီး ပြန်လာမည့် မဖြူကို သေချာ စောင့်ကြည့်နေ မိသည်။ မဖြူဝင်လာပြီး ဦးသုမန အချိန်ဆွဲမနေတော့။
“မဖြူ.....ဦးပဉ္စင်း ရေတစ်ခွက်လောက် သောက်ချင်တယ်”
“တပည့်တော် ခပ်ပေးပါ့မယ် ဘုရား”
မဖြူက ပဲပြုတ်ပန်ကန်လေးကို နောက်ဖေးကို အမြန်သွားပို့ကာ သောက်ရေကို ဖန်ခွက်ဖြူဖြူလေးထဲထည့်ပြီး အောက်ခံ ပန်ကန်ပြားပေါ်တင်လာကာ ဦးသုမနကို ကပ်လိုက်သည်။ ရှက်ရွံ့တတ်သော မိန်းကလေးပီပီ ဦးသုမနကို မကြည့်ရဲ ကြမ်းပြင်ကိုသာ စိုက်ကြည့်နေသည်။
သနပ်ခါးရေကျဲပါးပါးလေးအောက်မှ ဖြူဝင်းစိုနေသောနဖူး၊ နှာတံနှင့် ပါးမို့မို့လေးများ၊ အကြောစိမ်းလေးများ မြင်နေရသည့် လည်တိုင်လေးများကို အနီးကပ် မြင်လိုက်ရသောအခါ ဦးသုမနသည် ပြောရမည့်စကားတို့ပင် မေ့ပျောက်သွားက် တဒဂ်မှင်သက်သွားမိသည်။ ရေကိုလည်း မသောက်မိသေး။
အတန်ကြာတော့ ဦးသုမန ရေသောက်ပြီးလောက်ပြီအထင်နှင့် မဖြူက ဖန်ခွက်ကိုယူရန် မော့ကြည့်လိုက်ရာ သူမကို စိုက်ကြည့်နေသော ဦးသုမနနှင့် မျက်လုံးချင်း ဆုံသွားကြ၏။ အဖြူမျက်နှာတွင် ပန်းရောင်ပြေးသွားကာ “အို” ဟူသော မပွင့်တပွင့် အသံလေးနှင့်အတူ အောက်ကို ကမန်းကတန်း ပြန်ငုံ့သွားသည်။
ထိုအခါကျမှာ ဦးသုမနမှာလည်း ဥပုသ်သည်ပိုး သူခိုးလူမိ ဖြစ်သွားကာ အားနာပါးနာနှင့် မျက်လွှာကို ကမန်းကတန်း အောက်ချလိုက်ရသည်။ ဦးသူမနမှာလည်း ရှက်သွားသဖြင့် ဖန်ခွက်ကိုကိုင်ကာ ဘာမှ မပြောနိုင်ဖြစ်သွားသည်။ မိန်မတို့က္ကုနြေ္ဒ ရွှေပေးလို့ မရသလို ရဟန်းတို့ က္ကုနြေ္ဒသည်လည်း စိန်ပေးလို့မရပေ။ က္ကုနြေ္ဒရှင် နှစ်ဦးတို့ ချစ်ခင်ရင်းနှီးမှုရဖို့ကာ ခက်လှဘိတောင်း။
မိမိတို့အလှကို နှစ်သက်သောသူကို သဘောမကျသော မိန်းကလေးဟူ၍ မရှိပေ။ ထို့ကြောင့်လည်း မဖြူက ပြုံးပြုံးလေဖြင့် မော့ကြည့်ကာ
“ဦးပဉ္စင်း ရေဘုဉ်းပေးလေ“
ဟုသတိပေးလိုက်သောအခါ ဦးသုမနမှာ အယောင်ယောင် အမှားအမှားဖြင့်
“မဘုန်းပေးချင်ပါဘူး”
ဟုဖြေလိုက်၏။ ထိုအခါ မဖြူက အံ့သြသော မျက်နှာလေးဖြင့်
“ဟင်...တပည့်တော်ကိုတော့ ရေခပ်ခိုင်းပြီး“
ဟု လျှောက်လိုက်သောအခါ ဦးသုမနမှာ သူ့စကား မှားသွားမှန်း သတိရသွားသဖြင့်
“အဲ.....အဲ.......ဟုတ်ပါဘူး၊ ဘုဉ်းပေးမှာပေါ့”
ဟု ပြင်ပြောပြီး ရေကို မော့သောက်လိုက်လေသည်။ ပြီးလျှင် နှစ်ယောက်သား တိုးညှင်းစွာ ရယ်မိကြသည်။ လွတ်လပ်စွားရယ်မောခြင်းသည် လူစိမ်းနှစ်ယောက် ခင်မင်လွယ်သော အကောင်းဆုံး နည်းလမ်းတစ်ခုပင် ဖြစ်၏။ ဦးသုမနက စမေးရသည်။
“မဖြူ ဘယ်အတန်းဖြေမှာလည်း”
“ဆယ်တန်းပါဘုရား”
“မျက်လုံးအားနည်းတယ်ထင်တယ်၊ ကြာပြီလား”
“နှစ်နှစ်ကျော်လောက်ပဲ ရှိသေးတယ်ဘုရား”
“ဦးပဉ္စင်းဆီမှာ မျက်လုံးအားပြန်ကောင်းပြီး မျက်မှန်လွတ်တဲ့ နည်းကောင်းတစ်ခုရှိတယ်။ သူကနည်းက တစ်သက်လုံး ကျင့်သွား၇မှာ ကြာလေကောင်းလေပဲ၊ မဖြူကျင့်ကြည့်မလား”
“မျက်လုံးသာ အားကောင်းလာမယ်ဆိုရင် ဘယ်လိုလေ့ကျင့်ရ လေ့ကျင့်ရပါ ပြောပြပါဘုရား”
“ဦးမဉ္စင်း ရဲ့ ကိုယ်တွေ့နည်းပါ၊ ဦးပဉ္စင်းကိုယ်တိုင် အသက်(၁၉)နှစ်လောက်က မဖြူလိုပဲ မျက်လုံးအားနည်းလာတယ်၊ စာကြည့်တာနဲ့ ဇက်ကြောတွေတအားတက်ပြီး မျက်ရည်တွေကျလာတယ်။ မျက်စိ ဆရာဝန်နဲ့ပြကြည့်တော့ ဒီဂရီမျက်မှန်တပ်ရမယ်လို့ ပြောတော့တာပဲ”
“ဦပဉ္စင်းက စာပေသမားဆိုတော့ မျက်မှန်လွတ်ကျင့်နည်းဆိုတဲ့ စာအုပ်တစ်အုပ်ကို ရှာဝယ်လိုက်တယ်။ နောက်မန္တလေးမြို့က ကျမ်းပြုစာချအကျော် ဆရာတော် ဦးကောဝိဒါဘိဝံသ သက်တော်(၇၀)ကျော်မှ မျက်မှန်လွတ်သွားတဲ့ ကျင့်စဉ် အကြောင်းကိုလည်း ဆောင်းပါးတစ်ပုဒ်ထဲမှာ ဖတ်လိုက်ရတယ်”
တစ်ခါမဟာစည်ဆရာတော် ဘုရားကြီးရဲ့ သွားကိုက်ပျောက်ကျင်စဉ် တစ်ခုကိုလည်း ရလိုက်ပြန်တယ်။ ဒီသုံးနည်းကို ပေါင်းစပ်ပြီး ကျင့်လိုက်တာ အခုဆိုရင် ဦးပဉ္စင်းစာ ဘယ်လောက်ကြည့်ကြည့် ဇက်ကြော မတက်တော့ဘူး။ မျက်ရည်ပူလည်းမကျတော့ဘူး၊ မျက်မှန်လည်း မတပ်ရတော့ဘူးပေါ့”
“တပည့်တော် အတော်စိတ်ဝင်စားသွားပြီဘု၇ား၊ ပြောပါ တပည့်တော်လည်း စွဲစွဲမြဲမြဲ လေ့ကျင့်ပါ့မယ်”
“ပထမဆုံး အိပ်ယာက နိုးပြီးပြီးချင်း မျက်နှာကို အရင်မသစ်ရဘူး၊ ခြေထောက်နှစ်ဖက်လုံး ဒူးအထက်ကနေပြီး ရေသုံးခါက်စီလောက် လောင်းပေးရမယ်၊ ဒါက တစ်ကိုယ်လုံးမှာ ပြန့်နှံ့နေတဲ့ အပူခိုးတွေကို ခြေထောက်ရောက်သွားအောင ဆွချလိုက်တာပါ”
“အိပ်ယာကထလာတာနဲ့ အပူတွေက တစ်ကိုယ်လုံးမှာ နှံ့နေတာပါ။ ဒီအချိန်မှာ အရင်ကထုံးစံအတိုင်း မျက်နှာကို အရင်သစ်လိုက်မယ်ဆိုရင် ရေနဲ့ထိပြီး အေးသွားတဲ့ မျက်နှာတစ်ပြင်လုံးကို တစ်ကိုယ်လုံးက အပူတွေ အကုန်ပြေးလာကြပါတယ်။ ဒါကြောင့် မျက်စိကို တစ်ကိုယ်လုံးက ရှိတဲ့ အပူခိုး၊ အပူငွေ့တွေက လာရိုက်တော့တာပေါ့”
“သေချာသိချင်ရင် မျက်နှာသစ်ပြီးတာနဲ့ မှန်ထောင်ကြည့်လိုက်ပါ။ မျက်စိနှစ်လုံးစလုံး ရဲနေတာ တွေ့ရလိမ့်မယ်။ အဲဒီလို အပူခိုးတွေရိုက်ပါများလာတဲ့အခါ ဒီမျက်စိကမှုန်ပြီး အားနည်း သွားတာပဲပေါ့”
ဒါ့ကြောင့် အပူခိုးတွေ မျက်စိမသွားဘဲ အောက်ရောက်သွားောအင ခြေထောက်ကိုအရင်ေ၇လောင်းရတာပေါ့။ ဒူးကနေရေလောင်းပြီးတဲ့ အခါမှာလည်း ချက်ခြင်း မျက်နှာမသစ်ရသေးဘူး။ ချိုင်းကြားနှစ်ဘက်မှာ ကပ်ကျန်နေတဲ့ အပူခိုးတွေ ထွက်သွားအောင် မတ်တပ်ရပ်ပြီး လက်နှစ်ဘက်ကို ခေါင်းပေါ်မြှောက်တင်လိုက အောက်ချလို့နဲ့ အနည်းဆုံး အကြိမ်နှစ်ဆယ်လောက် လုပ်ပေး၇မယ်”
“အဲဒါပြီးတဲ့အခါ တက်နေတဲ့ ဇက်ကြောတွေ လျှော့သွားအောင် ခေါင်းကို နောက်ကျောဘက် ရောက်နိုင်သလောက် လှန်ချရမယ်။ ရှေ့ကိုလည်း ရသလောက် ငုံ့ရမယ်။ ဒါကလည်း အကြိမ် ၂၀ လောက်ပေါ့။ ပြီးရင် ခေါင်းကို ဘယ်ညာ အခါ ၂၀ လောက် လှည့်ပေးရမယ်။ ဒီလေ့ကျင့်ခန်းသုံးခုပြီးတာနဲက တစ်ကိုယ်လုံးမှာ ရှိတဲ့ အပူခိုးတွေ ခြေထောက်ကတစ်ဆင့်ထွက်နေတာ ကုန်သွားပါပြီ”
“သေချာသိချင်ရင် ခြေထောက်ကို စမ်းကြည့်လိုက်ပေါ့။ ရေတစ်စက်မှ မရှိတော့ဘဲ ခြောက်နေတာ တွေ့ရလိမ့်မယ်။ အဲဒီကျတော့မှ မျက်နှာကို ဆပ်ပြာနဲ့ သေချာသစ်ရမယ်။ သွားမတိုက်၇သေးဘူး။ ပါးစပ်ကို ပိတ်ထားရမယ်။ မျက်နှာသစ်ပြီးတာနဲ့ မျက်နှာသုတ်ပုဝါနဲ သုတ်ပေတော့”
ဒီအချိန်မှာ မျက်နှာမှာရှိတဲ့ မွှေးညှင်းပေါက်တေါ အကုန်ပွင့်သွားတာပေါ့။ အဲဒီကျတော့မှ သွားတိုက်ရမယ်၊ သွားတိုက်ရင်းနဲ့သွားကြို သွားကြားမှာရှိတဲ့ အခိုးအငွေ့တွေဟာ မျက်နှာကိ မွှေးညှင်းပေါက်များမှ တစ်ဆင့် ထွက်ကုန်တာပေါ့။ ဒီနည်းက အပူကြောင့်ဖြစ်တဲ့ သွားကိုက်ရောဂါကို ကြိုတင်ကာကွယ်တဲ့နည်းပါ။ မဟာစည် ဆ၇ာတော် ဘုရားကြီး ညွှန်ပြတာပေါ့။
“ဘာမှ ခဲယဉ်းတာ မပါပါဘူး၊ ဘုရားတပည့်တော် လေ့ကျင့်ပါ့မယ်”
“နောက်....အစားအစာနဲ့ ပတ်သတ်ရင်တော့ အရည်ရွှမ်းတဲ့ လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေကို ဦးစားပေးပြီးစားရမယ်။ နောက်ပြီး အစားအစာကို စားတဲ့အခါမှာလည်း အာဟာရဖြစ်တဲ့ ကြေလွယ်တဲ့ အစားအစာကို ဦးစားပေးပြီး စားရမယ်”
ထိုအချိန်မှာပင် ဒေါ်ခင်ဝင်းလည်း အနားသို့ ရောက်လာပြီး ဦးသုမနကို ဦးချလိုက်ကာ
“ဟော.....မဖြူက ဦးပဉ္စင်းကို ဆွမ်းမလောင်းပဲ ဘာတွေမေးနေတယ် မသိဘူး”
ဟုပြောလိုက်ရာ မဖြူက
“ဦးမဉ္စင်းက မျက်မှန်လွတ် မျက်စိအားကောင်းတဲ့ နည်းတွေပြောပြနေတာ မေမေရဲ့ သိပ်စိတ်ဝင်စားစရာ ကောင်းတာပဲ” ဟုပြောလိုက်ပြီး ဦးသုမနကို ကျေးဇူးတင်သော မျက်လုံးလေးများနှင့် ကြည့်နေသည်။ ဒေါ်ခင်ဝင်းက
“ဆုံးမပါဘုရား၊ ဦးပဉ္စင်းတပည့်မက ညဆိုမီးနဲ့စာ အရမ်းကြည့်၊ အရမ်းရေးတာ ဒါ့ကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်မှန်တပ်နေရတာ”
ဟုပြောလိုက်သဖြင့် ဦးသုမနက
“ဖြစ်နိုင်ရင် နေ့ဘက်ကို ဦးစားပေးပြီး စာကြည့်သင့်တယ်၊ ညဘက်တော့ နည်းနည်းပဲကြည့်ပေါ့။ ပျံလွန်တော်မှုသွားပြီဖြစ်တဲ့ စစ်ကိုင်း၊ ရွှေဟသာင်္တောရ ဆရာတော် ဘုရားကြီးဆိုရင် အသက် တစ်ရာကျော်အထိ စာကြည့်နိုင်သေးတယ်။ ၁၀၂ နှစ်ကျမှာ ပျံတော်မှုတာ၊ အဲဒါ ညဘက်မီးနဲက စာမကြည့်လို့လို့ ဆရာတော်ကြီးက အမိန့်ရှိတယ်။”
သူ့အတွက် အချိန်တော်တော်ကုန်သွားသည်ကု သတိထားမိသွားသော မဖြူက
“ဦးပဉ္စင်း ဆွမ်းခံနောက်ကျနေဦးမယ်ဘုရား” ဟုလျှောက်လိုက်မှ ဦးသုမန ရှေ့ဆက်ကြွဖို့ သတိရတော့သည်။

No comments: