Wednesday, October 22, 2008

!!! လှူဒါန်းမှု ဒါနအမျိုးမျိုး !!!

!!! လှူဒါန်းမှု ဒါနအမျိုးမျိုး !!!
*လှူဒါန်းရာမှာ လူနတ်စည်းစိမ်ချမ်းသာကို တောင့်တ၍ လှူတဲ့ ဒါနမျိုးလည်း ရှိတယ်။ သံသရာကနေ လွတ်မြောက်လိုတဲ့အတွက် နိဗ္ဗာန်ကို ရည်မှန်းပြီး လှူတဲ့ ဒါနမျိုးလည်း ရှိတယ်။ ဒါနကို အလွှာခွဲပြန်ရင် သုံမျိုးသုံးစားခွဲလို့ ရပြန်တယ်။
၁။ ပကာသနကို လိုလားပြီး စိတ်ဆန္ဒ၊ ၀ီိရိယ ညံ့ညံ့နဲ့ ပြုလုပ်တဲ့ ဒါနမျိုး။
၂။ စိတ်၊ စေတနာ၊ ၀ီရိယ အလယ်အလတ်စားရှိပြီး လောကီချမ်းသာမှုကို အာရုံပြုပြီး လှူဒါန်းတဲ့ ဒါနမျိုး။
၃။ စိတ်၊ ဆန္ဒ၊ စေတနာ၊ ၀ီရိယ ထက်မြက်ရင့်သန်ပြီး နိဗ္ဗာန်ကို ရှေးရူ လှူဒါန်းတဲ့ ဒါနမျိုး။

*နောက်ဒါနအလွှာသုံးစားကတော့.....
၁။ ကျေးကျွန်ကို ပေးကျွေးသကဲ့သို့ ယုတ်ညံ့စွာ ပေးလှူသော ဒါနမျိုး။
၂။ မိတ်ဆွေကို ပေးကျွေးသကဲ့သို့ ကိုယ်စားသုံးသည့် အတိုင်း ပေးလှူသော ဒါနမျိုး။
၃။ အရှင်သခင်ကို ပေးကျွေးသကဲ့သို့ အထွက်အမြက် အလေးထား ပေးလှူတဲ့ ဒါနမျိုး။

*ဒါနပြုသူအမျိုးမျိုး၊ လှူတဲ့ပုံစံအသွယ်သွယ်မှာ ပြန်လည်ရရှိတဲ့ အကျိုးပေး အစုံစုံကလည်း မတူကြပြန်ဘူး။
၁။ ရိုသေလေးမြတ်စွာ ပေးလှူတာ။
၂။ မရိုမသေ ပေးလှူတဲ့ အလှူဒါန။
၃။ အများပိုင်ဆိုင်တဲ့ အလှူဒါန။
၎။ တစ်ဦးသာပိုင်ဆိုင်တဲ့ အလှူဒါန။
၅။ စားဦးစားဖျား၊ ထွက်ထွက်မြက်မြက်၊ သစ်သစ်လွင်လွင် ပေးလှူတဲ့ဒါန။
၆။ စားကြွင်းစားကျန် သုံးစွဲပြီးသား ပေးလှူတဲ့ဒါနရယ်လို့ ရှိတယ်။
ဒါနတွေကတော့အမျိုးမျိုးပေါ့။ လှူတဲ့စိတ်သဘောမတူသလို ရရှိတဲ့ ဒါနကုသိုလ်တွေကလည်း မတူကြဘူးပေါ့။ အဓိကကတော့ အလှူတစ်ခုပြုရင် ကိုယ်ကျိုးတွက် မမြော်ကိုးဘဲ စေတနာ၊ သဒ္ဒါတရား သန့်ရှင်းစင်ကြယ်ဖို့ အရေးကြီးဆုံးဘဲ မိတ်ဆွေတို့။

No comments: