Wednesday, October 22, 2008

TIENS ကျန်းမာရေးအထောက်အကူပြုစက်ကိရိယာများ

click to comment
Tiens Acupoints Health Care Apparatus
ထုံးပေါင်အကြောနှိပ် ကိရိယာ (Sales Prices - 115200)
*ထူးခြားချက်များ
• Tiens ထုံးပေါင်အကြောနှိပ်ကိရိယာသည် တရုတ်အပ်စိုက်ပညာရပ်အား အခြေခံပြီး ခေတ်မီနည်းပညာများနှင့် ပေါင်းစပ်ကာ ငွေအပ်ကဲ့သို့ အကျိုးသက်ရောက်မှုရှိသော လူတိုင်းအသုံးပြုနိုင်ရန် ဖန်တီးထုတ်လုပ်ထားသော ကိရိယာဖြစ်သည်။
• လက်တွေ့စမ်းသပ် တွေ့ရှိချက်များအရ ၁၀နှစ် သက်တမ်းရှိပြီဖြစ်သော ထုံးပေါင်အကြောနှိပ်ကိရိယာမှာ အပ်စိုက်ကုသမှုထက် ၉၈%အကျိုးထိရောာက်မှုရှိ ကြောင်း တွေ့ရှိရပါသည်။ ထုံးပေါင်၏ ထပ်ဖျားမှ အပ်သည် သံလိုက်ပြားငယ်ပါဝင်ပြီး ထုံးပေါင်ကိုယ်ထည်မှလာသော ဓာတ်အားနှင့် သံလိုက်ဓာတ်ပေါင်းစည်းပြီး ဇီဝလျှပ်စီးအားကို ထုတ်လွှတ်ပေးသည်။ ထုံးပေါင်၏ လျှပ်စစ်အားမှာ ကိုယ်တွင်းရှိ ပိတ်ဆို့နေသောအကြောများကို ထုံးပေါင်ကိုယ်ထည်ရှိ ခလုတ်ဖါင့်ခြင်းအားဖြင့် ထိရောက်စွာပွင့်စေသဖြင့် လွန်စွာအသုံးဝင်ကြောင်းတွေ့ရှိရသည်။
• ထို့ကြောင့် ထုံးပေါင်အား နတ်အပ်ဟု တင်စားခေါ်ဝေါ်ပြီး အနောက်နိုင်ငံများမှ ဆရာဝန်များ၊ ပညာရှင်များနှင့် ဝေဒနာရှင်များမှာ အလွန်နှစ်သက်စွာ လက်ခံ အသုံးပြုကြသည်ကို တွေ့ရှိရသည်။
• Tiens ထုံးပေါင်အကြောနှိပ် ကိရိယာသည် လူတိုင်းကျန်းမာရေးအတွက် မရှိမဖြစ်ဆောင်ထားသင့်သော ကိရိယာဖြစ်ပြီး နိုင်ငံတကာမှ အထူးနှစ်ခြိုက်စွာ မှာယူသုံးစွဲနေကြတာ အလွယ်တကူ အသုံးပြုနိုင်သော စက်ကိရိယာပစ္စည်းတစ်ခုပင် ဖြစ်သည်။

* ထုံးပေါင်အကြောနှိပ်ကိရိယာ၏ စွမ်းဆောင်ချက်များ
• ထုံးပေါင်အကြောနှိပ်ကိရိယာဖြင့် သတ်မှတ်ထားသည့် ပွိုင့်နေရာများအားထောက်ပြီး ကုသပါက အအေးမိရောဂါ၊ လေပြွန်နှင့်သက်ဆိုင်သည့် ရောဂါများ၊ သွေးတိုးရောဂါ။ အစာအိမ်နှင့် သက်ဆိုင်သည့်ရောဂါများ၊ မျက်နှာပိုင်း၊ ကိုယ်ပိုင်း၊ ခါးအောက်ပိုင်းတွင်ရှိသော အာရုံကြောများ နာကျင်ကိုက်ခဲခြင်း၊ လေးဘက်နာ၊ ဂေါက်ရောဂါ၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ညောင်းညာခြင်း။ ကိုယ်အပူချိန်တက်ခြင်း၊ ကိုယ်တွင်း ဇီဝလည်ပတ်မှု ဖြစ်စဉ်မှန်ကန်စေရန် ပြုပြင်ပေးခြင်း၊ အဆိတ်အတောက်ရှင်းထုတ်ပေးခြင်း။ အကြောအချဉ်များဖွင့်ပေးခြင်း။ နာကျင်ကိုက်ခဲမှုဝေဒနာအား သက်သာစေခြင်း၊ သွေးမှ အဆီဓာတ်များကို ကျစေခြင်း၊ လေဖြန်းခြင်း။ ကိုယ်တစ်ပိုင်းသေခြင်း စသည့်ရောဂါ ဝေဒနာများကို သက်သာပျောက်ကင်းစေပါသည်။



* ထုံးပေါင်၏ အားသာချက်များ
• ထုံးပေါင်ကို အသုံးပြုကုသခြင်းဖြင့် ငွေအပ်ကုသခြင်းကဲ့သို့ ကူးစက်ရောဂါများအတွက် စိုးရိမ်ရန် မလိုအပ်တော့ပါ။ ထုံးပေါင်၏ လျှပ်စီးမှုမှာ ကိုယ်အတွင်းသိုက ၆စင်တီမီတာမှာ ၈စင်တီမီတာအနက်ထိ ရောက်ရှိနိုင်ပြီး အကြောအတွင်း ဖြစ်ပေါ်နေသော ပြသနာများကို ကောင်းစွာ ပြုပြင်ပေးသည်။ ခန္ဓာကိုယ်ပေါ်ရှိ အကြောပွိုင့်များအား လိုအပ်သလိုထောက်ပြီး ခံစားနေရသည့် ဝေဒနာများကို ကုသနိုင်သည်။
• အသုံးပြုရလွယ်ကူပြီး ငွေအပ်ဖြင့် ကုသသကဲ့သို့ အာနိသင်ရှိသည်။ ငွေအပ်ဖြင့် စိုက်ပြီး အသုံးပြုသူမှာ အပ်စိုက်မကျွမ်းကျင်သူများ အသုံးပြုပါကလည်း အန္တရာယ်မရှိပါ။ ပြင်ပမှ လျှပ်စစ်အား မလိုအပ်သဖြင့် နေရာဒေသမရွေး သယ်ဆောင်ပြီး အသုံးပြုနိုင်သည်။
• ပြင်မမှဓာတ်အားသွင်းပေးစရာ မလိုအပ်ပေ။
• အရွယ်အစားသေးငယ်သဖြင့် သယ်ဆောင်ရလွယ်ကူခြင်း၊ အရေပြားအတွင်းသို့ ပေါက်ဝင်သွားခြင်းမရှိသဖြင့် ရောဂါ ကူးစက်မှုများ စသည့်အန္တရာယ် မဖြစ်နိုင်ပါ။
• အသုံးပြုပုံမှာ လွယ်ကူပြီး သင်ယူရလွယ်ကူသည့်အတွက် လူတိုင်းစိတ်ချစွာ အသုံးပြုနိုင်သည်။
• ကမ္ဘာပေါ်တွင် ပထမဦးဆုံး တီထွင်ဖန်တီးထားခြင်းဖြစ်သည်။
• ထုံပေါင်နှင့် ခံစားနေရသောဝေဒနာများကို ကုသစဉ် ဓာတ်စာနှင့် တွဲဖက်စားသုံးပါက ကုသပါက ပိုမိုကောင်းမွန်စေပါသည်။




*ထုံးပေါင်အကြောနှိပ်ကိရိယာအားအသုံးပြုပုံ
အဓိက အသုံးပြုပုံ နည်းလမ်း(၃)မျိုးမှာ ဖိထောက်ထားခြင်း၊ ထောက်ထားသည့်နေရာမှ ဘယ်ညှာလှည့်ပေးခြင်း၊ စက်ပေါ်ရှိ ခလုတ်ဖွင့်ပြီး သံလိုက်ဓာတ်ဖြင့် အကြောဖွင့်ပေးခြင်း တို့ဖြစ်သည်။

# ဖိထောက်ထားခြင်း
ထုံးပေါင်အကြောနှိပ်ကိရိယာအား ကိုယ်ပေါ်ရှိအကြောမှတ်ပေါ်တွင် ဖိထောက်ထားရမည်။ ဖိထားသည့် စိုက်အားကိုမှု ဝေဒနာရှင်၏ကျန်းမာရေးအခြေအနေပေါ်မှုတည်ပြီး ခံနိုင်ရည်ရှိသည့်အလျှောက် အသုံးပြုရမည်။
#ဘယ်ညာလှည့်ပြီး အသုံးပြုခြင်း
ထောက်ထားသည့်အမှတ်မှ ဘယ်ညာသို့လှည့်ပြီး အသုံးပြုနိုင်ပါသည်။
#ခလုတ်ဖွင့်ပြီး အသုံးပြုခြင်း
ကိုယ်ပေါ်ရှိအမှတ်တွင် ၁မိနစ်မှ၃မိနစ်အထိ ထောက်ထားပြီးနောက် ဖွင့်လိုသည့် အကြောမှတ်နေရာတွင် ထုံးပေါင်ရှိ ခလုတ်အား ၁ချက်မှ၂ချက်ထိနှိပ်ပြီး အသုံးပြုခြင်းဖြင့် အကြောပွိုင့်များအား ကောင်းစွာဖွင့်ပေးကာ ထိရောက်မှုကို မြန်ဆန်စေပါသည်။

*အသုံးများသော အဓိကအကြောပွိုင့်နေရာများ
၁။ လည်ပင်းကျောရိုးပိုင်းနှင့်သက်ဆိုင်သည့်ရောဂါ
ပုံ(၁)ပါအတိုင်းထောက်ပါ။ အလည်ကျောရိုးမှတ်များကိုမှု အောက်မှအပေါ်သို့ တစ်ပွိုင့်ချင်းစီ ထောက်သွားပေးရမည်။ ဘေးရှိပွိုင့်များထောက်ရာတွင် ထုံးပေါင်နှစ်လက်ဖြင့်ထောက်လျှင် အကျိုးသက်ရောက်မှု ပိုမြန်စေသည်။

၂။ ပခုံးနာကျင်ကိုက်ခဲခြင်း၊ လက်မောင်းနာခြင်း၊ လက်လှုပ်ရှားမရခြင်းနှင့် သွေးတိုးခြင်း
ပုံ(၂)ပါအတိုင်း ထောက်၍ ကုသခြင်းနှင့် ဘယ်ညာလှည့်ပြီး ကုသခြင်းကို အသုံးပြုနိုင်သည်။ ဦးခေါင်း အောက်ဘက်ရှိ ပွိုင့်နှင့်တတောင်ကွေးရှိပွိုင့်မှာ သွေးတိုးအတွက် ထောက်နိုင်သည့် ပွိုင့်လည်းဖြစ်သည်။

၃။ ဒူးခေါင်းဆစ်ရိုးကိုက်ခြင်း
ဂုံညှင်းရိုးအောက်ရှိ ချိုင့်ရာဘယ်ညာရှိ ချီရန်အမှတ်။ ဂုံညှင်းရိုးအောက် အလည်တည့်တည့်ရှိ ကျူစန်းလီအမှတ်နျင့် ဘယ်ညာ ချီရန်နှစ်မှတ်ကို ပုံ(၃)ပါအတိုင်းထောက်ခြင်းဖြင့် ကုသ နိုင်ပါသည်။

၎။ သွေးတိုးခြင်း
လက်မနှင့်လက်ညိုးဘေးရှိ ဟော်ကူပွိုင့်နှင့် ပုံ(၄)ပါ အမှတ်အတိုင်းထောက်ပါ။

၅။ ပုံ(၅)တွင် ဖော်ပြထားသော မျက်နှာပြင်ပေါ်ရှိ အမှတ်များသည် ခေါင်းကိုက်ခြင်း၊ မှုးဝေခြင်း၊ ထိပ်ကပ်နာဖြစ်ခြင်း၊ မျက်နှာလေဖြန်းခြင်း၊ အမြင်အာရုံမကြည်လင်ခြင်း၊ နှာခေါင်းပိတ်ခြင်း၊ နားအူခြင်း၊ အိပ်မပျော်ခြင်း၊ လေပြွန်ရောင်ခြင်း၊ သတိလစ်ခြင်း၊ ခါးနာခြင်း၊ မျက်နှာ၊ ပါးနှင့် မေးကြောများ နာကျင်ခြင်း၊ သွားကိုက်ခြင်းနှင့် သွားဖုံးရောင်ခြင်းများအတွက် ထောက်ခြင်းနှင့် ဘယ်ညာလှည့်ခြင်းနည်းကို အသုံးပြုနိုင်သည်။

*အထူးသတိပြုရန်
• သွေးကြောမကြီးများ ခုန်နေသည့် နေရာများကို ခလုတ်နှိပ်ခြင်း မပြုလုပ်သင့်ပေ။
• မျက်လုံးအိမ်အတွင်းနှင့် နှလုံးတွင် နှလုံးခုန်စက်ထည့်ထားသည့်သူများ၊ အရိုးကျိုးပြီး စတီးချောင်းတပ်ဆင်ထားသူများ ထိုအစိတ်အပိုင်းများတွင် ထုံးပေါင်ဖြင့် မထောက်သင့်ပါ။ ခလုတ်မနှိပ်သင့်ပါ။
• လေဖြန်းသူသည် ထုံးပေါင်နှင့်ကုသစဉ်အတောအတွင်း ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများးကို ပူးတွဲလုပ်ဆောင်ပါက အကျိုးထိရောက်မှု ပိုမိုမြန်ဆန်သည်။




click to comment
Physical Therapeutic Apparatus for Cervical Spondylosis
လည်ပင်း၊ကျောရိုးနာဝေဒနာကုထုံးဆိုင်ရာပစ္စည်းကိရိယာကျီးပေါင်းစက်(Sales price -22800 k)

* ထူးခြားချက်
• လည်ပင်း၊ ကျောရိုးဆစ်သည် ဦးနှောက်နှင့်နှလုံးကို ဆက်ပေးထားပြီး လူ၏အသက်နှင့် ရှင်သန်ခြင်းအတွက် များစွာအရေးပါသည်။ ကျောရိုးမကြီးသည် လူ့ခန္ဓာကိုယ်အား အလွယ်တကူ ဟန်ချက်ပျက်စေနိုင်သော အစိတ်အပိုင်းဖြစ်သည်။ အရိုးဆစ်တွင်ချပ်ပြားဝိုင်းများသည် ကျောရိုးမကြီးတည်ငြိမ်ရေးနှင့် ဆက်စပ်နေသည်။ ၄င်းအရိုးချပ်ပြားဝိုင်းများအား လှည်းဘီးပုံ တွယ်ဆက်တစ်သျှူးဖြင့် ၀န်းရံထားသည်။ ကျောရိုးဆစ်အတွင်း ချပ်ပြားဝိုင်းသည် ပျော့ပြောင်းပြီး ကားတာယာကဲ့သို့ ကျောရိုးမကြီးအား သက်တောင့်သက်သာဖြစ်အောင် ထောက်မပေးထားပြီး အလေးအပင်မခြင်းနှင့် အပြင်းအထန် လှုပ်ရှားမှုများကို ဆောင်ရွက်နိုင်သည်။
• ကျောရိုးမကြီးသည် ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်း တော်တော်များများနှင့် တွယ်ဆက်နေမှုကြောင့် ၄င်းတွင်တစုံတရာ ပြသနာရှိလာပါက ကိုယ်တစ်ခြမ်းသေသည်အထိ ဖြစ်လာနိုင်သည်။ လည်ပင်းကျောရိုးတလျှောက် ပင်ပန်းထိခိုက်ပြီး အိုမင်းလာချိန်တွင် လည်ပင်းရိုး၏ ပုံအနေအထားမှာ စတင်ပြောင်းလဲလာနိုင်သည်။
• အရိုးကျီးပေါင်းတက်ခြင်း၊ အရိုးလွခြင်း။ နူးညံ့သည့်အစိတ်အပိုင်းများ ထိခိုက်မိခြင်း၊ သွေးကြောများအား ဖိမိခြင်း၊ အာရုံကြောနှင့် အခြားအစိတ်အပိုင်းမှတဆင့် လည်ပင်းတလျှောက်နှင့် ပခုံးတလျှောက်တွင် တောင့်တင်းခြင်း၊ နာကျင်ခြင်း၊ လှုပ်ရှားရ မလွယ်ကူခြင်း၊ လည်ပင်း တစ်ခြမ်းနာခြင်း၊ ဦးနှောက်အတွင်း အောက်ဆီဂျင် မလုံလောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဦးနှောက်သို့ သွေးအလုံအလောက်မရခြင်း၊ ခြေလက်များ ထုံကျင်ခြင်း၊ အုံးလွဲခြင်း၊ နားအူနေခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ အိပ်မပျော်ခြင်း။ မျက်စိအမြင်အာရုံ ချို့ယွင်းခြင်း၊ ခန္ဓာကိုယ်၏ စွမ်းဆောင်ရည်များ ကျဆင်းခြင်းတို့ ဖြစ်ပေးလာနိုင်ပါသည်။
• အစာအိမ်နှင့် သက်ဆိုင်သည့် ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ အားအင်ချိနဲကခြင်းတို့အပြင် ရူပ်လက္ခဏာသွင်ပြင်ကိုပင် ထိခိုက်စေနိုင်သည်။ အသက်အရွယ် တဖြည်းဖြည်းကြီးလာသည်နှင့်အမျှ အရိုးတွင်း၇ှိ ရေဓာတ်နှင့် ကယ်လဆီယမ်ဓာတ်များသည်လည်း တဖြည်းဖြည်းဆုံးရူံးလာပြီး လည်ပင်း၊ ကျောရိုး၏တည်မြဲမှုမှာ ကျဆင်းလာသည်။ ထိုသို့ကျဆင်းလာမှုကို ထိန်းချုပ်ထားရန်အတွက် အရိုးအတွင်းမှ သဘာဝအလျှောက် အစားထိုးအရိုးသစ်များ ထွက်ပေါ်လာသည်။ ၄င်းကိုအရိုးအတက်ထွက်ခြင်ဟု ခေါ်သည်။ ထို့ကြောင့် လည်ပင်းရိုးနှင့် သက်ဆိုင်သည့် ဝေဒနာများကို အသက်၃၅နှစ် အထက်လူများတွင် ပိုမိုတွေရှိရသည်။

#ကွမ်တန်လှိုင်းကုထုံး
ကမ္ဘာတစ်ဝှမ်းမှ ဇီဝဗေဒပညာရှင်များ၊ ကုထုံးစီမံကိန်းအဖွဲ့ဝင်များ၊ ဆေးဘက်ကျွမ်းကျင်သူ
များနှင့် ရူပဗေဒဆိုင်ရာ သိပ္ပံပညာရှင်များသည် ငါးနှစ်ကြာ လေ့လာစမ်းသပ်မှုများ ပြုလုပ်ပြီ
နောက် ကွမ်တန်လှိုင်းသီအိုရီကို လူ့အသက်ကယ်ကုထုံးအဖြစ် အသုံးပြုနိုင်ကြောင်း အောင်မြင်စွာ တွေ့ရှိခဲ့ကြသည်။ ၄င်းနည်းမှာ ကျောရိုးမအတွင်းသို့ ဓာတ်ရောင်ခြည်ထည့်ပြီး အပြောင်းအလဲများ ဖြစ်လာအောင် လှုံ့ဆော်သော ကုထုံးပင်ဖြစ်သည်။ အသွားချွန်သော ဇီဝဗေဒ လျှပ်စစ်စီးကြောင်းလှိုင်း၊ သံလိုက်လှိုင်း၊ အနီအောက်ရောင်ခြင်မှ အပူလှိုင်းနှင့် လူ့ခန္ဓာကိုယ်အတွင်းရှိ ဇီဝလှိုင်းများကို ပေါင်းစပ်ပြီး စက်ဝိုင်းပုံ လှိုင်းလှုပ်ရှားမှုကို ဖန်တီး၍ လည်ပင်းနှင့် ကျောရိုးမကြွက်သားမျာပေါ်တွင် လှုပ်ရှားစေခြင်းဖြစ်သည်။

*Tiens လည်ပင်းနှင့် ကျော်ရိုးဝေဒနာကုထုံးကိရိယာ၏ စွမ်းဆောင်ချက်များ
• Tiens လည်ပင်းနှင့် ကျောရိုးဝေဒနာ ကုထုံးကိရိယာသည် ဝေဒနာရှင်များနှင့်တကွ ကျောရိုးအဆစ်ကို ထိန်းသိမ်းလိုသူတိုင်း အသုံးပြုနိုင်သည်။ ကွမ်တန်စက်ဝိုင်းပုံလှိုင်း၏ လှုပ်ရှားမှုကြောင့် ကျောရိုးဆစ်များ၊ ကျောရိုးအင်္ဂါအစိတ်အပိုင်းများ၏ လုပ်ဆောင်ရည်ကို တိုးတက်စေသည်။ ထိုသို့သုံးစွဲခြင်းဖြင့် ကျောရိုးပုံကို ပိုမိုကောင်းမွန်စေ၍ ရေရှည် အကျိုးသက်ရောက်မှု ပေးနိုင်ပါသည်။
• ထိုကုထုံးသည် ကျောရိုးမတစ်ခုလုံး အစမှအဆုံး လုပ်ဆောင်မှုကို ကောင်းစေပြီး စွမ်းအင်ပုံစံ့ အမျိုးမျိုးကို ဖြစ်စေသည်။ ထို့ပြင် အသက်ရူခြင်းနှင့် သွေးလှည့်ပတ်ခြင်းတို့၏ လုပ်ဆောင်ချက်များကို လွယ်ကူကောင်းမွန်စေရန် အထောက်အပံ့ပေးသည်။ ကျောရိုးမကြီးကို အားကောင်းစေပြီး ကျန်းမာရေး အခြေအနေကို အထူးကောင်းမွန်စေသည်။
• စက်ဝိုင်းပုံလှိုင်းလှုပ်ရှားမှုကြောင့် ကျောရိုးမရှိ တစ်သျှူးများ၏ ထိန်သိမ်းမှုအား ကောင်းလာနိုင်ခြင်း၊ ကျောရိုးမ ကြွက်သားများ၏ ခွန်အားစွမ်းပကားကို လှုံ့ဆော်ပြေးခြင်း၊ ပျက်စီးထားသော တစ်သျှူးများကို ပြန်လည်ပြုပြင်ပေးနိုင်ခြင်းနှင့် ကျောရိုးတစ်သျှူးများ၏ ရေရှည်ကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ခြင်း တို့ဖြစ်ပါသည်။ ၄င်းကုထုံးဖြင့် ကုသရာတွင် အသက်အရွယ်၊ အလုပ်အကိုင်၊ နေထိုင်မှုပုံစံ၊ အစားအသောက်နှင့် လေ့ကျင့်ခန်းယူမှု စသည့်ကန့်သတ်ချက်များမရှိပါ။
• ၄င်းကုထုံး၏ လှုံ့ဆော်ပေးမှုကြောင့် ကျောရိုးမကြီးမှ အာဟာရဓာတ်များ စုပ်ယူရာတွင် ပိုမိုထိရောက်စေပြီး အာရုံကြောမအတွင်း ထိခိုက်ဒဏ်ရာများကို ပြန်လည်ပြုပြင်ပေးသည်။ အဆိပ်သင့်စေသော ဘေးထွက်ဆိုးကျိုးမရှိပါ။ သက်သက်သာသာဖြင့် နေအိမ်တွင်ဖြစ်စေ၊ ရုံးတွင်ဖြင်စေ အသုံးပြုနိုင်ပါသည်။ နေ့စဉ် ၁၅မိနစ် မှ မိနစ်၃၀ ခန့်သုံးလျှင်ပင် ထိရောက်မှုရှိသည်။ ကိရိယာတစ်ခုထဲဖြင့် လူအများအပြား အသုံးပြုနိုင်သောကြောင့် တစ်မိသားစုလုံးအတွက် အလွန်အကျိုးရှိသည့် ပစ္စည်းပင်ဖြစ်သည်။

*ကုသနိုင်သော ဝေဒနာများ
• အရိုးအဆစ်နာကျင်ကိုက်ခဲခြင်း၊ အုံးလွဲခြင်း၊ အရိုးနှင့် အရွတ်ပြောင်းလဲမှုမှ အာရုံကြောအား ညှပ်မိပြီး ဖြစ်ပေါ်ခံစားရသော ဝေဒနာများ၊ ဦးနှောက်သွေးလွတ်ကြောများ သွေးလည်ပတ်မှုကောင်းစေခြင်း၊ ဦးနှောက်သွေး ပို့ဆောင်မှုအား ကျဆင်းခြင်းကြောင့် ခံစားရသောဝေဒနာများကို သက်သာစေခြင်း(ဥပမာ-ခေါင်းမှုး၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း) ခြေလက်ထုံကျင်ခြင်း၊ အရိုးကျီးပေါင်းတက်ခြင်းနှင့် ကျီးပေါင်းတက်ခြင်း မဖြစ်ပေါ်စေရန် ကာကွယ်ပြုပြင်နိုင်ခြင်း၊ ဇက်ရိုးပြသနာကြောင့် ဖြစ်ပေါ်လာသော အိပ်ရေးပျက်ခြငြ်းအတွက် ကုသနိုင်သည်။
• အုံးလွဲခြင်းအတွက် တစ်ပတ်အတွင်း လျှင်မြန်စွာ သက်သာမှုရှစေသည်။ လေးပတ်အထိ ဆက်လက်နှိပ်နယ်အသုံးပြုပါက ပိုမိုထိရောက်ကောင်းမွန်စေပါသည်။ မိမိခ့စားရသော ဝေဒနာအခြေအနေအရ ရေရှည်အသု့းပြုပေးခြင်းဖြင့် လည်ပင်း၊ ကျောရိုးနှင့် ပတ်သက်၍ ခံစားရသော ဝေဒနာများ သိသိသာသာ ပျောက်ကင်းစေနိုင်ပါသည်။

* Tiens လည်ပင်းနှင့် ကျောရိုးဝေဒနာကုထုံးကိရိယာတွင် ပါသောပစ္စည်းများ
၁။ ပင်မစက်ကြီး
၂။ ထိန်းချူပ်ကိရိယာ
၃။ ၂၂၀ဗို့အားဖြင့် သွယ်ထားသော လျှပ်စစ်ဝါယာကြိုး
၎။ ကဒ်ပြားတစ်စုံ(ACME)
၅။ ကဒ်ပြားတစ်စုံအတွက် သွယ်တန်းရသော ၀ါယာကြိုးသေး

* အသုံးပြုပုံ
• လျှပ်စစ်ဝါယာကြိုး သွယ်တန်းပြီနောက် ပင်မစက်ကြီးဘေးတွင်ရှိသော LAMP အမှတ် မီးပွိုင့်မှာ စိမ်းလာပါမည်။ ၂မိနစ်ခန့်အကြာတွင် စတင် အသုံးပြုနိုင်ပါသည်။ ပထမဦးစွား အသုံးပြုမည့် ခန္ဓာကိုယ်အစိတ်အပိုင်းနှင့် ပင်မစက်အားအ၀တ်စို(ေ၇ခြောက်အောင်ညှစ်၍) ဖြင့်သုတ်ပေးရမည်။
• အပူလှိုင်းဖြင့် ကုသလိုပါက ကုတင်ပေါ်တွင် လဲလျောင်းစွာနေလျက် Romote Control ဖြင့် On / Off အားနှိပ်ပါ။ Time နှိပ်ပြီး ၁၅မိနစ် (သို့) မိနစ်၃၀ အလိုရှိရာ သတ်မှတ်နိုင်သည်။ ထို့နောက် Hot ကိုနှိပ်၍ Intensity နှင့် Mode ကို လိုအပ်သလို အသုံးပြုနိုင်သည်။
• ပင်မစက်မှသွယ်တန်းသော ကဒ်ပြားနှစ်ခုဖြင့် ကုသလိုပါက ခံစားရသော နေရာပေါ်သို့ ကဒ်ပြားနှစ်ခု ဘယ်ညာ အကွာအဝေးအား အနည်းဆုံး ၃ စင်တီမီတာ ခြားထားရပါမည်။ စက်တွင် ပါရှိသောကဒ်ပြားနှစ်ခုအား လိုအပ်သော နေရာတွင်ကပ်၍ အသုံးပြုနိုင်သည်။
• Treatment အတွက် Intensity (ပြင်းအား)ကို မိမိလိုအပ်သလို အလျော့အတင်း အသုံးပြုနိုင်သည်။
• နှိပ်နယ်မှုပုံစံအတါက် Code ကိုနှိပ်၍ မိမိကြိုက်နှစ်သက်သောပုံစံ ရွေးချယ်နိုင်ပါသည်။ အထက်ဖော်ပြပါအချက်များသည် လျှပ်စစ်လှိုင်းဖြင့် ကုသခြင်း (2000 HZ) ဖြစ်သည်။
• ကဒ်ပြားကို အသုံးပြုချိန်တွင် Control မှ Hot ကို နှိပ်ရန် မလိုအပ်ပါ။
* လည်ပင်း၊ ကျောရိုးနှင့်ပတ်သက်၍ ဝေဒနာအလွယ်တကူ ဖြစ်တတ်သူများ
• ကွန်ပျူတာနှင့် စာရင်းကိုင်များကဲ့သို့ အချိန်ကြာမြင့်စွာ အလုပ်လုပ်ကိုင်သူများ၊ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်သူများ၊ (ဥပမာ) ဆရာ / ဆရာမများ၊ ယာဉ်ထိန်းရဲ၊ စစ်သား၊ လုံခြုံရေး၊ အချိန်ာကာမြင့်စွာ ကိုယ်ဟန်ပြရသူများ၊ ကွန်ပျူတာ၊ အင်တာနက်နှင့် TV ရှေ့တွင်အချိန်ကြာမြင့်စွာ ထိုင်ကြည့်တတ်သူများ၊ အသက်၃၅နှစ်နှင့် အထက်လူများ၊ သရုပ်ဆောင်များ၊ အလုပ်သမားများ၊ ဆေးသူနာပြုသူများ၊ စန္ဒယားတီးသူများ၊ တယောထိုးသူများ စသည့် အနုပညာရှင်များ၊ နေထိုင်အိပ်စက်မှုပုံစံ မမှန်ကန်သူများ၊ အလွန်ပျော့ပြောင်းသည့် မွေ့ယာပေါ်၌ အိပ်စက်ရန်ကြိုက်နှစ်သက်သူ၊ ခေါင်းအုံးမြင့်မြင့်အုံးသူ၊ လည်ပင်းရိုးအား ရှေ့သို့ အလွန်အမင်းငုံ့သူများ။

* သတိပြုရန်အချက်များ
• ပင်မစက်ဖြင့် အသုံးပြုပါက ကဒ်ပြားနှင့်ဆက်သွယ်သော ကြိုးအားမတပ်ဆင်ရ။ မိမိချိန်ညှိထားရာ နာရီအချိန်မပြည့်မီ ကိစ္စတစ်စုံတစ်ခုပေါ်လာ၍ ထသွားရည်ဆိုလျှင် ခလုတ်အား ပိတ်ပြီးမှသာ ထွက်ခွာရပါမည်။ စက်တွင်ပါရှိသော ကဒ်ပြားအား မျက်နှာ၊ ဦးခေါင်းပိုင်းတွင် မကပ်ရ။
• ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များ၊ ကိုယ်တွင်နှလုံးခုန်စက်၊ အရိုးတွင် စပရိန်တပ်ထားသူများ အသုံးမပြုသင့်ပါ။ စက်အား အလွန်ပူပြင်းသောနေရာနှင့် စိုထိုင်းသောနေရာတွင် ထားသိုသိမ်းဆည်းခြင်းမပြုရ။
• စက်စတင်အသုံးပြုသူများသည် ပြင်းအာူးကို အမြင့်ဆုံးတင်၍ အသုံးပြုရန် မသင့်ပါ။ မိမိခံနိုင်ရည်ရှိသည့် အလျောက်သာ တဖြည်းဖြည်းခြင်း ပြင်းအားကို တင်ပေးရပါမည်။


click to comment
Physical Therapy Apparatus for Lumbago and Backache
ခါးနှင့် ကျောရိုးဝေဒနာကုထုံးဆိုင်ရာ ပစ္စည်းကိရိယာ (Sales Price - 288000)

*ထူးခြားချက်
• ခါးရိုးဆစ်တွင် နာ့ဗ်ကြောများ၊ သွေးကြောမျှင်များ သွေးပြန်ကြောနှင့် ဆက်နေသော အင်္ဂါအစိတ်အပိုင်းများ စုဝေးနေသည်။ ခါးရိုးဆစ်မှာ ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းပေးပြီး ကိုယ်လက်ပုံမှန်လှုပ်ရှားမှုကို မှန်ကန်စေသည်။
• ခန္ဓာကိုယ်တစ်ခုလုံး အလေးချိန်၏ ၇၀ % သည် ခါးရိုးဆစ်နှင့် ခါးရိုးကြွက်သားများပေါ်၌ ဖိအားသက်ရောက်လျက်ရှိရာ ခါးပိုင်း ကျောရိုးသည် အလွယ်တကူ ကွေးကောက်လွယ်ခြင်း၊ အရိုးကျီးပေါင်းတက်ခြင်းနှင့် အရိုးပွခြင်း၊ ခါးရိုးအရွတ်များ ထိုးထွက်ခြင်း၊ ခါးရိုး အစိတ်အပိုင်းများ ဒဏ်ရာရခြင်း၊ ဘေးပတ်ဝန်းကျင်ရှိ အာရုံကြောများ၊ သွေးကြောအဖွဲ့အစည်းများအပေါ်တွင် ပြင်းစွာသော နာကျင်မှုဝေဒနာခံစားရခြင်း၊ ထိုမှတဆင့် တင်ပါးဆုံအာရုံကြောတစ်လျှောက်လုံး နာကျင်ကိုက်ခဲခြင်း၊ ခန္ဓာကိုယ်အောက်ပိုင်း အေးခဲထုံကျင်ခြင်း၊ အားမရှိခြင်း၊ ၀မ်းသွားရခက်ခဲခြင်း၊ ကြွက်သားများကျုံ့ခြင်း စသည့်ဝေဒနာများ ဖြစ်ပေါ်လာတတ်သည်။

*Tiens ခါးနှင့်ကျောရိုးဝေဒနာကုထုံးကိရိယာ၏ စွမ်းဆောင်ချက်များ
• Tiens ခါးနှင့် ကျောရိုးဝေဒနာ ကုထုံးကိရိယာသည် ခါးနှင့်ပတ်သတ်သော ဝေဒနာရှင်များအားလုံးနှင့် တကွ ခါးရိုးအင်္ဂါ အစိတ်အပိုင်းများ၏ လုပ်ဆောင်ရည်ကို တိုးတက်စေသည်။ ခန္ဓာကိုယ်၏ ကျော်ရိုးပုံစံကို ပိုမိုကောင်းမွန်၍ ရေရှည်အကျိုးသက်ရောက်မှု ပေးနိုင်ပါသည်။ စက်ဝိုင်းပုံ ကွမ်တန်လှိုင်းလှုပ်ရှားမှုကြောင့် တစ်သျှူးများ ထိန်းသိမ်းအားကောင်းလားနိုင်ခြင်း၊ ကြွက်သားများ၏ ခွန်အားစွမ်းပကားကို လှုံ့ဆော်ပေးခြင်း၊ ပျက်စီးထားသော တစ်သျှူးများကို ပြန်လည်ပြုပြင်ပေးနိုင်ခြင်း၊ ရေရှည်ကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ခြင်း စသည်တို့ကို လုပ်ဆောင်ပေးသည်။
• ၄င်းကုထုံးဖြင့်ကုသရာတွင် အသက်အရွယ်၊ အလုပ်အကိုင်၊ နေထိုင်မှုပုံစံ၊ အစားအသောက်နှင့် လေ့ကျင့်ခန်းယူမှုစသည့် ကန့်သတ်ချက်များ မရှိပါ။ အဆိပ်သင့်စေသော ဘေးထွက်ဆိုးကျိုး မရှိပါ။ သက်သက်သာသာဖြင့် နေအိမ်တွင်ဖြစ်စေ၊ ရုံးတါင်ဖြစ်စေ၊ ထိုကိရိယာကို အသုံးပြုနိုင်ပါသည်။ နေ့စဉ် ၁၅မိနစ်မှ မိနစ် ၃၀ ခန့် သုံးလျင်ပင် ထိရောက်သည်။ ကိရိယာတစ်ခုထဲဖြင့် လူအများအပြားသုံးနိုင်သဖြင့် တစ်မိသားစုလုံး အကျိုးရှသည်။
• ခါးရိုးနှင့် ဘေးပတ်ဝန်းကျင်ရှိ အင်္ဂါအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်အား ရှင်သန်အားကောင်းစေကာ အရိုးနုပြားများ ဆွဲဆန့်နိုင်အားကို ကာကွယ်ထိန်းသိမ်းပြီး ရိုးတွင်းချဉ်ဆီအတွင်းရှိ ကယ်လဆီယမ်နှင့် ရေဓာတ်ဆုံးရူံးမှုကို လျော့နည်းစေသည်။ အရိုးနုပြားများ အရွယ်မတိုင်မီ အိုမင်းပျက်စီးခြင်းမှ ကာကွယ်နိုင်သည်။ အာရုံကြော၏ တုံ့ပြန်မှုနှင့်ခန္ဓာကိုယ်တွင်းရှိ အရည်ဓာတ်များမှ ကြွက်သားနှင့် အရေပြားအောက်ပိုင်းရှိ အစိတ်အပိုင်းများရှိ အပူဓာတ်အား တိုးမြှင့်စေပြီး ကြွက်သားတုန်ခြင်းလက္ခဏာများ ကျဆင်းလာမည်။ ခါးတွင်း အစိတ်အပိုင်းမှ ကယ်လဆီယမ်နှင့် ဖော့စဖောရပ်စ်၏ စွန့်ထုတ်မှုနှင့် အာရုံကြောလှုပ်ရှားမှုစနစ်ကို ပြုပြင်စေသည်။ ကြွက်သားကို ပြန်လည်ကောင်းမွန်စေသည်။
• အချိန်ကြာမြင့်စွာ ဖိစီးမှုခံရပြီး မာကြော၍ ပုံစံများ ပြောင်းလဲနေပြီဖြစ်သော သွေးကြောများကို ပြန်လည် နူးညံ့ပျော့ပြောင်းစေသည်။ မာကြော၍ ကျုံ့ငယ်နေသော ရိုးတွင်းချဉ်ဆီအာရုံကြောများ နဂိုမှုလပုံစံသို့ ပြန်လည် ဖြစ်ပေါ်စေသည်။ သိရှိခံစားမှုအာရုံ၊ တက်ကြွခြင်းအာရုံစသည့် ခါးရိုးနှင် သက်ဆိုင်သည့် ပြသနာများကို သိသာစွာပြုပြင်ပေးသည်။
• ခါးရိုးတလျှောက် အပိတ်အဆို့မရှိစေရန် ရှင်းလင်းပြုပြင်ခြင်း၊ အရိုးအတက်ထွက်ခြင်းမှ ကာကွယ်ပေးခြင်း၊ ခါးရိုးဘေးပတ်ဝန်းကျင် အတွင်းပိုင်းတွင် သွေးလည်ပတ်မှု မြန်ဆန်စေခြင်း၊ အရိုးနုပြားများ ချော်ထွက်လာခြင်း၊ အိုမင်းပျက်စီးခြင်း၊ ကြွက်သားများထိခိုက်ခြင်း၊ အရိုးကျီးပေါင်းတက်ခြင်း၊ အရိုးဆစ်များပွခြင်း စသည့်ဝေဒနာတို့ကို သက်သာပျောက်ကင်းစေနိုင်သည်။ ခါးရိုးအား ကာကွယ်ပေးပြဲီး အိုမင်းပျက်စီးလာသော ခါးရိုးများကို ပြန်လည်နုပျိုလာစေသည်။ ကျောရိုးတစ်လျှောက် အပိတ်အဆို့မရှိအောင် ရှင်းလင်းပေးခြင်း၊ နှလုံးသွေးလည်ပတ်မှု အားကောင်းခြင်း။ အဆုတ်အားကောင်းခြင်း၊ သည်းခြေအား ကာကွယ်ပေးခြင်း၊ အသည်းအတွင်း သွေးလုံလောက်စေခြင်းနှင့် ကျောက်ကပ်အားကောင်းခြင်းများကို ဖြစ်ပေးစေသည်။

No comments: