Wednesday, October 15, 2008

# အချစ်၊ အမုန်း ဆိုရာဝယ် #

click to comment
• ချစ်သူရည်းစား ဖြစ်သွားကြတယ်။ ဒါပေမယ့်သူတို့နှစ်ယောက် သဘောထားမတိုက်ဆိုင်လို့ ခွာပစ်ကြတယ်။ ဒါဆိုရင် ဘာတွေလုပ်ကြမလဲ။
• စဉ်းစားကြည့်ရင် လူတိုင်းအတွဲတွေ ဖြစ်တာမှ မဟုတ်တာ။ ယောက်ျားလေးနဲ့ မိန်းကလေးတွေ့ကြဆုံကြ ခင်မင်စကသားပြောကြပေမဲ့ ရည်းစားတွေ၊ ချစ်သူတွေ ဖြစ်မလာကြပါဘူး။ တစ်ယောာက်ရဲ့အချစ်ကို နောက်တစ်ယောက်က ရာနှုန်းပြည့် မျှော်လင့်လို့မရဘူး။ ရည်းစားဖြစ်လာရင်လည်း ချစ်ခင်ပေါင်းသင်းကာ မယားဖြစ်လာပါ့မလား။ ချစ်တိုင်းလည်းမညားကြသလို ညားတိုင်းလည်း မချစ်ကြပါဘူး။
• လင်မယားဖြစ်ရင် သေတစ်ဖန်သက်တစ်ဆုံး မပေါင်းသင်းနိုင်ကြဘဲ ခွဲခွာရသူတွေ အများကြီးပါပဲ။ ဆရာသော်တာဆွေရေးခဲ့သလို “ ဆန်ဆုံးစား၊ ကံကုန်သွား”ဆိုတာရှိတယ်။ ကြုံကြ ဆုံကြတဲ့အခါ ထမင်းအတူတူစားကြပေမယ့် ကံမကောင်းအကြောင်းမလှရင် ခွဲရတာတွေလည်းရှိတယ်လို့ ဆိုတာပါပဲ။
• ဒါတွေကို ဆန်းစစ်လိုက်ရင် ချစ်သူတွေဟာ ကံဆုံချင်ဆုံမယ်၊ မဆုံချင်းလည်း မဆုံဘူး။ ဒီတော့ ချစ်ကြတဲ့ အထိမရောက်ဘဲ ဇာတ်သိမ်းသွားတာတွေရှိသလို ချစ်ပြီးမှလည်း ခွဲခွာသွားရတာတွေ ရှိတယ်။
• လင်နဲ့မယားဆိုတဲ့ ရာသက်ပန်၇ိုးမြေကျ ပေါင်း၇ပါစေလို့ ဆုပန်ပေးမယ့်လည်း ကွဲကြတဲ့ လူတွေရှိတယ်။ ဒါဟာ လောကနိယာမတစ်ခုလို့ ပြောလို့ရပါတယ်။ ဒါကြောင့်“မင်းနဲ့ငါနဲ့ရည်းစားဖြစ်ရင် ဘာတွေလုပ်ကြမလဲ” ဆိုတာကို စဉ်းသားဖို့လိုပါတယ်။ ရည်းစားနဲ့ကွဲတဲ့ လူတွေကို တွေ့ဖူးပါတယ်။
• “သစ္စာမဲ့တဲ့သူကို အသေသတ်ချင်တယ်တဲ့”
• “သူ့မျက်နှာ မကြည့်ချင်ဘူး”
• “လူယုတ်မာ” လို့ပြောတာတွေတောင် ရှိပါသေးတယ်။
• ရည်းစားတွေကွဲသွားရင် သူတို့မုန်းသွားကြတယ်လို့ပြောတယ်။ ဘာကြောင့်တစ်ချိန်က အင်မတန်ချစ်တဲ့ သူတွေဟာ မုန်းသွားကြတာလဲ။ လောကမှာ မချစ်ရင် မုန်းရရောလား။ အချစ်နဲ့အမုန်းဆိုတာ အစွန်းနှစ်ဖက်မှာ တည်နေတာပါ။ သူတို့ကြားမှာ အကန့်အကန့်တွေ အများကြီးရှိမှာပါ။
• ချစ်သူနှစ်ယောက် ကွဲကွာ(ခွဲခွာ) သွားကြတာနဲ့ပဲ သူတို့နှစ်ယောက်ဟာ တစ်ယောက်မျက်နှာတစ်ယောက် မကြည့်နိုင်ကြတာ တကယ်တော့ သဘာဝမကျဘူးလို့ ကျွန်မ ယူဆတယ်။ သူက“ဒါက ခံစားမှုတွေပါပဲ”။ အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတာ ကြားဖူးမှာပေါ့။ ကျွန်မခေါင်းညိတ်တယ်။
• “နင်…စဉ်းစားကြည့် ချစ်သူတွေသာ မုန်းကြတာ။ အတူနေတဲ့သူတွေသာ ရန်သူဖြစ်တာ သတိထားမိရဲ့လား။ တစ်ခါမှ မတွေ့ဆုံဖူးတဲ့သူကို ဘယ်သူကမှ မမုန်းဘူး။ ကိုယ့်မိတ်ဆွေတွေ၊ ကိုယ့်ဆွေမျိုးတွေ၊ ကိုယ့်သားမယားတွေလည်း ရှိတာကိုတွေ့ရမယ်”
• “ဟုတ်ပါတယ်”
• “နင်က တစ်ခါမှ မချစ်ဖူးတဲ့ လူတစ်ယောက်၊ တစ်ခါမှ မခင်ဖူးတဲ့ လူတစ်ယောက်ကို နင်ဘယ်လိုမုန်းမလဲ”
• “အင်း…ငါလည်း ဒါကိုပဲ စဉ်းစားနေတာပါ။ မိဘက သားသမီးကိုချစ်တယ်လေ”
• “ဟုတ်တယ်၊ ချစ်တယ်ဆိုတာ အကျိုးလိုလားခြင်းပဲ”
• “မိဘဆိုတာ၊ သားသမီးရဲ့ အကျိုးကိုလိုလားမှပေါ့။ ဒါပေမဲ့ ဒီသားသမီးတွေက မဟုတ်တာ တစ်စုံတစ်ခုလုပ်ရင် အမုန်းကြီးမုန်းကာ အမွေပြတ်ကြေငြာတဲ့ အထဖြစ်တာတွေရှိတယ်”
• “မိဘနဲ့သားသမီး ကြားမှာတောင် ဒီလိုဖြစ်ရင် ကွဲကွာကြတဲ့ ချစ်သူတွေက ပိုဆိုးတော့မှာပေါ့။ ဒါပေမဲ့…ကျွန်မတို့ မစဉ်းစားကြလို့ပါ။ တစ်ချိန်က အသက်တမျှ ချစ်ခင်ကြသူတွေဟာ နောက်ရော ဘာလို့ မိတ်တွေလို မချစ်နိုင်ကြတာလဲ။
• အတူသွား၊ အတူစား၊ အတူလာ ခဲ့တယ်၊ အနစ်နာခံ ခဲ့တယ်။ အဆင်မပြေလို့ လမ်းခွဲတာခွဲပေါ့။ ဘာလို့ မုန်းကြတာလဲ။ တစ်ကယ်တော့“ကျွန်မတို့ မရင့်ကျက်သေးလို့ပဲပေါ့” သူငယ်ချင်းကပြောတယ်။
• သူကတရားဓမ္မဘက်က ပြောတာလား။ လူသားသဘာဝကို ပြောတာလား။ ကျွန်မသေသေချာချာမသိပါ။ လူသားတွေရဲ့ အတွေးအခေါ် မြင့်မားလာတဲ့အခါ အမုန်းတွေကို မတည်ဆောက်ကြတော့ဘူး။ မေတ္တာကိုသာ တည်ဆောက်ကြမယ်လို့ ပညာရှင်တွေက ဆိုတယ်။
• ဘာကြောင့်လဲဆိုတော့ အမုန်းသည် လူသားအကျိုးစီးပွားကို ပျက်စေလို့ပါပဲ။ လူဆိုတာ တစ်ယောက်တည်း အထီးကျန်နေလို့မရပါဘူး။ လူတစ်ယောက်ရဲ့ စားဝတ်နေရေး အားလုံးဟာ တစ်ဖက်သားကို မှီခိုနေရတာချည်းပါပဲ။ ဒါကြောင့်လူသားတွေဟာ ချစ်ခင်ကြလေ (ရန်သူမဖြစ်၊ မိတ်ဆွေသာ ဖြစ်ကြလေ) အကျိုးစီးပွား ဖြစ်ထွန်းလေပါပဲ။
• “ကျွန်မတော့ လမ်းခွဲမှာ မျက်ရည်မကျစတမ်းဆိုတာကိုပဲ သဘောကျတယ်” လို့သူငယ်ချင်းကပြောပါတယ်။ သူပြောပေမယ့် လူတွေရဲ့ခံစားမှု၊ စိတ်လှုပ်၇ှားမှု(Emotion) တွေကလူကိုနာကြည်းစေတယ်”
• “အနုပညာနယ်မှာ ကွဲကွာ(ခွဲခွာ)ကြာတာ အများကြီးပါပဲ။ ဒါပေမဲ့သူတို့ဟာ နောက်ပြန်ဆုံကြတယ်။ ဒီအခါတွေမှာ သီချင်းတွေအတူတူဆိုတာတွေရှိတယ်။ ဇာတ်ကားတွေလည်း ရိုက်ကြတယ်”
• “ဒါတွေက ကောင်းတဲ့လက္ခဏာပါပဲ။ စိတ်ထဲကရော”
• “ဒါတော့ မသိနိုင်ဘူး။ အနုပညာသမားတွေဟာ သရုပ်ဆောင်ကြရတာများလေတော့ အပြင်ပန်းကြည့်ရုံနဲ့တော့ မသိနိုင်ဘူးပေါ့”
• “ဘယ်လိုဖြစ်ဖြစ် ဟန်ေ်ဆာင်တာလေးတွေပဲဖြစ်ဖြစ် အမုန်းမပွားတာ အကောင်းဆုံးပါပဲ”မှန်ပါတယ်။ စုဋသူဘဒ္ဒာနဲ့ ဆန္ဒန်ဆင်မင်း။ နရသီဟပတေ့နဲ့ မိဖုရားစောလုံ။ သူတို့ဟာ သမိုင်းမှာ မလှမပခွဲကြရတဲ့ ချစ်သူတွေဖြစ်တယ်။ ဒါကြောင့် လောကမှာ ဆုံးကြတာတွေ အများကြီး။ ကွဲကြတာ အများကြီး၊ ပုံပြင်တွေလည်း အများကြီးပါပဲ။
• တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြင်နာတာကောင်းပါတယ်။ မင်းနဲ့ငါနဲ့ရည်းစားဖြစ်၇င်ရော။ ချစ်သူတွေပြန် အဖြစ်နိုင်ခဲ့ကြရင်ရော။ ဘာတွေလုပ်မလဲ။ ဘာပဲလုပ်လုပ် အမုန်းတွေမပွားဖို့သာ အရေးကြီးပါတယ်။ တကယ်တော့ လောကမှာ ချစ်မေတ္တာထားစရာတွေ အများကြီးပါပဲ။
• အမှန်တော့ အမုန်းဆိုတာဟာ အင်မတန်ပင်ပန်း၊ ရုပ်ဆိုး၊ အကျည်းတန်စေတဲ့အရာမို့ ဘယ်လိုလူမျိုးတွေနဲ့ပဲ တွေ့ကြုံရင်ဆိုင်နေရပါစေ သည်းခံခွင့်လွှတ်လိုက်ပါ။
• မမုန်းပါနဲ့ ၊ ရန်မဖြစ်ပါနဲ့၊ ချစ်ခင်ကြပါ၊ အမုန်းကို အချစ်နဲ့တုန့်ပြန်၊ အားလုံးကိုသောမျက်စိဖြင့် ကြည့်နိုင်ကြပါစေ။

No comments: