Saturday, November 15, 2008

"ထားခဲ့ရက်သူ"

click to comment

"ဆောင်းမနက်ခင်း...သို့"

click to comment

"မိုးတိမ်တွေအကြောင်း "

click to comment

" ဖယောင်းတိုင့် "

click to comment

" မှားလာ့း "

click to comment

" အတိတ်ဇာတ်လမ့်း "

click to comment

" အမြင့်ဆုံးကိုမလို "

click to comment

" လွမ်းရောင်သန်းတဲ့ ၇ှမ်းတောင်တန်း "

click to comment

" မ............နဲ့ "

click to comment

" ပြန်ဆုံကြမယ် "

click to comment

" အဖြူရောင်သံယောဇဉ် "

click to comment

" မပြောင်းလဲဘူး "

click to comment

Friday, November 14, 2008

" ၀န်ခံချက် "

click to comment

" အထီးကျန် "

click to comment

" မာယာ "

<click to comment

Thursday, November 13, 2008

“ တစ်ဖက်သတ် ကျိန်စာ ”

click to comment

“ အလိုအပ်ဆုံးအရာ ”

click to comment

“ သူငယ်ချင်း ”

click to comment

“အမိမဲ့ ဝေဒနာ ”

click to comment

“ I LOVE YOU SO MUCH ”

click to comment

“ ထာဝရ”

click to comment

“ လူငယ် ”

click to comment

“ ဆန္ဒ ”

click to comment

Wednesday, November 12, 2008

၂၀၀၈ နွေဦးပုံပြင်

အဲဒီနေ့က ကောင်လေးတစ်ယောက် ဒီနေရာကို အဖော်မပါဘဲနဲ့ တစ်ယောက်တည်း ရောက်လာခဲ့တယ်။ မရောက်ဖူးတဲ့နေရာမို့ စစချင်းမှာ အခက်အခဲ တစ်ချို့ကြုံတွေ့ရတယ်။ဒါသဘာဝဆိုတာနားလည်ပြီးသား။ နေသားတကျဖြစ်ဖို့က အချိန်ခဏလေးတော့စောင့်ရမယ်ဆိုတာ ကိုလည်းကောင်လေးသိပြီးသား။ ဒီလိုနဲ့ သိပ်မကြာခင်မှာပဲ သူကျင်လည်ရတဲ့ပတ်ဝန်းကျင်မှာ ကောင်လေးနေသားကျသွားတယ်။ ဖေးမတတ် တဲ့ မိတ်ဆွေတွေကြောင့် ခဏတွင်းချင်းမှာပဲ ကောင်လေးတစ်ယောက် နယ်မြေသစ်မှာ ပျော်လို့မဆုံးဖြစ်ခဲ့တယ်။ ဘာဖြစ်ဖြစ်ရိုင်းပင်း ကူညီတတ်တဲ့ ဒေသမို့ ကောင်လေးက ဒီနေရာကနေဘယ်ကိုမှ မသွားချင်တော့ လောက်အောင်ကို ဖြစ်သွားတယ်။ သူ့စိတ်ထဲမှာလည်း ဒီနေရာကနေ ဘယ်ကိုမှ မသွားတော့ဘူးလို့ဆုံးဖြတ်ချက်ချထားလိုက်တယ်။ ဒီလိုနဲ့ ကောင်လေးတစ်ယောက် နယ်မြေသစ်မှာ ရက်ပေါင်းများစွာကြာလာတာနဲ့အမျှ မိတ်ဆွေပေါင်းများစွာနဲ့ ခင်မင်ရင်းနှီးလာခဲ့တယ်။

မိတ်ဆွေအပေါင်းအသင်းတွေရဲ့ လက်တွဲပြီး ခေါ်ယူစောင့်ရှောက်ခဲ့မှုတွေကြောင့် ဒီနေရာလေးမှာ ကောင်လေးတစ်ယောက် နာမည်လေး တစ်ခုရလာခဲ့တယ်။ ကောင်လေးဆိုရင် အားလုံးက သိနေကြပြီ။ သူတို့ပြောကြတာတော့ ကောင်လေးက ရိုးသားတယ်၊ပွင့်လင်းတယ်၊ တစ်ဖက်သားကို နားလည်တတ်တယ်၊ အရာရာသည်း ခံခွင့်လွှတ်တတ်တယ်၊ ကောင်လေးနဲ့တွေ့ရင် အားလုံးပျော် ကြတယ်၊နောက်ပြီး ကောင်လေးမှာ မကောင်းတဲ့အချက်လေးတစ်ချက်ရှိတယ်တဲ့။ အဲဒါဘာလဲဆိုတော့ တစ်ခုခုခံစားနေရတဲ့အခါ တစ်ဦးတစ်ယောက်ကိုမှ ဖွင့်မပြောဘဲ တစ်ယောက်တည်းကြိတ်ခံစားတတ်တဲ့ ကောင်လေးရဲ့အကျင့်ပါပဲ။အားလုံးက ညီအစ်ကိုလိုဝိုင်းဝန်း စောင့်ရှောက်ကြပေမယ့် ပြင်လို့မရတဲ့ကောင်လေးရဲ့အကျင့်ကို အားလုံးကိုက နားလည်ပေးကြပါတယ်။လူတစ်ယောက်မှာ အားနည်းချက် တစ်ခုစီရှိကြတယ်ဆိုရင် အဲဒါကတော့ ကောင်လေးရဲ့အားနည်းချက်တစ်ခုပါပဲ။ ဘာပဲပြောပြောကောင်လေးကို အားလုံးက ချစ်ခင်လေးစားကြတယ်။ ကောင်လေးလည်းမိတ်ဆွေတွေအပေါ်မှာ အခွင့်အရေးယူ ခဲ့တာမျိုးမရှိခဲ့ပါဘူး။ သေချာတာတစ်ခု ကတော့ ကောင်လေးဒီနေရာမှာ သိပ်ကိုပျော်ခဲ့တယ်ဆိုတာပဲ.......။

တစ်နေ့...
ကောင်လေးနေတဲ့ နေရာလေးကို သတင်းစကားတစ်ခု ရောက်လာတယ်။ ကောင်လေးအင်မတန်မှ ချစ်မြတ်နိုးရတဲ့ ကောင်လေးရဲ့ချစ်သူ မကျန်းမာတဲ့အကြောင်းပေါ့။ ကြားကြားချင်း ကောင်လေး စိတ်မကောင်းဖြစ် သွားတယ်။ ဒါဆိုသူပြန်မှ ဖြစ်မယ်ဆိုပြီး သူ့မိတ်ဆွေတွေကို ကောင်လေးလိုက်နှုတ်ဆက်တယ်။ မိတ်ဆွေတွေက ကောင်လေး အတွက်စိတ်မကောင်းဖြစ်ကြတယ် ။ချစ်သူကောင်မလေး နေကောင်းကျန်းမာတဲ့အခါ ပြန်လာဖို့ ပြောကြတယ်။ အမြဲတမ်းပြုံးပျော်ရွှင်နေတတ်တဲ့ကောင်လေးကို သူတို့ညီအစ်ကိုလို ခင်တဲ့ အကြောင်းပြောကြတယ်။ဘာပဲဖြစ်ဖြစ်နောက်ဆုံး ဒီနေရာလေးကိုပြန်လာဖို့ ပြောကြတယ်။ ကောင်လေးစိတ်မကောင်းဖြစ်ယုံကလွဲလို့ ဘာမှ မတုံ့ပြန်နိုင်ရှာဘူး။ ရက်ပေါင်းများစွာ နေရာလေးတစ်ခုမှာ အတူနေလာခဲ့ကြတာဆိုတော့ အားလုံးကိုကောင်လေး သံယောဇဉ်မပြတ်နိုင်ပါဘူး။ ခွဲရတော့မယ်ဆိုတဲ့ အသိက ကောင်လေးကို ဆို့နင့်ကြေကွဲစေတာတော့ အမှန်ပါ။ နောက်ဆုံးအားလုံးကိုနှုတ်ဆက်ပြီး ကောင်လေး တစ်ယောက်တည်းထွက်လာခဲ့တယ်။

ဒီလိုနဲ့ကောင်လေး သူ့ချစ်သူနားကို ပြန်ရောက်သွားတယ်။ ကောင်လေး ပြန်ရောက်သွားတာနဲ့ ကောင်မလေးလည်းချက်ချင်းဆိုသလို နောက်နေ့မှာပဲ နေကောင်းသွားတယ်။နောက်တော့ ကောင်မလေးက ကောင်လေးကို တစ်ခွန်းပဲပြောပါတယ်။ လွမ်းလို့ တဲ့။ ကောင်လေးရင်ထဲမှာ အတိုင်းမသိကြည်နူးရပေမယ့် သူ့ရဲ့မိတ်ဆွေတွေကိုအရမ်းသတိရတယ်။ ပြန်သွားချင်ပေမယ့် ချစ်သူကောင်မလေး ကသူ့အနားမှာပဲတစ်သက်လုံးနေဖို့ တောင်းဆိုတယ်။ မိတ်ဆွေတွေအပေါ်မှာ အရိုးခံခင်မင်တဲ့စိတ် ရှိပေမယ့် ကောင်လေးတစ်ယောက် သူ့မိတ်ဆွေတွေကို အဝေးကနေ သတိရလွမ်းနေရုံ ပဲတတ်နိုင်တော့တယ်။ ကောင်မလေးက ကောင်လေးကိုဘယ်ကိုမှ ပြန်မလွှတ် တော့ဘူးလေ။ ။ချစ်သောသူနဲ့  ဝေးရတဲ့ ခံစားချက်ကို ကောင်လေး မခံစားနိုင်တော့ဘူး ဆူးခင်းတဲ့လမ်း ကြမ်းပါစေတော့ အတူတူ နင်းဖြတ်မယ် ပင်လယ်သမုဒ္ဒရာဆိုလည်း အတူတူ လက်ပစ်ကူးမယ်ချစ်သူ။

နောက်ဆုံး...
ကောင်လေးတစ်ယောက် သူ့ချစ်သူကောင်မလေးနားမှာပဲ တစ်သက်လုံး နေတော့မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ ကောင်မလေးအတွက်နဲ့ မြို့ပြရဲ့မာကျူရီအလင်းရောင်တွေကိုစွန့် ရေနံဆီမီးခွက်လေးနဲ့ လဲခဲ့တယ်။ သူ့ရဲ့မိတ်ဆွေအပေါင်းအသင်းတွေကို သတိရနေတာကလွဲလို့ ကောင်လေးဘ၀က သာယာစိုပြည်နေခဲ့ပါတယ်။ ကောင်လေးပြန်အလာကိုမျှော်နေကြတဲ့ ကောင်လေးရဲ့မိတ်ဆွေတွေအတွက်စိတ်မကောင်းဖြစ်မိပေမယ့် အဲဒီလိုကောင်လေး ပြန်မလာတော့တာကို သူတို့အားလုံး နားလည်ပေးနိုင်လိမ့်မယ်လို့ ကောင်လေးယုံကြည်နေတယ်........။

p:s- ကောင်လေးကို အားလုံးနားလည်လိမ့်မယ်လို့ထင်ပါတယ်။ ကောင်လေးကလည်း အားလုံးကိုသတိရနေမှာပါ။ တစ်နေ့ကျရင် ကောင်မလေးနဲ့အတူ သူ့မိတ်ဆွေတွေဆီကို ကောင်လေးရောက်လာအုန်းမှာပါ... တစ်နေ့နေ့ပေါ့......

ဘ၀ချမ်းသာချင်ရင် လူကြည့်ပေါင်း

ကိုယ့်ဘ၀ကလေး ချမ်းသာချင်ရင် အေးအေးလူလူနေချင်ရင် လူကြည့်ပေါင်းရမယ်။ လူပေါင်း ဖို့ ကိစ္စမှာလည်း အလွန်သတိထားရမယ်။
ဟောသည်လို လူမျိုး(၁၁)ဦးကို မပေါင်းမိဖို့ အရေးကြီးပါတယ်။ မပေါင်းရမယ့် လူတွေက တော့....
• အမျက်ဒေါသကြီးတဲ့သူ
• အလိုကြီးလွန်းတဲ့သူ
• မာန်ယစ်လွန်းသူ
• သိပ်ထောင်လွှားတဲ့သူ
• ငြူစူစောင်းမြောင်းသူ
• ကုသိုလ်ကောင်းမှုမှာ မေ့နေသူ
• ဆေးလိပ်၊ သေအရက်သောက်ကြူးသူ
• ကျေးဇူးကန်းပြီး အအိပ်ကြူးသူ
• ကျေးဇူးကိုချေတတ် ကန်းတတ်တဲ့သူ
• ပြီးတော့ ၀န်တိုမစ္ဆယ ရှိသူပါပဲ။
လူဟာ တစ်ဦးတစ်ယောက်တည်း နေလို့ရတာ မဟုတ်ဘူး။ အဖွဲ့အစည်း အပေါင်းအသင်းနဲ့ နေရတာလေ။ သည်တော့ တစ်ယောက်တည်းလည်း နေလို့ရတာ မဟုတ်တော့ ပေါင်းကို ပေါင်းသင်း ဆက်ဆံရမှာပါပဲ။ သည်တော့ သတိထားပြီး ပေါင်းကိုပေါင်းရမှာ။
စာအုပ်တစ်အုပ်ကနေ ဖတ်မှတ်ထားတာ တစ်ခုရှိတယ်။ လူ့ရဲ့တက်လမ်ဟာ လောကကြီးနဲ့ အမြဲတိုက်နေရတဲ့ လမ်းဖြစ်တဲ့အတွက် တစ်ဦးတစ်ယောက်ဟာ အဘယ်မျှပင် အခွင့်တရားရှိ စေသော်လည်း ထိုအခွင့်တရားကို တစ်ဦးတည်း ရှိနေတဲ့အခါ မပြုနိုင်ပါဘူး။ အစည်းအရုံးနဲ့ သာလိုချင်တဲ့ အခွင့်အရေးဖြစ်အောင် ပြုလုပ်အားထုတ်ရမယ်တဲ့။
လောကမှာ ခက်နေတာက ကောင်းတဲ့လူနဲ့ မကောင်းတဲ့လူတွေ ရောနှောနေကြတာပါပဲ။
မကောင်းတဲ့လူနဲ့ အဖော်ပြုနေရတာထက် တစ်ဦးတည်းနေတာ ပိုကောင်းပါတယ်။
ဒါပေမယ့် တစ်ဦးတည်းနေရတာထက် ကောင်းတဲ့လူများနဲ့ အတူနေရရင် ပိုကောင်းပြန်ပါရော။
ဘယ်လိုလူမျိုးကို ရှာပေါင်းရမလဲ။ ဟောသည်အောက်ပါ အချက်ခုနှစ်ချက်နဲ့ ညီတဲ့လူကို ရှာပြီးပေါင်းစမ်းပါ။
• ထက်မြက်တဲ့ဥာဏ်ရှိသူ
• ခိုင်မြဲသောဆန္ဒနဲ့ အာရုံစူးစိုက်မှုရှိသူ
• တိကျသော ရည်မှန်းချက်နဲ့ ယုံကြည်မှုမှန်သူ
• မေတ္တာတရား ရှိသောသူ
• ကျယ့်ပြန့်တဲ့ ဗဟုသုတရှိပြီး ရိုးသားသူ
• ကိုယ့်အရည်အသွေးကို အမြဲဂရုစိုက်နေသူ
• ဘာသာတစ်ခုခုကို သက်ဝင်ယုံကြည်ကိုင်းရိုင်းသူ
အဲသည်လို လူမျိုးကိုတေါ့ရင် ကိုယ်က လိုက်လံပေါင်းရမှာပဲ။ သူနဲ့မတွေ့နိုင်ရင်တော့ မတွေ့တွေ့ရအောင် လိုက်တွေ့နေရမယ်။ သူတို့နဲ့ပေါင်းမိပြီဆိုရင် ကိုယ်လည်းတိုးတက် လာမှာပါပဲ။
ကမ္ဘာပေါ်မှာ လူမှတစ်ပါး အကြီးမားဆုံး အရာမရှိပါဘူး။ ဒါကြောင့် လူတွေကို ဂရုတစိုက် လိုက်ရှာပေါင်းကြရမယ်။
လူမှာ ကြောက်ရမယ့် အရာတစ်ခုရှိတယ်။ အဲဒါကတော့ လုပေါင်း မမှားမိဖို့ပဲ။ လူပေါင်းမှား ရင်တော့ ကောင်းစားဖို့ ဝေးရောတဲ့။
“တစ်ကယ် လူဖြစ်ချင်ရင် တကယ့်လူတွေကို ရှာပြီးပေါင်း” လို့ စာရေးသူတို့ အကြိမ်ကြိမ် ဆုံးမခဲ့ဖူးပါတယ်။ အရင်ကတော့နားမလည်ခဲ့ဘူး။ ပေါင်းချင်ရာ နီးစပ်ရာ တွေ့မြင်ရာရာ လျှောက်ပေါင်းတာပဲ။ သည်တော့ အပေါင်းအသင်းကြောင့် ဒုက္ခတွေလည်း အကြိမ်ကြိမ် ဖြစ်ခဲ့တာပေါ့။
ဒုက္ခဖြစ်တော့မှ တစ်ဦးတည်းမှိုင်နေခဲ့ရပြီး ငါလူပေါင်းမှားပါပကောလို့ တွေးခဲ့ရဖူးတယ်။
• အချို့က လူတော်တွေ၊
• အချို့က လူကောင်းတွေ၊
• အချို့က တော်တယ် မကောင်းဘူး။
• အချို့က ကောင်းတယ်၊ မတော်ဘူး။
• အချို့လူကောင်ကြီးတွေဟာ ပညာအရည်အချင်းနည်းပါးလို့ လူရိုးလူကောင်း ဖြစ်ကြပေ မယ့် လူတော်ဖြစ်မလာကြဘူး။
• အချို့တော့ လူတော်လူကောင်းပါပဲ။ လူပေါင်းမှားတော့ လူဆိုးစားရင်း ၀င်ကုန်ကြရပါ ရော။
ဒါကြောင့် လူတော်လူကောင်း ဖြစ်မလာရင်တောင် လူကောင်းသူမြတ် ဖြစ်အောင် တော့ ကြိုးစားပြီး ပေါင်းသင်းနေထိုင်ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် မှားဖူးမှ မှန်တတ်တယ်။ နှေးဖူးမှ လျင်တတ်တယ်။ ညှိုးဖူးမှ ရွှင်တတ်တယ်။ မကောင်းတဲ့လူနဲ့ ပေါင်းဖူးမှလည်း မကောင်းမှန်း သိတတ်ကြတယ်။
“ဒီလူက အပေါင်းအသင်း သိပ်ကောင်းတယ်” ပြောခံရတဲ့လူတွေကို ဂရုပြုပြီးကြည့်ရင် အဲသည်လူဟာ ပေါင်းသင်းတဲ့နေရာမှာ သူ့နေရာနဲ့သူ၊ သူ့ခွင်နဲ့သူပေါင်းတတ်တဲ့ လူဖြစ် နေတာကို တွေ့ရတတ်တယ်။
အင်္ဂလိပ်စကားပုံရှိတယ်။ အ၀တ်ကောင်း အစားကောင်း ၀တ်ထားတာထက် ဘေးနား မှာ အပေါင်းအသင်းကောင်းတာပိုပြီး ကောင်းပါတယ်တဲ့။
မကောင်းတဲ့လူနဲ့ ပေါင်းတာကတော့ ဘေးဥပဒ်အန္တရာယ်ကို မိတ်ဖွဲ့တာနဲ့ တူပါသတဲ့။
လူငယ်ဖြစ်ပေမယ့် လူကြီးတွေနဲ့လည်း ဂရုတစိုက် ပေါင်းတတ်ရမယ်။ ဒါမှာ အဘိုးကြီး အဘွာကြီးတွေဆီက အကြံကောင်းတွေကို ရနိုင်ကြမှာပါ။
အစွမ်းအစ ပညာဥာဏ်ရှိတဲ့လူရဲ့နောက်မှာ အခြားအစွမ်းအစ ပညာဥာဏ်ရှိသူတွေ အများကြီးရှိပါတယ်။
အဲသည်တော့ အစွမ်းအစ ပညာဥာဏ်ရှိသူ တစ်ယောက်ကို အရင်ဆုံးရှာပြီး ပေါင်းကြပေါ့။
ဘ၀နဲ့ အပေါင်းအသင်းကောင်းနဲ့ တွဲမိရင် ဒုက္ခလိုက်ပြီး လက်တွဲလို့ မရပါဘူး။
ရွှေကျင်ဆရာတော်ဘုရားကြီးက ပြောဖူးတယ်။ သူတော်ကောင်းနဲပ ပေါင်းမှသာ ပစ္စုပ္ပန် သံသရာမြတ်သတဲ့။
သည်တော့ သူတော်ကောင်းဆိုတာ မတွေ့သေးရင်တောင် တွေ့အောင်လိုက်ရှာပြီး ပေါင်းကြရတာ။
ပုထုဇဉ် လူသားတွေဟာ အမှားမကင်းကြပါဘူး။ သည်တော့ သေးသေးဖွဲဖွဲမှားဖူးတဲ့ လူကိုတော့ ခွင့်လွှတ်ပြီး ပေါင်းပါ။ အမှားကို အမှားမှန်းသိလို့ ပယ်လိုက်တဲ့လူကိုတော့ ပေါင်းပါ။
တောရပ်ကိုမှီကြတဲ့ သူတော်စင်ပုဂ္ဂိုလ်တို့ကလွဲလို့လူဟာ အဖော်အပေါင်း အသိုက်အ ၀န်းနဲ့နေမှ ပျော်စရာကောင်းမယ်၊ လုံခြုံမယ်။ အဲသည်တော့ အပေါင်းအသင်း အဖွဲ့အစည်းနဲ့ နေချင်ရင် အဲသည်အဖွဲ့အစည်း အသိုက်အ၀န်း မပျက်စီးအောင် ဆောင်ရွက်ကြရမှာပဲ။ ကိုယ့်မိတ်ဆွေ အပေါင်းအသင်း ကောင်းစားရေးအတွက်လည်း ကူညီဆောင်ရွက်ကြရမှာပဲ။ အများအကျိုးစာ တစ်နည်းအားဖြင့် ကိုယ့်အကျိုးပါ။ ဘ၀ဆိုတာဟာလည်း တစ်နည်းအားဖြင့် လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ထောက်ပံ့မှုပါ။
အရင်းရှိမှ အမြတ်အစွန်းမြင်မယ်။
အသွင်အပြင်ရှိမှ လူရိုသေမယ်။
အပေါင်းအသင်းရှိမှသာ အမှုကိစ္စအားလုံး ညီညွတ်မယ်၊ မေတ္တာတရားမှာ စုန်ရေဆန် ရေ သဘောမျိုး ရှိပါတယ်။ ကိုယ်က မေတ္တာထားပေါင်းရင် သူကလည်း မေတ္တာထား ပေါင်းမှာပဲ။ ကိုယ်က ကူညီရင် သူကလည်း ပြန်ပြီးကူညီမှာပဲ။
အများလက်ကို လှမ်းစေချင်ရင် ကိုယ့်လက်က အလျင်ကမ်းပေါင်းပေါ့ မိတ်ဆွေ၊ သူငယ်ချင်းတို့ အရမ်းအရေးကြီးလှတဲ့ မိမိတို့ဘ၀ကို ကောင်းမွန်ပြီးပြည့်စုံ လိုရာပန်း တိုင်ကို အခက်အခဲမရှိအောင်မြင်စွာ လျှောက်လှမ်းနိုင်ဖို့က မပေါင်းလည်းခက် ၊ ပေါင်းလည်းခက်တဲ့ လူပေါင်းမမှားအောင် လူကြည့်ပေါင်းတတ်ဖို့လိုတယ်နော်လို့ သတိပေးလိုက်ပါရစေ။

Friday, November 7, 2008

^^ အချိန်သိမှ ဘ၀ချမ်းသာ ^^

• တစ်လောကလုံးကို အစိုးရတဲ့ အရာတစ်ခုရှိတယ်။ အဲဒါက အချိန်ပါပဲ။ အချိန်ဟာ တစ်လော ကလုံးကို စိုးမိုးနေတယ်။
• လောကဟာ အချိန်ပါ။ အချိန်ကို လောကလို့ပြောတ။ အချိန်ကိုပယ်ပြီး ကြည့်ပါလား။ ဘယ်မှာ လဲလောက၊ ပယ်ုလိုက်ရင်လောက မရှိတော့ပါဘူး။ လောကကို အချိန်က စားပစ်တယ်။
• အချိန်ပိုင်းလေးတွေနဲ့ လောကကို ဖန်တီးထားတယ်။ ဘာအချိန်ဆိုတာ ဘာလောက၊ ညာ အချိန်ဆိုတာ ညာလောကပေါ့။ သူ့အချိန်ပိုင်းလေးတွေနဲ့သူပဲ။
• အလင်းပြီးအမှောင်၊ အမှောင်ပြီးတော့ တစ်ခါလင်းပြရော၊ နှင်းဝေချိန်၊ နေပူချိန်ကျတော့ လည်း ပူလိုက်တာ။
• လူတွေမှာ မွေးဖွားချိန်၊ လှုပ်ရှားချိန်၊ သေဆုံးချိန်တွေရှိပြီး သူ့အချိန်နဲ့သူ လုပ်ကိုင်လှုပ်ရှား နေကြတယ်။
• အဲသည်လို အချိန်ပိုင်းလေးတွေနဲ့ လောကကို ဖန်တီးထားလေတော့ ဘ၀ချမ်းသာလိုတဲ့လူ ဟာ အချိန်ကို အသုံးချတတ်ရတယ်။ အချိန်ကို စောင့်တတ်ရတယ်။ အချိန်ကို နားမလည် ရင် ခံသွားရမှာပဲ။
• ပြဿနာတိုင်းကို ကြည့်ပါ။ ဘာတွေ့မလဲ။ ပြဿနာထုံးဖွဲ့ နေတဲ့အချိန်။ ပြေလည် ဖြေရှင်း သွားချိန်။
• ပြဿနာတစ်ခုကြောင့် စိတ်ညစ်နေရင် အချိန်ကိုသည်းခံပြီး စောင့်ရတယ်။
• အချိန်ဟာ လောကရဲ့ သောချက်ပဲ။ အဲသည်အချိန်ကနေ ပြဿနာတွေကို ဖြေရှင်းသွား တာ အံ့သြစရာတော့ ကောင်းတယ်။
• လူနဲ့ အရာဝတ္တုတွေရဲ့ တန်ဖိုးတွေဟာ သူ့အချိန်အခါ အသက်အရွယ်တွေနဲ့ လိုက်ဖက်ညီ တဲ့ အခြေအနေပေါ်မျာပဲ တည်နေတယ်။
• ဒါကြောင့်လည်း အချိန်ကို ငွေထက်တန်ဖိုးရှိတယ်လို့ ပြောကြတာ။ ငွေကို အချိန်နဲ့ ရှာနိုင် တယ်ဗျ။ အချိန်ကိုတော့ ငွေနဲ့ရှာလို့ မရပြန်ဘူး။
• လောကကြီးကို ကြည့်ပါ။ လောကကြီးမှာ ကောင်းတာရော၊ မကောင်းတာရော အချိန်တွေ ရှိသမျှ ရူပ်ထွေးပွေလီနေတာပဲ။
• အဲသည် ရူပ်ထွေးပွေလီနေတဲ့ အဖြစ်အပျက်တွေဟာ အမှုမဲ့ အမှတ်မဲ့ အချိန်ကုန်သွားလို့ မသိလိုက်ဘူး။ ပြီးတော့ လောကကြီးရဲ့ ရူပ်ထွေးပွေလီနေတဲ့ ပြဿနာတွေဟာ သူ့အချိန်နဲ့ သူ ပြီးသွားပြန်ပါရော။ အချိန်မကျသေးရင်တော့ ဘယ်လိုမှ မှန်အောင်ဖြေနိုင်ကြမှာ မဟုတ်ဘူး။
• အလုပ်လုပ်နေသူတို့အဖို့တော့ အချိန်ဟာ မလောက်နိုင်ဘူး။ အချိန်လုနေရတယ်။ အချိန်မ ရဘူး။ အလကားနေရင်တော့ တစ်နာရီဟာ သိပ်ကိုနေရတာလို့ ထင်ကြတယ်။
• ဘ၀ရဲ့အချိန်ဟာ ကြာလှတယ် ထင်ရပေမယ့်လို့ အလွန်ကို တိုတောင်းပါယ်။ အဲသည်တို တောင်းတဲ့ ဘ၀အချိန်လေးမှာ ကျစ်လစ်သိပ်သည်းစွာ ကြိုးပမ်းအသုံးချကြမယ့်အစား လူတွေဟာ အချိန်ကို ဖြုန်းသွားကြတယ်။ အချိန်လွန်မှ အသိရှိလာတာဟာ သိပ်ကိုဝမ်း နည်းဖို့ကောင်းတယ်။ မိတ်ဆွေတို့ တချို့သူတွေက အချိန်လွန်မှ အသိရှိမိတဲ့အတွက် ငယ်နုချိန်ကို ပြန်စဉ်းစားတိုင်း ပူလောင်တဲ့နောင်တကို ခံစားရတယ်။
• နေဖို့အချိန်ကို ဖြုန်းပြီးရင် သေဖို့အချိန်ကျောတ့ ဘာဖြစ်လာမှာလဲ။
• သေသေချာချာ တွေးကြည့်ရင် လောကမှာ နေရတဲ့ အချိန်ဟာ တန်ဖိုးအရှိဆုံးပါပဲ၊
• အချိန်တိုင်းဟာ ဘ၀ရဲ့ အရင်းအနှီးပါပဲ ၊ အခု လုပ်နိုင်တာကို နောက်မှလုပ်မယ် စိတ်မကူး ပါနဲ့။ မျက်မှောက်မှာ လုပ်နိုင်ရက်နဲ့ အနာဂတ်ကို ရွှေ့တာဟာ စောင့်ဆိုင်းချင်တာဟာ အချိန်သူခိုးပဲ။
• အချိန်သူခိုးဟာ ဘယ်တော့မှ လူတောမတိုးနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အချိန်တွေ နောက်ကျကုန်လို့ပေါ့။
• ကိုယ့်ကိုယ်ကို ကြီးပွားတိုးတက်အောင် လုပ်နေသူတွေဟာ အချိန်ကို သိပ်ပြီး တန်ဖိုးထား ကြပါတယ်။ အချိန်ကိုပေါပေါ မသုံးဘူး။ သတိ သိပ်ထားကြတယ်။
• အခုအချိန်မှဲာ ပြောတဲ့စကားတွေ၊ အခုအချိန်မှာ လုပ်တဲ့ အလုပ်တွေဟာ ပြီးစလွယ်ဖြစ်နေ ရင် နက်ဖြန်ဟာလည်း ပြီးစလွယ်ပဲ။ နောင်အချိန်မှာလည်း ပြီးစလွယ်ပါပဲ။
• အချိန်ဟာ ကာလအပိုင်းအခြားပဲ။ အချိန်ဟာ သိပ်ကို တည်ကြည်တယ်။ ဘက်လိုက်တာ မဟုတ်ဘူး။ ဘယ်သူက ချမ်းသာလို့၊ ဘယ်သူကဖြင့် ဆင်းရဲလို့နဲ့ အဲသည်လိုမလုပ်ဘူး။ လူမျိုးမရွေး၊ မျက်နှာကြီး ငယ်မလို၊ ဂုဏ်မကာသနကိုလည်း ဦးစားမပေးပါဘူး။ ခေါင်းပုံ ဖြတ်ခြင်းလည်း မခံဘူး။ လူသားတွေအားလုံးကို ညီမျှစွာသုံးစွဲနိုင်ဖို့ အားလုံးရဲ့ ပိုင်ဆိုင်တဲ့ ပစ္စည်းဖြစ်တယ်။ ဒါကြောင့် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးပါတယ်။
• လူပျင်းတွေ၊ ရေသာခိုးချင်သူတွေဟာ အချိန်ကို လိမ်ကြတယ်။ အချိန်က အလိမ်မခံဘူး။ အချိန်ကသာ သူတို့ကို အနိုင်ယူသွားပြီး သူတို့ဟာ အညာမိသွားကြတာပဲ။
• အချိန်ကို ကိုယ်ကဖြုန်းရင် အချိန်က ကိုယ့်ကိုဖြုန်းသွားလေရော။ ကိုယ့်အတွက်ကိုယ် အချိန်သတိထားယူရမယ်။ ကိုယ့်အတွက် အချိန်ရှိမှသာ သူများအတွက် အချိန်ရှိလာမှာ။
• မြတ်စွာဘုရားဟာ ကိုယ်တိုင်ဘုရားဖြစ်အောင် ဦးစွာကျင့်ရတဲ့ အချိန်ရှိခဲ့တယ်။ အချိန်ယူခဲ့ ရတယ်။
• ဘုရားဖြစ်တော့မှ သတ္တ၀ါတွေအတွက် အချိန်ပေးနိုင်တာ မဟုတ်လား။ ဘုရားဖြစ်တော့မှ သတ္တ၀ါတွေကို တရားတည်းဟူသော အမြိုက်ဆေးကို တိုက်ကျွေးချိန်ရခဲ့တာပဲ။
• ဘယ်အချိန်မှာ ပြောရမယ်၊ ဘယ်အချိန်မှာ ဆိတ်ဆိတ်နေရမယ်ဆိုတာလည်း သိဖို့လို တယ်။
• ပြောချိန်တန်ပြော၊ တိတ်ချိန်တန်တိတ်ပေါ့။
• အချိန်တွကိုလည်း နားလည်ရမယ်။
• သာချိန်ပြီးတော့ နာချိန်။
• ပျိုချိန်ပြီးတော့ အိုချိန်။
• ရှင်ချိန်ပြီးတော့ သေချိန်ပါပဲ။
• ဒီရေအတက်အကျရှိသလို လူ့ကိစ္စတွေမှာလည်း အတက်အကျရှိတယ်။ ဒီရေတက်လာတဲ့ အချိန်မှာ တွေဝေမနေပါနဲ့။ ပျင်းမနေပါနဲ့။ ဒီရေကျချိန်လို ကျတဲ့အချိန်ကျမှ ကြိုးစားနေရင် မထိရောက်ဘူး။ အဲသည်လိုပဲ လူ့ကိစ္စတွေမှာ အခွင့်ကောင်းရတဲ့အခါ သည်အခွင့်အရေး ကို အသုံးချပြီး အထွက်အထိပ် မိမိလိုရာပန်းတိုင်ကိုရောက်အောင် ချီတက်ကြရမယ်လေ။
• မိုးထိအောင်မြင့်တဲ့ အဆောက်အအုံကြီးတစ်ခု ဆောက်ရန် ပထမဦးစွာလုပ်ရတာက မြေစိုင်မြေခဲတွေတူးရတဲ့ အချိန်ပဲ။ အဲသည်အချိန်မျိုးစာ သိပ်ကိုအရေးကြီးပါတယ်။ ပေါ့ပေါ့ လုပ်လို့ မရပါဘူး။
• အသေးအဖွဲ စတင်လုပ်ရတဲ့အချိန်ဟာ လုပ်ငန်းကြီးတစ်ခုအတွက် ကြီးကျယ်လှတဲ့ အခြေ ခံ အကျိုးတရားပါပဲ။ အချိန်လွန်မှရတဲ့ နောင်တတွေဟာ သိပ်ပူတယ်။ ရင်ထဲမှာ မီးပူသလို ပူအောင်ခံစားရတယ်။
• ကြိုးစားနိုင်တဲ့အခိန် လုပ်နိုင်တဲ့အချိန်တွေမှာ လုပ်ထားနိုင်ပါလျက်နဲ့ မလုပ်မိခဲ့တော့ သိ လည်းသိရော အချိန်တွေက လွန်နေခဲ့ပြီလေ။
• လူမှာ နောင်တရချိန်ဆိုတာ ရှိပါတယ်။
• အဲသည်နောင်တရချိန်မှာ အရွယ်ရဲ့တန်ဖိုးနဲ့ အချိန်ရဲ့တန်ဖိုးကို သိနားလည်လာတာပဲ။
• စာရေးဆရာတစ်ယောက်က ပြောဖူးတယ် အချိန်ကို တန်ဖိုးမထား မသိခဲ့လို့ ဘာမှကို မရှိတဲ့ လူ့ဘ၀ရောက်ခဲ့တယ်။ နေစရာမရှိ၊ အိပ်စရာမရှိဘဲ အ၀တ်တစ်ထည် ကိုယ်တစ်ခု ဘ၀နဲ့ ကြုံရာမြင်ရာအိပ်တဲ့ ဘ၀တောင် ရောက်ခဲ့ရပါတယ်တဲ့။
• ဒါပေမယ့် ဘယ်လိုပဲဒုက္ခရောက်ခဲ့ရောက်ခဲ့ စာဖတ်တဲ့ အကျင့်နဲ့ စာပေ၀ါသနာပါတဲ့ အကျင့်လေးကြောင့် ဘ၀မပျက်ဘဲ ရပ်တည်စရာ စာပေအလုပ်ကလေး ရခဲ့ပါတယ်တဲ့။
• အချိန်ကိုသာ အလေပြုမိခဲ့ရင် အောင်မြင်မှုတော့ ရသင့်သလောက် ရမှာပါပဲ။ အပေါင်းအသင်း မိတ်ဆွေတွေဟာ တွေ့ရင်ပြောကြတယ်။ မင်း သည်လို ဘ၀တွေနာပြီး မျိုးစုံခံစားခဲ့ရလို့သာ သည်နေ့မှာ သည်လိုမျိုး စာရေးဆရာဖြစ်နိုင်တာပေါတဲ့။
• အချိန်ကိုသာ ဂရုစိုက်ခဲ့ရင် သည်ထက်တောင် ကောင်းစားပြီး စာကောင်းပေမွန်တွေ ရေးနိုင်မယ်ထင်တာပဲတဲ့လေ။
• ဒီစာရေးဆရာဟာ အိမ်ထောင်လည်းပျက်၊ နေစရာလည်းမရှိ၊ တစ်ဝမ်းတစ်ခါးကို ပင်ပင် ပန်းပန်း ရှာစားနေရတာဟာ ဘ၀ပေးတဲ့ အခွင့်အချိန်ကို ဂရုမမှုခဲ့လို့ပါပဲလို့ပြောတယ်။ အချိန်ကို လုံးဝဂရုမစိုက်ခဲ့လို့ပေါ့ဗျာတဲ့။
• အချိန်ဟာ ငွေထက်ရော၊ ရွှေထက်ရော၊ မိဘအမွေထက်ရော အဖိုးတန်လှပါ တယ်။ အချိန်ကို ကောင်းစွာ အသုံးပြုတတ်ရင် သူများထက် ဦးခေါင်းတစ်လုံးပိုမြင့်တယ် ပိုမြင်တယ်တဲ့လေ။
• ဒါကြောင့် အချိန်ကိုအလကား မဖြစ်ပါစေနဲ့။ အားနေရင် ထိုင်နေမယ့်အစား စာအုပ်ကောင်း လေးများကို ရှာဖွေဖတ်ရူသင့်ပါတယ်။ စာဖတ်ခြင်းဟာလည်း အသက်ရှင်နေထိုင်မယ့် မိမိဘ၀အတွက် တစ်ဖတ်တစ်လမ်းကနေ အင်မတန်အထောက်အကူပြုတယ်လို့ ပြောချင် ပြောချင်တာပါ။ နောက်ပြီး ပြောချင်တာက တစ်ချို့ လူတော်တော်များများဟာ မိမိလုပ်ချင်တာလုပ်လိုက်ပြဲီးမှ နောင်တရတတ်ကြပါတယ်။ တစ်ကယ်တော့ နှင်းကိုယ်တိုင် လည်း နောင်တရတယ်ဆိုတာကြီးကို ခံစားဖူးပါတယ်။ နောင်တဆိုတာ အချိန်လွန်၊ လုပ်ချင်တာလုပ်ပြီးမှ ရတဲ့အရာမို့လို့ “ အလာကောင်းပေမယ့် အခါနှောင်းပြီ ”ဆိုသလို ပေါ့။ ဘာဖြစ်ဖြစ် နောင်တရပေမယ့်လည်း မလုပ်သင့်တာလုပ်ခဲ့လို့ အတော်ခံစားရပြီးပြီမ လား။ ဒါကြောင့်မို့ မိတ်ဆွေ၊ သူငယ်ချင်းတို့လည်း နောင်တဆိုတာမရှိရလေအောင် ဘာပဲ လုပ်လုပ် သေချာစဉ်းစား ဆင်ခြင်ပြီးမှ ဆုံးဖြတ်လုပ်ဆောင်ရင်း အချိန်ကို အလေးထားသုံး စွဲကြစေချင်ပါတယ်။ အချိန်ဆိုတာဟာ ငွေပဲလို့ နှင်း ပြောချင်ပါတယ်။

[ စိုးရိမ်တတ်မှ ချမ်းသာမှာ ]

• စိုးရိမ်စရာရှိရင် ဒါဟာ စိုးရိမ်စရာရယ်လို့ ပီပီပြင်ပြင်သိမြင်ရင် စိုးရိမ်ရမှာပဲ။ ကြိုတင်ပြီး ရှောင် သင့်ရင်ရှောင် ရှောင်ရမှာပဲ။ စိုးရိမ်စရာမှန်းသိလျက်နဲ့ မရှောင်လို့ကတော့ ဒုက္ခရောက်တာ လောက် နှမြောစရာကောင်းတာ မရှိဘူး။
• သည်ခရီး၊ သည်ကိစ္စ၊ သည်လူ၊ သည်အရပ်ဟာ ကိုယ့်အတွက် အမှားအယွင်းဖြစ်ဖို့ မြင်နေရင် စဉ်းစားမိရင် မသွားဖို့၊ မတွေးဖို့၊ မလုပ်မိဖို့၊ စိုးရိမ်သင့်တယ်၊ ဆင်ခြင်သင့်တယ်။
• ဆင်ခြင်မှုဟာ မိမိမှာ ထာဝစဉ်ရှိနေသင့်တယ်။
• မဖြစ်သေးခင် ကြိုတင်ဆင်ခြင်တတ်တာဟာ အလွန်ကောင်းမြတ်လှတဲ့ အရည်အချင်းပါပဲ။
• စိုးရိမ်စရာ မဟုတ်တာကိုတော့ လုံးဝစိုးရိမိနေစရာ မလိုပါဘူး။ ဝေဖန်ပိုင်းခြားမှုမပါတဲ့ စိုးရိမ်ကြောင့်ကြမှုဟာ လူကို ဒုက္ခပေးတတ်ပါတယ်။ စိုးရိမ်မှုကြောင့် မဖြစ်သင့်တာတွေ ဖြစ်ရ တယ်။ လုပ်သင့်တာတွေလည်း မလုပ်မိတော့ဘူး။ တိုးတက်အောင်မြင်မှုတွေ ဝေးကွာသွား တတ်တယ်။ သိပ်စိုးရိမ်လာရင် အဲသည် စိုးရိမ်မှုရဲ့နောက်က သောကဗျာပါဒတွေ ပါလာပြီး ရုပ် ပိုင်းကိုပါ ထိခိုက်လာပါရော။ စိုးရိမ်စိတ်ဟာ လူကိုနှေးကွေးလေးလံစေတယ်။ ကျန်းမာရေးကို တစ်နည်းအားဖြင့် ပျက်စေတယ်။
• စိတ်ပျိုမှ ကိုယ်နုတယ်။
• စိုးရိမ်စိတ်တွေ ကင်းနိုင်သမျှ ကင်းအောင်နေမှသာ စိတ်ဟာ လန်းဆန်းနိုင်တယ်။ စိတ်လန်း ဆန်းမှ ရုပ်လန်းဆန်းတယ်။ စိတ်ညှိုးနေပြီဆိုရင် ဘယ်မှာ ၇ုပ်လန်းဆန်းမှာလဲ။ ဒါကြောင့်အ တတ်နိုင်ဆုံး စိုးရိမ်စိတ်ကို ခိုအောင်းမနေအောင် သတိနဲ့ဆင်ခြင်ပြီး နေတတ်ရမယ်။ (ခြွင်းချက်ကတော့ စိုးရိမ်စရာကိုတော့ အမှန်တကယ်ပဲစိုးရိမ်ပြီး ဝေဖန်ပိုင်းခြားရမှာနော်)။
• မဖြစ်နိုင်တာကို ကြိုတွေးပြီး ပူပန်နေရင်တော့ လက်ရှိအချိန်ကို အကျိုးမဲ့ ဖြုန်းတီးနေသူပဲ။
• ဆင်ခြင်မှုဟာ လက်ငင်းလက်တွေ့ကိုသာ ရှေးရှုလုပ်ဖို့ လိုပါတယ်။ ပစ္စက္ခအချိန်ကို ဦးစားပေး ပါ။ ဘာဖြစ်လို့လဲဆိုတော့ ယနေ့ဟာ ယနေ့ပဲ။ နက်ဖြန်ဟာ ယနေ့မဟုတ်ပါဘူး။
• ဒါပေမယ့် ယနေ့အလုပ်ဟာ နက်ဖြန်အတွက် အကြောင်းခံနေတာကိုတော့ သတိထားရမှာပေါ့။ လူတစ်ယောက်အတွက် နက်ဖြန်ပေါင်းများစွာကို ယနေ့ဆိုတဲ့ ပစ္စက္ခအချိန်နဲ့အကြောင်းခံ ကျော်လွှားနေရတာကို စဉ်းစားလို့ တွေ့နိုင်တာပေါ့။
• လူဟာ ဘ၀ဆိုတဲ့ ဘောင်ထဲမှာ နေတတ်စားတတ်ဖို့ အထူးလိုအပ်လှပါတယ်။ ခက်နေတာက မနေတတ်၊ မစားတတ်လို့ပါ။
• နေတတ်စားတတ်တဲ့ မိဘနှစ်ပါးက မွေးဖွားလာပေမယ့် မနေတတ် မစားတတ်တဲ့ သားသမီး ဖြစ်ချင်ဖြစ်နေတတ်တယ်။ နေထိုင်တတ်ရန်က ဝေဖန်ပိုင်းခြားတဲ့ စိုးရိမ်စိတ်၊ ဆင်ခြင်စိတ်၊ ဆင်ခြင်တုံတရားကို နားလည်ရပါမယ်။
• လောကရဲ့ ဖြစ်တတ်ပျက်တတ်တဲ့ ဓမ္မတာတရားကို လျစ်လျူမပြုဘဲ စိုရိမ်စိတ်၊ ဆင်ခြင်စိတ်၊ ဆင်ခြင်တုံတရားနဲ့ ဝေဖန်သုံးသပ်ကာ ဘ၀ကို အကျိုးပြုရမှာ ဖြစ်တယ်။
• လူတစ်ယောက်ဟာ မသေမချင်း နေရခြင်းက ဘ၀ပဲ၊ အဲသည်လို မသေမချင်း နေရတဲ့ဘ၀မှာ အမြဲခရီးဖော်အဖြစ် လက်တွဲခေါ်ငင်သွားရမှာက ဆင်ခြင်စိတ်၊ စိုးရိမ်စိတ်၊ ဆင်ခြင်တုံတရား ဆိုတာပါပဲ။
• လူကို အကျိုးမပြုတဲ့ စိုးရိမ်စိတ်ကိုတော့ ဖယ်ဖြစ်အောင် ဖယ်ပါ။ ကိုယ်သွားမယ့် ခရီးလမ်းမှာ အဖော်အဖြစ် မပါစေပါနဲ့။
• ဆင်ခြင်ရမှာတေါ၊ စိုးရိမ်စိတ် ထားရမှာတွေတော့ တစ်ဦးနဲ့တစ်ဦး မတူကြဘူးပေါ့။ ဘ၀ပေးအ ခြေအနေတွေအရပဲ ဖြစ်မှာပါ။ ကုန်သည်က စိုးရိမ်ပြီး ခရီးမသွားရင် ကုန်ကူးလို့မရဘူး။ ချော်လဲမှာကို စိုးရိမ်ရင် အားကစားသမားကောင်းဖြစ်လာမှာ မဟုတ်ဘူး။ စိုးရိမ်စိတ်သိပ်များ ရင် ဘာမှ လုပ်စားလို့ မရပါဘူး။
• ဒါကြောင့် စိုးရိမ်စိတ်ဆိုတာကို စိုးရိမ်သင့်တဲ့နေရာမှာသာ စိုးရိမ်တတ်ဖို့လိုပါတယ်။ သူ့နေရာနဲ့ သူ စိုးရိမ်သင့်တဲ့နေရာမှာ စိုးရိမ်တတ်မှသာ ချမ်းသာမှာ မဟုတ်ပါလား မိတ်ဆွေတို့။

{ စိတ်မပျက်နဲ့ }

• ဘာတွေဘယ်လိုပျက်မလဲ၊ ပျက်ပါစေ။ ကျန်းမာရေး ပျက်မလား၊ စီးပွားရေး ပျက်မလား။ ပျက်ခြင်တာတွေ ပျက်ပါ။ အရေးကြီးတာက စိတ်မပျက်ဖို့ပဲ။
• စိတ်ပျက်ရင်တော့ မိတ်ဆွေတို့ဘ၀ ပျက်ပြီပဲဗျို့။ အခုလူတွေပြောကြတဲ့ “ဘ၀ပျက်တယ်၊ ဘ၀ ပျက်တယ်” ဆိုတာ ဘ၀တွေက ပျက်သွားသေးတာ မဟုတ်ဘူး။ မသေမချင်း ဘ၀က မပျက်ပါ ဘူး။ မသေသေးရင် ဘ၀ဆိုတာ ရှိနေသေးတာပဲ။ ပျက်သွားကြတာက စိတ်ပါ။ ကြိုးစားဖို့ စိတ်ပျက်သွားကြတာ။
• စိတ်ကောင်းနဲ့ စာရိတ္တကောင်းဟာ လူရဲ့ အဓိကဥစ္စာပဲ။ အဲသည်နှစ်ချက်ရှိနေရင် ဘ၀ကို ပြန် တက်လို့ ရသေးတယ်။
• စိတ်ရဲ့ စွမ်းရည်သတ္တိတွေ ယိုဖိတ်သွားတာကို ဘ၀ပျက်တာလို့ ထင်နေတယ်။ လောလော ဆယ်မှာ စိတ်ရဲ့စွမ်းရည်တွေ ကျပြီး ဘ၀ပြောင်းသွားတာပါ။ အဆင်မပြေမှုနဲ့ ငွေရှားပါးမှုဟာ ခဏရယ်လို့မတွက်ဘဲ ဘ၀ပျက်ပြီလို့ ထင်လိုက်ကြတော့ ပိုပြီးအားငယ်မှုတွေ ၀င်လာတာပေါ့။
• ကျွန်မကတော့ ဘ၀ပျက်ပြီလို့ ပြောတဲ့လူတေါကို ဂရုစိုက်လေ့လာကြည့်တဲ့အခါ စိတ်ပျက်သွား ကြတာကို တွေ့ပါတယ်။ စိတ်ပျက်၊ စိတ်လေလွင့်ပြီး တဖြည်းဖြည်း တကယ်ကို အဖတ်ဆယ် မရအောင် ဘ၀ပျက်သွားသူ တစ်ယောက်စ နှစ်ယောက်စ တွေ့ဖူးပါတယ်။
• ဘယ်လောက်ပဲ အောက်တန်းကျနေနေလေ။ အဲသည် အောက်တန်းကျနေတဲ့ စီးပွားရေး အခြေအနေမှာလည်း စိတ်မပျက်ဖို့ တွေ့ဖူးပါတယ်။
• အဓိမာန စိတ်ဓာတ်နဲ့ မဖြစ်မနေ ဇွဲသတ္တိ အစွမ်းကို အသက်တော်မငဲ့ဘဲ စွန့်စားလုပ်ဆောင် ရင်ပြန်ပြီး ဘ၀ချမ်းသာတွေ၊ အခြေအနေတွေ ပြန်ရနိုင်ပါတယ်။
• မန်းကျည်းပင်ဟာ ခုတ်လေ အိုလေပါ။ ဆီးကတော့ ခုန်လေပျိုလေ။ ခုတ်လေ အပင်သန်လေ ပဲ။ တစ်ခါခုတ်ရုံနဲ့အိုတဲ့ မန်ကျည်းပင်လို စိတ်ပျက် အားမငယ်ဘဲ ဘ၀ခရီးကို အခက်အခဲတွေ့ တိုင်း ဆီးလိုပဲ ခုတ်တိုင်းခုတ်တိုင်း ပြန်ရုန်းထွက်နိုင်ဖို့ လိုပါတယ်။
• စိတ်တိုတာ၊ စိတ်ပျက်တာ ပျက်စီးရာပါပဲ။ လောကဓံတရားဆိုတာ မရှိဘဲ မနေပါဘူး။ ရှိနေတာ ပါပဲ။ ဒါကြောင့် ဘာဖြစ်လို့ စိတ်ပျက်နေကြရမှာလဲ။
• “ငါဘယ်တော့မှ စိတ်မပျက်ဘူး”လို့ ကြုံးဝါးပြီး ရှိသမျှ အားအင်သတ္တိတွေ ထုတ်စမ်းပါ။ ကျိုးနေ ကန်းနေသူတွေတောင် စိတ်မပျက်ဘဲရှိနေကြတာ မြင်ရတတ်ပါတယ်။
• တိုက်ကနေ ပျဉ်ထောင်အိမ်နေရရင် စိတ်ပျက်ပြီ။ ပျဉ်ထောင်အိမ်ကနေ တဲဆင်းနေရရင် စိတ်ပျက်ပြီ။ ကိုယ်ပိုင်ကား မစီးနိုင်လို့ ဘတ်စ်ကားစီးရရင် စိတ်ပျက်ပြီိ။
• အဲသည်လို စိတ်ပျက်ကြပြီး ကြံမိကြံရာကြံတော့ စာရိတ္တတွေ ပျက်ကုန်ရော။ စိတ်ပျက်တာဟာ စာရိတ္တပျက်ဖို့ အစပဲနော်။ သိပ်ဂရုစိုက်ရမယ်။
• ယောက်ျားလေးတွေ စိတ်ပျက်တာထက် မိန်ကလေးတွေ စိတ်ပျက်ရင် ပိုဆိုးတယ်။
• တွေးကြည့်ပါ စိတ်ပျက်စရာ မလိုဘူး။ မွေးတုန်းကလည်း ဘာပါလာလို့လဲ။ လက်ကိုင်ပ၀ါလေး တစ်ထည်တောင် ပါလာခဲ့လို့လား။ မပါခဲ့ပါဘူး။ ကျန်တဲ့ရွှေငွေတော့ မပြောနဲ့တော့။
• သေတော့ကော ဘာယူသွားမျာလဲ။ ဘာမှ ယူမသွားနိုင်ပါဘူး။ သည်အတိုင်း သွားရမှာပဲ။
• သည်တော့ စိတ်မပျက်ပါနဲ့။ စာရိတ္တမပျက်ပါနဲ့။ ဖြစ်ချိန်တန်ဖြစ်ပြီး ပျက်ချိန်တန် ပျက်မှာပါပဲ။ ကိုယ်ကဘာလုပ်ဖို့လဲ။ ဖြစ်ချင်ဖြစ် မဖြစ်ချင်နေပေါ့။ လောကတစ်ခုလုံးရဲ့ အလုံးစုံသော ဓမ္မသဘောမှာ စိတ်ကသာ အစိုးရတာဖြစ်တယ်။
• စိတ်ပျက်ရင် အားလုံးပျက်မှာပဲ။
• စိတ်ပျက်ရင် ဘ၀တွေပျက်မှာ။ ပျက်သထက် ပျက်ကုန်မျာကို ပူစမ်းပါ။ ဒါကြောင့် စိတ်ပျက်ဖို့ ကို ဘယ်တော့မှ မစဉ်းစားပါနဲ့မိတ်ဆွေတို့။
• ကိုယ်ပျက်လို့ မရူးဘူး။ ခြေလက်တွေပျက်လို့ မရူးဘူး။ စိတ်ပျက်ရင် ရူးတတ်တယ်နော်။ ဒါကြောင့် စိတ်မပျက်ဘဲ အမြဲစိတ်တက်ကြွစွာ ကြိုးစားနေကြရမယ်နော်။

Thursday, November 6, 2008

!!! ချိုသာပြေပြစ် လူတိုင်းချစ်တဲ့နည်း !!!

ဒီတစ်ခါမှာတော့ စစချင်း မြတ်စွာဘုရားလက်ထက်က တကယ်ဖြစ်ခဲ့ဖူးတဲ့ ဇာတ်ဝတ္တုတစ်ပုဒ် ကိုပြောပြချင်ပါတယ်။ သူငယ်ချင်း၊ မိတ်ဆွေတို့ဟာ ကျောင်းအမကြီးဝိသာခါဆိုရင် သိကြမှာ ဖြစ်ပါတယ်။ အလွန့်အလွန်ကိုချမ်းသာတဲ့ ဓနဉ္စယသူဋ္ဌေးကြီးရဲ့ သမီးဖြစ်ပါတယ်။ အဲသည်သူ ဋ္ဌေးကြီး ချမ်းသာတာကတော့ ပြောရင် ဆုံးမှာတော့မဟုတ်တော့ သိပ်ချမ်းသာကြွယ်ဝလှပါ တယ်ဆိုတာလောက်ပဲ ပြောပါရစေတော့ကွယ်။ ကျောင်းအမကြီးဝိသာခါက ချမ်းသာပေမယ့် မာန်မာနတက်ကြွခြင်း မရှိဘူး။ ရတနာသုံးပါးကို ကြည်ညိုတယ်။ အလှူအတန်းရရက်ရော တယ်။ ပြေပြစ်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အယူမှားနေတဲ့ ယောက္ခမကြီးကို အယူမှန်သွား အောင် ဆောင်ရွက်ပေးနိုင်လို့ ယောက္ခမကြီးက မိခင်အရာထားတဲ့အထိ လေးစားတာကိုခံခဲ့ရ ပြီး မိဂါရမာတာလို့လည်း အမည်တွင်ခဲ့ပါသေးတယ်။
ကျောင်းအမကြီးလိုပဲ သာသနာမှာ ထင်ရှားတဲ့ ကျောင်းဒကာကြီးတစ်ဦးလည်း ရှိပါသေးတယ်။ သူ့အမည်က အနာထပိဏ် သူဋ္ဌေးကြီးတဲ့။ အဲသည်အမည်က ငယ်မည်မဟုတ်ပါဘူး။ ရဟန်းပု ဏ္ဏားများ ဆင်းရဲသူများ ခရီးသွားများများကို ထမင်းစတဲ့ အစားအစာများ အလိုရှိသလောက် ပေးကမ်း လှူဒါန်းလို့ ထမင်းပေးသူလို့အဓိပ္ပာယ်ရတဲ့ အမည်နဲ့ တွင်လာတာဖြစ်ပါတယ်။ ထမင်းပေးတယ်ဆိုရာမှာ တောင်းသူရှိလာရင် မိမိအိမ်မှာရှိတဲ့ စားစရာကိုပေးတာမျိုး မဟုတ် ပါဘူး။ အလှူအတွက် ထမင်းဟင်းများချက်ပြီး ထမင်းရုံကြီးဆောက်ကာ နေ့စဉ်လောင်းလှူနေ တာမျိုး ဖြစ်ပါတယ်။
အဲသည်သူဋ္ဌေးကြီးရဲ့သားနဲ့ ၀ိသာခါရဲ့ညီမတို့ကို လက်ထပ်ထိမ်းမြားပေးလိုက်ကြပါသတဲ့။ ပြီးတော့ ၀ိသာခါရဲ့ညီမကို ခင်ပွန်းဖြစ်သူရဲ့အိမ်ကို ခေါ်လာတာပေါ့ကွယ်။ အဲသည်အမျိုးသမီး ရဲ့အမည်က “သုဇာတ”လို့ ခေါ်ပါတယ်။ သိပ်ချမ်းသာသလောက် သိပ်အလိုလိုက်ခံထားရတဲ့ သုဇာတဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ပေမဲ့ အစ်မကြီးလို မပြေပြစ်ပါဘူး။ ဖခင်အိမ် ကနေပြီး ယောက္ခမအိမ်ကို လိုက်သာလာရတယ်၊ ချမ်းသာလွန်းတော့ ပစ္စည်းပစ္စယများ၊ အ ခြွေအရံများစတဲ့ သူပိုင်ပစ္စည်းတွေ အများကြီးယူခဲ့လို့ အနာထပိဏ်သူဋ္ဌေးကြီးလို အိမ် တောင်မှ ပြည့်လုမတတ် ဖြစ်သွားပါသတဲ့။
လင်သားနဲ့ ယောက္ခမကို ပြုစုဖို့နေနေသာသာ မာန်မာနက ကြီးလွန်းတော့ မောက်မောက်မာ မာ ပြောဆိုတတ်ပါသတဲ့။ တစ်နေ့မှာ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ရဟန်းများနဲ့အတူ အနာထပိဏ်သူဋ္ဌေးအိမ်ကို ဆွမ်းပင့်ထားတာကြောင့် ကြွတော်မှုလာပါတယ်။ အနာထပိဏ် သူဋ္ဌေးကြီးက မြတ်စွာဘုရားရှင်ရဲ့တရားကို နာယူလိုတာကြောင့် မြတ်စွာဘုရားရှင်အနီးမှာ ကပ်ပြီးရိုသေစွာ ရှိခိုးနေတာပေါ့။ အိမ်တွင်းမှာတော့ သုဇာတက အလုပ်သမားတစ်ယောက်ကို ကက်ကက်လန်အောင် ပြောဆို ကြိမ်းမောင်းနေပါသတဲ့။ အဲသည်အိမ်ကလူတွေရော သူနဲ့ပါ လာတဲ့သူတွေရော သုဇာတရဲ့ အကြိမ်းအမောင်းနဲ့ လွတ်တယ်ပဲမရှိတော့ သူ့ကိုဆိုရင် ကြောက်ကြတာပဲရှိတယ်။ မချစ်ကြပါဘူးတဲ့။ သူ့အသံ စွာလန်တေးကို ကြားတဲ့အခါ ယောက္ခမ ဖြစ်သူအနာထပိဏ်က မြတ်စွာဘုရားရှင်ကို အားနာလွန်းလို့ အရှင်ဘုရား ဒီအိမ်က ချွေးမတစ် ယောက်က မလိမ္မာပါဘူးဘုရားလို့ လျှောက်ထားပါသတဲ့။ မြတ်စွာဘုရားက သုဇာတကိုခေါ် လိုက်စမ်းလို့ မိန့်တော်မှုတော့ သုဇာတက လာပါတယ်။ မြတ်စွာဘုရားက သူနဲ့သင့်တော်မယ့် အရာတစ်ပုဒ်ကို ဟောပြောလိုက်တာ သုဇာတ ချက်ချင်းငြိမ်သက် အေးချမ်းသွားပါသတဲ့။
အနာထပိဏ်သူဋ္ဌေးကြီးတို့ အိမ်မှာလည်း ငြိမ်သက်အေးချမ်းသွားတာပေါ့။ မြတ်စွာဘုရားရှင်နဲ့ အတူ ရဟန်းများလည်း ဆွမ်းအလှူမှာ ပါတယ်ဆိုတော့ မြတ်စွာဘုရားရှင်က တစ်ကြိမ်တည်း ဆုံးမရုံနဲ့ သုဇာတလိမ္မာသွားတယ်။ အံ့သြဖွယ်ကောင်းလေစွလို့ သတင်းဖြစ်ပွးနေခဲ့ပါတသတဲ့။ မြတ်စွာဘုရားက အဲသည်သတင်းနဲ့စပ်လျဉ်းပြီးတော့ အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်း ဟောတော်မှုပါတယ်။
ရှေးအတီတေကာလတုန်းက ဘ၀တစ်ခုမှာ မြတ်စွာဘုရား အလောင်းတော်ရဲ့ မယ်တော်မိဖု ရားကြီးဟာ အင်မတန်မှမာန်မာနခက်ထန်ပါသတဲ့။ မာန်မာနခက်ထန်တဲ့သူများဟာ ဒေါသ လည်းကြီးတာပေါ့။ ရက်လည်းရက်စက်တာပေါ့။ နူတ်ထွက်ကလည်း ကြမ်းတမ်းတာပေါ့။ စေ တစ်လုံးပိုင်ရှင်များဖြစ်နေလေတော့ သူတို့နဲ့မပတ်သက်လို့မဖြစ်တာကြောင့် ပတ်သက်နေရ တဲ့သူများဟာ တော်တော်ပဲ စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်ခဲ့မှာပါပဲ။ သားတော်မင်းကြီးဟာ ခမည်းတော်ရှိစဉ်တုန်းက တက္ကသီလာကိုသွားပြီး ပညာသင်ယူခဲ့ပါတယ်။ ခမည်းတော် နတ် ရွာစံတဲ့အချိန်မှာတော့ မင်းကျင့်တရားဆယ်ပါးနဲ့အညီ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တော်မှုခဲ့ပါ တယ်တဲ့။ တစ်တိုင်းတစ်ပြည်လုံးကိုကောင်းစွာ အုပ်ချုပ်နိုင်ခဲ့ပေမယ့် မယ်တော်ရဲ့ စရိုက်ကြမ်း နေတာကိုတော့ ရုတ်တရက် တရားချပြီး မပြုပြင်နိုင်အောင် ဖြစ်နေပါသတဲ့။ သူက သား တော်ဆိုတော့ မာမာထန်ထန်ပြောလို့ကလည်း မသင့်တော်ဘဲကိုး။
အဲသည်လိုနဲ့ တစ်နေ့မှာတော့ မင်းမိဖုရားများ စုံစုံညီညီပါဝင်တဲ့ ပရိတ်သတ်ထဲမှာ မယ်တော် မိဖုရားကြီးလည်း လိုက်ပါပြီး ဥယျာဉ်ကစားထွက်ကြပါသတဲ့။ အခုခေတ်တော့ ပျော်ပွဲစားထွက် တယ်လို့ ဆိုရမှာပေါ့နော်။ အဲသည်လိုထွက်သွားကြတော့ လမ်းခရီးမှာ တီတီတွတ်လို့ခေါ်တဲ့ ငှက်တစ်ကောင်က သူ့ဘာသာဘာဝ အော်မြည်ပါသတဲ့။ အဲသည်ငှက်သံက တယ်ပြီးနားဝင် ဆိုးတယ်ဆိုပဲ။ မင်းပရိသတ်တစ်ခုလုံးဟာ ကိုယ်စီကိုယ်စီ ချက်ချင်းနားတွေပိတ်တဲ့ပြီး အ မယ်လေး၊ ဆိုးလိုက်တာ တော်ပါတော့လို့ အော်ကြပါသတဲ့။ ငှက်ကလည်း လူများတော့ ပျံပြေး သွားမှာပေါ့။
မင်းပရိသတ်များ ဆက်လက်ပြီး ခရီးထွက်ခွာလာတဲ့အခါ လမ်းမှာ ပင်လုံးကျွတ်ပွင့်နေတဲ့ အင် ကြင်းပင်ကြီးတစ်ပင်ကို မြင်ကြရတော့ သြော် ကြည့်ကြစမ်းပါဦး၊ ပန်းတွေက လှလိုက်တာနော် လို့ပြောကြပြီး ပန်းပင်ကြီးကို မော့ကြည့်ပြီး ပျော်ရွှင်ကြည်နူးနေကြတုန်းမှာ အင်ကြင်းပင်ပေါ်က ဥသြငှက်ကလေးက သာသာယာယာ တွန်ကျူးလိုက်ပါတယ်။ သူငယ်ချင်းတို့လည်း အခုလိုနွေ ဦးကာလမှာ တွန်ကျူးတဲ့ ဥသြငှက်သံကလေးကို ကြားဖူးကြမယ် ထင်ပါတယ်။ နားဝင်ချိုပြီး သနားဖွယ်ကောင်းလောက်အောင် ချိုသာကြည်မြတဲ့ အသံကလေးဖြစ်ပါတယ်။ လွမ်းစဖွယ် ကောင်းလောက်အောင် ချိုသာကြည်မြတဲ့ အသံကလေးဖြစ်ပါတယ်။ လွမ်းစဖွယ်လည်း ကောင်းပါရဲ့။ မင်းသားကြီးလည်းဖြစ်၊ စာရေးဆရာလည်းဖြစ်တဲ့ ကွယ်လွတ်သူ မင်းသားကြီး ဦးဝင်းဦးက ဥသြသံကို မေကောမေကောလို့ ကြားတယ်လို့ သူ့ဝတ္တုတစ်ပုဒ်ထဲမျာ ထည့်ရေး ထားပါတယ်။ ပြောချင်တာကတော့ကွယ် ဥသြသံဟာ လူတွေနှစ်သက်တဲ့ အသံတစ်သံ ဖြစ်ပါတယ်။
မင်းပရိသတ်ကလည်း ဟယ် ဥသြကလေးရယ်၊ သင့်အသံကလေးက သာယာလိုက်တာ၊ ထပ်ပြိးတွန်ပါဦးလို့ပြောရင်း တချို့ဆိုရင် လက်အုပ်ကလေးများတောင်မှ ချီလိုက်ကြပါသေး သတဲ့။ အဲသည်က ဆက်ပြီးသွားကြတော့ မယ်တော်ကိုနားချဖို့ အကွက်ချောင်းနေတဲ့ မင်းကြီး က မယ်တော်၊ အစောပိုင်းက တီတီတွက်နှက်အော်သံဟာ နားဝင်ဆိုးလွန်းလို့ လူတိုင်းဟာ နားပိတ်ပြီး တော်ပါတော့၊ မအော်ပါနဲ့တော့လို့ပြောခဲ့ကြပါတယ်။ ဟော ဥသြငှက်ကလေး တွန်သံကြတော့ တွန်ပါဦး၊ မြည်ပါဦးလို့ တောင်းဆိုကြပါတယ်။ တကယ်တော့ မယ်တော်ရယ် ဥသြဆိုတာ အဆင်းမလှပါဘူး။ သို့ပေမဲ့ သူ့အသံက ချိုသာပြေပြစ်တော့ လူတိုင်းက ချစ်ကြပါ တယ်။ လူတွေက ချစ်စဖွယ်ပြောတတ်ပြီး ချိုသာပြေပြစ်မှသာ ချစ်တတ်ကြပါတယ်။ တီတီ တွက်ငှက်ကို လူမချစ်ဘဲ ဥသြငှက်ကို လူချစ်သလိုပေါ့ မယ်တော်လို့ နားချပြောဆိုပါသည်။
မယ်တော်က သားတော်ပြောသမျှကို ဘာမှပြန်မပြောပါဘူးတဲ့။ သို့ပေမဲ့ အဲသည်အချိန်ကစပြီး ရက်စက်ကြမ်းတမ်းတဲ့စကား၊ မောက်မာတဲ့စကား၊ သူတစ်ပါးစိတ်ကို ညှိုးရော်ပူပန်စေမယ့်စ ကားများကို မပြော သူတစ်ပါးစိတ်ကို အေးမြစေမယ့်စကားများကိုသာ ပြောပါတော့သတဲ့။
အဲသည်ပုံပြင်လေးထဲမှာ ပါတဲ့အမျိုးသမီးက တစ်ယောက်ထဲဖြစ်ပါတယ်။ တစ်ဘ၀မှာ မင်းကြီး ရဲ့မယ်တော်၊ နောက်တစ်ဘ၀မှာ သူဋ္ဌေးသမီး သုဇာတ ဖြစ်ပါတယ်။
အဲသည်ဇာတ်ဝတ္တုကို ပြေပြရတာကတော့ အလှအပဆိုတာ အရေပြားတစ်ထောက်စာ လောက်သာ လှလို့ မလုံလောက်ပါဘူး။ စိတ်နေသဘောထားက အရင်းခံအနေနဲ့ ကောင်း ရမယ်။ အဲသည်လို လူမျိုးဟာ သူတစ်ပါးကို ခက်ခက်ကျိတ်ကျိတ် နှိပ်နှိပ်စက်စက် လုပ်ချင် တဲ့သဘောထား နည်းပါးမယ်။ လူလူချင်းဆက်ဆံတဲ့အခါမှာ အရေးကြီးတဲ့ ဆက်သွယ်ရေး လမ်းကြောင်းက စကားပြောခြင်းဖြစ်ပါတယ်။ အဲသည်လို စကားပြောတဲ့အခါမှာ ချိုသာတဲ့စိတ် ထားထားနိုင်မယ်ဆိုရင် စကားအသုံးအနူန်းကလည်း ပြေပြစ်ယဉ်ကျေးမှာ ဖြစ်ပါတယ်။ အဲသည်လိုဆိုမှ မလှရင်လည်း ချစ်ခင်စရာအဖြစ်ကြောင့် လူတိုင်းက ကိုယ့်မြင်ရင် ကြည်နူး ပျော်ရွှင်သွားမှာ ဖြစ်ပါတယ်။ အဲသည်လိုမဟုတ်ဘဲ လှသလောက် မာန်တက်ခက်ထန်နေရင် ပူလောင်လိုက်တာကွာလို့ ပြောကြမှာ ဖြစ်ပါတယ်။
ချိုသာယဉ်ကျေးခြင်းနဲ့ ချွဲပျစ်ခြင်းတို့ကို မရောနှောစေချင်ပါဘူး။ လူတစ်ယောက် စကားပြော တဲ့အခါမှာ ကြားရတဲ့သူများက လေးစားချစ်ခင်လာဖို့ဆိုတာ ချိုသာရမယ်၊ ယဉ်ကျေးရမယ်၊ စကားအသုံးအနူန်း မှန်ကန်ရပါမယ်။ သို့ပေမဲ့ ချွဲချွဲပျစ်ပျစ်နဲ့ ညုတုတုစကားပြောတာကို လူအ များ နှစ်သက်လိမ့်မယ်လို့ အယူမှားနေကြတဲ့ မိန်းကလေးများရှိသလို၊ ချိုချင်လွန်းတော့ ယောက်ျားမ ပီသမှုအရာမှာ အားနည်းသွားတဲ့ ယောက်ျားလေးများလည်း ရှိတတ်ပါတယ်။ အဲသည်လို အယူတိမ်းစောင်းနေကြတဲ့သူများစာ လိုချင်တဲ့လေးစာျးစ်ခင်မှုကို မရဘဲ အထင်အ မြင်သေးခြင်းဆိုတဲ့ ဆန့်ကျင်ဘက်တုံ့ပြန်မှုကို ရတတ်ပါတယ်။
တချို့သူကလေးများဟာ သဘာဝမကျလောက်အောင် ချိုချွဲချွဲအသံနဲ့ စကားပြောတတ်တဲ့အ တွက် ကြားရတဲ့သူများက အမယ်လေးဟဲ့လို့ ထပြီးအောင်တာကိုတောင် ခံရပါသေးတယ်။ သူကတော့ မကြားဘူးပေါ့လေ။ သို့ပေမဲ့ ကြားရတဲ့သူများကတော့ ပြုံးစိစိဖြစ်ကုန်တော့တာပေါ့ ။ ကိုယ့်စိတ်က သဘောရိုးနဲ့ပြောတာပေမယ့် အဲသည်လိုပြောတာကို အားနည်းချက်တစ်ခုအ ဖြစ်နဲ့ သဘောထားပြီး မှားယွင်းစွာချဉ်းကပ်ခြင်းခံရရင် ကိုယ့်ဘက်ကရူံးတယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။
အရေးကြီးတာက စကားပြောရင် ကိုယ်ရည်ညွှနးပြောဆိုတဲ့သူရဲ့ အသက်အရွယ် ဂုဏ်များကို လေးစားသောအားဖြင့် လေးလေးစားစား ပြောဖို့လိုအပ်ပါတယ်။ သုံးနူန်းတဲ့ အာလုပ်စကား၊ ရည်ညွှန်းတဲ့ ဂါရ၀စကားများဟာ မှန်ကန်ရပါမယ်။ တချို့က မပြောတတ်တာနဲ့ ဆဲသလို ဆိုတဲ့ အနေထိ သက်ရောက်သွားပါတယ်။ အသုံးအနူန်း မမှန်ကန်ရုံသာမက စကားသံက တိဆတ် ဆတ်ဖြစ်နေတယ်ဆိုရင်လည်း ရိုင်းရန်ကောလို့ ပြောတာကို ခံရပါလိမ့်မယ်။ ရိုင်းတာက အလှကိုဖျက်တဲ့ တရားဖြစ်ပါတယ်။
ထို့အတူ သဘာဝမကျလောက်အောင် ညုသလို ချွဲသလိုမျိုး စကားပြောတာကလည်း လူအ များက အထင်အမြင် လွဲမှားနိုင်ပါတယ်။
ကိုင်း၊ အဲသည်တော့ ဘယ်လိုပြောလို့ ဘယ်လိုဆိုရမှာလဲလို့မေးရင် သဘာဝကျကျပြောဖို့က အရေးအကြိးဆုံးဖြစ်ပါတယ်လို့ ဖြေရမှာ ဖြစ်ပါတယ်။
အသက်ကြီးသူ ဂုဏ်ကြီးသူများကို ဂါရ၀တရားနဲ့ ယဉ်ကျေးဖွယ်ရာ ပြောဖို့လိုပါတယ်။ မိမိ ထက်ငယ်တဲ့သူများကိုလည်း ကြင်ကြင်နာနာ ချိုသာပျော့ပျောင်းစွာ စကားပြောဖို့သင့်ပါတယ်။ ငါက ဂုဏ်ကြီးတယ်။ ငါက အမျိုးမြတ်တယ်။ ငါက ဘာကြောင့်သူ့ကို ချိုချိုသာသာပြောနေရ မှာလဲလို့ စိတ်ထဲမှာတွေးမိတယ်ဆိုရင် ပြောချင်စကားတစ်ခု ရှိပါတယ်။ မိမိရဲ့ အပြုအမှု အပြောအဆိုများဟာ မိမိဂုဏ်ရဲ့လိုက်လျောညီထွေး ဖြစ်နေစေသင့်ပါတယ်။ တစ်နည်းပြောရ ရင် ကိုယ့်ဘက်ကရိုင်းစိုင်းလို့ကတော့ တစ်ဖက်သားထိခိုက်မှာက နောက်၊ ကိုယ့်ကိုထိခိုက်မှာ ကအရင်ပါပဲ။ အဲသည်တော့ မိမိအလှကို၊မိမိဂုဏ်ကို စောင့်ရှောက်သောအားဖြင့် သဘာဝကျ ပါစေ၊ ယဉ်ကျေးဖွယ်ရာရှိပါစေ။
အခုခေတ်မှာ တချို့သော သူများဟာ ရေလိုက်လွဲနေပါတယ်။ မြန်မာစကားကို နိုင်ငံခြားသူ များပြောသလို မပီကလာ ပီကလာ ပြောနေတာပါပဲ။ နိုင်ငံခြားသားများက အဲသည်လို ပြောနေတာကို ကြားရင် ဟားချင်မျာပါပဲ။ သူတို့က မြန်မာစကားကို ပီပီသသပြောတတ်အောင် ကြိုးစားနေတယ်။ မြန်မာလူငယ်လေးများက မြန်မာစကားကို ဟန်လုပ်ပြီးပြောနေတယ်၊ အင်း တကယ့်ကို ဟာသဖြစ်နေတော့တာပါပဲ။ မြန်မာမိန်းကလေးများဟာ “ရှင်” ကို “ရှိန်လိုလို၊ ရှင်လိုလို” ပြောနေတာ အဟုတ်အောက်မေ့နေပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာမွေးပြီး မြန်မာစကားကို ကောင်းကောင်းမပြောတတ်ဘူးဆိုတာနဲ့ မျက်နှာဖြူမ ဖြစ်သွားမှာလည်း မဟုတ်ပါဘူး။ နိုင်ငံခြားကိုသွားပြီး အင်္ဂလိပ်စကား၊ ပြင်သစ်စကားစသည်ဖြင့် ရောက်ရာဒေ သကစကားကို အတော်ပြောတတ်တယ်ဆိုတာတောင်မှ မပီနိုင်တဲ့အသံကလေးတွေ ရှိနေ တတ်တာပါပဲ။ ဟိုနေရာမှာ ဟိုလူတွေလို ကျင့်ကြံရင်လည်းကိုယ့်ကို အစစ်ကလေးဟဲ့လို့ ထင်မှာမဟုတ်ပါဘူး။ အဲသည်တော့ အနည်းဆုံး မိမိအမေ အဖေ သင်ပေးထားတဲ့စကားကို ပီပီသသပြောတတ်ဖို့ လိုအပ်ပါတယ်။ မိမိကို အသက်ပေးခဲ့တဲ့ ဘ၀ပေးခဲ့တဲ့ အသိပညာပေး ခဲ့တဲ့ကျေးဇူးရှင်ကြီးများကို လေးစားသောအားဖြင့် သူတို့သင်ပေးတဲ့စကားကိုတော့ လေးလေး စားစား ပီပီသသပြောသင့်ပါတယ်။ မပီမသပြောရင်လည်း စကားပြောတဲ့နေရာမှာ ချို့ယွင်းနေ သလိုပဲလို့ ထင်စရာဖြစ်ပါဦးမယ်။ ဘယ်သူကမှ မျက်နှာဖြူမကလေးဟဲ့လို့ ထင်မှာမဟုတ်ပါ ဘူး။
အလှတရားဆိုတာ စစ်မှန်မှပဲ ဂုဏ်ရှိပါတယ်။ ပန်းဆိုတာအစ်မှ မွှေးသလိုပေါ့။ အတုက အရောင်လှတယ်လေ။ တာရှည်လည်းခံတယ်လို့ ပြောရင် နှင်းကလည်း ဖုန်တင်တော့ အရောင်မှိန်မယ်၊ တာရှည်ခံပေမယ့် ဟောင်းသွားရင် အမှိုက်ပဲဖြစ်သွားမှာပဲလို့ ပြောချင်ပါ တယ်။ အခုတင်ပြခဲ့တဲ့ အကြောင်းအရာတေါဟာ နောက်ပိုင်းရောက်လေလေ တချို့သော သူကလေးများက သဘောမကျလေလေ ဖြစ်ကောင်းဖြစ်ပါမယ်။ ဘယ်လိုပဲဖြစ်ပါစေ။ အလှ ပြင်တဲ့နေရာမှာ ပီပြင်စေချင်လို့ပြောတာဖြစ်တဲ့အတွက် ရင့်ကျက်တဲ့နေရာမှာ ပီပြင်စေချင်လိုီ့ ပြောတာဖြစ်တဲ့အတါက် ရင့်ကျက်တဲ့သူကလေးတေါ ဖြစ်လာတဲ့အခါ သြော် စေတနာနဲ့ပြော တာပါကလးလို့ သိလာပါလိမ့်မယ်။ နိုင်ငံရပ်ခြားကို ထွက်သွားတဲ့အခါမျာ ပိုပြီးးသိလာပါလိမ့် မယ်။
ဒါကြောင့် မိတ်ဆွေ၊ သူငယ်ချင်းတို့ သူတစ်ပါးနှင့် စကားပြောဆိုဆက်ဆံရာတွင် တီတီတွက် ငှက်လို လူတွေအမြင်ကပ်နားပိတ်ထားခြင်အောင် မပြောဆိုဘဲ ရုပ်ဆိုးသော်လည်း ဥသြငှက် ကလေးလို အများနှစ်လိုဖွယ်သာယာနာပျော်ဖွယ် အသံများနဲ့ ပြောဆိုဆက်ဆံနိုင်ကြပါစေ လို့ နှင်း သတိပေးချင်ပါတယ်။

#အမှီကောင်း #

• ကိုယ့်ကိုယ်ကို အားကိုးရမှာတော့ မှန်တယ်ဗျို့။ ဒါပေမယ့် လောကမှာ အမှီကောင်း၊ အကူအညီကောင်း၊ မရရှိဘဲ ဘယ်အရာမှ မပြီးစီး မထခြောက်ဘူး။ ဘ၀ချမ်းသာချင်ရင် အမှီကောင်း၊ အကူအညီကောင်း အမအစကောင်းကို ရအောင်ကိုရှာရမှာ ဖြစ်တယ်။
• အမှီကောင်းတွေ မရှိရင်၊ မိတ်ဆွေကောင်းတွေ ရှားရင် ပညာရှာရတာရော၊ ဥစ္စာရှာရတာ ရော၊ မိတ်ဆွေကောင်းရှာရ၊ လုပ်ရကိုင်ရတာတွေ ခက်လှပါတယ်။
• တစ်ယောက်တည်း နေရတာ၊ အမှီမရှိတာဟာ တူတစ်ချောင်းနဲ့တူတယ်လို့ တရုတ်စကားပုံ ရှိတယ်။ တစ်ချောင်းတည်းနဲ့ ဘာမှလုပ်မရဘူး။ သုံးမရဘူး။
• အောင်မြင်ကျော်ကြားသူတွေ၊ စီးပွားချမ်းသာသူတွေကို ကြည့်လိုက်ရင် အမှီကောင်းရသူ တွေချည်းပဲ၊ ဘုရားတောင်မှ အမှီရှိမှ ပွင့်တယ်လို့ ပြောကြတယ် မဟုတ်လား။ အမှီကောင်း ဟာ သည်ထိအောင် လိုအပ်လှတယ်။
• ကျောက်နီ၊ ကျောက်စိမ်း ပုလဲသန္တာစတဲ့ ရတနာတွေကို ရွှေနဲ့တွဲပေးမှ အသံလည်းမြည်၊ တင့်လည်းတင့်တယ်သတဲ့။ ခဲနဲ့ တွဲပေးကြည့်ပါလား၊ မြည်လည်းမမြည်၊ တင့်လည်းမတင့် တယ်၊ အဖိုးလည်း မတန်တော့ဘူး။
• လူ့လောကထဲမှာ တော်သူ၊ ကြိုးစားသူတွေ အများကြီးပါပဲ။ လူတော်တွေဟာ အမှီကောင်း မရလို့ မကျော်ကြား မအောင်မြင်ကြဘူး၊ စာရေးသူတော့ မကြာခဏဆိုသလို သည်လိုလူ တွေကို တွေ့ရပါတယ်။
• သီချင်းအဆို၊ သီချင်းအတီး၊ တကယ့်ကောင်းတယ်။ သူဟာ အမှီကောင်း၊ အဆက်အ သွယ်ကောင်းမရဘူး။ သည်တော့ ရှိစုမဲ့စုငွေလေးနဲ့ သီချင်းဆိုတယ်။ အဆိုတော်မဖြစ်၊ ဓာတ်ပြားတစ်ချပ်တောင်မရဘဲ ဖြစ်နေရှာတယ်။ အမှီကောင်းမှ မရဘဲ။
• ခရီးသွားရင် အမှီကောင်းရသွားတဲ့ လူတစ်ယောက်တော့ သည်နေ့နာမည်ကြီး အဆိုတော် ကြီးဖြစ်နေတယ်။ သူဟာ ဂီတလောကကို ၀င်ရတာ ပိုက်ဆံတစ်ပြားမှ မကုန်ဘူး။ အမှီကောင်းကိုရတော့ အောင်မြင်မှုလည်း ရသွားတယ်။
• သည်လိုပဲ စာပေလောကထဲမှာ မြင်ဖူးတယ်။ ထုတ်ဝေသူ ကောင်းနဲ့တွေ့ပြီး ပိုက်ဆံတစ် ပြားမှမကုန်၊ စာအုပ်တိုက်အစုံကို စာမှုလိုက်မပြရဘဲ သည်နေ့ နာမည်ကြီး စာအုပ်တိုက်မှာ ရေးနေတဲ့ စာရေးဆရာမလေး ဖြစ်ပါတယ်။
• သူပြောတာကတော့ လွယ်လွယ်လေးပဲ။
• ရှင်ပြုတစ်ခုကိုသွားရင် ထုတ်ဝေသူလင်မယားနှစ်ဦးနဲ့ အသိအကျွမ်း ဖြစ်တယ်တဲ့။ နောက် တစ်နေ့မှာ ရေးထားတဲ့ ၀တ္တုရှည်တစ်ပုဒ် သွားပြရာကနေ စာရေးဆရာမ ဖြစ်လာတာပဲတဲ့။
• ခုတော့ စာအုပ်နှစ်ဆယ်ကျော် ထုတ်ပေးပြီးနေပြီလေ။ အမှီကောင်းမရတဲ့ စာရေးသူရဲ့ သူငယ်ချင်းမတစ်ဦးကတော့ အရေးကောင်းပါလျက် အမှီကောင်းကို မတွေ့သေးဘူး။ တစ်ခါတစ်လေ ဟိုမဂ္ဂဇင်းမှာတွေ့၊ သည်မဂ္ဂဇင်းမှာတွေ့နဲ့ သည်လောက်ပဲ။ သူ့မှာ ရေးပြီး ၀တ္တုရှည် ဆယ်ပုဒ်လောက်ရှိတယ်။ မတော်လို့ မဟုတ်ဘူးနော်။ ဟိုဝတ္တုရှည် ဆယ်ပုဒ် ကျော် ထုတ်ပြီးတဲ့သူက သူ့ဆီမှာ တပည့်ခံသင်ယူရတာ။ ဟိုစာရေးဆရာမက တစ်ပုဒ်တည်းရေးထားရာက နာမည်ရစာရေးဆရာမ ထဖြစ်တာ။
• အမှီကောင်းပဲ ပြောရမှာပဲ။ ဒါဟာ ကံကောင်းခြင်း တစ်မျိုးပေါ့လေ။
• အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေရဲ့ ကိုယ်ရေးရာဇ၀င်ကို ရှာဖွေဂရုစိုက်ကြည့်ရင် ကြိုးစားမှုနဲ့အတု အမှီကောင်းတွေရတာကို တွေ့ရလိမ့်မယ်။
• နွယ်နဲ့သီးတဲ့ အသီးချင်းတူပေမယ့် ဘူးတို့ ကြက်ဟင်းခါးသီးတို့ကျတော့ အမြင့်မှာ တက် သီးတာပဲ။
• နွယ်နဲ့သီးပြီး မြေကြီးပေါ်မှာ သီးရတာတွေ အများကြီး။ အဓိပ္ပာယ်ကတော့ အမှီပဲ။
• မဟာစည်ဆရာတော်က ၀ါးခယ်မမြို့ရဲ့ မဟာစည် သာသနာ့ရိပ်သာ (၂၅) နှစ်မြောက်ပွဲမှာ ဟောတယ်။
• “သူတော်ကောင်းနဲ့ အတူတကွ နေထိုင်ရရင် သူတော်ကောင်းတရား ကြားနာရလိမ့်မယ်။ သူတော်ကောင်းတရား ကြားနာရလို့၊ သိရလို့ရှိရင် သိသလောက် တိုးတက်သွားတာပဲ။ မြင့် မြတ်သွားတာပဲ။ ယုတ်ညံ့သွားတာ မဟုတ်ဘူးတဲ့။ တောင်ပေါ်များ တက်ရသလိုပဲတဲ့။ တောင်ပေါ်တက်တော့ ခြေလှမ်းတိုင်းမြင့်သွားတာပဲ။ နိမ့်သွားတာ မဟုတ်ဘူးကွတဲ့။ တောင်ထိပ်ရောက်သည့်တိုင်အောင် တစ်ဆင့်တစ်ဆင့် မြင့်သွားတာပဲ။ အဲသည်လိုပဲ သူတော်ကောင်းနဲ့ ပေါင်းသင်းဆက်ဆံရလို့ရှိရင် သူတော်ကောင်းတရားကို ကြားသိပြီး တော့ သိတိုင်းသိတိုင်း တိုးတက်မြင့်မြတ်သွားတယ်” တဲ့။
• အဲသည်တော့ သူတော်ကောင်းတွေဟာ အမှီကောင်းပဲဗျာ။ ကျွန်တော်တို့ သူတော်ကောင်း တွေဟာ အမှီကောင်းပဲဗျာ။ ကျွန်ုပ်တို့ သူတော်ကောင်းတွေကိုရှာပြီး ကိုးကွယ်ဆည်းကပ် ကြရမယ်။
• ဒါမှ ဘ၀ချမ်းသာမယ်။ အောင်မြင်မယ်။ ကျော်ကြားမယ်။ လူဖြစ်ရကျိုး နပ်မယ်ပေါ့။ စာရေး သူသိတဲ့ လူတစ်ယောက်ရှိတယ်။ သည်လူဟာ ဆင်းရဲလွန်းလို့ ၀တ်စရာ အစုတ်အပြတ် နဲ့နေစရာမရှိဘဲ ဟိုအိပ် ၊ သည်အိပ်။ မိဘအိမ်ကလည်း လက်မခံဘူး။ ထမင်းကို နှစ်ရက် သုံးရက်မှ တစ်နပ်နှစ်နပ်စားရတဲ့အထိပဲ။ စာရေးသူက သူနဲ့တွေ့ရင် တစ်ကျပ်တော့ အမြဲပေးတတ်ပါတယ်။
• အဲသည်လူဟာ တစ်နေ့တော့ နောက်ဆုံးပေါ် ကားကြီးတစ်စီးပေါ်မှာ တောက်တောက် ပြောင်ပြောင် ပြည့်ပြည့်စုံစုံနဲ့ တွေ့တယ်။ ထောင်ကျော်တန်နာရီနဲ့ပေါ့။ စာရေးသူက လူမှားတယ်ထင်ပြီး တွေ့စမှာ မခေါ်ရဲဘူး။
• သူက ဘ၀မမေ့ဘူးဗျ။ စာရေးသူကို စခေါ်ပါတယ်။ အရင်လိုပဲဆရာလို့ ခေါ်တယ်။ အခြေအနေဆိုတာ အံ့သြစရာကောင်းတယ်နော်။ စာရေးသူဟာ သူ့ကို စကားပြောရတာ ရှက်ကိုရှက်ကန်း ဖြစ်နေမိပါတယ်။
• သူကပြောတယ်။
• “ကျွန်တော် အမှီကောင်းရသွားတယ်ဆရာ”
• လက်ဖက်ရည်ဆိုင်မှာ စကားထိုင်ပြောမိတော့မှ သူ့အဖြစ်ကို သိခဲ့တယ်။
• လမ်းမှာ အဘိုးကြီးတစ်ယောက် ချော်လဲတာ သူကထူပေးပြီး တွဲကူညီတယ်။ အဲသည်အ ဘိုးကြီးကို အိမ်အရောက် လိုက်ပို့ပေးတယ်။ ဟိုရောက်တော့် သူ့ကိုဘာလုပ်လဲ။ ဘယ်မှာ နေသလဲ မေးရာကနေ အလုံးစုံသိပြီး သူတို့ခြံထဲက ဒရ၀မ်တန်းလျားမှာ ထားတယ်တဲ့။
• ခြံလည်းမလုပ်တတ်၊ ကားလည်းမမောင်းတတ်တော့ ဟိုဟာလုပ်၊ သည်ဟာလုပ်ပေါ့။ တစ် လလောက် ကပ်နေရာမှ ညနေဆို အဘိုးကြီးကို နင်းနှိပ်ပေးရတယ်။ သည်လိုနဲ့ ရင်းနှီးမှုရ လာခဲ့ပြီး တစ်နေ့မှာ ပွင့်နေတဲ့ မီးခံသေတ္တာထဲက ဆေးလိပ်ဖိုးငွေ ငါးကျပ်ကို သူက နှိုက်ယူလိုက်မယ်တယ်။ ခိုးလိုက်တာပေါ့။ ဒါကို သူစိတ်မလုံဘဲ ညစာထမင်းစားအပြီးမှာ အဘိုးကြီးအိပ်ရာအောက် ပြန်ထားလိုက်သတဲ့။ သူဋ္ဌေးကြီး သိပြီး မိသွားတယ်။
• အဲသည်နေ့ကစပြီး သူဟာ သူဋ္ဌေးရဲ့ ပွဲရုံမှာ မန်နေဂျာအလုပ်ကို ရတာပဲတဲ့။ တစ်လ တစ်ထောင်စား မန်နေဂျာလေ။ အဖြစ်က သိပ်ဆန်းတယ်။ အမှီကောင်းကို ကြံကြံဖန်ဖန် တွေ့တာပေါ့။
• သည်နေ့သည်စာကို ရေးနေချိန်မှာတော့ သူဟာ သူဋ္ဌေးရဲ့ တူမတစ်ယောက်နဲ့ အိမ် ထောင်ကျပြီး ဆီစက်ပိုင်ရှင်လေးတစ်ယောက်ဘ၀ရောက်ပြီး ရန်ကုန်နဲ့ မိုင်တစ်ရာလောက် သာဝေးတဲ့မြို့မှာ နေထိုင်တယ်။
• စာရေးသူဟာ ဘိုင်ပြတ်ရင် သူ့ဆီ သုံးလတစ်ခေါက် ရောက်တယ်။ သူ့ကို စာရေးသူက ပြန်မှီရတယ်လေ။ အင်း...အမှီကောင်းဆိုတာ စိတ်ကောင်းထားမှ တွေ့ရတတ်တာမျိုးပါ။
• ဒါကြောင့် လူတိုင်းအပေါ်စိတ်ကောင်း၊ စေတနာကောင်းလေးထားပြီးမှ ဆက်ဆံရင်း ဘ၀ တွက် အမှီကောင်းတစ်ခု ရအောင် နေထိုင်ပြုမှု ပြောဆိုကြဆို့နော်။

* ဘ၀ချမ်းသာဖို့အတွက် စာဖတ် *

• စာအုပ်မိတ်ဆွေ
• လူမိတ်ဆွေ
• မိတ်ဆွေနှစ်ယောက်ထား-တဲ့။
• အဲသည် ဆောင်ပုဒ်ကတော့ ဆရာမင်းကျော် (ဦးကျော်ရွှေ)ရဲ့ ဆောင်ပုဒ်ပါ။ ဆရာမင်းကျော် ကတော့ သည်ဆောင်ပုဒ်ကိုကြိုက်လို့ စာရေးခုံရှေ့မှာ စာလုံးကြီးကြီးနဲ့ ရေးကပ်ထားတယ်တဲ့။ သည် ဆောင်ပုဒ်ကြောင့် စာအုပ်ကို မိတ်ဆွေ သူငယ်ချင်းလို ဆရာမင်းကျော်က သဘောထား တတ်လာခဲ့ပါတယ်။ စာအုပ်တွေဟာ သူငယ်ချင်းတွေပဲ။
• စာအုပ်တွေဟာ လောကကြီးကို ရူမြင်တဲ့ ပြတင်းတံခါးတွေပဲ မဟုတ်လား။ စာတွေက လော ကကို အလင်းရောင်ပေးတဲ့ မိတ်ဆွေကောင်းတွေ၊ ဘယ်တော့မှ သစ္စာဖောက်မသွားတဲ့ သူငယ်ချင်းတွေပါ။
• ဒါပေမယ့် တစ်ခုတော့ ရှိတယ်လေ။
• စာအုပ်ကောင်းတွေကသာ တကယ့်သစ္စာရှိ မိတ်ဆွေတွေ ဖြစ်နေပေမယ့် စာအုပ်ဆိုးတွေက တော့ သစ္စာမဲ့ တကယ့်ရန်သူတွေပါ။
• စာဖတ်တာဟာ သစ်ပင်စိုက်တာနဲ့တူပြီး စဉ်းစားတာကတော့ ရေလောင်းတာနဲ့ တူပါတယ်။
• စာဖတ်တာ၊ စာပေလိုက်စားတာဟာ ဘ၀တံခါးကိုဖွင့်တာနဲ့တူတယ်။ စာမဖတ်ရင် ဘ၀တံခါ အချို့ကို လုံးဝပိတ်ထားသလိုပါပဲ။
• ကမ္ဘာရဲ့ အရသာမှန်သမျှဟာ စာပေပဲ။ စာပေ စာမတတ်သူများမှာ ကမ္ဘာရဲ့ အရသာကို မခံ စားဖူးသဖြင့် ၀ရာမှ ပိန်သွားရဖို့ရှိတယ်လို့ မဟတ္တမဂန္ဒီက ဆိုမိန့်ခဲ့ဖူးပါတယ်။
• ဘ၀ချမ်းသာကိုရှာရင်၊ လိုချင်ရင် စာပေတွေကို မဖတ်မဖြစ်ကို ဖြတ်ရမှာဖြစ်တယ်။
• လူမှာ ကိုယ်တွေ့အားနည်းလာရင် ဘာနဲ့အားဖြည့်မလဲ။ စာတွေ့အားနဲ့ပဲ ကူရမယ်လေ။ အ ရာရာကို ကိုယ်တွေ့လိုက်လုပ်နေလို့ ဘယ်ဖြစ်မလဲ။
• လူတွေဖန်တီးထားတဲ့ အဲ့ဖွယ်များအနက် စာအုပ်စာလည်း အကြီးမားဆုံး အံ့ဖွယ်ပါပဲ။
• လူ့လောကရဲ့ ဗဟုသုတအားလုံး၊ အသိဥာဏ်အားလုံး၊ လုပ်ရပ်အားလုံးနဲ့ အတွေ့အကြုံအား လုံးဟာ စာအုပ်ထဲမှာပဲရှာလို့ ပြည့်စုံအောင်တွေ့နိုင်မယ်။ သိမ်းလို့လွယ်တော့ ကြာရှည်ခံ တယ်။ ကျန်တာတွေက ပျက်စီးနိုင်တယ် မဟုတ်လား။ ထိန်းသိမ်းရတာ စာအုပ်လောက် မလွယ်ဘူး။
• လူရဲ့အသိဥာဏ် ပိုမိုတိုးတက်ရေးအတွက် အထက်မြက်ဆုံးစွမ်းအားဟာ စာအုပ်ပါ။
• စာပေက ဘာပေးမလဲ။
• စာပေက နှလုံးသားထဲမျာ အမာခံစိတ်ဓာတ်ကောင်းတွေ ပေးမှာပေါ့။
• စာပေက သင့်ဦးနှောက်ကို ရင့်ကျက်ဖွံ့ဖြိုးမှုတွေ ပေးမှာပေါ့။
• ဒါပေမယ့် စာတော့ရွေးနော်။ စာကို ရွေးဖတ်ရမယ်။ မိတ်ဆွေတွေကို ရွေးပေါင်းသလို စာအုပ် တွေကိုလည်း ရွေးချယ်ဖတ်ရမယ်။ စာအုပ်မှားဖတ်မိရင် ဘ၀ချမ်းသာမရဘဲ ဘ၀ပရမ်းပတာ ဖြစ်ကုန်လိမ့်မယ်မိတ်ဆွေတို့။
• စာကို ဘယ်သူဖန်တီးသလဲ။
• စာကိုလူက ဖန်တီးတာပါ။ လူမှာ ကောင်းတာရှိသလို မကောင်းတာလည်း ရှိပါတယ်။
• ဖန်တီးတဲ့လူက စေတနာဆိုးနဲ့ဖန်တီးထားရင် စာလည်းကောင်းမှာ မဟုတ်ပါဘူး။ စာလည်းမ ကောင်း၊ လူလည်းမကောင်း ဖြစ်တတ်တာတွေ ရှိတတ်တယ်။
• စာမတတ်ရင် အကန်းပဲပေါ့။ စာမဖတ်ရင်တော့ လမ်းမပွင့်ပါဘူး။ စာတတ်ပါလျက်နဲ့ စာမဖတ်ရင်တော့ လူဖြစ်ရကျိုးမနပ်လောက်အောင် ဖြစ်လိမ့်မယ်။
• စာတွေကို အများကြီးဖတ်ပြီး မေ့ဖျောက်ပစ်လိုက်တာနဲ့ နည်းနည်းဖတ်ပြီး မှတ်သားမိတာ ကလည်းကောင်းပါတယ်။ မှတ်သားမိဖို့သာ လိုတယ်။ မှတ်မိမှလည်း အသိတရားက ရမှာကို။ စာသာဖတ်တယ် ပြီးပြီးရောဖတ်ရင်တော့ သဲထဲရေသွန်သလိုပါပဲ မိတ်ဆွေ။ ဒါကြောင့် မိမိ ဖတ်သလောက်ကို လေးလေးနက်နက် မှတ်မိနေအောင် ဖတ်စေချင်ပါတယ်။
• စာပေကို မိဘသဖွယ်အားထားရာလို့ကို သဘောထားရမယ်။ ကိုးကွယ်ရာ၊ ဆည်းကပ်ရာလို့ကို သဘောထားရမယ်။ ဘာဖြစ်လို့လဲ။ စာပေက အသိပညာ၊ အတတ်ပညာတွေကို ပေးရုံမကဘဲ အသက်ရှည်ရာ အနာမဲ့ကြောင်းတွေကို ညွှန်ကြားပြနေတဲ့ သမားကောင်း မဟုတ်လား။
• ခက်တာက လောကမှာ စာအုပ်ပေသလောက် စအုပ်ကောင်း ရှားတာပါပဲ။
• လူတွေ စာအကြိုက်ချင်းမတူတော့ စာအုပ်ကောင်း ရွေးချယ်ရာမှာလည်း တစ်ဦးနဲ့တစ်ဦး ကွဲနေကြမှာပဲ။ ဒါပေမယ့် စာအုပ်ကောင်းတွေဟာ သိကိုသိသာပါတယ်လေ။ ကောင်းတဲ့စာ အုပ်ဟာ လူ့လောကမှာ နာမည်တွင်ကျန်ခဲ့ကြတာ မဟုတ်လား။
• စာတွေကိုဖတ်ပါ။ ပြီးတော့ စဉ်းစားပါ။ ဘ၀ချမ်းသာရေးတွေ အများကြီး တွေ့လာပါလိမ့်မယ်။
• စာကိုဖတ်ရုံသာဖတ်ပြီး မစဉ်းစားမဆင်ခြင်ရင် ဘာအကျိုးမှ မများဘူး။
• မိတ်ဆွေတို့ရဲ့ စဉ်းစားဆင်ခြင်မှုတွေဟာ စာမဖတ်ဘဲ လုပ်နေတာတွေ ဆိုရင်တော့ အဲဒါ ကြောက်မက်ဖွယ် ဘေးအန္တရာယ် ရှာနည်းတစ်မျိုးပဲ။
• စာတွေအများကြီးဖတ်၊ ပြီးတော့စဉ်းစားတွေးခေါ်မှုမထား။ ဒါကျတော့ ဘာနဲ့တူသလဲသိ လား။ အစာကို စားပိုးနင့်အောင်စားမျိုပြီး အစာမကြေတဲ့လူနဲ့ တူတယ်လေ။
• အကျိုးရှိတာထက် အကျိုးမဲ့ဖို့က များတယ်။ စံကင်း ဆရာတော်ကြီိးက မိန့်မြွက်ခဲ့တယ်။ လောကမှာ ခပ်သိမ်းကုန်သော အမွေတွေထဲမှာ ပညာရှိအဆက်ဆက်ထံမှ ရယူအပ်တဲ့ စာပေကျမ်းဂန်တွေဟာ အမွေအကြီးဆုံးပဲတဲ့။
• ဘ၀တန်ဖိုးကို စာပေနှင့်ရှာပါ။
• သင့်ရဲ့ စိတ်ရှိလက်ရှိ လုပ်ကိုင်မှားယွင်းချင်တာတွေကို စာပေက ထိန်းသိမ်းဘောင်ကန့် ပေးပါလိမ့်မယ်။
• နုတဲ့စိတ်တွေကိုရင့်အောင လုပ်ပေးပါလိမ့်မယ်။ မပွင့်တဲ့မျက်လုံးတွေကို ပွင့်အောင်ဖွင့်ပေး ပါလိမ့်မယ်။ မမှားတန်တာ မမှားအောင် မသိတာတွေကို သိလာအောင် စာပေက အများကြီး လုပ်ပေးနိုင်ပါတယ်မိတ်ဆွေ။
• မတွေးတတ်သူ၊ မတွေးခေါ်နိုင်သူတွေဟာ စာနဲ့ကင်းကြတယ်။ စာမဖတ်တော့ ကျဉ်း မြောင်းတဲ့ ကိုယ့်အတွေ့အကြုံလေးကိုပဲ သုံးသပ်နိုင်မှာပေါ့။
• အဆိုးအကောင်း ဒွန်တွဲတဲ့သဘောကို စာပေဖတ်မှာ ပိုမြင်စွမ်းတာပါ။ နို့မို့ရင် ဘယ်ဟာဆိုး မှန်း၊ ဘယ်ဟာကောင်းမှန်း သိမှာမဟုတ်တော့ပါဘူး။
• စာပေဖတ်ပြီး အတွေ့အကြုံရင့်မှ ဘ၀ကိုနေတတ်ထိုင်တတ်လာမှာ။
• အဲသည်လို နေတတ်ထိုင်တတ်မှ ဘ၀ချမ်းသာမှာ၊ သည်တော့ ဆင်းရဲနေလို့ စာမဖတ်ဘဲ မနေနဲ့။ ဘ၀မငြိမ်းချမ်းလို့ စာမဖတ်ဘဲ မနေကြပါနဲ့။ ပညာပါဆင်းရဲ သွားလိမ့်မယ်။
• လူဆင်းရဲသော်လည်း ပညာချမ်းသာရင် တစ်နေ့ဘ၀ချမ်းသာလာနိုင်မှာပါ။ ဒါကြောင့် ခုခေတ်လူငယ်လေးများဟာ အချစ်ဝတ္တုများကို ဖတ်နေကြတာအများဆုံးရှိနေပါတယ်။ မ ဖတ်နဲ့လို့ပြောချင်တာမဟုတ်ပါဖူး။ စာအုပ်ဆိုရင်အကုန်လုံးဖတ်သင့်ပါတယ်။ အတုယူမ မှားဖို့သာလိုတာပါ။ အချစ်ဝတ္တုတစ်အုပ်ဖတ်ပြီး အော်ဘယ်လိုဖြစ်သွားတာပါလား ဆိုပြီး ကိုယ်ကအတုယူမယ်ဆိုရင် ကောင်းသော အတုယူခြင်းပေါ့။ အချစ်ဝတ္တုတွေဖတ်ပြီး မကောင်းတာအတုယူ လိုက်လုပ်ကြမယ်ဆိုရင်တော့ မကောင်းတဲ့ အတုယူခြင်းပေါ့။ ဘယ်စာအုပ်မဆို အကောင်းနဲ့အဆိုးတွဲနေတာပါ။ ကောင်းတာကိုအတုယူတတ် ရင်တော့ စာအုပ်ဟာ မိတ်ဆွေကောင်းပါ။ အတုယူလွဲရင်တော့ အဆိုးဆုံးရန်သူဖြစ်သွားတတ် တယ်နော်။ ဒါကြောင့်စာအုပ် ဖတ်တာခြင်းတူပေမယ့် ပညာယူတာခြင်းမတူကြဘူးလေ။ မိတ်ဆွေတို့စာဖတ်ရင် မိမိဘ၀တွက် အထောက်အကူ ဖြစ်စေမယ့် ဘ၀တွက်အရေးပါတဲ့ စာအုပ်ကောင်းများကိုသာ ရွေးဖတ်ပြီး ဘ၀တွက် မိတ်ဆွေကောင်းများ ရရှိနိုင်ပါစေလို့ နှင်း အကြံပြုခြင်ပါတယ်။
စာဖတ်သူမိတ်ဆွေအပေါင်းတို့ ကောင်းသောအတုယူချင်းများနဲ့ မိတ်ဆွေကောင်း များကိုသာ ထာဝရပိုင်ဆိုင်ကာ ရွှင်လန်းချမ်းမြေ့ပါစေလို့ဆုတောင်း လျှက်
နှင်း

စိတ်မပျက်နဲ့

ဘာတွေဘယ်လိုပျက်မလဲ၊ ပျက်ပါစေ။ ကျန်းမာရေး ပျက်မလား၊ စီးပွားရေး ပျက်မလား။ ပျက်ခြင်တာတွေ ပျက်ပါ။ အရေးကြီးတာက စိတ်မပျက်ဖို့ပဲ။
စိတ်ပျက်ရင်တော့ မိတ်ဆွေတို့ဘ၀ ပျက်ပြီပဲဗျို့။ အခုလူတွေပြောကြတဲ့ “ဘ၀ပျက်တယ်၊ ဘ၀ ပျက်တယ်” ဆိုတာ ဘ၀တွေက ပျက်သွားသေးတာ မဟုတ်ဘူး။ မသေမချင်း ဘ၀က မပျက်ပါ ဘူး။ မသေသေးရင် ဘ၀ဆိုတာ ရှိနေသေးတာပဲ။ ပျက်သွားကြတာက စိတ်ပါ။ ကြိုးစားဖို့ စိတ်ပျက်သွားကြတာ။
စိတ်ကောင်းနဲ့ စာရိတ္တကောင်းဟာ လူရဲ့ အဓိကဥစ္စာပဲ။ အဲသည်နှစ်ချက်ရှိနေရင် ဘ၀ကို ပြန် တက်လို့ ရသေးတယ်။
စိတ်ရဲ့ စွမ်းရည်သတ္တိတွေ ယိုဖိတ်သွားတာကို ဘ၀ပျက်တာလို့ ထင်နေတယ်။ လောလော ဆယ်မှာ စိတ်ရဲ့စွမ်းရည်တွေ ကျပြီး ဘ၀ပြောင်းသွားတာပါ။ အဆင်မပြေမှုနဲ့ ငွေရှားပါးမှုဟာ ခဏရယ်လို့မတွက်ဘဲ ဘ၀ပျက်ပြီလို့ ထင်လိုက်ကြတော့ ပိုပြီးအားငယ်မှုတွေ ၀င်လာတာပေါ့။
ကျွန်မကတော့ ဘ၀ပျက်ပြီလို့ ပြောတဲ့လူတေါကို ဂရုစိုက်လေ့လာကြည့်တဲ့အခါ စိတ်ပျက်သွား ကြတာကို တွေ့ပါတယ်။ စိတ်ပျက်၊ စိတ်လေလွင့်ပြီး တဖြည်းဖြည်း တကယ်ကို အဖတ်ဆယ် မရအောင် ဘ၀ပျက်သွားသူ တစ်ယောက်စ နှစ်ယောက်စ တွေ့ဖူးပါတယ်။
ဘယ်လောက်ပဲ အောက်တန်းကျနေနေလေ။ အဲသည် အောက်တန်းကျနေတဲ့ စီးပွားရေး အခြေအနေမှာလည်း စိတ်မပျက်ဖို့ တွေ့ဖူးပါတယ်။
အဓိမာန စိတ်ဓာတ်နဲ့ မဖြစ်မနေ ဇွဲသတ္တိ အစွမ်းကို အသက်တော်မငဲ့ဘဲ စွန့်စားလုပ်ဆောင် ရင်ပြန်ပြီး ဘ၀ချမ်းသာတွေ၊ အခြေအနေတွေ ပြန်ရနိုင်ပါတယ်။
မန်းကျည်းပင်ဟာ ခုတ်လေ အိုလေပါ။ ဆီးကတော့ ခုန်လေပျိုလေ။ ခုတ်လေ အပင်သန်လေ ပဲ။ တစ်ခါခုတ်ရုံနဲ့အိုတဲ့ မန်ကျည်းပင်လို စိတ်ပျက် အားမငယ်ဘဲ ဘ၀ခရီးကို အခက်အခဲတွေ့ တိုင်း ဆီးလိုပဲ ခုတ်တိုင်းခုတ်တိုင်း ပြန်ရုန်းထွက်နိုင်ဖို့ လိုပါတယ်။
စိတ်တိုတာ၊ စိတ်ပျက်တာ ပျက်စီးရာပါပဲ။ လောကဓံတရားဆိုတာ မရှိဘဲ မနေပါဘူး။ ရှိနေတာ ပါပဲ။ ဒါကြောင့် ဘာဖြစ်လို့ စိတ်ပျက်နေကြရမှာလဲ။
“ငါဘယ်တော့မှ စိတ်မပျက်ဘူး”လို့ ကြုံးဝါးပြီး ရှိသမျှ အားအင်သတ္တိတွေ ထုတ်စမ်းပါ။ ကျိုးနေ ကန်းနေသူတွေတောင် စိတ်မပျက်ဘဲရှိနေကြတာ မြင်ရတတ်ပါတယ်။
တိုက်ကနေ ပျဉ်ထောင်အိမ်နေရရင် စိတ်ပျက်ပြီ။ ပျဉ်ထောင်အိမ်ကနေ တဲဆင်းနေရရင် စိတ်ပျက်ပြီ။ ကိုယ်ပိုင်ကား မစီးနိုင်လို့ ဘတ်စ်ကားစီးရရင် စိတ်ပျက်ပြီိ။
အဲသည်လို စိတ်ပျက်ကြပြီး ကြံမိကြံရာကြံတော့ စာရိတ္တတွေ ပျက်ကုန်ရော။ စိတ်ပျက်တာဟာ စာရိတ္တပျက်ဖို့ အစပဲနော်။ သိပ်ဂရုစိုက်ရမယ်။
ယောက်ျားလေးတွေ စိတ်ပျက်တာထက် မိန်ကလေးတွေ စိတ်ပျက်ရင် ပိုဆိုးတယ်။
တွေးကြည့်ပါ စိတ်ပျက်စရာ မလိုဘူး။ မွေးတုန်းကလည်း ဘာပါလာလို့လဲ။ လက်ကိုင်ပ၀ါလေး တစ်ထည်တောင် ပါလာခဲ့လို့လား။ မပါခဲ့ပါဘူး။ ကျန်တဲ့ရွှေငွေတော့ မပြောနဲ့တော့။
သေတော့ကော ဘာယူသွားမျာလဲ။ ဘာမှ ယူမသွားနိုင်ပါဘူး။ သည်အတိုင်း သွားရမှာပဲ။
သည်တော့ စိတ်မပျက်ပါနဲ့။ စာရိတ္တမပျက်ပါနဲ့။ ဖြစ်ချိန်တန်ဖြစ်ပြီး ပျက်ချိန်တန် ပျက်မှာပါပဲ။ ကိုယ်ကဘာလုပ်ဖို့လဲ။ ဖြစ်ချင်ဖြစ် မဖြစ်ချင်နေပေါ့။ လောကတစ်ခုလုံးရဲ့ အလုံးစုံသော ဓမ္မသဘောမှာ စိတ်ကသာ အစိုးရတာဖြစ်တယ်။
စိတ်ပျက်ရင် အားလုံးပျက်မှာပဲ။
စိတ်ပျက်ရင် ဘ၀တွေပျက်မှာ။ ပျက်သထက် ပျက်ကုန်မျာကို ပူစမ်းပါ။ ဒါကြောင့် စိတ်ပျက်ဖို့ ကို ဘယ်တော့မှ မစဉ်းစားပါနဲ့မိတ်ဆွေတို့။
ကိုယ်ပျက်လို့ မရူးဘူး။ ခြေလက်တွေပျက်လို့ မရူးဘူး။ စိတ်ပျက်ရင် ရူးတတ်တယ်နော်။ ဒါကြောင့် စိတ်မပျက်ဘဲ အမြဲစိတ်တက်ကြွစွာ ကြိုးစားနေကြရမယ်နော်။

Tuesday, November 4, 2008

ယောက်ျားလေးများလည်း လှပဖို့ လိုပါတယ်

အရင်တစ်ခါက အလှပြင်တဲ့အခါ သတိထားဖို့အချက်တွေကို လှစေချင်တဲ့ စေတနာနဲ့ ရေးခဲ့ ရာမှာ မိန်းခလေးများအတွက် သက်သက်ရေးသလိုမျိုး ဖြစ်သွားပါတယ်။ နှင်းကတော့ ယော် က်ျားလေး ၊ အစ်ကို ၊ မောင်လေးများ အတွက်လည်း ရေးစရာကလေးများ ရှိပါတယ်။ အခု ခေတ်မှာ မိန်းမရယ် ယောက်ျားရယ်လို့ နေရာတကာမှာ မခွဲခြားတော့ပေမယ့် နှင်းတို့ မြန်မာ များကတော့ ဘယ်လိုကိုးကွယ်ယုံကြည်မှုကို လက်ခံသည်ဖြစ်စေ ယောက်ျားလေးများကို ဦး စားပေးပြီး ဆက်ဆံတတ်ပါတယ်။ သူ့ခေတ်နဲ့သူ ခေတ်မီတဲ့အတွေးများနဲ့ စကားပြောတတ်တဲ့ နှင်းတို့ အိမ်နားက အဒေါ်ကြီးတစ်ယောက်ကတော့ ပြောပြဖူးတာက သားမွေးလာတော့ ငါ့မှာ သားရှိတယ်ဆိုပြီး အားတက်မိတယ်တဲ့။ သုံးလေးနှစ်အရွယ် သားကလေးနဲ့အတူ ညဘက်မှာ မိသာစုတန်းပြီး အိပ်နေကြတုန်း ချိုးချိုးချွတ်ချွတ် အသံကြားတဲ့အခါများ သေးကွေးတဲ့ ခြေထောက်ကလေးကို ဆောင့်ပြီး“ဟေ့ ဒူတုံးကွ” လို့ မေးတာကို ကြားတဲ့အခါ ရုတ်တရက် ပျော်ရွှင်စိတ်နဲ့ ရယ်မောရင်းက အားတက်လာသတဲ့။
အင်မတန်ငယ်တဲ့အချိန်ကတည်းက ယောက်ျားကလေးများအပေါ်မှာ မျှော်လင့်ချက်ထားပုံက မြင့်မားသလို သမီးမိန်းကလေးများအပေါ်မှာ မျှော်လင့်ချက်ထားပုံက သိပ်သည်းလှတယ်ဆို တော့သားကိုပဲဖြစ်ဖြစ် သမီးကိုပဲဖြစ်ဖြစ် ကောင်းစွာမွေးမြူခဲ့ကြပါတယ်။ မောင်နှမနှစ်ယောက် မှာ မောင်လေးကို ပိုပြီး အားကိုးတယ်ဆိုပြီး စိတ်လည်းမဆိုးရပါဘူး။ စိတ်လည်း မငယ်ရပါဘူး။ ကြီးလာတော့ ကိုယ့်မောင်လေးက ကြောက်တတ်တယ်။ တစ်ခုခုဖြစ်ရင် ကိုယ်ကပဲ ရန်တွေ့ ရမယ်ဆိုတာ သိထားပေမယ့် မောင်နှမနှစ်ယောက အတူတူသွားရင် တင့်တယ်တယ်ဆိုတဲ့ အသိလည်း ရှိထားပါတယ်။
အဲသည်လို ယောက်ျားလေးများကို မြင့်မားစွာတန်ဖိုးထားတတ်တဲ့ မျှော်လင့်ချက်ကြီးကြီးထား တတ်တဲ့ လူမှုအဖွဲ့အစည်းထဲမှာ ယောက်ျားကလေးများဟာ မိမိတို့နဲ့ထိုက်တန်တဲ့နေရာကို မိမိတို့ထိန်းထားဖို့ လိုအပ်ပါတယ်။ စိတ်နေသဘောအရ တည်ကြည်ဖြောင့်မတ်ရမယ်။ စာ နာတဲ့အခါမှာ ကိုယ်ချင်းစာရုံသာမက မိန်းကလေး မိန်မငယ်များးကို နှမချင်း စာနာနိုင်ရပါမယ်။ ငါ့နှမကလေးကို တစ်ယောက်ယောက်က မထီမဲ့မြင် ပြောဆိုပြုမှုနေရင် ငါခံနိုင်ပါ့မလားဆိုတဲ့ ကိုယ်ချင်းစာစိတ်မျိုးနဲ့ စာနာထောက်ထားနိုင်ရပါမယ်။ အရွယ်အိုမင်းတဲ့ အမျိုးသမီးကြီးများ ကိုလည်း အမေချင်း စာနာနိုင်ရပါမယ်။ အဲသည်လို စိတ်ထားကိုက မြင့်မြင့်မြတ်မြတ်နဲ့ ရှိရမှာဖြစ်သလို တည်ကြည်သိပ်သည်းတဲ့စိတ်လည်း ရှိရမှာဖြစ်ပါတယ်။
ယောက်ျားလေးများရဲ့ အလှအပဆိုတာက လူသားများ လှသလို လှပဖို့ လိုအပ်တာဖြစ်ပါ တယ်။ ကျေးငှက်ကလေးများကအစ တိရစ္ဆာန်လောကမှာ အဖိုများးက ပိုပြီးလှပပါတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ အမများးက စိတ်ဝင်စားလောက်အောင် ညှို့ယူနိုင်ဖို့ဖြစ်ပါသတဲ့။ လူသားယောက်ျားကလေးများ အတွက်ကတော့ မိန်းကလေးဆန်ဆန် မလှပသင့်ပါဘူး။ မြင် တာနဲ့ လေးစားအားကိုးထိုက်တဲ့ တည်ကြည်ဖြောင့်မှန်တဲ့ ဦးဆောင်နိုင်တဲ့ အရည်အသွေးရှိ တဲ့သူများ ဖြစ်သင့်ပါတယ်။ ယောက်ျားကလေးများလည်း ကလေးဘ၀တုန်းကတော့ မမတို့ နှမလေးတို့နဲ့မခြား မေမေ့သား ဖေဖေ့သား ဘ၀က စခဲ့တာပါပဲ။ ကလေးပီပီ မှီခိုခဲ့တာပါပဲ။ သို့ပေမဲ့ မိသားစုထဲမှာ သားယောက်ျားကလေးများကို အစောပိုင်းကတည်းက သီးသန့်သွန် သင်တဲ့စကားကလေးတွေ စည်းမျဉ်းစည်းကမ်းကလေးတွေ ရှိပါတယ်။ သားက ယောက်ျားက လေးလေ၊ မမတို့လိုမဟုတ်ဘူး။ ကြီးလာတာနဲ့ သားကိုအားကိုးကြရမှာ။ အဲသည်တော့ သားက စိတ်ဓာတ်အနေနဲ့လည်း ကြံ့ခိုင်မှပေါ့။ ပြီးတော့ သားက ပျင်းနေလို့ မဖြစ်ဘူးလေ။ သားဆိုတာ မိသားစုထဲမှာ ဦးဆောင်တဲ့နေရာကို ပခုံးပြောင်းပြီး ယူရမှာစတဲ့ တည်နေရာကို သတ်မှတ်တဲ့စကားကလေးများနဲ့ ထိန်းကျော်ငးပေးခြင်းကို ခံရတဲ့သူဖြစ်ရင် အစောကြီးက တည်းက သားယောက်ျားကလေးများဟာ ကြံ့ခိုင်တဲ့သူများ ဖြစ်လာနိုင်ပါတယ်။ နို့မဟုတ်ရင် ယောက်ျားကလေးဆိုတာ အခွင့်ထူးခံစားဖို့ပဲ၊ တာဝန်မရှိဘူးလို့ အောက်မေ့ပြီး မိန်းမများထက် မိန်းမဆန်တဲ့သူဖြစ်သွားရင် လေးစားစရာ ချစ်ခင်စရာမကောင်းဘဲ ဖြစ်သွားနိုင်ပါတယ်။
အခုပဲ နှင်းပြောပြခဲ့တဲ့ ယောက်ျားကလေးများအတွက် အလှတရားဟာ ကြံ့ခိုင်တဲ့စိတ် ကြံ့ခိုင်တဲ့ကိုယ်ခန္ဓာ ဖြစ်သင့်ပါတယ်။ ယောက်ျားကလေးပီပီ တည်ကြည်လေးနက်တဲ့အသွင် ကိုဆာင်ထားရင် အားလုံးက နှစ်ခြိုက်သဘောကျတတ်ကြပါတယ်။ အရွယ်ကြီးသူ ဘဘများ၊ ကြီးကြီးများ၊ ဘွားဘွားများက သူငယ်ကလေးက ယောက်ျားပီပီသသနဲ့ တည်တည်ကြည် ကြည်ကလေး၊ ပြီးတော့ သိပ်ရည်မွန်တာပဲ၊ သူ့အဖေအမေများက မွေမြူတတ်လိုက်တာနော် လို့ အမိအဘမျာကိုတောင်မှ မုဒိတာပွားသွားတတ်ပါတယ်။ နှင်းတို့ ရုပ်ရှင်သရုပ်ဆောင်များ ထဲမှာ တချို့အမျိုးသားကလေးများဟာ မချောပါဘူး။ သို့ပေမဲ့ သိပ်ကြည့်ကောင်းတာ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယောက်ျားသားများမှာ ရှိရမယ့်ကြံ့ခိုင်ခြင်း၊ တည်ကြည်ခြင်း၊ ရည်မွန်ခြင်းတို့နဲ့ ပြည့်စုံလို့ပဲ ဖြစ်ပါတယ်။
အဲသည်တော့ သားကလေး၊ ယောက်ျားလေးများစာ ကုသိုလ်ကံကောင်းတဲ့ အတွက် ယောက်ျားဘ၀ကိုရခဲ့ပြီ။ ရလာတဲ့အခွင့်အရေးကို ကောင်းစွာ အသုံးချပြီး မိမိစိတ်ကို အရင်အလှပြင်စေချင်ပါတယ်။ မိမိရဲ့မိသားစုအတွက် အရတော်တဲ့သားဖြစ်အောင် ကြိုးစား စေချင်ပါတယ်။ မိမိတို့ မိသားစုသာမက မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်မှာလည်း လူတော်က လေးတစ်ယောက်အဖြစ် အချင်းချင်းက လေးစားချစ်ခင်သလို ငယ်ရွယ်သူ ညီကလေးများ နှမကလေးများကလည်း မော့ကြည့်ရမယ့်သူတစ်ယောက ဖြစ်လာစေချင်ပါတယ်။ အဲသည်လို ဖြစ်အောင် အ၀တ်အစားတွေ အခြားသောပစ္စည်းမစ္စယတွေနဲ့ အလှပြင်မှ မဟုတ်ပါဘူး။
အဘယ်လောက်ပဲ ကောင်းတဲ့အ၀တ်အစားကို ၀တ်ဆင်ပြိး အဆင်တန်ဆာများကို သယ် ဆောင်လာတဲ့သူဆိုရင်တော့ မိသားစုအတွက်ကလည်းပြဿနာများကို သယ်ဆောင်လာတဲ့သူ ဆိုရင်တော့ မိသားစုအတွက်ကလည်း ပြဿနာကောင်ဖြစ်လို့ စိတ်ဆင်းရဲသလို ပတ်ဝန်းကျင်ကလည်း မတတ်သာလို့သာ စကားပြောကြမှာ ဖြစ်ပါတယ်။ စကားမပြောဘဲ နေလို့ဖြစ်ရင် မပြောဘဲ ရှောင်ကြဉ်ကြမှာ ဖြစ်ပါတယ်။ သို့ပေမယ့်အဲသည်လို သောက်သောက် စားစားလူ့မင်းသားကလေးများမှာလည်း ပေါင်းသင်းဆက်ဆံတဲ့သူများ မရှားကြပါဘူး။ ကပ် သောက်မယ့်သူ မြှောက်ပင့်ပြီး စားသောက်မယ့်သူတွေ ရှိတာပေါ့။ ကိုယ်က မကျွေးမွေးနိုင် တော့တဲ့အချိန်ကျရင် အဲသည်လို ကော်နဲ့ကပ်ထားသလားလို့ ထင်ရလောက်အောင် ကပ်ရပ် ခဲ့တဲ့သူများကလည်း ရှာမတွေ့နိုင်အောင် ခွာသွားကြပါလိမ့်မယ်။
လူ့ဘ၀ကိုလည်း ရတယ်၊ ယောက်ျားစင်စစ်လည်း ဖြစ်တယ်။ သို့ပေမယ့် အနေအစားမတတ် ရင်ဥပဓိရုပ်ကလည်း ကျသွားတတ်ပါတယ်။ အစောပိုင်းက ဥပဓိအားဖြင့် မပြည့်စုံတဲ့သူကလေး များကိုနောက်ပိုင်းမှာ ပြန်တွေ့တဲ့အခါ ဥပဓိရုပ်တက်လာတာကို တွေ့ရပါတယ်။ အဲသည်လို ဥပဓိတက်တဲ့သူများဟာ အလုပ်အကိုင်ကို ကြိုးစားလုပ်ကိုင်တဲ့ ယောက်ျားကလေးများ ဖြစ်နေတာကို တွေ့ရပါတယ်။ အလုပ်အကိုင်တစ်ခုကို ရလာပြီးတဲ့နောက် ရလာတဲ့ငွေကိုသာ တန်ဖိုးထားတဲ့သူများကတော့ ငွေကြေးတန်ဖိုး အပြောင်းအလဲမျာဖြစ်ဖြစ် လုပ်ငန်းအခြေအနေ အပြောင်းအလဲမျာဖြစ်ဖြစ် မပြောင်နိုင်အောင် ဖြစ်သွားတတ်ကြပါတယ်။
တကယ်တမ်း တန်ဖိုးထားရမှာကတော့ အလုပ်ပဲဖြစ်ပါတယ်။ မိမိလုပ်နေတဲ့အလုပ်ကို ၀ါသနာ မပါခဲ့ဘူး။ အခြေအနေပေးတာနဲ့ အလုပ်ပြောင်းမယ်ဆိုရင်တောင်မှ မပြောင်းခင်ကာလမှာ တာဝန်ကျေပွန်အောင် အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ကိုင်တတ်တဲ့သူများဟာ သူ့ရဲ့ တည်ကြည်ဖြောင့်မှန်တဲ့စိတ်ကြောင့် သူရဲ့နေပုံထိုင်ပုံ ပြောပုံဆိုပုံများဟာ လူအများက လေးစားခင်မင်စရာ ကောင်းနေပါလိမ့်မယ်။
ယောက်ျားလေးများနဲ့ ပတ်သတ်ပြီး အနေအထိုင် အပြောအဆိုများ အလုပ်လုပ်ပုံများကို စိတ်အလှပြင်ခြင်းထဲမှာ ထည့်ပြီးပြောတာတွေကများနေတော့ ရုပ်အလှပြင်ခြင်းဟာ မလုအပ် ဘူးလို့ မထင်မှတ်ကြစေလိုပါဘူး။ လိုအပ်ပါတယ်။ အရက်သေစာ သောက်စားတဲ့သူများဟာ ချွေးကအစလည်းကိုယ်နံစော်နေတတ်သလို ဆေးလိပ်ကို စွဲစွဲလမ်းလမ်းသောက်တဲ့သူများမှာ လည်းကိုယ်နံ့ဆိုးတတ်ပါတယ်။
နှင်းတို့တွေ့ဖူးတဲ့သူများထဲမှာ ကြော့မော့နေအောင် ၀တ်ဆင်ပြီး တစ်ကိုယ်ရေသန့်ရှင်းခြင်း မရှိတဲ့သူများဟာ သူများနဲ့လည်း ခင်မင်ရင်းနှီးမှု မရှိဘူးဆိုတာကို သတိထားမိပါတယ်။ တချို့ကတော့ သန့်ရှင်းမှု မရှိရုံမျှမက အ၀တ်အစားကို ဖိုသီဖတ်သီ ၀တ်တတ်ကြပါတယ်။ ယောက်ျားကလေးပဲ၊ လှစရာမလိုပါဘူးလို့ ပြောတတ်ကြသေးတာပါ။ လှစရာက မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ အသက်ငယ်သူဖြစ်စေ၊ ကြီဲးသူဖြစ်စေ သူ့အရွယ်နံ့သူ့အလှဆိုတာ ရှိရမှာပေါ့။ ယောက်ျားကလေးများလည်း သန့်ရှင်းခြင်း၊ သေသပ်ခြင်း၊ ယောက်ျားပီသခြင်း၊ လိုက်လျောညီထွေရှိခြင်းဆိုတဲ့ အရည်အချင်းများနဲ့ ပြည့်စုံတဲ့ အ၀တ်အဆင်၊ ဆံပင်ပုံစံ၊ ရိုးရာ အ၀တ်အစားနဲ့ ခေတ်အ၀တ်အစားများကို ၀တ်ဆင်ဖို့ လိုအပ်ပါတယ်။ မိန်းကလေးများသာ မက ယောက်ျားကလေးများလည်း ကိုယ်သွားမယ့်ကိစ္စနဲ့ ကိုယ်သွားမယ့်နေရာနဲ့ လိုက်လျော အောင် ၀တ်ဆင်ကြဖို့ လိုအပ်ပါတယ်။ မောင်လေးတို့ ၊ အစ်ကိုတို့ အပြင်အဆင်များအားလုံး ဟာခြုံပြောလိုက်ရင်တော့ ယောက်ျားပီသနေသင့်ပါတယ်။
နှင်းပြောချင်တာက တစ်ချို့ယောက်ျားလေးများဟာ မင်းသားတွေကိုအတုခိုးပြီး မကောင်းတဲ့ အကျင့်တွေကိုဘဲ စတိုင်လို့ထင်ပြီး ဆေးလိပ်သောက်တာ ၊ အရက်သောက်တာတွေ ရှိပါတယ် တစ်ကယ်တော့ အတုယူမှားနေတာဖြစ်တဲ့အပြင် ရောဂါဝမ်နေတာဖြစ်လို့ သိသိနဲ့မိုက်နေကြ တာဖြစ်ပါတယ်။ ဒါကြောင့် မကောင်းသော အရာများကိုအတုယူပြီး မလှချင်ကြပါနဲ့ ရိုးရိုးလေးနေတာဟာ ဘယ်သူမှနိုင်းယှဉ်မရနိုင်တဲ့ တစ်ခုတည်းသော အလှသဖြစ်ပါတယ်။ တစ်ကယ်လှချင်ရင်တော့ နှင်းအကြံပေးလိုက်မယ်။ စိတ်ထားလှပြီး သူတစ်ပါးကူညီတက်သူ ဟာ ကြည့်လိုက်ရင်အမြဲတမ်း လှနေပါတယ်လို့။

[အလှ အချစ်နှင့် သိက္ခာ]

click to comment
သူငယ်ချင်းတို့ရေ...
အချစ်ဂျာနယ်ကို ဖတ်တဲ့ စာဖတ်ပရိတ်သတ်ထဲမျာ လူငယ်တွေ အများကြီးပါသလို လူလတ် ပိုင်း လူကြီးပိုင်းကလည်း အများကြီးပါတာကို သိရပါတယ်။ တကယ်တော့ ရုပ်ပိုင်းဆိုင်ရာ အလှပြင်ဆင်ခြင်းကို သိပ်လည်း မကျွမ်းကျင်ပါဘူး။ နှင်းကတော့ အလှပြင်တာဆိုရင် သနပ်ခါး လိမ်းတာကလွဲလို့ ဘားမှမပြင်တတ်ပါဖူး။ ပြီးတော့ အလှပြင်ဆင်ခြင်းဟာ ခေတ်ပြောင်းတာနဲ့ အမျှလိုက်ပြီး ပြောင်းလဲနေတတ်တာကြောင့် ဘယ်လိုအလှပြင်ပါလို့ ပြောရတာလည်း ခက်မယ်ထင်ပါတယ်။
ခုတစ်ခါမှာတော့ နှင်းပြောပြချင်တာက အချစ်ဇာတ်လမ်းကလေး တစ်ပုဒ်ဖြစ်ပါတယ်။ ရှေးရှေး က ဇာတ်လမ်းဖြစ်ပါတယ်။ နှင်းကို အချစ်ဇာတ်လမ်းမှာ ဘုရားစာတွေကို ရေးနေတယ်လို့ အပြစ်တင် မစောစေချင်ပါဘူး။ ခေတ်အမျိုးမျိုးက လူတွေအကြောင်းကို ပြောနေတယ်လို့ပဲ လက်ခံသုံးသပ်စေချင်ပါတယ်။ အခုပြောမယ့်ဇာတ်လမ်းက အလှ၊ အချစ်နဲ့သိက္ခာလို့ အမည် ပေးရရင် ကောင်းမယ်ထင်ပါတယ်။ ဇာတ်တော်များမှာပါတဲ့ သိဝိမင်း၊ အဘိပါရကစစ်သူကြီးနဲ့ ဥမ္မာဒန္တီအကြောင်းကို ပြောမှာဖြစ်ပါတယ်။ ဇာတ်ကြောင်းထဲက စိတ်ပါဝင်စားစရာကောင်းတဲ့ ပုဂ္ဂိုလ်များရဲ့ စိတ်နေသဘာဝနဲ့ ပတ်သတ်လို့ ရှင်းလင်းချက်ပါတယ်။ ပြီးတော့ လူငယ်များ အ မှတ်များနေကြတာကို တစ်ပါးတည်း ရှင်းပြချင်ပါတယ်။
ဥမ္မာဒန္တီဆိုတာ ပါဠိလိုခေါ်ဆိုတဲ့အမည် ဖြစ်ပါတယ်။ မြန်မာလိုတော့ မြင်သူရူးအောင် လှတဲ့သူ လို့ ပြန်ဆိုရမှာ ဖြစ်ပါတယ်။ ဥမ္မာဒန္တီဖြစ်မလာခင် ဘ၀တစ်ဘ၀မှာတုန်းက အင်မတန်မှ ဆင်းရဲ တဲ့ အလုပ်သမကလေး ဖြစ်ခဲ့ပါတယ်တဲ့။ ၀တ်စုံတစ်စုံဝယ်နိုင်အောင် တစ်နှစ်ပတ်လုံး ပင်ပန်း ဆင်းရဲစွာ အလုပ်လုပ်ခဲ့ရတဲ့ သူငယ်မကလေးဟာ ပန်းဆီရောင်ဝတ်စုံကလေးကို ချပြီး ရေကန် တစ်ကန်ထဲမှာ ရေချိုးပါသတဲ့။ သန့်ရှင်းသွားတော့ အ၀တ်သစ်ကို ၀တ်တော့မယ်လို့လည်း ဟန်ပြင်ရော တစ်ကိုယ်လုံး သစ်ရွက်များနဲ့ ပတ်ထားရတဲ့ သူဆင်းရဲတစ်ယောက်ကို မြင်ပါလေရောတဲ့။ အဲသည်တော့ သူငယ်မကလေးက ဘာဖြစ်လို့အဲသည်လို သစ်ရွက်တွေကို ၀တ်ထားရတာလဲလို့ မေးတဲ့အခါ အဲသည်ပုဂ္ဂိုလ်က သူဟာ တောမှီရဟန်းတစ်ပါးဖြစ်ကြောင်း၊ ဓားပြမျာက သူ့ကိုယ်ပေါ်မှာရှိတဲ့ တစ်စုံတည်းသော သင်္ကန်းသုံးထည်ကို လုယက်ယူငင်သွား လို့ အဲသည်လို ဖြစ်နေ၇တဲ့အကြောင်းများကို ပြောကြားခဲ့ပါတယ်။ အဲသည်မှာတင် ကလေးမ ကလေးက သူ့မှာရှိတဲ့အ၀တ်သစ်ကို စေတနာသုံးတန်ပြဋ္ဌာန်းပြီး လှူလိုက်ပါတယ်တဲ့။ သူက တော့ အ၀တ်ဟောင်းကိုပဲ ပြန်ဝတ်တာပေါ့လေ။ အဲသည်လိုလှူတဲ့အခါမှာ ဤကဲ့သို့ တစ်နှစ် ပတ်လုံး အလုပ်ပင်ပန်းစွာလုပ်ပြီး ရထားတဲ့အ၀န်ကို သင်္ကန်းလျာအ၀တ်အဖြစ် လှူရသောအ ကျိုးကြောင့် ဖြစ်လေရာဘ၀ဘ၀မှာ မြင်တဲ့သူယောက်ျားများ ရူးမတတ် လှပါရစေလို့ ဆုတောင်းခဲ့ပါသတဲ့။ သူ့ဆုတောင်းလည်း ပြည့်ပါတယ်။ မြတ်စွာဘုရားအလောင်းတော်က သိဝိမင်း ဖြစ်နေတဲ့အချိန်၊ အရှင်အာနန္ဒာ အလောင်းတော်က အဘိပါရက စစ်သူကြီးဖြစ်နေတဲ့ အချိန်မှာ သူကလည်း ဥမ္မာဒန္တီအမည်နဲ့ သူဋ္ဌေးသမီး ဖြစ်လာပါသတဲ့။ ဘုရင်မင်းမြတ်ရဲ့ သား တော်ဟာ မင်းဖြစ်လာပြီး၊ စစ်သူကြီးသာတော်က စစ်သူကြီးဖြစ်လာတာပါတဲ့။ မင်းနဲ့ စစ်သူကြီး ဟာ တက္ကသီလာမှာ ကျောင်းနေဘက်ဖြစ်ပြီး အချင်းချင်းလည်း အလွန်ချစ်ခင်ကြပါသတဲ့။
သူဋ္ဌေးကြီးကလည်း သူ့သမီးကို ချောလွန်းလှလွန်းတော့ မင်းနဲ့သာ ထိုက်တန်တယ်ဆိုပြီး သိဝိမင်းကို သိမ်းပိုက်တော်မှုပါရန် တောင်းပန်ပါသတဲ့။ သိဝိမင်းကလည်း သူ့ပုဏ္ဏားတော် များကိုလွတ်ပြီး သူဋ္ဌေးသမီးကို လေ့လာဖို့ စေခိုင်းပါသတဲ့။ သမီးးကညာ ဆက်သတိုင်းလည်း မလေ့လာဘဲ ကောက်လို့မဖြစ်ဘူးလေ။ သိဝိမင်း စေလွှတ်လိုက်တဲ့ ပုဏ္ဏားများကတော့ ဥမ္မာ ဒန္တီကိုမြင်တာနဲ့ ရူးကြောင်မှုးကြောင်ဖြစ်တော့တာပါပဲတဲ့။ သူဋ္ဌေသမီးကလည်း အဲသည်လိုဖြစ် ရကောင်းလားဆိုပြီး ပုဏ္ဏားများကို နှင်ထုတ်တဲ့အခါမှာ ပုဏ္ဏားများက စိတ်ဆိုးကြပါတယ်။ အ သည်တော့ မိဖုရားအဖြစ်ကို မရအောင်လုပ်မယ်လို့ တည်တည်းဆုံးဖြတ်ပြီး ဥမ္မာဒန္တီဟာ မိဖုရားဖြစ်ထိုက်တဲ့ ရုပ်ဆင်းအင်္ဂါမရှိတဲ့သူ ဖြစ်ပါတယ်လို့ သိဝိမင်းကို လျှောက်ထားလိုက်ကြ ပါသတဲ့။ အဲသည်တော့ ဥမ္မာဒန္တီကို သိဝိမင်းက တော်မကောက်တော့ဘူးပေါ့။
သူဋ္ဌေးကြီးက မင်းကြီးက တော်မကောက်ရင် နေပါစေ၊ စစ်သူကြီးကို ဆက်သမယ်ဆိုပြီး စစ်သူကြီးကိုဆက်သတော့ ဥမ္မာဒန္တီဟာ အဘိပါရက စစ်သူကြီးကတော် ဖြစ်လာခဲ့ပါသတဲ့။ တစ်ခုထူးခြားတာက ဥမ္မာဒန္တီဟာ အဘိပါရကရဲ့ ဇနီးဖြစ်လာတာကို သိဝိမင်း မသိခဲ့တာပါပဲ။ သူ့ခေတ်သူ့အခါမှာ ကတော်မယားများဟာ နန်းတော်ထဲကို ၀င်စရာမလိုဘူးထင်ပါတယ်။ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ တိုင်းရေးပြည်ရေးကိစ္စကို သီးသန့်ထားတဲ့ခေတ် ဖြစ်ဟန်တူပါ တယ်။
အဲသည်လိုနဲ့ တစ်နေ့မှာတော့ မြို့တော်မှာ နက္ခတ်ပွဲသဘင် ကျင်းပပါတယ်။ လူတွေကလည်း စုရုံးပျော်ရွှင်လို့ပေါ့။ အဲသည်လိုနက္ခတ်ပွဲသဘင် ဆင်ယင်တဲ့အခါမှာ မင်းကြီးနဲ့တကွ စစ်သူကြီးအပါအ၀င် မှူးကြီးမတ်ရာများအနေနဲ့လည်း မြို့တော်ကိုပတ်ပြီး ကြည့်ကြပါသတဲ့။ အဲသည်လိုကြည့်ကြတော့ သူ့ရထားနဲ့သူစီးပြီး အစဉ်အတိုင်း လှည့်လည်ကြတာပေါ့။ ရထား ထိန်း သုနန္ဒာမောင်းနှင်တဲ့ မြင်းလေးကောင် ကထားတဲ့ရထားကို သိဝ်မင်းက ရှေ့ဆုံးကနေပြီး စီးသွားပါတယ်။ အဲသည်လိုရထားတွေ စီတန်းမောင်းနှင်လာတဲ့အထဲမှာလည်း စစ်သူကြီးအ ဘိပါရကရဲ့ အဆင်မပြေတဲ့ဇာတ်လမ်းကို သိလို့ပဲလား၊ သူ့ကတော်က လှပလွန်းလို့ မဖြစ် သင့်တာတွေ မဖြစ်အောင်လားဆိုတာကို စာထဲမှာ မဖတ်ဖူးလို့ သေသေချာချာတော့ မသိ ပါဘူး။ သေချာတာကတော့ ဥမ္မာဒန္တီကို ပြတင်းကထွက်ပြီး အပြင်ကိုမကြည့်ဖို့ သေသေချာချာ မှာခဲ့တယ်ဆိုတဲ့ အကြောင်းဖြစ်ပါတယ်။
ဥမ္မာဒန္တီကတော့ သူ့အလှကိုလည်း သူကိုးစားတယ်။ သိဝိမင်းကိုလည်း တော်ကောက်မယ် လေးဘာလေးနဲ့ တကယ့်တကယ်ကျတော့ ရှောင်ဖယ်သွားတာလည်း ကလဲ့စားချေချင် ဟန်တူပါတယ်။ ခင်ပွန်းဖြစ်သူ အဘိပါရက မှာထားပါလျက်နဲ့ ရထားတွေလာမယ့်လမ်းက ပြတင်းနားမှာ ပန်းထည့်ထားတဲ့ ဖလားကိုကိုင်ပြီး စောင့်နေပါသတဲ့။ ပထမရထား လာနေပြီ ဆိုတာကို သူ့အထိန်းမိန်းမက ပြောလိုက်တာနဲ့ ပြတင်းကိုဖွင့်ပြီး ပန်းကြဲချလိုက်ပါသတဲ့။ မြို့တော်အရပ်ရပ်ကို စေ့စေ့စပ်စပ် လေ့လာကြည့်ရူနေတဲ့ သိဝိမင်းရဲ့မျက်ဝန်းထဲကို ဥမ္မာဒန္တီရဲ့ အလှတရားဟာ စူးရှစွာတိုးဝင်သွားတော့တာပါပဲ။
အဲသည်အချိန်မှာ ပြတင်းက ပိတ်သွားပြီ ဖြစ်ပါတယ်။ မင်းကြီးက သုနန္ဒာရထားထိန်းကို ပန်း ကြဲတဲ့သူက ဘယ်သူလဲ၊ အဲသည်အိမ်က ဘယ်သူ့အိမ်လဲလို့ မေးလိုက်ပါတယ်။ မှန်ပါ၊ စစ်သူကြီးကတော် ဖြစ်ပါတယ်။ အိမ်ကလည်း အဘိပါရက စစ်သူကြီးအိမ် ဖြစ်ပါတယ် အရှင်လို့ ရထားထိန်းက မင်းကြီးရဲ့အမေးကို ဖြေလိုက်ပါတယ်။
သိဝိမင်းစာ အင်မတန်မှ ငြိမ်ငြိမ်သက်သက် ထိုင်နေတာပါပဲ။ စာထဲမှာပါတဲ့အတိုင်း ပြောရရင် တစ်ယောက်ယောက်က လက်နဲ့တို့လိုက်တဲ့အခါမှာ ထိကရုန်းဆူးခက်ကလေးများ ခွေကျ သွားသလို ခွေကျသွားပါတယ်တဲ့။ ပြီးတော့ မြို့တော်ကို ဆက်ပြီးမကြည့်တော့ဘူး။ နန်းတော် ကိုပြန်မယ်ဆိုပြီး ရထားကိုအလှည့်ခိုင်းကာ နန်းတော်ကို ပြန်သွားပါသတဲ့။
နက္ခတ်ပွဲသဘင်ကို လှည့်လည်ကြည့်ရူနေတဲ့ မှူးမတ်များကလည်း မင်းကြီးရထားနောက်က လိုက်လာတာ နန်းတော်ကို ပြန်ရောက်လာပါတယ်။ သို့ပေမဲ့ မင်းကြီးဟာ သူ့အဆောင်ထဲဝင် ပြီး အတွင်းက တံခါးကိုပိတ်ထားပြီး ငြိမ်ငြိမ်သက်သက်ကြီး ဆွေးနွေးပါသတဲ့။ တစ်ခါတစ်ရံကျ တော့လည်း တီးတိုးညည်းညူတဲ့အသံ ထွက်လာပါသတဲ့။ အခြားသော မှူးမတ်များက အိမ်ကိုပြန်နိုင်ပေမယ့် အဘိပါရက စစ်သူကြီးကတော့ မပြန်နိုင်ပါဘူး။ နေရင်းထိုင်ရင်း အခန်း တံခါးပိတ်ပြီး လူတွေ့မခံတော့ဘူး။ တစ်ခါတစ်ရံမှာလည်း တီးတိုးစကားလေးများပြောပြီး တီးတိုးညည်းညူတယ်ဆိုတော့ အင်း တစ်ခုခုတော့ မှားနေပြီဆိုပြီး ရထားထိန်းကို မေးပါတယ် တဲ့။ ရထားထိန်းက ဘာဖြစ်တယ်ရယ်လို့တော့ မသိပါဘူးအရှင်၊ အရှင့်အိမ်ရှေ့ကိုရောက် တော့ အရှင့်ဇနီးက ပန်းထွက်ကြဲပါတယ်။ မင်းကြီးက သူက ဘယ်သူလဲ၊ အိမ်က ဘယ်သူ့အိမ် လဲလို့မေးတော့ ကျွန်တော်မျိုးက ပန်းထွက်ကြဲတာ အရှင့်ဇနီးဖြစ်ပါတယ်။ အိမ်က အရှင့်အိမ် ပါလို့ ဖြေလိုက်ပါတယ်အရှင်။ အဲသည်နောက် နန်းတော်ကိုပြန်မယ်၊ ရထားကိုပြန်လှည့်လို့ မင်းကြီးက မိန့်တော်မှုတာပါပဲလို့ ဖြေပါသတဲ့။
အဆောင်ထဲမှာတော့ သိဝိမင်းက မယ်ဥမ္မာကို ငါရနိုင်ခဲ့ပါလျက် ပုဏ္ဏားမိုက်တွေ လိမ်ညာ လျှောက်ထားကြလို့ လက်လွှတ်ရတာပါကလားလို့ ကြေကြေကွဲကွဲကြီး တွေးနေပါတယ်။ အ ဘိပါရကကတော့ သူ့သူငယ်ချင်း သူ့အရှင် သူသိပ်ချစ်ခင်လေးစားတဲ့ မင်းမြတ်အတွက် ရ တက်မအေးလို့ မေးလိုက်တော့မှ ဥမ္မာဒန္တီအချောအလှကလေးက သူ့စကားကို နားမထောင် မထောင်ပါကလားလို့ သိလိုက်တော့တာပေါ့။ သူဟာ အိမ်ကိုပြန်သွားပြီး ချစ်လှတဲ့ဇနီးကို ယု ယစွာပါးချင်းအပ်ကာ မယ်ဥမ္မာရယ်၊ မင်းပန်းကြဲတာ မင်းကြီးကို တွေ့လိုက်သေးသလားလို့ မေးသေးတာပါတဲ့။ အဲသည်တော့ ဥမ္မာဒန္တီက ဥပဓိကောင်းတဲ့ သူတစ်ယောက်ကိုတော့ မြင် လိုက်ပါတယ်။ မင်းကြီးလား၊ ဘာလားတော့ မသိပါဘူးမောင်မောင်လို့ ဖြေပါသတဲ့။
ကိုင်း အဘိပါရက စစ်သူကြီးမှာတော့ ဆွေးတာထက်ပိုပြီး ဗျာများရပါပြီ။ မင်းကြီးက အဆောင် ထဲကကို မထွက်တော့ဘဲ နေတော်မှုပြီဆိုတော့ တိုင်းပြည့်တာဝန်ကို သူကယူရတော့မယ်။ နိုင်ငံတစ်ဝှမ်းလုံးကို သူကကြေညာတာကတော့ မင်းကြီး မကျန်းမမာဖြစ်တော်မှုနေတယ်။ အဲ သည်အတောအတွင်းသူက ခေတ္တခဏ တာဝန်ယူအုပ်ချုပ်ရမယ်ပေါ့။ တစ်ပြည်လုံးက လူတွေ က မင်းကြီးအတွက် ဗေဒင်တွက်ကြ၊ ယတြာချေကြ၊ ဆုတောင်းပွဲတွေ ကျင်းပကြ၊ ဆေးတွေ ဖော်ကြနဲ့ မင်းကြီးအတွက် ပူပန်ကြီးစွာနဲ့ ဆောင်ရွက်ကြတယ်ဆိုတော့ မင်းကြီးကို တိုင်းသူ ပြည်သား လူအများက ချစ်ကြတယ်ဆိုတာ သိသာပါတယ်။ အဲသည်လို တိုင်းပြည်သားများ ချစ်တာထက် အဘိပါရက စစ်သူကြီးက ပိုချစ်တာ အမှန်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူက သူ့ချစ်ဇနီးမယ်ဥမ္မာကြောင့် သိဝ်မင်းကြီး ဆွေးသွားတ်ယဆိုတာ သိပြီးကတည်းက မယ်ဥမ္မာကို သိဝ်မင်းလက်ထဲ ထည့်ဖို့ပဲ စိတ်ကူးနေတော့တာပါတဲ့။ အခန်းထဲက မင်းကြီးက မထါက်လာဘဲ နေတော့ အဘိပါရကစစ်သူကြီးက ညောင်စောင်းနတ်ကို ပူဇော်မယ်ဆိုပြီး ညောင်ခေါင်းထဲမှာ သူကလူယုံတစ်ယောက်ကို ထည့်ထားလိုက်ပါသတဲ့။ ပြီးတော့မှ မင်းကြီး မကျန်းမမာဖြစ်နေ တာဘယ်လို ရောဂါမျိုး ကျရောက်လို့ပါလဲလို့ မေးတာပေါ့။ သူနဲ့အတူ အခြားသူများလည်း ပါတာပေါ့လေ။ အဲသည်လူတွေပါ ကြားလောက်အောင် ညောင်ခေါင်းထဲကလူက စစ်သူကြီး သင်ထားတဲ့အတိုင်း ဥမ္မာဒန္တီကိုမြင်ပြီး စွဲလမ်းသွားလို့ပါလို့ ဖြေလိုက်သတဲ့။ စစ်သူကြီးက လည်း ကောင်းပေပြီလို့ပြောပြီး သူတစ်ယောက်တည်း သိဝ်မင်းအောင်းနေတဲ့ အဆောင်ရှေ့ ကိုသွားပါတယ်။ အဘိပါရက လာပါတယ်လို့ အသံပေးပြီး ညောင်စောင့်နတ်ပြောလို့ ကျွန် တော့်ဇနီးမယ်ဥမ္မာကို အရှင်မင်းမြတ်မြင်ပြီး စွဲလမ်းနေကြောင်း သိရပါတယ်။ ကျွန်တော်ကြည် ဖြူစွာနဲ့ မယ်ဥမ္မာကို အရှင့်လက်ထဲကို ထည့်လိုပါတယ်လို့ လျှောက်ထားလိုက်သတဲ့။
အခန်းထဲက နားထောင်နေတဲ့ သိဝိမင်းဟာ အဲသည်စကားကို ကြားလိုက်တာနဲ့ အင်မတန်မှ ရှက်သွားပါသတဲ့။ ကြည့်စမ်း မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိဘူး။ ညောင်စောင့်နတ် တောင်မှသိသွားပြီဆိုတော့ တယ်ပြီးရှက်စရာ ကြောက်စရာကောင်းပါကလားလို့ တေါးမိပါ သတဲ့။ သိဝိမင်းဟာ မြတ်စွာဘုရားအလောင်းတော် ဖြစ်ပါတယ်။ ပါရမီခံရှိပြီးသားဖြစ်တော့ အခိုက်အတန့်အားဖြင့်သာ တဏှာကျွန်ဖြစ်သွားတာပါ။ အဘိပါရကစစ်သူကြီးက သူ့ဇနီးကို ပေးချင်ပါတယ်ဆိုတော့ သိဝိမင်းက ငြင်းဆန်ခဲ့ပါတယ်။ သူတစ်ပါးသားမယား မပြစ်မှားသင့် ဘူးဆိုတဲ့အကြောင်းကို ပြောပြီးငြင်းတော့ စစ်သူကြီးက သူကမယ်ဥမ္မာကို ဇနီးအဖြစ်ကစွန့် တော့မှာ ပိုင်ရှင်မရှိတော့ရင် မင်းကြီးကယူလို့ရတာပါပဲ ဆိုတာမျိုးကစပြီး တစ်ဦးက ငြင်း၊ တစ်ဦးကပေးနဲ့နောက်ဆုံးတော့ အသင် အဘိပါရက၊ ငါဟာ ဘုရင်မင်းမြတ်ဖြစ်တယ်။ သင့်ကို ငါ မင်းမိန့်နဲ့ စကားဆက်မပြောဖို့ တားမြစ်တယ်။ ငါမယ်ဥမ္မာကို မယူဘူးဆိုပြီး အပြီးသတ် တားမြစ်လိုက်ပါတယ်။ တော်တော်တန်တန့် သက်ဦးဆံပိုင်မင်းဆိုရင် သူလိုချင်တာကိုရအောင် ဥာဉ်နီဥာဏ်နက်တောင်ထုတ်ပြီး ယူဦးမှာပါ။
အဲသည်ဇာတ်ကို မြတ်စွာဘုရားရှင် ဟောတော်မှုရတာက မိန်းမတစ်ယောက်ကို တပ်မက်မိလို့ ရဟန်းဘ၀ကိုငြီးငွေ့တဲ့ ရဟန်းတစ်ပါးကို အကြောင်းပြုပြီး ဟောတော်မှုရတာဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်ဟာ ရဟန်းကို ငါကိုယ်တိုင် နုစဉ်အခါတုန်းက အဲသည်လိုတပ်မက်မှားခဲ့ တယ်ဆိုပြီး ဟောတော်မှုခဲ့တာဖြစ်ပါတယ်။
အဲသည် သိဝိဇာတ်မှာ သိဝိမင်းဟာ အင်မတန်မှ သိက္ခာစောင့်စည်းတဲ့ မင်းတစ်ပါးဖြစ်ပါတယ်။ သူတစ်ပါးအိမ်ရာကို စိတ်နဲ့ပြစ်မှားမိတာတောင်မှ အလွန်ရှက်တော်မှုခဲ့ပါတယ်။ ကြောက် တော်မှုခဲ့ပါတယ်။ သို့ပေမဲ့ မြန်မာဇာတ်သဘင်များက အမှားကို ကပြကြ၊ ရုပ်ရှင်တော်မှ ဦးဖိုးပါကြီးကို သိဝ်ဇာတ်ရုပ်စီးစေပြီး ဆင်ပေါ်ကနေထိုးကျတဲ့ ကာတွန်းမျိီုးကိုလည်း ဆွဲတတ်ကြပါတယ်။ သိဝိမင်းက ဆင်မစီးပါဘူး။ မြင်းရထားပဲ စီတော်မှုပါတယ်။ မယ်ဥမ္မာ ကြောင့် ရုတ်တရက်ဆိုသလို ပြင်းပြင်းထန်ထန် ခံစားရတဲ့တိုင်အောင် သူတစ်ပါးအမြင်မခံဘဲ ကျိတ်ပြီး ဖြေတော်မှုပါတယ်။
ဗုဒ္ဓဘာသာဝင် မြန်မာများဟာ အမှားများကိုပယ်ပြီး အမှန်ကို သာ ပြောဆိုရေးသားကြဖို့ လည်းလိုအပ်ပါတယ်။ မြတ်စွာဘုရားအလောင်းတော်ရဲ့အကြောင်းကို မဟုတ်မမှန်ဘဲ သရော် ပြီးပြောရင် အပြစ်လည်းကြီးပါတယ်။ ဘာသာကွဲ လူမျိုးကွဲများက မဟုတ်မမှန်ညဲ ကိုယ့်ဘုရား လောင်းတော်ကို အပြစ်ပြောရင်လည်း စိတ်မကောင်းစရာ ဖြစ်သွားနိုင်ပါတယ်။ ကိုယ်ကအမှန် ကိုသိထားမှဖြစ်ပါမယ်။
ခရစ်နှစ် ၁၇၆၅-၁၈၄၀ ခန့်က ရေးဖွဲ့ခဲ့တဲ့ ဦးရွှန်း(ဘွဲ့အမည်မဟာမင်းလှမင်းခေါင်) ရေးဖွဲ့ခဲ့တဲ့ ဥမ္မာဒန္တီပျို့မှာပါတဲ့ စာသားကလေးက ကောင်းလွန်းလို့ ထည့်လိုက်ပါတယ်။
“စိတ်မဲတဏှာ စွန်းငြိရာကို က၀ါ (ခ၀ါ) သံဝေ ဖွပ်လျှော်လေက ပြေလိမ့်စိတ်မှာ ဖြူစင်ရာ၏” တဲ့။
သည်ဇာတ်တော်ဟာ သိပ်လှပပါတယ်။ ဥမ္မာဒန္တီကလည်း လှလည်လှတယ်။ အနာလည်းရှိ တယ်ဆိုတော့ မိန်းမပီပီ ဥာဏ်ကလေးကူပြီး အကြောင်းပြလိုက်တာပေါ့။ အလှဆိုတာ ဦးတည် ချက်မကောင်းရင် အဆိပ်အတောက်ဖြစ်စေပါတယ်။ အချစ်ဆိုတာ တပ်မက်စွဲလမ်းခြင်း ဖြစ်ပါ တယ်။ ပုထုဇဉ်တိုင်းမှာတော့ မကင်းနိုင်ဘူးပေါ့။ သို့ပေမဲ့ ဖြူစင်တဲ့စိတ်ထားနိုင်အောင် သတိ နဲ့ ကွပ်ကဲထိန်းချုပ်တဲ့ သိက္ခာကြီးမားတဲ့ မင်းယောက်ျားများမှာတော့ ရုပ်ရည်အလှအပထက် စိတ်ကောင်းစိတ်မြတ်နဲ့ သိက္ခာ သမာဓိရှိခြင်းဟာ ပိုပြီးကြည်ညိုလေးစားစရာ ကောင်းပါတယ် ။ သိက္ခာကြီးမားစွာ မိမိတို့ကိုယ်ကိုယ် မိမိတို့ကောင်းစွာ ဆောက်တည်တဲ့ လူငယ် လူလတ် များလည်း နှင်းတို့ လူမှုအသိုက်အ၀န်းထဲမှာ များစွာရှိပါတယ်။ ၀မ်းသာ ဂုဏ်ယူဖွယ်ပါပဲ။ သတိပေးချင်တာကတော့ တစ်ကယ်တော့ အချစ်ဆိုတာဟာ တစ်ဘ၀လုံးမဟုတ်ပါဖူး အချစ် ဟာ ဘ၀ရဲ့ တစ်စိတ်တစ်ဒေသသာဖြစ်လို့ ပျောက်ဆုံးသွားတဲ့အချစ်တစ်ခုအတွက် ဘ၀တစ် ခုလုံးပျက်သုဉ်းသွားစရာ အကြောင်းမရှိပါဖူးလို့ နှင်းက လူငယ်၊ သူငယ်ချင်း၊ မိတ်ဆွေများကို သတိပေးချင်ပါတယ်။
မိမိက လူတစ်ယောက်ကို ချစ်မိရင် အလှ အချစ်နှင့် သိက္ခာတို့နဲ့ ပြည့်စုံသော ချစ်ခြင်းနှင့်သာ ထာဝရပိုင်ဆိုင် ချစ်နိုင်ကြပါစေလို့ ဆုတောင်းလျှက်...
နှင်း

{သရော်လှောင်ပြောင်ခဲ့လို့ ရုပ်ဆိုးသူ}

သူငယ်ချင်း၊ မိတ်ဆွေအပေါင်းတို့....
လောကမှာ လူ့အဖြစ်ကိုလည်း ရတယ်။ အင်္ဂါလည်း စုံတယ်။ အသိဥာဏ်နဲ့လည်း ပြည့်စုံတယ်ဆိုလို့ရှိရင် ၀မ်းမြောက်ဝမ်းသာ ရှိသင့်တာပေါ့။ အဲသည်လို ပြည့်စုံတဲ့သူများရှိသလို မပြည့်စုံတဲ့သူများလည်း ရှိတတ်ပါတယ်။ အဲသည်လို မပြည့်စုံသူများနဲ့ တွေ့ကြုံတဲ့အခါ သနားကြင်နာစိတ်နဲ့ နားလည်သည်းခံပေးရမှာ ဖြစ်ပါတယ်။ များသောအားဖြင့် သယ်နုသေးတဲ့သူများဟာ အဲသည်လိုရင့်ကျက်စွာ ခံစားတွေးတောလေ့ မရှိကြပါဘူး။ ကိုယ်က ဥာဏ်ကောင်းနေတယ်။ ကိုယ်နဲ့အတူ တစ်တန်းတည်းတက်နေတဲ့သူက ဥာဏ်မကောင်းဘူး။ ထုံထိုင်းနေတယ်ဆိုရင် ညံ့ရန်ကော အရန်ကောလို့ တွေးတတ်ကြပါတယ်။ အဲသည်လိုတွေးရုံသာမက သရော်တတ် ပြောင်လှောင်တတ်ပါတယ်။ အဲသည်လို သူတစ်ပါးညံ့တာကို သရော်တဲ့သူ ပြောင်လှောင်တဲ့သူဟာ ၀ဋ်လိုက်တာကို ခံရမှာ သေချာပါတယ်။ တစ်နည်းပြောရရင် မိမိကိုယ်နဲက စိတ်ကိုမထိန်းသိမ်းမိတဲ့အတွက် သူတစ်ပါးကို ၇ူတ်ချပြီး သူတစ်ပါးရဲ့ ချို့ယွင်းချက်ကို ကိုယ်ကပြောင်းပြီး ခံယူလိုက်သလို ဖြစ်တတ်ပါတယ်။
မြတ်စွာဘုရား လက်ထက်တော်ကလည်း ကျွတ်တန်းဝင်ရမယ့် နောက်ဆုံးဘ၀ကို ရောက်နေပြီဖြစ်တဲ့ အရှင်စူဠပန္ထက (မြန်မာများက အရှင်စုဠပန်လို့ ခေါ်ဆိုလေ့ရှိကြသည်)ဟာ အင်မတန်မှ ဥာဏ်ထုံထိုင်းခဲ့ပါသတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဘ၀တစ်ခုမှာ ဥာဏ်မကောင်းတဲ့ သူတစ်ယောက်ကို သရော်လှောင်ပြောင်ခဲ့လိုက ၀ဋ်လိုက်ပြီး သူကိုယ်တိုင် ဥာဏ်ထိုင်းသွားတာ ဖြစ်ပါသတဲ့။
အဲသည်ဇာတ်ကြောင်းကို ပြောရတာက အသိပညာနဲ့ပတ်သက်တဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အချင်းများမှာလည်း ပြည့်စုံတဲ့သူ မပြည့်စုံတဲ့သူဆိုပြီး ကွဲပြားခြားနားတတ်ပါတယ်။ ရိုး၇ိုးပြောရင် ဥာဏ်ထက်တဲ့သူ ဥာဏ်ထုံထိုင်းတဲ့သူဆိုပြီး ကွဲပြားတတ်ပါတယ်။ လောကမှာ ဘယ်အရာမှ အကြောင်းမဲ့ ဖြစ်မလာပါဘူး။ မကောင်းတာဟာ မကောင်းမှုပြုခဲ့လို့သာ ဖြစ်တယ်ဆိုတဲ့အကြောင်းကို လက်ခံထားဖို့လိုပါတယ်။
အခုဆက်ပြီးပြောချင်တာက လူတိုင်းစာ လှပချောမွေ့ချင်ကြတာပါပဲ။ အဲသည်လို လှပချောမွေ့တဲ့သူများဟာ အကြောင်းကောင်း အရင်းခံခဲ့တဲ့သူများ ဖြစ်ပါတယ်။ အကြောင်းဆိုးကို အရင်းခံမိတဲ့သူများခမျာကတော့ အရုပ်ဆိုးတတ်ပါတယ်။ လူမြင်ရင် မတင့်တယ်ဘူးပေါ့။ အဲသည်လိုလူမျိုးကိုများ အထင်သေး အပြစ်မြင် မဖြစ်ပါနဲ့။ သရော်လှောင်ပြောင်းတဲ့ အပြုအမှုများကို မပြပါနဲ့။ ကိုယ်လည်းအဲသည်လို မဖြစ်ချင်ဘူးလေ။ ပြီးတော့ သူတို့မှာ ရုပ်ကသာ အဲသည်လိုချို့ယွင်းနေတာ။ စိတ်ပိုင်းဆိုင်ရာ အားသာချက် များစွာရှိနိုင်ပါတယ်။
သူများကို သွားပြီးကဲ့ရဲ့မယ့်အစား မိမိတို့စာ အကြောင်းကောင်း အရင်းခံမိလို့ အခုဘ၀မှာ လှပတင့်တယ်နေတာပါကလား။ အဲသည်လို တင့်တယ်တဲ့ ဥပဓိနဲ့ အောင်မြင်ပြည့်စုံခြင်း များစွာကို ရယူနိုင်တဲ့ မိမိရဲ့ ကံကောင်းမှုကို ဆိုးမသွားအောင် စောင့်ရှောက်ရမှာပါကလားလို့ ဆင်ခြင်ပြီး စိတ်ကောင်းမွေးသင့်ပါတယ်။ အကြောင်းကောင်းကြောင့် ကောင်းတဲ့ အရည်အချင်းများနဲ့ ပြည့်စုံနေတဲ့အတွက် မောက်မာဖို့ မသင့်ပါဘူးကွယ်။
ဒီတစ်ပတ်မှာတော့ ခုဇ္ဇုတ္တရာလို့ အမည်တွင်တဲ့ အမျိုးသမီးကြီး တစ်ယောက်အကြောင်းကို ပြောပြချင်ပါတယ်။ သံသရာဆိုတာက ဘ၀ပေါင်းများစွာ ဆက်ကာဆက်ကာ ဖြစ်နေတတ်လေတော့ ဘ၀တစ်ခုခုမှာ စိတ်ထားမှားနဲက အပြုအဂမှားခဲ့ရင် အဲသည်ဝဋ်ကို နောက်ဘ၀များစွာမှာ ကျေလည်အောင် ခံရတတ်တယ်ဆိုတာကို နှင်းတို့ ဗုဒ္ဓဘာသာဝင်များ လက်ခံကြပါတယ်။ အကုသိုလ်ကကြီးမားလွန်းရင် နောက်ဘ၀တောင်မှ မကူတတ်ပါဘူး။ လူတွေပြောလေ့ရှိသလို ကာလ၀ိဘက် နောက်ပိုးတက်သတဲ့။ ဒီဘ၀မှာတောင် ချက်ချင်းဆိုးကျိုးပေးတတ်ပါတယ်။
ကိုင်းဝတ္တုကြောင်းကို ဆက်ကြရအောင်ပါ။ ခုဇ္ဇုတ္တရာဟာ ခါးကကုန်ကုန်းနဲ့ အင်မတန်ရုပ်ဆိုးသူတစ်ယောက် ဖြစ်ပါတယ်။ သူမွေးလာကတည်းက ခါးကုန်ကုန်းကလေးနဲက မွေးလာတာကြောင့် ခါးကုန်းမကလေးဥတ္တရာ အဓိပ္ပာယ်ရတဲ့ ခုဇ္ဇုတ္တရာဆိုတဲ့ အမည်ကို ပေးခဲ့ကြတာဖြစ်ပါတယ်။ သူဟာ နေ့စဉ်နေ့စဉ် ပန်းသည်ကြီးတစ်ဦးထံကိုသွားပြီး သာမာဝတီမိဖုရားအတွက် ပန်းဝယ်ပေးရပါတယ်တဲ့။ တစ်နေ့တော့ ပန်းဝယ်ဖို့လည်း ပန်းသည်ကြီးအိမ်ကိုသွားရော၊ ပန်းသည်ကြီးရဲ့ ပင့်ဖိတ်ချက်အရ မြတ်စွာဘုရားနဲ့ ရဟန်းတော်များဟာ ပန်းသည်ကြီးအိမ်မှာ သတင်းသုံးနေတော်မှုကြပါသတဲ့။ ပန်းသည်ကြီး ကခုဇ္ဇုတ္တရာရေ၊ ဒီကနေကတော့ ပန်းရောင်းဖဖို့မရှိတော့လို့ အမိကို ပန်းမရောင်းနိုင်တော့ဘူး။ အခုမြတ်စွာဘုရားနဲ့ သံဃာတော်များကို ဆွမ်းလုပ်ကျွေးမလို့။ အသင်ရော ဝေယျာဝစ္စကုသိုလ် ယူပါဦးလား။ သင့်ကိုလည်း ကျွေးမွေးပါမယ်။ သင်လည်းမြင့်မြတ်တဲ့သူများကို ဆွမ်းလုပ်ကျွေးတဲ့နေရာမှာ ကူညီရတဲ့ကုသိုလ်ကြောင့် အခုလို သူတစ်ပါးထ့မျာ ခစား ထမ်းရွက်နေရတဲ့ဘ၀က လွတ်မြောက်နိုင်တာပေါ့လို့ ပြောပါသတဲ့။
ခုဇ္ဇုတ္တရာကလည်း ပန်းသည်ကြီးပြောတဲ့အတိုင်း ဝေယျာဝစ္စကုသိုလ်ကို ယူခဲ့ပါသတဲ့။ သူဟာ ပန်းသည်ကြီးကိုကူညီပြီး ကျွေးတာကိုစားပြီး ပေါ့ပေါ့တန်တန်နေခဲ့တာ မဟုတ်ပါဘူး။ မြတ်စွာဘုရား ဟောကြားတဲ့တရားများကို အလုပ်လုပ်ရင်းက နားစွင့်နေတဲ့အတွက် ဟောကြားသမျှတရားတွေကို နူတ်တိုက်ရခဲ့ပါသတဲ့။ အဲဒါကြောင့် ကြီးကြီးက ပြောတာပေါ့။ ရုပ်က မလှသော်လည်း ကျန်တဲ့အစါမ်းနဲ့ ပြည့်စုံနိုင်ပါသေးတယ်ဆိုတာလေ။ ခုဇ္ဇုတ္တရာဟာ နေရင်းထိုင်ရင်း တရားနာရပြီး ကုသိုလ်ရတာ ဥာဏ်ပွင့်ပြီးနေရာက မြတ်စွာဘုရားဟောတဲ့ ဆွမ်းအနုမောဒနာ တရားကိုလည်း ကြားရရော တစ်ခါတည်း သောတာပတ္တိ မဂ်ဥာဏ် ဖိုလ်ဥာဏ် ရရှိကာ အရိယာသူတော်ကောင်းမအဖြစ်ကို ရောက်သွားခဲ့ပါသတဲ့။
ခုဇ္ဇုတ္တရာဟာ အဲသည်လို သောတာပန အရိယာမအဖြစ်ကို ရောက်ပြီးတဲ့နောက် နန်းတော်ကိုအပြင်မှာ ပန်း ၈ကျပ်ဖိုးဝယ်ပြီး ပြန်လာခဲ့ပါသတဲ့။ အရင့်အရင်နေ့များမှာက တည်းက သာမာဝတီတို အဆောင်အတွက် ပန်းဝယ်ဖို့ ငွေ ၈ကျပ်ထဲက ၄ကျပ်ကို သူကယူပြီး ၄ကျပ်ဖိုးပဲ ၀ယ်သွားလေ့ရှိခဲ့ပါသတဲ့။ သောတာပန်အရိယာ ဖြစ်လာတဲ့အခါမှာတော့ သူဟာ သီလကိုလုံခြုံအောင် ထိန်းသိမ်းတဲ့သူ ဖြစ်သွားပါပြီ။ အဲဒါကြောင့် ၈ကျပ်ဖိုးစလုံးအပြည့် ပန်းဝယ်သွားခဲ့တာ ဖြစ်ပါတယ်။ သာမာဝတီက ခုဇ္ဇုတ္တရာကို ပန်းတွေအများကြီးနဲ့ ပြန်လာတာမြင်တော့ မေးပါသတဲ့။ မင်းကြီးက ပန်းဖိုးပိုပြီးပေးလို့ ပန်းတွေ ဒီလောက်များနေ တာလားဆိုတဲ့ မေးခွန်းကို မေးတာဖြစ်ပါတယ်။
ခုဇ္ဇုတ္တရာဟာ မခိုးတော့သလို မလိမ်တော့ဘူးဆိုတာ သူဟာအရင်က ပန်းဖိုး ၈ကျပ်ထဲက ၄ကျပ်ဖိုးကိုသာ ၀ယ်ယူခဲ့ပါတယ်။ အခုတော့ ကျွန်မသည် မခိုးဝှက် မလိမ်လည်တော့ပါ။ ပန်းကို ၈ကျပ်ဖိုးအပြည့် ၀ယ်ခဲ့ပါတယ်လို့ ဖြေပါသတဲ့။ ဘာဖြစ်လို့ အဲသည်လို စိတ်ပြောင်း သွားရတာလဲလို့မေးတော့ ၀ယ်နေကျပန်းသည်ကြီးအိမ်မှာ မြတ်စွာဘုရားနဲ့ သံဃာတော်များ ကိုတွေ့မြင်ခဲ့ရသလို တရားလည်း နာခဲ့ရပါတယ်။ အဲသည်လို တရားနာခဲ့ပြီးတဲ့နောက် သီလကို မကျိုးပေါက်အောင် ထိန်းသိမ်းလိုစိတ် ပေါ်ပေါက်လာခဲ့ပါတယ်လို သာမာဝတီကို ပြောကြားခဲ့ပါသတဲ့။
သာမာဝတီနဲ့တကွ တစ်ဆောင်လုံးသော ရံရွေတော် ၅၀၀ကလည်း အမိရယ်၊ ကျွန်မတို့လည်း မြတ်စွာဘုရား ဟောကြားတဲ့တရားကို နာလိုပါတယ်လို့ တောင်းပန်ပါသတဲ့။ ခုဇ္ဇုတ္တရာက ကျွန်မကနိမ့်တဲ့နေရာမျာနေပြီး မြင်တဲ့နေရာက အရှင်မတို့ကို တရားစောလို့မရပါဘူးလို့ ပြောကြားတော့ သာမာဝတီမှူးရှိတဲ့ မိန်းမများက ခုဇ္ဇုတ္တရာကို မြင့်မြတ်တဲ့နေရာမှာထားပြီ သူ တို့က အောက်မှာထိုင်ကာ တရားနာကြပါသတဲ့။ တရားအဆုံးမှာ သာမာဝတီနဲ့တကွ ရံရွေတော်များပါ သောတာပန်အရိယများ ဖြစ်သွားကြပါသတဲ့။
အဲသည်နောက် ခုဇ္ဇုတ္တရာကို သာမာဝတီတို့က အခြားအလုပ်များကို မလုပ်ပါနဲ့တော့။ အပြင်ထွက်တိုင်း မြတ်စွာဘုရား ဟောကြားသော တရားများကို နာကြားခဲ့ပြီး အဆောင်မှာပြန် ပြီးဟောကြားတော်မှုပါလို့ တောင်းပန်ခဲ့ကြပါသတဲ့။ ခုဇ္ဇုတ္တရာကလည်း ရှေးက မကောင်းမှု များကြောင့်မကောင်းကျိုးကို ခံစားနေရပေမယ့် သူ့မှာ အင်မတန်မှ ထက်မြက်တဲ့ဥာဏ်ရှိပါသ တဲ့။ အဲသည်ဥာဏ်ကတော့ ကောင်းမှုတစ်ခုပြုခဲ့တဲ့ အကျိုးကြောင့်ဖြစ်တာပါပဲ။ ဆက်ပြီးပြော ရင်ရှင်းသွားပါလိမ့်မယ်။ အဲသည်လို ထက်မြက်တဲ့ဥာဏ်ရှိတော့ တစ်ခါနာပြီးတဲ့တရားကို အစမှအဆုံးအထိ ပြည့်စုံစွာ ပြန်လည်ဟောပြောနိုင်ပါသတဲ့။ အဲသည်လိုနဲ့ သာမာဝတိတို့ဟာ တရားကို အပြည့်အ၀ နာကြားခဲ့ကြရပါသတဲ့။
ခုဇ္ဇုတ္တရာဟာ ဘယ်လိုအကြောင်းကြောင့် သူတစ်ပါးစေခိုင်းတာကို လုပ်ရတဲ့ ကျွန်မဖြစ်ခဲ့ရ တာလဲဆိုတော့ ကဿပ မြတ်စွာဘုရားလက်ထက်မှာ ဘိက္ခူနီမတစ်ပါးကို သူ့ကိစ္စများလုပ် ပေးဖို့ စေခိုင်းခဲ့ဖူးပါသတဲ့။ အဲဒီလိုသူတော်ကောင်းကို ခိုင်းစေဖူးလို့ ဘ၀ပေါင်း ၅၀၀တိုင်တိုင် သူတစ်ပါးအမှုကိစ္စများကို လုပ်ပေးရတဲ့ကျွန်မ ဖြစ်ခဲ့ရပါသတဲ့။
ဘယ်လိုအကြောင်းကြောင့် ကုန်းကွတဲ့သူဖြစ်ရတာလဲဆိုတော့ မြတ်စွာဘုရား ပွင့်တော်မမှုမီ ခုဇ္ဇုတ္တရာအလောင်းအလျာ အမျိုးသမီးစာ ဗာရာဏသီမင်းရဲ့ နန်းတော်မျာ မောင်းမိသဿံ တစ်ယောက် ဖြစ်ခဲ့ပါသတဲ့။ မိဖုရားအငယ်စားတစ်ယောက် ဖြစ်ခဲ့တယ်လို့ ဆိုပါတော့လေ။ အဲ သည်လို မြတ်စွာဘုရား သာသနာမရှိတဲ့အချိန်မှာမှ ပွင့်တော်မှုတတ်တဲ့ အရှင်မစ္စေကဗုဒ္ဓါတစ် ပါးဟာ ဗာရာဏသီမင်းရဲ့ နန်းတော်ကို ဆွမ်းခံကြွတော်မှုလေ့ ရှိပါသတဲ့။ အရှင်မြတ်ဟာ ၀ဋ်ရှိတော်မှုတဲ့အတွက် ကုန်းကွတဲ့ ခန္ဓာကိုယ်ရှိပါသတဲ့။
ခုဇ္ဇုတ္တရာလောင်းလျာ မောင်းမဟာ အဲသည်အရှင်မြတ် ပြန်ကြွတော်မှုတဲ့အခါမှာ အရှင်မြတ်လို ကိုယ်ကိုကုန်းကွပြီး လမ်းလျှောက်ပြကာ ဟောသလို ဟောသလို ဆွမ်းခံတယ်လို့ ရယ်စရာ လုပ်ပြီး ပြသခဲ့ပါသတဲ့။ အဲသည်လို အကုသိုလ်အကြောင်းနှစ်ခုကြောင့် ကုန်းကွတဲ့ခန္ဓာကိုယ် နဲ့သူတစ်ပါးအလုပ်များကို စေခိုင်းတဲ့အတိုင်း လုပ်ပေးရတဲ့ ကျွန်အဖြစ်ကို ရောက်ခဲ့တာဖြစ်ပါ သတဲ့။
ခုဇ္ဇုတ္တရာစာ တစ်ခါကြားရုံနဲ့ တရားတော်အားလုံးကို နှုတ်ကိုက်ရနိုင်တဲ့အထိ ဥာဏ်ကောင်းရ တာကတော့ ကုသိုလ်ကောင်းမှုတစ်ခုကြောင့် ဖြစ်ပါတယ်။ အဲသည်ကောင်းမှုက ဗာရာဏသီ မင်းရဲ့ နန်းတော်မှာပဲ ပြုခဲ့တာဖြစ်ပါတယ်။ နန်းတော်ကို ဆွမ်းခံကြွတဲ့ အရှင်ပစ္စေကဗုဒ္ဓါများကို လောင်းလှူလိုက်တဲ့ ယာဂုများက ပူနေလို့ သပိတ်များလည်း ပူနေပါသတဲ့။ အဲသည်အ ကြောင်းကို သိလိုက်တဲ့ ခုဇ္ဇုတ္တရာအလောင်းအလျာဟာ ချက်ချင်းသူ့လက်ကောက်ရှစ်ကွင်းကို ချွတ်ပြီး တစ်ပါးကိုတစ်ကွင်ကျ ပေးလှူကာ သပိတ်အောက်ကခံပြီး သပိတ်ခြေအဖြစ် သုံးတော် မှုကြပါဘုရားလို့ လျှောက်ထားခဲ့ပါသတဲ့။ အဲသည်ကုသိုလ်ကောင်းမှုကြောင့် ခုဇ္ဇုတ္တရာဟာ ဥာဏ်ပညာထက်မြက်ရတာ ဖြစ်ပါသတဲ့။ လက်ကောက်များဟာ ရွှေစတဲ့သတ္တုနဲကလုပ်ထား တဲ့လက်ကောက် ဟုတ်ဟန်မတူပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရွှေဆိုရ အရှင်မြတ်များကို လှူလိုကမရပါဘူး။ ပြီးတော့လည်း ရွှေဆို၇င် သပိတ်ကအပူကကူးစက်ပြီး လက်ကောက်များ မှာပါ ပူသွားမှာ ဖြစ်ပါတယ်။ အခုတော့ မပူအောင် ခံထားလို့ရတယ်ဆိုတော့ အခြားသောပစ္စည်းများ ဥပမာ သစ်သား သားရေစသည်တို့ကို လှပအောင်ထွင်းပြီး ပြုလုပ် ထားတဲ့ လက်ကောက်များဖြစ်ဟန်တူပါတယ်။ သားတို့ သမီးတို့ သတိထားရမှာက မကောင်းတဲ့အမှုပြုခဲ့ရင် မကောင်းကျိုးရတတ်တယ်။ တစ်ခုနဲ့တစ်ခု သဘောချင်းမတူတော့ အကျိုးပေးတာချင်း မတူဘူး။ ဒါပေမဲ့ တစ်ပြိုင်နက်တည်း ဖြစ်တတ်တယ်လို့ ဆိုချင်ပါတယ်။
ခုဇ္ဇုတ္တရာဟာ နေ့စဉ်နေ့တိုင်း မြတ်စွာဘုရား တရားတော်ကို နာကြားပြီး သာမာဝတီမဖုရား အမှူးရှိတဲ့ နန်းတော်သူများကို ပြန်လည် ဟောကြားခဲ့ပါတယ်။ အဲသည်လို တရားနာပြီး ပြန်လည်စောကြားခဲ့တာနဲ့ပိဋကတ်သုံးပုံဆောင် တိပိဋကဓရ အမျိုးသမီးအဖြစ်ကို ရောက်ခဲ့ပါသတဲ့။ မြတ်စွာဘုရားရှင်ဟာ ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးနေတတော်မှု တဲ့အချိန်မှာ ဥပါသိကာများကို အစဉ်အတိုင်း ဧတဒဂ် ထားတော်မှုပါတယ်တဲ့။ ဧတဒဂ်ထားတယ်ဆိုတာက ဘယ်သူက ဘယ်လိုနေရာမှာ အသာဆုံးဖြစ်ပေတယ်ဆိုတာကို ပရိတ်သတ်အလယ်မှာ သတ်မှတ်ချီးကျူးတော်မှုတာ ဖြစ်ပါတယ်။ ခုဇ္ဇုတ္တရာကို အကြားအမြင် များကြတဲ့ ငါဘုရားရဲ့တပည့်မ ဥပါသိကာတို့အနက် ခုဇ္ဇုတ္တရာ ဥပါသိကာဟာ အသာဆုံး အ မြတ်ဆုံးဖြစ်ပေတယ်လို့ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်က မြွက်ကြားတော်မှုခဲ့ပါတယ်။
ခုဇ္ဇုတ္တရာဟာ မြတ်စွာဘုရားရှင် ကောသမ္ဗီပြည်မှာ သီတင်းသုံးနေတော်မှုစဉ်က တရားတော် ကိုနာကြားပြီး နန်းတော်ကိုပြန်ကာ သာမာဝတီအမှူးရှိတဲ့ နန်းတော်သူတို့ကို ပြန်လည်ပြီး ဟောပြောခဲ့တာ တရားပုဒ်ရေပေါင်း ၁၁၂ပုဒ်တောင်မှ ရှိပါသတဲ့။ အဲသည် တရားပုဒ်ရေ ၁၁၂ ပုဒ်ဟာ မြတ်စွာဘုရားရှင်ရဲ့ စကားတော်အစဉ်ဖြစ်တဲ့အတွက် နောက်ပိုင်းမှာ သင်္ဂါယနာတင် မထေရ်မြတ်တို့က က္ကုတိဝုတ္တက ပါဠိတော်ဆိုတဲ့အမည်နဲက သင်္ဂါယနာတင်တော်မှုခဲ့ကြပါ သတဲ့။
သူငယ်ချင်း၊ မိတ်ဆွေတို့ရေ...
တချို့ကတော့ လှပခြင်းနဲ့ပတ်သက်ပြီး တင်ပြတဲ့နေရာမှာဘုရားစာတွေကို ရေးနေတယ်လို ပြောကောင်း ပြောကြပါလိမ့်မယ်။ ဘုရားစာဆိုတာကလည်း လူအများအတွက် ဘယ်လိုအ လုပ်မျိုးကို လုပ်ရင် ကောင်းတာဖြစ်တယ်။ ဘယ်လိုအလုပ်မျိုးဆိုရင်တော့ မကောင်းတာဖြစ် တယ်ဆိုတာကို သတိပေးချင်လို့ ရေးလိုက်တာပါပဲ။ သရော်လှောင်ပြောင်စရာ ၇ယ်ပွဲဖွဲ့စရာ အဖြစ်နဲ့ တွေးပြီး နှုတ်ကထွက်ကာ သရော်ခဲ့တာတွေ အမှုအရာတုပလုပ်ပြပြီး လှောင်ပြောင်ခဲ့ တာတွေဟာ ကိုယ့်ကိုယ်မကောင်းတဲ့ အဖြစ်မျိုးဖြစ်အောင် တွန်းပို့နေတဲ့အကြောင်းဆိုးများ ဖြစ်စေတယ်ဆိုတာကိုလည်း သတိထားမိစေချင်ပါတယ်။ မိမိမှာ ရှိပြီးသားအလှကို မပျက်စေ ချင်ရင် သူများကို မသရော်ပါလေနဲ့။
ဒီဆောင်းပါးကို ဖတ်မိတဲ့သူများထဲမှာ အရုပ်ဆိုးတယ်လို့ မိမိကိုယ်ကို ထင်တဲ့သူများလည်း ပါပါလိမ့်မယ်။ ရုပ်မလှတာကို စိတ်လှအောင် အသိပညာနဲ့ ပြည့်ဝအောင် ကြိုးစားပါ။ ရုပ်မလှ ပေမဲ့ကိုယ်ရည်ကိုယ်သွေး တက်လာပါလိမ့်မယ်။ စိတ်ချမ်းသာလာပါလိမ့်မယ်။ စိတ်ပါ အဖိုးတန်မှ လူလည်းတန်ဖိုးမြင့်တာ ဖြစ်ပါတယ်။ နောက်ပြီး သူများကို မကောင်းစိတ်ထားပြီး ကောက်ကျစ်ယုတ်မာသူတွေဟာ သူများဒုက္ခရောက်တာနောက်မှပါ။ မိမိသာအရင်ဆုံး ရုပ်ဆိုးအကြီးတန်ပါတယ်။ သူတစ်ပါးကို လက်ညှိုးတစ်ချောင်းနဲ့ထိုးပြီး ကဲ့ရဲ့လိုက်တဲ့သူဟာ မိမိဘက်ကို လက်ညိုးလေးချောင်းလောက် ပြန်ထိုးနေတယ်ဆိုတာကိုတော့ သတိပြုစေချင် ပါတယ်။ နောက်ပြီး သူများကို မနာလိုစိတ်၊ စိတ်ယုတ်မာမွေးတဲ့သူတွေဟာ အင်မတန်မှပင်ပန်းလို့ သူများကိုဒုက္ခပေးသလိုနဲ့ မိမိစိတ်ကိုမိမိညှင်းပန်းနှိပ်စက်နေကြတာပါ။ ဒါကြောင့် သူငယ်ချင်း၊ မိတ်ဆွေအပေါင်းတို့လည်းသူများအကျိုပျက်စီး အောင်စိတ်ယုတ် စိတ်ညံ့မမွေးကြရဘူးနော်။ ဘာလို့လည်းဆိုတော့ မိမိမိတ်ဆွေသူငယ်ချင်းတွေ ကောင်းစား အဆင်ပြေနေရင် ကိုယ်တောင်မှ လိုအပ်ရင်အခက်အခဲတွေ့ရင် အကူအညီတောင်းလို့ ရသေးတယ်မဟုတ်လား။ မိမိမိတ်ဆွေ၊ သူငယ်ချင်းတွေကသာ အဆင်မပြေ၊ ဒုက္ခရောက်နေရင် မိမိကိုယ်တိုင်လည်း မပေးကမ်း၊ မကူညီနိုင်သလို၊ သူ့အတွက်ပါ စိတ်မကောင်း ဖြစ်နေရမယ်လေ။ ဒါကြောင့် သူတစ်ပါးအောင်မြင်ရင်၊ အဆင်ပြေရင်၊ ကိုယ့်ထက်တော်နေရင် မနာလိုစိတ်ထားတာမျိုး မဖြစ်ပါစေနဲ့။ သူကထက်ငါ တော်ရမယ်ဆိုတဲ့ မခံချင်စိတ်နဲ့သာ ကြိုးစားသွားမယ်ဆိုရင် တစ်နေ့ ကိုယ်အောင်မြင်ခဲ့ရင် မိမိအောင်မြင်ဖို့ ဖိအားပေးခဲ့တဲ့ ထိုသူသာလျှင် ကျေးဇူးရှင်ပါ။ နှင်းကမလှပေမဲ့ လူတိုင်းကို အမုန်းမထားဖူး ချစ်သောမျက်စိဖြင့် ကြည့်ပါတယ်။ စိတ်ထားလေး လှအောင်နေလိုက်ပါ။ အလိုလိုနေရင်း လူချစ်လူခင် ပေါလာပါလိမ့်မယ်။ တစ်ကယ်ဆိုရင် ရုပ်ချောမောလှပတာထက် ချစ်စရာကောင်းတာလေး တစ်ခုကတော့ စိတ်ထားလှပပြီး ဒုက္ခရောက်သူတွေကို တွေ့ရင်အားပေးကူညီတတ်တဲ့ နွေးထွေးသော ဂရုဏာစိတ်ထားလေးဟာ အင်မတန်လှပပြီး ချစ်စရာကောင်းလှပါတယ်။ နောက်ပြီး ရုပ်လှမှသာ ချစ်ကြ၊ ကြိုက်ကြမယ်ဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ အရုပ်ဆိုးအကျည်းတန်သူတွေ အကုန်လူပျို၊ အပျိုတွေ ဖြစ်ကုန်ကြတော့မပေါ့နော်။ ခုဆိုရင်နှင်းတို့လည်း နှင်းတို့ကိုယ်တိုင် တွေ့မြင်နေကြတာပဲလေ။ မသိသူတွေကသာ ဟာ ဒီတစ်ယောက်ရုပ်ဆိုးလိုက်တာ ဘာလို့ သူ့ကိုချစ်တဲ့သူပေါပါလိမ့် ထင်ကောင်း ထင်ကြပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ နှင်းတို့မသိတဲ့ အားသာချက် သူ့မှာရှိနေလို့ပေါ့။ နှင်းတို့ကသာမသိပေမယ့် သူ့ရဲ့ ထာဝရလှပနေတဲ့ စိတ်လေးကို ချစ်နေတဲ့ သူ့ချစ်သူကသိနေတယ်လေ။ ဒါကြောင့် စိတ်ထားလှတာကမှ တစ်ကယ့်ချစ်စရာလေးပါ။ ရုပ်လှတာဟာ မတည်မြဲသော အလှတွေ ဖြစ်သလို အချိန်အခါမရွေး ပျက်စီးပျောက်ဆုံးသွား နိုင်ပါတယ်။ စိတ်ထားလေးလှနေမှသာလျှင် မွေးသည်မှ သေသည်ထိ ပျောက်ပျက်မသွားနိုင်တဲ့ ထာဝရအလှလို့ နှင်းပြောချင်ပါတယ်။ ရုပ်ဆိုးသူများ အားမငယ်ကြပါနဲ့လို့ နှင်းအား ပေးချင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ နှင်းလည်း ရုပ်ဆိုးတယ်လေ။ သို့ပေမယ့် နှင်းကို ချစ်ခင်တဲ့ မိတ်ဆွေတွေ သိပ်ပေါပါတယ်။ နှင်းသူငယ်ချင်းတွေ နှင်းကို ခင်ကြတာ လှပတဲ့ စိတ်ထားလေးကိုပါ။ ဒါကြောင့်ပြောတာပေါ့ စိတ်လေးသာလှအောင်နေလိုက် အားလုံး အရာရာတိုင်းဟာ သူ့အလိုလိုလှပခြင်းများနဲ့ ပြည့်စုံလာမှာပါ မိတ်ဆွေ။
သူငယ်ချင်းမိတ်ဆွေများအားလုံး ရေလိုအေးလို့ ပန်းလေးလိုထာဝရ လန်းဆန်းနိုင်ကြပါစေလို့ ဆုတောင်းလျှက်...
တောင်ပေါ်သူလေးနှင်း

Sunday, November 2, 2008

# မောင့်မှာရဟန်းဖြစ်နေသောကြောင့် #

click to comment
နာရီကိုလှမ်းကြည့်တော့ ည (၁၂)နာရီ ထိုးနေလေပြီ။ ဦးသုမနအဖို့ ယနေ့ညအိပ်လို့ ရတော့ဟန်မတူ။ မဖြူဟူသော နာမည်လေးကို အထပ်ထပ်ရွတ်နေမိသည်။ ဒီလောက်လှပြီး ချစ်စရာ ကလေးမျက်နှာလေးနဲ့ မိန်းကလေးမျိုး လောကမှာ ရှိသေးပါလားဟူသော အတွေးနှင့်အတူ မျက်ခုံးမျက်လုံးလှလှ၊ နှာတံပေါ်ပေါ်၊ ပွင့်ကာစ နှင်းဆီပွင့်လေးကဲ့သို့ စုဖူးဖူးနီရဲနေသည့် နှုတ်ခမ်းအလှပိုင်ရှင် မဖြူ၏ မျက်နှာလေးက ထင်ထင်ရှားရှားကြီး ပေါ်လာသည်။
ကာယအလှမယ်ကဲ့သို့ အချိုးအဆစ် ပြေပြစ်လှသော သူမ၏ ကိုယ်ခန္ဓာအလှကိုလည်း ဦးသုမနတစ်ယောက် မေ့ပျောက်၍မရ။ တကယ်တော့ ဦးသုမနသည် ရည်ရွယ်ချက်ကြီးသော ရဟန်တစ်ပါးသာဖြစ်၏။ စာချတန်းအောင်သည်နှင့် မဂ်ဖိုလ်ရသည်အထိ တရားအားထုတ်မည်။
မိမိအတွက် စိတ်ချ ရသောအခါတွင်မှ တရားပြမည်၊ တရားဟောမည်။ စာရေးမည်ဟူ၍ ပိုင်းဖြတ်ထားသည်။ ယခု ရဟန်း သုံးဝါရနေပြီ။ စာချတန်းလည်း အောင်ခါနီးနေပြီ။ ထိုအချိန်တွင်မှ မဖြူဆိုသော ဆယ်တန်းကျောင်းသူ မိန်းကလေးတစ်ယောက်ကိုတွေ့ပြီး ရည်ရွယ်ချက်တွေ ဖျက်ပစ်ရမလို ဖြစ်နေသည်။
မည်သည့်ယောကျာ်း၊ မိန်းမဆို တစ်သက်သာတွင် တစ်ခါတော့ ချစ်စိတ် ပေါ်ပေါက်ကြသည်သာ ဖြစ်၏။ ဘ၀ါဘ၀က ဖူးစာဖက်ဟု ဆိုရပေလိမ့်မည်။ ဗုဒ္ဓလက်ထက်က ခုနစ်နှစ်သားသမီးအရွယ် ကတည်းက သောတာပန်တည်ခဲ့သော စူဠ၀ိသာခါအမည်ရှိ သူဋ္ဌေးသမီးသည် အရွယ်ရောက်သောအခါ သားသတ်သမား မုဆိုးကြီးတစ်ယောက် နောက်သီု့ မိမိဘာသာလိုက်သွားပြီး ဇနီးမယားအဖြစ် ပြုစုလုပ်ကျွေးနေခဲ့သည်။
အင်္ဂလန်မှ မင်းသားတစ်ယောက်သည်လည်း ထီးနန်းကို စွန့်ပြီး အမေရိကန်သူ မုဆိုးမတစ်ယောက်ကို ဇနီးမယားအဖြစ် ပေါင်းသင်းနေထိုင်သွားခဲ့ကြသည်။ ဤသို့ဖိုနှင့်မတို့၏ ချစ်စိတ်ပေါ်ရခြင်း၏ အကြောင်းနှစ်ခုကို ဗုဓမ္မပဒပါဠိတော်တွင် ဟောထားသည်မှာ-
ဗုဗ္ဗေ၀သန္နိဝါသေန၊
ပစ္စုပန္နဟိတေန ၀ါ၊
ဧ၀ံ တံဇာယတေပေမံ၊
ဥပ္ပလံဝယထောဒကေ။
အရင်ဘ၀က အတူတကွ ပေါင်းသင်းနေထိုင်ခဲ့ဘူးခြင်း ပစ္စုပ္ပန်ဘ၀၌ တစ်ယောက်အကျိုးတစ်ယောက် ဆောင်ရွက်ခြင်း၊ ဤအကြောင်းနှစ်ပါးကြောင့် အချစ်ဆိုသော သဘောတရားသည် ပေါ်ပေါက်လာရသည်။ ကြာပန်းသည် ရေနှင့် ရွှံညွန်နှစ်ခုကို အကြောင်းပြုပြီး ပေါ်ပေါက်လာသကဲ့သို့ တည်းဟူ၍ ဖြစ်သည်။ ယခုလည်း ရှေးအတိတ်ဘ၀က ဦးသုမနနှင့် မဖြူတို့သည် အတူတကွ နေထိုင်ဘူးသော အကြောင်းရှိ၍လော မဆိုတတ်၊ ဦးသုမနကား အစွဲလမ်းကြီး စွဲလမ်းနေပေပြီ။ ညက အိပ်မပျော်သော်လည်း မနက်ကား စောစောနိုးသည်သာဖြစ်၏။ အကြောင်းကာ မဖြူတိုအိမ်ကို ဆွမ်းခံ မြန်မြန်ကြွချင်နေသောကြောင့်တည်း။
မဖြူနှင့်မတွေ့မီက ဆွမ်းခံမကြွမီ ပါဠိတော် နိဿယ တစ်ခေါက်ပေါက်အောင် လှည့်သည်။ ပြီးမှ ရေချိုးပြီး ဆွမ်းခံထွက်သည်။ ယခုတော့ စာချဆရာတော်ပြောမှာ ကြောက်၍သာ စာလိုက်၇သည်။ စိတ်က စာထဲမှာမရှိ။ မဖြူနှင့်တွေ့ပါစေ။ တွေ့လျှင် ဘယ်လို စကားတွေပြောလိုက်မည် စသည်တို့ကို စိတ်ကူးရင်း စာဝါချိန်ပြီးသွားသည်။
စာဝါပြီးသည်နှင့် ရေချိုးကာ သင်္ကန်းရုံပြီး ဆွမ်းခံစောစော ထွက်လိုက်သည်။ ဆွမ်းမရချင်နေ မဖြူနှင့်တွေ့ရရင်ပြီးရောဟူသော စိတ်က ဘယ်ကဘယ်လို ပေါ်လာသည်ကို ဦးသုမနကိုယ်တိုင်မသိ၊ မဖြူတို့အိမ်ရှေရောက်ပါပြီ။ ရဟန်းတို့ ၀ိနည်းစည်းကမ်းက မြို့ရွာထဲကြွလျှင် ရှေ့ကို လေးတောင်ခန့်သာ ကြည့်ရသည်။
ဦးသုမနသည် လေးတောင်ခန့်သာ ကြည့်ပါသည်။ မဖြူတို့ အိမ်မရောက်မီက လက်လေးတောင်သာ ရှေ့ကိုကြည့်ခဲ့သော်လည်း မဖြူတို့အိမ်ရှေ့ရောက်သည်နှင့် ရိုးရိုးလက်လေးတောင်မဟုတ်ဘဲ မန္တလေးတောင်၊ စစ်ကိုင်းတောင်၊ ရန်ကင်းတောင်၊ ပုပ္ပားတောင်တို့ ဖြစ်ကုန်တော့သည်။
မဖြူဘယ်နားရှလေသနည်း ဟူသော အတွေးဖြင့် အိမ်ဝိုင်းအတွင်း အထက်အောက် အရပ်လေးမျက်နှာကို မျက်စိကစားပစ်လိုက်သည်။ အပေါ်ထပ် လသာဆောင်ပေါ်မှ မဖြူကလည်း အောက်ဘက်သို့ လှမ်းအကြည့် ဦးသုမနအကြည့်ကလည်း အပေါ်သို့ရောက်အသွား လမ်းခုလတ်မှာ အကြည့်ခြင်းဆုံသွားကြသည်။
နှစ်ဦးလုံး၏ နူတ်ဖျားမှ လှပသော အပြုံးပန်းလေးတစ်ပွင့်စီ ပွင့်သွားကြသည်။ မဖြူရင်ထဲ ရှိန်းကနဲ ဖြစ်သွားသလို ဦးသုမနရင်ထဲတွင်လည်း သိမ့်ကနဲ ဖြစ်သွားသည်။ အလွန်အမင်းလိုချင်နေသော အပြုံးပန်းတစ်ပွင့်ကို အလွယ်တကူ ရရှိလိုက်သောကြောင့် နှစ်သက်ချမ်းမြေ့မှု ပီတိဇောများက ဦးသုမနတစ်ကိုယ်လုံး ပြည့်ကျပ်လို့သွားသည်။
အပေါ်ထပ်မှ အပျိုဖြန်းမလေး မဖြူမျာလည်း သူ့ရင်ဘတ်ကို လက်ဝါးနှစ်ဖက်ဖြင့် ခပ်ဖွဖွလေးအုပ်ထားရင်း ငါဘယ်လိုဖြစ်ပါလိမ့်။ ရင်တွေကလည်း ခုန်လိုက်တာ မနေ့ကမှစတွေ့တဲ့ ကိုယ်တော်တစ်ပါးကို ငါဘာဖြစ်လိုက တအားခင်သွားပါလိမ့်။ ငါဟာ ယောကျာ်းလေးတွေကို မခင်တတ်ပါဘူးဟူသော အတွေးနှင့်အတူ အောက်ထပ်သို့ ဖြေးဖြေးခြင်း ဆင်းလာမိသည်။
လှေခါးအောက်ဆုံးထစ် ရောက်သောအခါ အိမ်ရှေ့ဧည့်ခန်းထဲသို့ ခပ်စောင်းစောင်း လှမ်းကြည့်လိုက်သည်။ ဘဲဥပုံကျသော မျက်နှာနှင့် ၀ါဝင်းသော အသားအရေတို့ကို နီညိုရောင်သင်္ကန်းလေးဖြင့် ပုံဖော်ထားသည်မှာ မြင်ရသူအားလုံးအတွက် အကြည်ညိုတက်စရာပင် ဖြစ်၏။ ထူထဲသောမျက်ခုံး၊ ပေါ်လွင်သော နှာတံ၊ ပိပိယိယိ နူတ်ခမ်းအစုံပိုင်ရှင် ဦးသုမန၏ နုနယ်ပျိုမြစ်သောအလှကို အဖြူတစ်ယောက် တမေ့တမော ကြည့်နေမိသည်။
အို-ကိုယ်တော်တစ်ပါး အပေါ်မှာ ငါဒီလိုစိတ်တွေ အပေါ်သင့်ဘူးဟု ကိုယ့်ကိုယ်ကို ဆုံးမကာ သူမအိပ်ခန်းထဲသို့ ကမန်းကတန်းဝင်သွားမိသည်။ ရှက်စိတ်ကြောင့် ဆွမ်းပင် ထွက်မလောင်းရဲတော့။ မေမေလောင်းလိမ့်မယ်ဟူသော အတွေးနှင့်အတူ အပြင်ဘက်က အသံများကို နားစွင့်နေမိသည်။
ဟော-အပြင်ဘက်က မေမေ့အသံနှင့် ကိုယ်တော်၏ အသံကို ကြားနေရပြီ။
“သြော်-မဖြူက ဆွမ်းလောင်းပါဆိုတာ ဘယ်ထွက်သွားပြန်တယ် မသိဘူး။ အရှင်ဘုရားရောက်နေတာ အတော်ကြာပြီလားဘုရား”
“မကြာသေးပါဘူး၊ ဒါယိကာမကြီး”
“အရှင်ဘုရား။ မနေ့ကမှ ဆွမ်းခံအိမ် လာဖိတ်ထားတာ မဟုတ်လား”
“ဟုတ်ပါတယ်၊ ဒါယိကာမကြီး”
“အရှင်ဘုရား၊ ဇာတိကကော”
“မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ကပါ”
“အရှင်ဘုရားက မန္တလေးသားပဲ၊ အခု ရန်ကုန်မှာ စားလိုက်ရတာ အဆင်ပြေရဲ့လားဘုရား၊ လိုတာရှိရင်ပြောပါဘုရား၊ တပည့်တော်တို့ တက်နိုင်သောလက် လှူပါမယ်”
“အဆင်ပြေပါတယ် ဒါယိကာမကြီး ၊ လိုတာရှိရင်လည်း ပြောပါ့မယ်”
ဒေါ်ခင်ဝင်းက ဆွမ်းလောင်းသပိတ်ကပ်ပြီး ဦးချရင်းဖြင့်
“အရှင်ဘုရား ရဟန်းခ့ပြီးပြီလား”
“ပြီးပြီ ဒါယိကာမကြီး၊ အခု ရဟန်းသုံးဝါရနေပြီ”
“အင်း...ထင်တော့ထင်သား၊ သေချာအောင် မေးကြည့်လိုက်တာ၊ ဒါဆိုရင်လဲ ဦးပဉ္ဖင်းလို့ပဲ ခေါ်ရတော့မှာပေါ့။ ဦးပဉ္စင်း မျက်နှာက နုနုငယ်ငယ်လေး ဆိုတော့ မသိရင် ကိုယ်ရင်လေးလို့ထင်စရာပဲ”
အပြင်ဘက်က စကားသံဆုံးသည်နှင့် အိပ်ခန်းထဲမှ မဖြူတစ်ယောက် သူလိုရာ ဆွဲတွေးနေမိပြန်သည်။ “သုံးဝါဆိုတော့ (၂၃)နှစ်ပေါ့။ ဒါဆိုရင် ငါ့ထက် ငါးနှစ်လောက်ကြီးတယ်။ ယောကျာ်းနဲ့မိန်းမ ယောကျာ်းက အသက်ကြီးတာ ကောင်းပါတယ်။ ဒါမှ ငါကသူ့အပေါ် နွဲ့ဆိုးဆိုးလို့ရမှာ၊ ဟင် မဟုတ်သေးပါဘူး။ ငါဘာတွေလျှောက်တွေးနေပါလိမ့်။ ငရဲတော့ ကြီးတော့မယ်ထင်ပါတယ်” ဟု ကိုယ့်ကိုယ်ကို မနဲကြီး ဆုံးမလိုက်ရလေသည်။
.

အခန်း (၂)

မနက်ခင်းက မဖြူထံမှ၇ခဲ့သည့် အပြုံးပန်းပွင့်လေးသည် ဦးသုမနအတွက် ဘယ်သောအခါမှ နွမ်းယိသွားမည်မဟုတ်။ အမြဲတမ်း လန်းဆန်းနေမည်သာ ဖြစ်သည်။ ယခုလည်း ညသန်ခေါင် ရောက်သည်အထိ ထိုအပြုံးပန်းပွင့်လေးကို အထပ်ထပ်အခါခါ နမ်းရူပ်နေမိသည်။
မိုးမြန်မြန်လင်းပါစေဟုသာ ဆုတောင်းနေ မိသည်။ ဆွမ်းခံကြွမှသာလျှင် မဖြူနှင့် တွေ့နိုင်သည် မဟုတ်ပါလား။ အချစ်စိတ် ဒီဂရီတွေ ဘယ်လောက်ပင် မြင့်တက်ပါစေ၊ ရဟန်းတစ်ပါးအနေနှင့် ဆွမ်းခံချိန်မှတစ်ပါး ရပ်ကွက်ထဲ မသွားသင့်ဟူသော ကန့်သတ်ချက်ကိုကား ဦးသုမန လိုက်နာပေသည်။
အရင်က ဆွမ်းခံကြွခါနီးလျှင် မေတ္တာသုတ်ပ၇ိတ် သုံးခေါက်ရွတ်သည်။ ယခုမရွတ်နိုင်တော့။ မဖြူ၊ မဖြူဟူသော အမည်လေးကိုသာ အထပ်ထပ်အခါခါ ရွတ်နေမိသည်။ မျက်လွှာချသွားခြင်း ဖြစ်သဖြင့် လမ်းတစ်လျှောက်လုံး မြေကြီးကိုသာ မြင်သွားရပေမည်။ ဤကာသာမာန် လူများအတွက် ဖြစ်၏။ အချစ်နတ် ဖမ်းစားခြင်း ခံနေရသော သီးသုမန၏ မျက်စေ့ထဲတွင်ကား လမ်းမြေပြင်တစ်လျှောက် မဖြူ၏ လှပသော မျက်နှာလေးကိုသာ မြင်နေရသည်။
မဖြူတို့အိမ်ရှေ့ အရောက်တွင်ကား ဦးသုမနအတွက် အချိုရှာ သကာတွေ့လေပြီ။ အိမ်ရှေ့တွင် မဖြူတစ်ယောက် ပဲပြုတ်ဝယ်နေသည်ကို တွေ့လိုက်ရသည်။ ကျောင်းစိမ်းဝတ်စုံလေးက သူမ၏ ရှိပြီးသားအလှကို အရောင်တင်ပေးသကဲ့သို့ရှိသည်။ ဦးသုမနအိမ်ထဲသို့ တန်းမ၀င်နိုင်သေးဘဲတစ်ရိုက်မက်မက် ရပ်ကြည့်နေမိသည်။
မဖြူက ဦးသုမနကို မြင်သော်လည်း ချက်ခြင်းပြန်ကြည့်ရုံသည်အထိ သတ္တမရှိ၊ ထို့ကြောင့် မမြင်ဟန်ပြုကာ ပပြုတ်ကိုသာ ပြီးအောင်ဝယ်နေလိုက်သည်။ ထုံးစံအတိုင်း ဦးသုမနကို မြင်လိုက်သည်နှင့် ရင်တွေကခုန်လာပြီ က္ကုနြေ္ဒရှင်မိန်းကလေးမို့ ပြန်ကြည့်ချင်စိတ်ကို မျိုသိပ်နေခြင်းသာ။
ကုလားထိုင်မှာထိုင်ပြီးသည်နှင့် မဖြူကို စတွေ့ကတည်းက သူမ မျက်နှာမှာ အမြဲတပ်ထားသော မျက်မှန်လေးကြောင့် မျက်စိအားနည်းလို့ ထင်တယ် ဟူသောအတွေးဖြင့် သနားစိတ်လေးတစ်ခုပါ ပိုနေမိသည်။ သေချာသိအောင်လည်း မေးကြည့်ချင်သည်။
ချောမောလှပပြီး က္ကုနြေ္ဒရှိသော မိန်းကလေးတစ်ယောက်ကို ခင်မင်ဖို့မဆိုထားနှင့် စကားပြောဖိုီ့ပင် သိပ်မလွယ်ပေ။ ထို့ကြောင့်လည်း မဖြူနှင့် စကားပြောဖို့ရန် အခွင့်အလမ်းကို ဦိးသုမနစဉ်းစားနေသည်။ ယောက်ျားမာယာက မိန်းမထက်သာသည်မို့ အကြံကောင်း ဥာဏ်ကောင်းက ချက်ခြင်းပေါ်လာသည်။ ထို့ကြောင့်လည်း ပဲပြုတ်ဝယ်ပြီး ပြန်လာမည့် မဖြူကို သေချာ စောင့်ကြည့်နေ မိသည်။ မဖြူဝင်လာပြီး ဦးသုမန အချိန်ဆွဲမနေတော့။
“မဖြူ.....ဦးပဉ္စင်း ရေတစ်ခွက်လောက် သောက်ချင်တယ်”
“တပည့်တော် ခပ်ပေးပါ့မယ် ဘုရား”
မဖြူက ပဲပြုတ်ပန်ကန်လေးကို နောက်ဖေးကို အမြန်သွားပို့ကာ သောက်ရေကို ဖန်ခွက်ဖြူဖြူလေးထဲထည့်ပြီး အောက်ခံ ပန်ကန်ပြားပေါ်တင်လာကာ ဦးသုမနကို ကပ်လိုက်သည်။ ရှက်ရွံ့တတ်သော မိန်းကလေးပီပီ ဦးသုမနကို မကြည့်ရဲ ကြမ်းပြင်ကိုသာ စိုက်ကြည့်နေသည်။
သနပ်ခါးရေကျဲပါးပါးလေးအောက်မှ ဖြူဝင်းစိုနေသောနဖူး၊ နှာတံနှင့် ပါးမို့မို့လေးများ၊ အကြောစိမ်းလေးများ မြင်နေရသည့် လည်တိုင်လေးများကို အနီးကပ် မြင်လိုက်ရသောအခါ ဦးသုမနသည် ပြောရမည့်စကားတို့ပင် မေ့ပျောက်သွားက် တဒဂ်မှင်သက်သွားမိသည်။ ရေကိုလည်း မသောက်မိသေး။
အတန်ကြာတော့ ဦးသုမန ရေသောက်ပြီးလောက်ပြီအထင်နှင့် မဖြူက ဖန်ခွက်ကိုယူရန် မော့ကြည့်လိုက်ရာ သူမကို စိုက်ကြည့်နေသော ဦးသုမနနှင့် မျက်လုံးချင်း ဆုံသွားကြ၏။ အဖြူမျက်နှာတွင် ပန်းရောင်ပြေးသွားကာ “အို” ဟူသော မပွင့်တပွင့် အသံလေးနှင့်အတူ အောက်ကို ကမန်းကတန်း ပြန်ငုံ့သွားသည်။
ထိုအခါကျမှာ ဦးသုမနမှာလည်း ဥပုသ်သည်ပိုး သူခိုးလူမိ ဖြစ်သွားကာ အားနာပါးနာနှင့် မျက်လွှာကို ကမန်းကတန်း အောက်ချလိုက်ရသည်။ ဦးသူမနမှာလည်း ရှက်သွားသဖြင့် ဖန်ခွက်ကိုကိုင်ကာ ဘာမှ မပြောနိုင်ဖြစ်သွားသည်။ မိန်မတို့က္ကုနြေ္ဒ ရွှေပေးလို့ မရသလို ရဟန်းတို့ က္ကုနြေ္ဒသည်လည်း စိန်ပေးလို့မရပေ။ က္ကုနြေ္ဒရှင် နှစ်ဦးတို့ ချစ်ခင်ရင်းနှီးမှုရဖို့ကာ ခက်လှဘိတောင်း။
မိမိတို့အလှကို နှစ်သက်သောသူကို သဘောမကျသော မိန်းကလေးဟူ၍ မရှိပေ။ ထို့ကြောင့်လည်း မဖြူက ပြုံးပြုံးလေဖြင့် မော့ကြည့်ကာ
“ဦးပဉ္စင်း ရေဘုဉ်းပေးလေ“
ဟုသတိပေးလိုက်သောအခါ ဦးသုမနမှာ အယောင်ယောင် အမှားအမှားဖြင့်
“မဘုန်းပေးချင်ပါဘူး”
ဟုဖြေလိုက်၏။ ထိုအခါ မဖြူက အံ့သြသော မျက်နှာလေးဖြင့်
“ဟင်...တပည့်တော်ကိုတော့ ရေခပ်ခိုင်းပြီး“
ဟု လျှောက်လိုက်သောအခါ ဦးသုမနမှာ သူ့စကား မှားသွားမှန်း သတိရသွားသဖြင့်
“အဲ.....အဲ.......ဟုတ်ပါဘူး၊ ဘုဉ်းပေးမှာပေါ့”
ဟု ပြင်ပြောပြီး ရေကို မော့သောက်လိုက်လေသည်။ ပြီးလျှင် နှစ်ယောက်သား တိုးညှင်းစွာ ရယ်မိကြသည်။ လွတ်လပ်စွားရယ်မောခြင်းသည် လူစိမ်းနှစ်ယောက် ခင်မင်လွယ်သော အကောင်းဆုံး နည်းလမ်းတစ်ခုပင် ဖြစ်၏။ ဦးသုမနက စမေးရသည်။
“မဖြူ ဘယ်အတန်းဖြေမှာလည်း”
“ဆယ်တန်းပါဘုရား”
“မျက်လုံးအားနည်းတယ်ထင်တယ်၊ ကြာပြီလား”
“နှစ်နှစ်ကျော်လောက်ပဲ ရှိသေးတယ်ဘုရား”
“ဦးပဉ္စင်းဆီမှာ မျက်လုံးအားပြန်ကောင်းပြီး မျက်မှန်လွတ်တဲ့ နည်းကောင်းတစ်ခုရှိတယ်။ သူကနည်းက တစ်သက်လုံး ကျင့်သွား၇မှာ ကြာလေကောင်းလေပဲ၊ မဖြူကျင့်ကြည့်မလား”
“မျက်လုံးသာ အားကောင်းလာမယ်ဆိုရင် ဘယ်လိုလေ့ကျင့်ရ လေ့ကျင့်ရပါ ပြောပြပါဘုရား”
“ဦးမဉ္စင်း ရဲ့ ကိုယ်တွေ့နည်းပါ၊ ဦးပဉ္စင်းကိုယ်တိုင် အသက်(၁၉)နှစ်လောက်က မဖြူလိုပဲ မျက်လုံးအားနည်းလာတယ်၊ စာကြည့်တာနဲ့ ဇက်ကြောတွေတအားတက်ပြီး မျက်ရည်တွေကျလာတယ်။ မျက်စိ ဆရာဝန်နဲ့ပြကြည့်တော့ ဒီဂရီမျက်မှန်တပ်ရမယ်လို့ ပြောတော့တာပဲ”
“ဦပဉ္စင်းက စာပေသမားဆိုတော့ မျက်မှန်လွတ်ကျင့်နည်းဆိုတဲ့ စာအုပ်တစ်အုပ်ကို ရှာဝယ်လိုက်တယ်။ နောက်မန္တလေးမြို့က ကျမ်းပြုစာချအကျော် ဆရာတော် ဦးကောဝိဒါဘိဝံသ သက်တော်(၇၀)ကျော်မှ မျက်မှန်လွတ်သွားတဲ့ ကျင့်စဉ် အကြောင်းကိုလည်း ဆောင်းပါးတစ်ပုဒ်ထဲမှာ ဖတ်လိုက်ရတယ်”
တစ်ခါမဟာစည်ဆရာတော် ဘုရားကြီးရဲ့ သွားကိုက်ပျောက်ကျင်စဉ် တစ်ခုကိုလည်း ရလိုက်ပြန်တယ်။ ဒီသုံးနည်းကို ပေါင်းစပ်ပြီး ကျင့်လိုက်တာ အခုဆိုရင် ဦးပဉ္စင်းစာ ဘယ်လောက်ကြည့်ကြည့် ဇက်ကြော မတက်တော့ဘူး။ မျက်ရည်ပူလည်းမကျတော့ဘူး၊ မျက်မှန်လည်း မတပ်ရတော့ဘူးပေါ့”
“တပည့်တော် အတော်စိတ်ဝင်စားသွားပြီဘု၇ား၊ ပြောပါ တပည့်တော်လည်း စွဲစွဲမြဲမြဲ လေ့ကျင့်ပါ့မယ်”
“ပထမဆုံး အိပ်ယာက နိုးပြီးပြီးချင်း မျက်နှာကို အရင်မသစ်ရဘူး၊ ခြေထောက်နှစ်ဖက်လုံး ဒူးအထက်ကနေပြီး ရေသုံးခါက်စီလောက် လောင်းပေးရမယ်၊ ဒါက တစ်ကိုယ်လုံးမှာ ပြန့်နှံ့နေတဲ့ အပူခိုးတွေကို ခြေထောက်ရောက်သွားအောင ဆွချလိုက်တာပါ”
“အိပ်ယာကထလာတာနဲ့ အပူတွေက တစ်ကိုယ်လုံးမှာ နှံ့နေတာပါ။ ဒီအချိန်မှာ အရင်ကထုံးစံအတိုင်း မျက်နှာကို အရင်သစ်လိုက်မယ်ဆိုရင် ရေနဲ့ထိပြီး အေးသွားတဲ့ မျက်နှာတစ်ပြင်လုံးကို တစ်ကိုယ်လုံးက အပူတွေ အကုန်ပြေးလာကြပါတယ်။ ဒါကြောင့် မျက်စိကို တစ်ကိုယ်လုံးက ရှိတဲ့ အပူခိုး၊ အပူငွေ့တွေက လာရိုက်တော့တာပေါ့”
“သေချာသိချင်ရင် မျက်နှာသစ်ပြီးတာနဲ့ မှန်ထောင်ကြည့်လိုက်ပါ။ မျက်စိနှစ်လုံးစလုံး ရဲနေတာ တွေ့ရလိမ့်မယ်။ အဲဒီလို အပူခိုးတွေရိုက်ပါများလာတဲ့အခါ ဒီမျက်စိကမှုန်ပြီး အားနည်း သွားတာပဲပေါ့”
ဒါ့ကြောင့် အပူခိုးတွေ မျက်စိမသွားဘဲ အောက်ရောက်သွားောအင ခြေထောက်ကိုအရင်ေ၇လောင်းရတာပေါ့။ ဒူးကနေရေလောင်းပြီးတဲ့ အခါမှာလည်း ချက်ခြင်း မျက်နှာမသစ်ရသေးဘူး။ ချိုင်းကြားနှစ်ဘက်မှာ ကပ်ကျန်နေတဲ့ အပူခိုးတွေ ထွက်သွားအောင် မတ်တပ်ရပ်ပြီး လက်နှစ်ဘက်ကို ခေါင်းပေါ်မြှောက်တင်လိုက အောက်ချလို့နဲ့ အနည်းဆုံး အကြိမ်နှစ်ဆယ်လောက် လုပ်ပေး၇မယ်”
“အဲဒါပြီးတဲ့အခါ တက်နေတဲ့ ဇက်ကြောတွေ လျှော့သွားအောင် ခေါင်းကို နောက်ကျောဘက် ရောက်နိုင်သလောက် လှန်ချရမယ်။ ရှေ့ကိုလည်း ရသလောက် ငုံ့ရမယ်။ ဒါကလည်း အကြိမ် ၂၀ လောက်ပေါ့။ ပြီးရင် ခေါင်းကို ဘယ်ညာ အခါ ၂၀ လောက် လှည့်ပေးရမယ်။ ဒီလေ့ကျင့်ခန်းသုံးခုပြီးတာနဲက တစ်ကိုယ်လုံးမှာ ရှိတဲ့ အပူခိုးတွေ ခြေထောက်ကတစ်ဆင့်ထွက်နေတာ ကုန်သွားပါပြီ”
“သေချာသိချင်ရင် ခြေထောက်ကို စမ်းကြည့်လိုက်ပေါ့။ ရေတစ်စက်မှ မရှိတော့ဘဲ ခြောက်နေတာ တွေ့ရလိမ့်မယ်။ အဲဒီကျတော့မှ မျက်နှာကို ဆပ်ပြာနဲ့ သေချာသစ်ရမယ်။ သွားမတိုက်၇သေးဘူး။ ပါးစပ်ကို ပိတ်ထားရမယ်။ မျက်နှာသစ်ပြီးတာနဲ့ မျက်နှာသုတ်ပုဝါနဲ သုတ်ပေတော့”
ဒီအချိန်မှာ မျက်နှာမှာရှိတဲ့ မွှေးညှင်းပေါက်တေါ အကုန်ပွင့်သွားတာပေါ့။ အဲဒီကျတော့မှ သွားတိုက်ရမယ်၊ သွားတိုက်ရင်းနဲ့သွားကြို သွားကြားမှာရှိတဲ့ အခိုးအငွေ့တွေဟာ မျက်နှာကိ မွှေးညှင်းပေါက်များမှ တစ်ဆင့် ထွက်ကုန်တာပေါ့။ ဒီနည်းက အပူကြောင့်ဖြစ်တဲ့ သွားကိုက်ရောဂါကို ကြိုတင်ကာကွယ်တဲ့နည်းပါ။ မဟာစည် ဆ၇ာတော် ဘုရားကြီး ညွှန်ပြတာပေါ့။
“ဘာမှ ခဲယဉ်းတာ မပါပါဘူး၊ ဘုရားတပည့်တော် လေ့ကျင့်ပါ့မယ်”
“နောက်....အစားအစာနဲ့ ပတ်သတ်ရင်တော့ အရည်ရွှမ်းတဲ့ လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေကို ဦးစားပေးပြီးစားရမယ်။ နောက်ပြီး အစားအစာကို စားတဲ့အခါမှာလည်း အာဟာရဖြစ်တဲ့ ကြေလွယ်တဲ့ အစားအစာကို ဦးစားပေးပြီး စားရမယ်”
ထိုအချိန်မှာပင် ဒေါ်ခင်ဝင်းလည်း အနားသို့ ရောက်လာပြီး ဦးသုမနကို ဦးချလိုက်ကာ
“ဟော.....မဖြူက ဦးပဉ္စင်းကို ဆွမ်းမလောင်းပဲ ဘာတွေမေးနေတယ် မသိဘူး”
ဟုပြောလိုက်ရာ မဖြူက
“ဦးမဉ္စင်းက မျက်မှန်လွတ် မျက်စိအားကောင်းတဲ့ နည်းတွေပြောပြနေတာ မေမေရဲ့ သိပ်စိတ်ဝင်စားစရာ ကောင်းတာပဲ” ဟုပြောလိုက်ပြီး ဦးသုမနကို ကျေးဇူးတင်သော မျက်လုံးလေးများနှင့် ကြည့်နေသည်။ ဒေါ်ခင်ဝင်းက
“ဆုံးမပါဘုရား၊ ဦးပဉ္စင်းတပည့်မက ညဆိုမီးနဲ့စာ အရမ်းကြည့်၊ အရမ်းရေးတာ ဒါ့ကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်မှန်တပ်နေရတာ”
ဟုပြောလိုက်သဖြင့် ဦးသုမနက
“ဖြစ်နိုင်ရင် နေ့ဘက်ကို ဦးစားပေးပြီး စာကြည့်သင့်တယ်၊ ညဘက်တော့ နည်းနည်းပဲကြည့်ပေါ့။ ပျံလွန်တော်မှုသွားပြီဖြစ်တဲ့ စစ်ကိုင်း၊ ရွှေဟသာင်္တောရ ဆရာတော် ဘုရားကြီးဆိုရင် အသက် တစ်ရာကျော်အထိ စာကြည့်နိုင်သေးတယ်။ ၁၀၂ နှစ်ကျမှာ ပျံတော်မှုတာ၊ အဲဒါ ညဘက်မီးနဲက စာမကြည့်လို့လို့ ဆရာတော်ကြီးက အမိန့်ရှိတယ်။”
သူ့အတွက် အချိန်တော်တော်ကုန်သွားသည်ကု သတိထားမိသွားသော မဖြူက
“ဦးပဉ္စင်း ဆွမ်းခံနောက်ကျနေဦးမယ်ဘုရား” ဟုလျှောက်လိုက်မှ ဦးသုမန ရှေ့ဆက်ကြွဖို့ သတိရတော့သည်။

အခန်း (၃)

ယခုလဆိုလျှင် ဦးသုမန ရန်ကုန်ရောက်တာ (၁)နှစ်ကျော်လာခဲ့ပြီ။
ရက်တွေ၊ လတွေ ကြာလာသည်နှင့်အမျှ က္ကုနြေ္ဒရှင် နှစ်ဦးတို့၏ ရင်မှ အုံပုန်းအချစ် တို့သည်လည်း ကြီးမားမှန်းမသိ ကြီးမာလာကြသည်။ စောင့်ထိန်းရမည့် သိက္ခာတရားကြောင့် သူတို့၏အချစ်ကို မျက်စေ့ဖြင့်သာ ပြသခဲ့ကြသည်။
ယနေ့လည်းကြည့်ပါ။ ဦးသုမနသည် မနေ့က သွေးလှူပြီး ရခဲ့သော ဆယ်ကြိမ်မြောက် သွေးလှူရှင် တံဆိပ်လေးကို ငွေရောင်ဗူးလေးဖြင့် သေချာထည့်နေသည်။ ငွေဗူးလေးပြင်ဆင်ပြီးသည်နှင့် သင်္ကန်းရုံပြီး ဆွမ်းခံစောစော ထွက်ခဲ့သည်။ မဖြူနှင့် တန်းတွေ့ပါစေဟုလည်း အကြိမ်ကြိမ်ဆုတောင်းမိသည်။ ထိုအချိန်တွင် မဖြူကလည်း ခပ်စောစောကတည်းက ဖီးလိမ်းပြင်ဆင်၍ ဦးသုမနကို တိုက်ပေါက်ဝက မျှော်လျက်ရှိသည်။
ဦးပဉ္စင်းငယ်ငယ်လေးများ တွေ့တိုင်း ထွက်ထွက်ကြည့်ရတာလည်း အမောဖြစ်နေသည်။ စိတ်ချင်းအဆက်အသွယ် ဖြစ်သည်ကား အံ့သြစရာကောင်းပေစွ။ ထိုအချိန်မှာပင် ဦးသုမနက ခပ်စောစောပင် လမ်းထဲသို့ဝင်လာရာ မဖြူက တိုက်ပေါက်ဝမှ အပြုံးဝေဆာစွာဖြင့် လှမ်းမျှော်ကြည့်နေသည်။ သူတို့နှစ်ဦး၏ အပြုံးနှင့် အကြည့်တို့က လမ်းမှာပင် အကြိမ်ကြိမ်ခလုတ်တိုက်မိကြသည်။
တိုက်ပေါက်ဝရောက်သည်နှင့် မဖြူက လက်အုပ်လေးချီပြီး ဦးသုမနကို လျှောက်သည်။
“တပည့်တော် အစောကြီးကတည်းက ဦးပဉ္စင်းကို မျှော်နေတာ”
“ဦးပဉ္စင်းကလည်း မဖြူနဲ့တန်းတွေ့ပါစေလို့ အစောကြီးကတည်းက ဆုတောင်းလာတာ”
မဖြူက အံ့သြသော မျက်နှာလေးဖြင့်
“ဦးပဉ္စင်းက ဘာဖြစ်လို့ အဲဒီလို ဆုတောင်းလာတာလဲ”
“မဖြူကရော ဘာဖြစ်လို့ အစောကြီး မျှော်နေတာလည်း”
“ဟင့်အင်း၊ ဦးပဉ္စင်းအရင်ဖြေရမယ်”
“အင်း...ဒါဆိုရင်လည်း ဖြေရမှပေါ့”
ဟုဆိုကာ သပိတ်ကို စားပွဲပေါ်တင်ပြီးသည်နှင့် အိတ်ထဲမှ ငွေဗူးလေးကို ထုတ်ယူလိုက်သည်။ ပြီးတော့ မဖြူမျက်နှာလေးကို ကြည့်ကာ
“မဖြူကို ထူးထူးခြားခြား မွေးနေ့လတ်ဆောင် တစ်ခု ပေးချင်လို့ မဖြေူမွေးနေက ဘယ်နေ့လဲ”ဟုမေးလိုက်ရာ မဖြူက ၀မ်းသာမှုအရှိန်ဖြင့် မျက်နှာလေး ၀င်းထိန်သွားကာ
“မနက်ဖြန် မေလ(၁)ရက်နေ့မှာ တပည့်တော်မ အသက် (၁၉)နှစ်ပြည့်မှာလေ”
ဟုဖြေလိုက်သည်။ ဦးသုမနက
“အတော်ပဲပေါ့၊ အဲ့ဒါ မဖြူအတွက် ဦးပဉ္စင်း အမြတ်နိုးဆုံး မွေးနေ့လတ်ဆောင်”
ဟုဆိုကာ မဖြူကို ကမ်းပေးလိုက်သည်။ မဖြူက ၀မ်းသာအားရ ငွေဗူးလေးကို ဖွင့်လိုက်ရာ ဆယ်ကြိမ်မြောက် သွေးလှူရှင် အသဲပုံတံဆိပ် ရင်ထိုးလေးကို တွေ့လိုက်ရသည်။
မဖြူက တံဆိပ်လေးကို အမြတ်တနိုးကိုင်ကြည့်ရင်း
“ဦးပဉ္စင်းရယ်၊ ကိုယ့်သွေးနဲ့ ရင်းရတဲ့ ဒီပစ္စည်းမျိုးကို သူတစ်ပါးကို မပေးသင့်ဘူး၊ ကိုယ်ကိုယ်တိုင်ပဲ သိမ်းထားသင့်တယ်”
“မဖြူက သူတစ်ပါးမှ မဟုတ်ဘဲ”
ထိုစကားလုံးသည် ဦးသုမန၏ နူတ်မှ ဘယ်လိုထွက်သွားသည် မသိ။ နှလုံးသားမှ လာသော စကားဆိုသည်ကို ဦးသုမန လက်တွေ့ကြားဘူးခြင်းပင် ဖြစ်ပါ၏။ “မဖြူက သူတစ်ပါးမှ မဟုတ်တာဘဲ” ဟူသော ဦးသုမန၏ စကားအဓိပ္ပာယ်ကို မဖြူချက်ခြင်း နားမလည်။
“မဖြူက သူတစ်ပါးမှ မဟုတ်ရင်...”
ဟူသော စကားသံနှင့်အတူ သုံးရက်လ၊ ခုံးမျက်စလေးကို အပေါ်မြှင့်တင်လျက် တွေးတောနေသည်။ သူဆိုလိုသည့် အဓိပ္ပာယ်ကို အဖြူချက်ခြင်း သိသွားမှာကိုလည်း ဦးသုမနစိုးရိမ်သည်။ ထို့ကြောင့် မဖြူဆက်မတွေးဖြစ်အောင် စကားကို လမ်းကြောင်းပြောင်း ပေးလိုက်သည်။
“မဖြူ ဦးပဉ္စင်းကို စောင့်နေတဲ့ အကြောင်းကို ပြောပါဦး”
“သြော်...အဲ့ဒါကမှပိုပြီး ၀မ်းသာစရာကောင်းမှာ ဦးပဉ္စင်းတပည့်တော်ကို သေချာကြည့်စမ်းပါ၊ ဘာထူးခြားနေသလဲလို့”
မဖြူက ပြုံးချိုနေသော နူတ်ခမ်း၊ အရည်လဲ့နေသော မျက်လုံးကြီးများဖြင့် ဦးသုမနကို စိုက်ကြည့်ပြီး မေးခွန်းထုတ်လိုက်သည်။ အတန်ကြာသည်အထိ ဦးသုမနထံမှ အဖြေထွက်မလာသောအခါ မဖြူက-
“ဦးပဉ္စင်းက သတိမထားမိဘူး ထင်တယ်၊ တပည့်တော် မျက်နှာမှာ မျက်မှန်မပါတော့ဘူးလေ”
“သြော်-ဒါလား၊ ဒါကိုတော့ သတိထားမိတာပေါ့၊ ခဏချွတ်ထားတာ မဟုတ်ဘူးလား”
“မဟုတ်ဘူး၊ အမြဲတန်းကို ချွတ်ထားလို့ရပြီ၊ ဦးပဉ္စင်း ပြောတဲ့အတိုင်း လေ့ကျင့်လိုက်တာ မျက်စိပြန် အားကောင်းသွားပြီလေ၊ ဦးပဉ္စင်းကို သိပ်ကျေးဇူးတင်တာပဲ”
ဦးသုမန၏ မျက်နှာမှာလည်း ၀မ်းသာမှု အရှိန်ကြောင့် ၀င်းထိန်လို့သွားသည်။
“ဦးပဉ္စင်း ၀မ်းသာလိုက်တာ မဖြူရယ်၊ ပြောထားတဲ့အတိုင်း အမြဲတန်းသာ ဆက်လေ့ကျင့်သိလား၊ ကြာလေ၊ မျက်စေ့က ပိုကြည်လာလေ ဖြစ်သွားလိမ့်မယ်သိလား”
“တပည့်တော် ဆက်ကျင့်မှာပါ၊ ပြီးတော့ လျှောက်စရာ နောက်တစ်ခု ကျန်သေးတယ်”
“ဘာများပါလိမ့်“
“ဦးပဉ္စင်းကို တွေ့တဲ့နေ့ကစပြီး အိမ်ကရသမျှ မုန့်ဖိုးတွေကို တပည့်တော်စုထားတယ်၊ (၁)နှစ်ပြည့်တဲ့အခါမှာ ဦးပဉ္စင်း ဘာပဲလိုလို လိုတဲ့ပစ္စည်းကို လှူမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ အဲဒါအခု (၁)နှစ်ပြည့်လို့ ငွေတွေကို မေမေ့ကို ပြပြီး တိုင်ပင်ကြည့်တော့ ပရိက္ခရာရှစ်ပါး အပြည့်အစုံဝယ်ပြီး ဦးပဉ္စင်းကို သိက္ခာထပ်ပေါ့လို့ ပြောတယ်”
အရွယ်နှင့်မမျှအောင် ကြီးမားသော မဖြူ၏ စေတနာနှင့်သဒ္ဒါတရားကို ဦးသုမနသြချ၍ ယူရတော့သည်။ မဖြူ၏ စကားအတွက် ဦးသုမနမှာ ၀မ်းသာဝမ်းနည်း ဖြစ်ရသည်။ ၀မ်းသာသည်က မဖြူတစ်ယောက် သူ့အပေါ်တွင်ထားသော စေတနာ မေတ္တာကို သိခွင့်ရခြင်းကြောင့်ပင် ဖြစ်ပေသည်။
ဝမ်းနည်းသည်က သူ လူ့ဘ၀ပြောင်းခဲ့လျှင် ပစ္စည်းလေးပါး အလှူရှင် ရဟန်းဒကာ၊ ဒကာမများဖြစ်လာကြမည့် မဖြူ၏မိဘများကို မျက်နှာပူစရာကောင်းသောကြာင့် ဖြစ်သည်။ ထို့ကြောင့်လည်း -
“ဦးပဉ္စင်းမှာ အဲသလောက် မလိုအပ်ပါဘူး၊ မဖြူအတွက် လိုတာကိုသာ သုံးပါ”ဟုပြောမိသည်။ မဖြူက မရ။
“အို-တပည့်တော်က စစုကတည်းက ဦးပဉ္စင်းဖို့ပဲ မှန်းစုတာ၊ တပည့်တော် အတွက်လည်းမပါဘူး၊ တခြားသူအတွက်လည်း မပါဘူး”
ဟု ခါးခါးသီးသီး ငြင်းဆန်ပါတော့သည်။ ဦးသုမန ဘာတတ်နိုင်ပါမည်နည်း၊ မဖြူစိတ်ချမ်းသာဖို့ အဓိကမဟုတ်ပါလား၊ နောက်ဆုံးတော့ ခေါင်းငြိမ့်ခွင့် ပြုလိုက်ရသည်သာ ဖြစ်ပါ၏။