Wednesday, October 22, 2008

:(:( ထားရှိရမည့် စိတ်ထားများ :):)

:(:( ထားရှိရမည့် စိတ်ထားများ :):)

“တောင်း” ဖြစ်ချင်ရင်
“၀ါး” ကိုခွဲရလိမ့်မယ်။
ဝါးမကွဲဘဲ
တောင်းရက်လို့ မရဘူးလေ။

လောကကြီးမှာ
မဖြစ်သေးတာပဲ ရှိမယ်။
မဖြစ်နိုင်ဘူးဆိုတာ မရှိ။

စိတ်ချမ်းသာချင်ရင်
ဘယ်အရာကိုမဆို
အကောင်းမြင်စိတ်နဲ့ ကြည့်။

မိုင်တစ်ထောင်ခရီးဟာ
ခြေတစ်လှမ်းက စခဲ့တာပါပဲ။
ဘာပဲဖြစ်ဖြစ်
ခြေတစ်လှမ်း စလှမ်းလိုက်စမ်းပါ။

လိုချင်တာမရသေးဘဲနဲ့
လူ့လောကထဲက ထွက်သွားရမယ်ဆိုရင်
တစ်ဘ၀တော့ ရူံးပြီ။
အရူံးမပေးချင်စမ်းပါနဲ့။

ဘ၀မှာ
လိုချင်တာ မရခဲ့ပေမယ့်
ရခဲ့တာကို အကောင်းဆုံးဖြစ်အောင်
ကြိုးစားရလိမ့်မယ်။

ဘာပဲဖြစ်ဖြစ်
စိတ်မညစ်နဲ့။
စိတ်ညစ်တဲ့အခါ
အိပ်ပစ်ပါ။

ဘယ်သူမှအကြွေးမကင်းဘူး။
စိတ်ဆင်းရဲမနေနဲ့။
အကြွေးတင် ရှင်ဘုရင်ဆပ်လိမ့်မယ်။
အဲ့ဒီလို ယုံထားလိုက်။

လောကကြီးမှာ
အပေးအယူ မျှတမှ
ဟန်ကျတာပါ။
အပေးအယူ မျှတပါစေ။

ဘ၀မှာ
လက်ညိုးထိုးနိုင်သူဖြစ်ရင်ဖြစ်
မဖြစ်ရင် လက်မထောင်နိုင်သူဖြစ်ရမယ်။

ယှဉ်ပြိုင်ပြီဆိုရင်
နိုင်ရင်နိုင်၊ မနိုင်ရင် ရူံးမှာပဲ။
နိုင်ရင် ခေါင်းမော့ချင် မော့ပါ။
ရူံးရင်တော့ ခေါင်းငုံ့ မပစ်လိုက်ပါနဲ့။

အသက်ရှင်နေသမျှ
မျှော်လင့်ချက်ရှိသည်။
မျှော်လင့်ချက်ဖြင့်
အသက်ရှင်ပါ။

လူ့စိတ်သည်
ဥယျာဉ်တစ်ခုနှင့် တူသည်။
ပြုပြင်ပေးမှ လှပမည်။
မပြုပြင်လျှင် ရူချင်ဖွယ်မရှိ။

သူတစ်ပါးကို ကူညီတတ်သူဟာ
ကိုယ်အခက်အခဲ ကြုံတဲ့အခါ
ကူညီမယ့်သူ အဆင်သင့်ပါ။

ဘာပဲလုပ်လုပ်
စူးစူးစိုက်စိုက်နဲ့
ဇွဲ လုံ့လရှိလျှင်
အောင်မြင်ဖို့ရာ သေချာတယ်။

သူတစ်ပါးစကားနဲ့
လမ်းမဆုံးစေချင်။
ကိုယ်ကိုယ်တိုင် လုပ်ကြည့်မှ
ကောင်း မကောင်း သိမည်ထင်။

ငွေများများရှာချင်ရင်
သူများတွေမတွေးတဲ့ အတွေးမျိုးကို
အတတ်ပညာနဲ့ ပေါင်းစပ်ပြီး
မရပ်မနား အလုပ် လုပ်။

ကားလက်မှတ် ရထားလက်မှတ်
ဝယ်မရတာနဲ့
ကိုယ်သွားရမယ့်ခရီးကို မဖျက်ပစ်နဲ့။
နည်းလမ်းအမျိုးမျိုးရှိတယ်၊ ကြိုးစားကြည့်။

ကြီးပွားချင်ရင်
ကြီးပွားမယ့်အလုပ်ပဲ လုပ်။
လောင်းကစား၊ အရက်၊ မိန်းမ မရူပ်နဲ့။
ရှိတာလေး ပြုတ်သွားမယ်။

လူတစ်ယောက်ရဲ့
အမြင့်ဆုံး တန်ဖိုးဟာ
ယုံကြည်စိတ်ချရမှု ဖြစ်တယ်။

စဉ်းစားဆင်ခြင်မှုမရှိရင်
သတိမရှိနိုင်ဘူး။
သတိမရှိတဲ့ သူဟာ
အမှား များတတ်တယ်။

မနက်ဖြန်အတွက်တွေးပြီး မပူပန်ပါနဲ့။
ယနေ့ အကောင်းဆုံးလုပ်ပါ။
ကံကြမ္မာဟာ ကိုယ့်ဘက်က
ရပ်တည်လာပါလိမ့်မယ်။

အလုပ်လုပ်ရင် အမှားတွေ့မယ်။
အမှားမရှိတဲ့ သူဟာ
အလုပ် မလုပ်တဲ့သူပဲ ဖြစ်မယ်။
မှားချင် မှားပါစေ၊ အလုပ် လုပ်ပါ။

အပင်ပေါ်က အသီးကို စားချင်ရင်
ကြွေကျချိန်ကို ထိုင်စောင့်မလား။
တက်ခူးမလား။
တက်ခူးလိုက်စမ်းပါ။

နိမ့်နိမ့်လေး ပျံရင်
နီးနီးလေးပဲ မြင်ရမယ်။
ဝေးဝေးမြင်ချင်ရင်တော့
မြင့်မြင့်ပျံရမှာပေါ့။

ယုံလွယ်တတ်၊ အားငယ်တတ်တဲ့သူဟာ
အမှန်အမှားကို မခွဲခြားတတ်ဘဲ
သူများနောက်က လိုက်နေရတတ်တယ်။
ရှေ့ကသွားနိုင်အောင် ကြိုးစားစမ်းပါ။

အမှားတကာ့ အမှားထဲမှာ
ဒေါသကြောင့် မှားတဲ့အမှားက
အဆိုးဆုံးပါပဲ။
ဒေါသကြောင့် မမှားပါစေနဲ့။

“သံတုံး” ကို “အပ်” ဖြစ်အောင်
သွေးနိုင်တဲ့သူဟာ
လူ့လောကမှာ
လိုချင်တာကို ရနိုင်တယ်။

အလုပ်တစ်ခုကို မစခင်မှာ စဉ်းစား။
စပြီဆိုရင် မရပ်နဲ့တော့
ပြီးပြတ်အောင် လုပ်။
ဒါမှ အရူံးအမြတ် သိလိမ့်မယ်။

ဆုတောင်းတိုင်းသာ
ပြည့်ဝပါလျှင်
ဘယ်မှာ ဆင်းရဲရှိမည်နည်း။

လူတို့အတွက်
အကြီးမားဆုံး ဆုလာဘ်ဟာ
စိတ်ချမ်းသာ ပျော်ရွှင်မှုပဲ ဖြစ်တယ်။

ပြင်းပြသော အလိုဆန္ဒမရှိဘဲ
မည်သည့်အရာမျှ
ကြီးကြီးကျယ်ကျယ် မအောင်မြင်နိုင်။

ငွေကို ကြိုးစားရှာပါ။
သို့သော်...ကပ်စေးနှဲ တွန့်တိုခြင်း
မရမ်းပတာ သုံးဖြုန်းခြင်း
မက်မော တွယ်တာလွန်းခြင်း မဖြစ်သင့်။

ဝင်ငွေနှင့် ထွက်ငွေ
မျှတအောင် မသုံးစွဲလျှင်
ပျော်ရွှင်မှုနှင့် ဝေးမည်ပင်။

အခွင့်အရေးဆိုတာ
လိုချင်တိုင်း ရတာမျိုးမဟုတ်။
ရသင့်ရထိုက်အောင်
ကြိုးပမ်းအောင်ထုတ်နိုင်မှ ၇တာ။

အခက်အခဲကိုကြောက်ရင်
အမြင့်ဆုံးကို မရောက်။
အခက်အခဲကို မကြောက်မှ
အမြင့်ဆုံးသို့ ရောက်မယ်။

အစွမ်းသတ္တိ
လူတိုင်းမှာ ရှိတယ်။
မသိလို့ အသုံးတတ်သူနဲန့
သိလိုက အသုံးချတတ်သူ...ဒါပဲကွာမယ်။

ကိုယ်မကျန်းမာရင်
စိတ်လည်း မချမ်းသာနိုင်။
စိတ်ချမ်းသာဖို့
ကိုယ်ကျန်းမာဖို့ လိုတယ်။

အောင်မြင်စေကြောင်း
နည်းလမ်းကောင်းတစ်ခုမှာ
အချိန်ကိုလေးစား
တန်ဖိုးထားခြင်းပဲ ဖြစ်တယ်။

သူတစ်ပါးကို
အပြစ်တင် အပြစ်မြင်နေတတ်ရင်
သင်လည်း ...သူတစ်ပါးရဲ့
အပြစ်တင် အပြစ်မြင်ခြင်းခံရလိမ့်မယ်။

လမ်းလျှောက်လို့
လမ်းပျေက်တာ ဘာဆန်းလဲ။
ဆက်သာ လျှောက်
ပျောက်တဲ့လမ်း ပြန်တွေ့မှာပဲ။

သည်းမခံနိုင်တဲ့အထိ
သည်းခံတဲ့အခါ
သည်းခံခြင်းရဲ့ အကျိုးကျေးဇူးကို
ခံစားရပါလိမ့်မယ်။

လူတွေနဲ့ပြောဆိုဆက်ဆံရမှာကို
ကြောက်နေမယ်ဆိုရင်
လူ့လောကနဲ့ ဝေးသွားလိမ့်မယ်။
လူဖြစ်ပြီး လူ့လောကနဲ့ မဝေးချင်ပါနဲ့။

ထိုက်တန်တဲ့ အကျိုးခံစားမှုမျိုးလိုချင်ရင်
အပင်ပန်းခံ ကြိုးစားပါ။
အရင်းအနှီး များလေလေ
အကျိုးအမြတ် များလေလေပဲ။

လူတစ်ယောက်ကို ဒုက္ခရောက်အောင်လုပ်ရင်
ကိုယ်က အရင်ဆုံး သောကရောက်လိမ့်မယ်။
ကိုယ့်သောက ကိုယ်ရှာတာမျိုးတော့
မလုပ်သင့်ဘူးပေါ့။

နောင်တဆိုတာ
အမှည့်လွန်မှ ကြွေကျတဲ့
သစ်သီးပုပ်တစ်လုံးနဲ့ တူတယ်။
မကောင်းဘူး၊ မလိုချင်နဲ့။

မပေးချင်ရင်လည်း
လုံးဝမပေးနဲ့
ပေးချင်ရင်လည်း
သူများအကျိုးရှိအောင်ပေး။

ဆင်းရဲတာ ရှက်စရာမဟုတ်ဘူး။
ဆင်းရဲတွင်းက ရုန်းထွက်ဖို့
မကြိုးစားတာကမှ ရှက်စရာ။

အရိပ်ထဲနေဖို့အတွက်
နေပူထဲကို ဖြတ်ရဲရမယ်။
သတိရှိရှိနဲ့
ဖြတ်သန်းလိုက်စမ်းပါ။

လူဆိုတာ
မလုပ်ကောင်းတာကို မလုပ်ရဘူး။
မစားကောင်းတာကို မစားရဘူး။
စည်းမစောင့်ရင် ဒုက္ခရောက်တတ်တယ်။

ငွေလိုချင်တာလေး တစ်ခုနဲ့တော့
မိတ်ဆွေသူငယ်ချင်း ပေါ်မှာထားတဲ့
ကတိသစ္စာကို မဖျက်မိစေနဲ့။
မိတ်ဆွေက ငွေထက်ပိုတန်ဖိုးရှိတယ်။

မိတ်ဆွေတို့
ပစ္စည်းတစ်ခုကို လိုချင်တယ်ပြောပြီး
ထိုင်ငိုနေလို့ ဘယ်ရမှာလဲ။
ထ.......အလုပ်လုပ်။

မနက်မနိုးမှာစိုးလို့
နာရီကို နှိုးစက်ပေးပြီး အိပ်ရတဲ့သူဟာ
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းလို့ပဲ။

ရေကူးတတ်ချင်တယ်ဆိုပြီး
ရေကန်ထဲကို ပတ်ပြေးမနေနဲ့။
ရေထဲကို ခုန်ချလိုက်။
နစ်ချင်နစ်၊ မနစ်ရင် တတ်သွားလိမ့်မယ်။

ပတ်ဝန်းကျင်ဆိုတာကြီးကို
တွေးကြောက်မနေနဲ့။
သေချာရေတွက်ကြည့်ရင်
လူတစ်ရာတောင် ပြည့်တာမဟုတ်ဘူး။

သဇင်ပန်း ပန်ချင်တယ်ဆိုပြီး
သစ်ပင်ပေါ် တက်မခူးရဲရင်တော့
မြေမှာ ကြွေကျတဲ့ ခရေပန်းကိုပဲ
လိုက်ကောက်ပြီး ပန်ရမှာပေါ့။

ပြောသင့်တာနဲ့ လုပ်သင့်တာကို
ချင့်ချိန် ခွဲခြားတတ်တဲ့သူဟာ
အောင်မြင်မယ့်သူပဲ။

ဘ၀ဆိုတာ
တစ်ကယ်တော့ဘားမှမဟုတ်
အလုပ်လုပ်ချင်းသာဖြစ်တယ်။

ငွေကို အရေးထားတဲ့သူ
ငွေနဲ့ ဆက်ဆံ။
မေတ္တာကို တန်ဖိုးထားတဲ့သူ
စေတနာနဲ့ ဆက်ဆံ။

ရိုးသား၊ နိုးကြား၊ ကြိုးစားမှုသည်
အောင်မြင်ခြင်း၏ သော့ချက်ဖြစ်၏။
ဘာကိုပဲ ဆုံးဖြတ်ဆုံးဖြတ်
ပြတ်သားရမယ်။

မိတ်ဆွေလို သတ်မှတ်ထားပေမယ့်လည်း
စည်းမစောင့် စိတ်မဖြောင့်ရင်တော့
ချစ်ခင်လို့ မရနိုင်တော့ဘူးပေါ့။

ကိုယ့်ထက်သာတဲ့ သူနဲ့ ယှဉ်ပြိုင်ရတဲ့အခါ
ရူံးနိမ့်တတ်တာ သဘာဝပါ။
စိတ်ပျက် အားငယ်စရာ မလိုပါ။

အပြောတစ်မျိုး အလုပ်တစ်မျိုး
မရိုးသားတဲ့ သူနဲ့တွေ့တဲ့အခါ
အားမနာတတ်ဖို့ လိုတယ်နော်။

ကေသရာဇာ ခြင်္သေ့မင်းတို့မည်သည်
အစာငတ်သော်လည်း မြက်မစားပေ။

စာဖတ်ဖို့ အချိန်မရှိဘူးလို့
ညည်းညူပြောဆိုတတ်တဲ့သူဟာ
တိုးတက်ရှင်သန်ခြင်း တံခါးကို
အမြဲပိတ်ထားချင်တဲ့ သူနဲ့တူတယ်။

အခွင့်အရေးဆိုတာ မကြာခဏ
ရတတ်တာမျိုး မဟုတ်ဘူး။
ရတုန်း ယူထားလိုက်၊ မလွတ်စေနဲ့။

အချစ်ကြောင့်
မျှော်လင့်ချက် ပျက်သုဉ်း
ဘ၀မဆုံးစေနဲ့။
အချစ်ဆိုတာ တစ်ကယ်တော့
ရင်ကို ပူလောင်စေတဲ့ ဝေဒနာ
ဘ၀တစ်စိတ်တစ်ဒေသပါ။

ဘယ်သူ့အပေါ်မှာပဲဖြစ်ဖြစ်
စိတ်ယုတ်မမွေးနဲ့
အနှေးနဲ အမြန်ဆိုသလို
ဝဋ်လိုက်တတ်တယ်။

စေတနာသည်
လူတိုင်းနှင့်တန်ပါသည်။
ထိုက်တန်သလောက်သာ ပေးပါ။
သတိတရားလက်ကိုင်ထားပြီး
အမှားနည်းအောင် ကြိုးစားပါ။

ငွေကို ရေလိုသဘောထားပြီး
ချွေတာ သုံးပါ။
ငွေကို မြွေလို သတိထား
အကိုင် မမှားစေနဲ့။

ဘ၀ဆိုတာ အိပ်မက်ပဲ။
အိပ်မက်လှလှလေးတွေ
မက်နိုင်အောင် ကြိုးစားရမယ်။
မသေချာရင်
ပေတစ်ရာမှာ နေကြာမစိုက်ပါနဲ့။

သူများရဲ့ကျေးဇူးတရားကို
မေ့လျော့ မထားနဲ့။
ကိုယ်ပြုထားဖူးတဲ့ ကျေးဇူးတရားကိုလည်း
အမှတ်မထားနဲ့။

လူဆိုတာ
အမှန်လုပ်သလို အမှားလည်း လုပ်တာပဲ။
ကောင်းတာလုပ်သလို မကောင်းတာလည်း လုပ်တယ်။
အဲ့ဒါ လူပဲ၊ သဘောပေါက်။

ကျားဆိုရင်လည်း
တကယ့်ကျား ဖြစ်ပါစေ။
ဘယ်သူမှ အရေးမလုပ်တဲ့
အရုပ်ကျား မဖြစ်စေနဲ့။

ရိုးသားမှုဆိုတာ
စိန်လိုပဲ အဖိုးတန်တယ်။
သာမာန်လူတွေဆီမှာ မရှိနိုင်ဘူး။

မိဘကို မသေခင်
ကျွေးမွေး၊ ပြုစု၊ စောင့်ရှောက်ပါ။
သေမှ မငိုပါနဲ့ အကျိုးမဲ့တယ်။

မပြုံးချင်ရင်လည်း နေ
ပြုံးချင်ရင်လည်း ပြုံး။
ဒါပေမဲ့......
မဲ့ပြုံး ပြုံးတာမျိုးတော့ မဖြစ်စေနဲ့။

မလိုချင်တာ မယူနဲ့။
မကြည်ဖြူတာ မစားနဲ့။
မသနားဘဲ မပေးနဲ့။

မီးနီနေပါတယ်ဆိုမှ....ဇွတ်။
ခဏလေးပါဆိုပြီး....မိုးအလင်း။
လမ်းကြုံလိုက်တာ....အိမ်အထိ။
အလိုက်မသိတတ်သူ....သတိထား။

စေတနာထား စကားများ
အမှားပါတတ်တယ်။
ဒါ့ကြောင့်.....
စကားနည်းနည်း ဘုရားမြဲမြဲနေ။

လူဆိုတာ အချိန်တန်တော့
သေကြရမှာချည်းပါပဲ။
ဒါပေမဲ့.....ကိုယ့်ရဲ့မသိနားမလည်မှု
ပေါ့ဆမှုကြောင့်တော့ မသေစေနဲ့။

အချိန်တိုင်းသည်
ငါ့ဘ၀ တိုးတက်စေမှုအတွက်သာ
ဖြစ်စေရမည်။
လက်လျော့ အရူံးပေးခြင်သည်


ဘေးအန္တရာယ် အသွယ်သွယ်တို့ကို
အကြောက်အရွံ့ ကင်းမဲ့စွာ ရင်ဆိုင်နိုင်သော
စွမ်းရည်သတ္တိ ရှိရပါလို၏။

လောကကောင်းကျိုး
ထာဝရ သယ်ပိုးနိုင်တဲ့သူ
ဖြစ်ပါစေ။

(ကောင်းသန့်)

No comments: