၁။ ကောင်းသောတုံ့ ပြန်ခြင်းပြုပါ
အမျက်ထွက်သူကို အမျက်မထွက်ခြင်း“မေတ္တာတရား”ဖြင့် အောင်ရာ၏။
စိတ်သဘောထား မကောင်းသူကို စိတ်သဘောကောင်းခြင်းဖြင့် အောင်ရာ၏။ နှမြောဝန်တိုသူကို ပေးကမ်းခြင်းဖြင့် အောင်ရာ၏။
မဟုတ်မမှန်ပြောဆိုသူကို အဟုတ်အမှန် ပြောခြင်းဖြင့် အောင်ရာ၏။
၂။ မိမိသည်သာ ကိုးကွယ်မှိခိုရာ
မိမိသည်သာ မိမိ၏ကိုးကွယ်မှီခိုရာ၏။
မိမိမှတစ်ပါး အဘယ်သူသည် မိမိ၏ ကိုးကွယ်မှီခိုရာ ဖြစ်နိုင်အံ့သနည်း။
မိမိသည်သာ (မိမိကိုယ်ကို) ယဉ်ကျေးအောင် ဆုံးမသဖြင့် ရခဲရောက်ခဲသည့် “အရဟတ္တဖိုလ်”တည်းဟူသော မှီခိုရာကို ရနိုင်၏။
၃။ ကောင်းမှုပြုခြင်း
ပန်းပွင့်အပုံကြီးမှ များစွာသော ပန်းတို့ကို သီကုံးပြုလုပ်၇ာသကဲ့သို့ ထို့အတူ မွေးဖွားဖြစ်ပေါ်သော သတ္တ၀ါသည် (မိမိ၏ ဥစ္စာအစုအပုံမှ) များစွာသော ကောင်းမှုကို ပြုလုပ်သင့်သည်။
၎။ ချမ်းသာလိုမှုကုသိုလ်ယူ
အမျိုးကောင်းသားသည် အကယ်၍ ကုသိုလ်ကောင်းမှုကို ပြုလုပ်လျှင် ထိုကုသိုလ်ကောင်းမှုကို အဖန်တလဲလဲ ပြုလုပ်ရာ၏။
ထိုကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၌ အလိုဆန္ဒလုံ့လကို ပြုကုန်ရာ၏။
ကောင်းမှုကုသိုလ်ကို ဆည်းပူးပွားများစေခြင်းသည် ချမ်းသာခြင်း၏ အကြောင်းတည်း။
၅။ အနှစ်တစ်ရာထက်တစ်ရက်ကမြတ်
ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မရူခြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်ရခြင်းထက် ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မပြတ်ရူမြင်သော ပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းက မြတ်၏။
၆။ မမေ့လျော့ခြင်း
ပညာမဲ့၍ မိုက်မဲသောသူတို့သည် မေ့လျော့ခြင်းကို အားထုတ်ကြ၏။
ပညာရှီသည်ကား မမေ့မလျော့ခြင်းကို ကောင်းမြတ်သည့် ရတနာဥစ္စာကဲ့သို့ စောင့်ရှောက်၏။
ရ။ ရန်ပြေငြိမ်းရန် နည်းလမ်းမှန်
ဤသူသည် ငါ့ကို ဆဲရေးလေ၏။
ဤသူသည်ငါ့ကို သတ်ပုန်လေ၏။
ဤသူသည်ငါ့ကို အောင်လေ၏။
ဤသူသည်ငါ့ ဥစ္စာကို ခိုးလေ၏ ဟူ၍ စိတ်ထဲ၌ ရန်ငြိုးမထားကြသော သူတို့ အဖိုီ့ရန်သည် ပြေငြိမ်း၏။
၈။ မကောင်းမှုမှာ ဖြာပုံမီးပမာ
ညှစ်ပြီးစနို့ရည်သည် ချက်ချင်းချဉ်သိုးမသွားသေးသကဲ့သို့ ပြုပြီးစ မကောင်းမှုကံသည် ချက်ခြင်း အကျိုးမပေး။
အကျိုးပေးသည့် အခါ၌မှု စုပုံနေသော မီးပမာ မကောင်းမှုပြုသူ လူမိုက်ကို လောင်လျက် အစဉ်လိုက်၏။
၉။ ဆင်ခြင်တုံတရား
သူတစ်ပါးတို့၏ အပြစ်အနာအဆာများ၊ မသင့်လျော်ဆဲရေးသည့် စကားများကိုလည်းကောင်း၊ သူတစ်ပါးတို့၏ ကောင်းမှု မကောင်းမှု ပြုမပြုကိုလည်းကောင်း မရူမဆင်ခြင်ရာ၊ မိမိ၏ ကောင်းမှု မကောင်းမှု ပြုသည်တို့ကိုလည်းကောင်း၊ ကောင်းမှု မကောင်းမှု မပြုသည်တို့ကို လည်းကောင်း ရူဆင်ခြင်ရာ၏။
၁၀။ ပညာမစုံသူ
စိတ်တည်တံ့ခြင်းလည်းမရှိ၊ သူတော်ကောင်းတရားကိုလည်း မသိ၊ ယုံကြည်မှုတရားလည်း မခိုင်မြဲသောသူမှာ အသိပညာ မပြည့်စုံ။
၁၁။ သတိတရား
ပညာရှိသည် မေ့လျော့ခြင်းကို မမေ့လျော့ခြင်း သတိတရားဖြင့် ပယ်ဖျောက်သောအခါ ပညာတည်းဟူသော ပြသာဒ်ပေါ်သို့တက်၍ စိုးရိမ်သောက ကာင်းစွာဖြင့် စိုးရိမ်ကြောင့်ာကရှိ ကုန်သော သတ္တ၀ါအပေါင်းကို ရူမြင်လေ၏။ တောင်ထိပ်ပေါ်၌ တည်ရှိသော သူသည် မြေပြင်၌ တည်ရှိသောသူတို့ကို မြင်ရသကဲ့သို့ ရဟန္တာပညာရှိသည် သေလိုက်ဖြစ်လိုက်ရှိကုန်သော ပုထုစဉ်လူမိုက်တို့ကို မြင်၏။
၁၂။ သီလအကျိုး
သီလသည် မိမိကိုယ်တိုင်စွပ်စွဲခြင်း၊ သူတစ်ပါးတို့ကဲ့ရဲ့ စွပ်စွဲခံရခြင်း စသောဘေးကို အစဉ်အမြဲပယ်ဖျောက်တတ်၏။ သီလသည် သီလရှိသူအား အခါခပ်သိမ်းကျော်ဇောခြင်း ၊ ရွှင်လန်းဝမ်းမြောက်ခြင်းကို ဖြစ်စေတတ်သည်။
၁၃။ ပြုဖန်များက ကောင်းကျိုးရ
ကောင်းမှုအနည်းငယ်သည့် ငါ့အားအကျိုးသက်ရောက်လာမည်မဟုတ်ဟု ကောင်းမှုကို မထီမဲ့မြင် မအောက်မေ့ရာ( အထင်မသေးရာ)။ မိုးရေပေါက်တို့ ကျဖန်များသဖြင့် ရေအိုးကြီးပင်ပြည့်လျှံသွားသကဲ့သို့ ပညာရှိသည် အနည်းငယ်၊ အနည်းငယ်မျှသော ကောင်းမှုကိုပြု ဆည်းပူးဖန်များသော် ကောင်းမှုဖြင့် ပြည့်လေ၏။
၁၄။ သူတော်ကောင်းတို့၏ သီလဂုဏ်သတင်း
စန္ဒကူးနံ့၊ တောင်ဇလပ်နံ့၊ စံပယ်ကြက်ရုံနံ့ စသော ပန်းတို့၏ အနံ့သည် လေညာသို့ မသွားရောက်နိုင်။ သူတော်ကောင်းတို့၏ သီလဂုဏ်တည်းဟူသော သတင်းအနံ့သည်ကား၊ လေညာသို့သွားရောက် နိုင်၏။ သူတော်ကောင်းသည် (မိမိ၏သီလဂုဏ်အနံ့ဖြင့် )အရပ်ဆယ်မျက်နှာသို့ သတင်းကြိုင်ကြိုင်လွမ်း၍ လှိုင်စေ၏။
၁၅။ ချမ်းသာလိုမှုကုသိုလ်ယူ
အမျိုးကောင်းသားသည် အကယ်လို့ ကုသိုလ်ကောင်းမှုပြုလုပ်လျှင် ထိုကုသိုလ်ကောင်းမှုကို အဖန်တလဲလဲ ပြုလုပ်ရာ၏။ ထိုကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၌ အလိုဆန္ဒလုံးလကို ပြုကုန်ရာ၏။ ကောင်းမှုကုသိုလ်ကို ဆည်းပူးပွားများစေခြင်းသည် ချမ်းသာခြင်း၏ အကြောင်းတည်း။
၁၆။ သူတစ်ပါးသားမယားပြစ်မှားသူအတွက်
တ၇ားလက်လွတ် မေ့လျော့ပြီး သူတစ်ပါးမယားကို ပြစ်မှားသောသူသည “အကုသိုလ်ရခြင်း၊ အလိုရှိတိုင်း မအိပ်ရခြင်း၊ သူတစ်ပါးအကံ့ရဲ့ခံရခြင်း၊ ငရဲလားခြင်း” ဟုသော ဆင်းရဲအကြောင်းလေးပါးတို့ သို့ရောက်ရ၏။
၁၇။ အကျိုးတရားလေးပါး တိုးပွားလိုသော်
သိလရှိသူတို့အား ၇ိုသေစွာ ရှိခိုးလေ့ရှိသော မိမိထက်အသက်သိက္ခာဝါအားဖြင့် ကြီးသောသူတို့အား အမြဲအရိုအသေပြုလေ့ရှိသူအား“အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာခြင်း၊ ခွန်အားကြီးခြင်း” ဟူသော အကျိုးတရားလေးပါးတိုးပွား ကုန်၏။
၁၈။ အသိဥာဏ်ပညာ
လျှာသည် ဟင်း၏အရသာကို ချက်ခြင်းသိသကဲ့သိုက အသိဥာဏ်ရှိသူငည် ပညာရှိကို တစ်ခဏမျှပင် ဆည်းကပ်စေကာမှု ပညာရှိဟောကြားသည့် တရားမြတ်ကို ထိုးထွင်းသိရှိနိုင်ပေ၏။
၁၉။ မြုပ်ထားသည့်ေ၇ွှအိုး
အပြစ်ဖော်ပြ၍ နှိမ့်ချဆုံးမလေ့ရှိသော အမြော်အမြင်အသိပညာကြီးမားသော ပညာ၇ှိမျိုးကို မြှပ်ထားသည့် သစ္စာရွှေအိုးကို လာပြောကြားသူကဲ့သို့ မှတ်ယူပြီး ဆည်းကပ်ရာ၏။ ထိုသို့သော ပညာရှိကို မှီဝဲဆည်းကပ်သူမှာ အကျိုးထူးရ၊ မြင့်မြတ်လှ၏။ အကျိုးယုတ်မှုယုတ်ညံ့မှုမျိုး မဖြစ်ပေ။
၂၀။ အသက်ရှည်ခြင်း
ပညာမရှိ၊ သမာဓိမရှိဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေခြင်းထက် ပညာရှိ၍ သမထ၀ိပသနာကို ရူသော သူ၏ တစ်ရက်မျှသာ အသက်ရှည်ရခြင်းက မြတ်၏။
Wednesday, October 22, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment