Wednesday, October 15, 2008

# အချစ်ဦးကြယ်ကြွေ အတိတ်ကကောင်လေး #

click to comment

 ယခုအချိန်တွင် ဘာမှမရှိတော့သော သူမရဲ့ နှလုံးသား အပိုင်းအစလေးများကို ကောက်ယူကြည့်လိုက်လျှင် အချစ်ဦးရဲ့မျက်နှာ…,လင်းလက်တောက်ပခဲ့သော်လည်း အချိန်မတန်ခင် ကြွေကျသွားခဲ့ရသော ကြယ်တစ်ပွင့်နှင့် ရင်နင့်အောင်ချစ်ခဲ့ရဖူးသော အတိတ်ကကောင်လေးတစ်ယောက်ကိုပဲ ခပ်ဝါးဝါးတွေ့မြင်နေရတော့မည်ထင်ပါသည်။ အချစ်ဦးသည်လည်း ယခုအချိန်မျာ မပီဝိုးတ၀ါး။ သူ့အာရုံထဲမှာရောသူမသည်လည်း မပီဝိုးတ၀ါးပဲ ရှိတော့မှာပါ။ ၀ိုးတ၀ါးတောင်မဟုတ်တော့။ သူ့အာရုံထဲ ၊ ရင်ထဲ ၊ အသည်းထဲတွင်ကား သူမပျောက်ဆုံးသွားခဲ့တာ ကြာခဲ့ပြီထင်။ အချစ်ကိုပျက်စီးဆုံးရူံးသွားစေခဲ့သော အရာတွေက ဘာတွေခဲဟု ယခုချိန်မှ သူမပြန်လညဘ်တွေးတော မနေချင်တော့ပါ။ သေချာတာကတော့ အချစ်တစ်ခုဖြစ်ပေါ်လာဖို့ရော၊ ပျက်စီးသွားဖို့ရောဆိုတာဟာ တစ်ယောက်တည်းနှင့် သက်ဆိုင်သည့် ကိစ္စမဟုတ်ပါ။ တစ်ခါတစ်ရံမှာ အချစ်သည် သူမလိုက်လို့မမှီသော ကိစ္စရပ်တော်တော်များများနှင့် ဖွဲ့စည်းတည်ရှိထားကြောင်းကို သူမရဲ့အချစ်ဦးက လက်တွေ့သင်ကြားပြသပေးခဲ့တာဖြစ်သည်။ အချစ်ဦးပီိပီသူမကတော့ သူ့ကိုရူးရူးမှုးမှုးချစ်ခဲ့သည်ဟု ဆိုပါတော့။ သူက အဲ့ဒီလိုမချစ်တတ်စေရန်သင်ပေးခဲ့သည်။ သူမကတော့ သူ့ရဲ့ အချစ်ဦး မဟုတ်ခဲ့ပါ။ “ငါမင်းကို မချစ်တော့ဖူး…သူငယ်ချင်းလိုဘဲနေတော့မယ်”
 သူမရဲ့ နူတ်ခမ်းထက်ပင်လှပသော သူရဲ့နူတ်ခမ်းထက်မှ ဒီစကားမျိုးတွေပြောထွက်ခဲ့ခြင်းအပေါ် သူမနာကျင်ကောင်းမှန်းမသိခဲ့။ ရူးသွပ်မှုအားအကောင်းဆုံးအချိန် ဖြစ်ခဲ့သည်ကိုလေ။ မချစ်ဖူးတဲ့ အချစ်ရူးဆိုသလိုပေါ့။ ဘယ်သူဖြစ်ဖြစ်ခံစားဖူးလျှင် ကိုယ်ချင်းစာနိုင်ပါမည်။ အချစ်နှင့် တစ်ကယ်တမ်းနှဖူးတွေ့ ဒူးတွေ့ကြုံရလျှင် တောင့်ထားနိုင်သူမှာ အတော်ပင်နည်းပါးပါသည်။ အထူးသဖြင့် အူအရိုင်း မလည်မ၀ယ်အချစ်ကျောင်းသူနှင့်ပညာရှင်တို့ဆုံတွေကလေကြရာဝယ်…။ကတ္တီပါနက်ပြာရောင်ပေါ်တွင် စိန်ပွင့်များကြဲဖြန့်ထားသလိုလှပသည့် ကောင်းကင်နှင့်ကြယ်တွေကို သူနှင့် သူမတို့ ကျော်ချင်းကပ် ထိုင်လျက်အတူ ရေတွက်ခဲ့ဖူးသည်။ အဓိပ္ပာယ်မရှိသော သူမရဲ့ လုပ်ရက်ကို သူကခပ်ဖွဖွရယ်မောက “ဒီကြယ်တွေအားလုံးပြီးအောင် မင်းရေနိုင်မလား” ဟုမေးသည်။
 “ဘယ်ရေတွက် နိုင်မလဲ”
 “ဒါဆို ဘာလို့ရေနေတာလဲ”
 “ကျွန်မရေနေတုန်း ကြယ်လေးများ ကြွေကျသွားမလားလို့လေ။ ကျွန်မရေနေတုန်း ကြွေကျသွားတဲ့ ကြယ်ရဲ့နံပါတ်ကို သိချင်လို့။ ကောင်းကင်ကြီးရဲ့ ရင်ခွင်ကနေဘယ်နှပွင့်မြောက်ကြယ်ဟာ ကြွေကျသွားသလဲ ဆိုတာပေါ့”။
 သူကကျွန်မရဲ့မျက်ဝန်းများကိုတည့်တည့်စိုက်ကြည့်လျှက်“မင်းဟာသိပ်စိတ်ကူးယဉ်ဆန်တတ်တာပဲ” ဟုပြောခြ့ဖူးတာကိုတော့ အခုထိနအမှတ်ရဆဲပါ။ အချစ်ဆိုတာ စိတ်ကူးယဉ်ဆန်တဲ့ ရင်ခုန်သံတစ်ခုပဲ မဟုတ်လားချစ်သူ။ ကိုယ့်ချစ်သူကို စိတ်ကူးယဉ်ဆန်စွာ Romatic ဖြစ်အောင် ချစ်ပြတတ်ခြင်းစာ မင်းအတွက် ကျေနပ်ချင်စရာ မဟုတ်ခဲ့ဘူးလား။ ဘာတွေများလွဲနေခဲ့သလဲ ချစ်သူရယ်။
 တဖြည်းဖြည်းနှင့်အေးစက်လာသော အချစ်တွေကို ပြန်နွှေးသည့် စက်ရှိလျှင် သူမအပိုင်ဝယ်မိမှာပါ။ လူသားတွေကိုတောင် ပုံတုမျိုးပွားလို့ရသော ခေတ်ကာလမှာ အချစ်နွှေးသည့် စက်လည်းရှိမလားဘူးဟု မပြောနိုင်ချေ။ ဒီအကြောင်းကို နောက်သလိုလိုနှင့် စောင်းမြောင်းပြောလိုက်ချင်ပါသည်။ အချစ်ရူးအပြင် ကဗျာရူး ၊ စာရူး ဟုလည်းသတ်မှတ်ခြင်းခံထားရသော သူမကို“လွန်းထားထားလို ပေါက်လာရင် ဆေးထည့်ပေးမယ်”ဟု ခနဲ့တဲ့တဲ့ ဆိုခဲ့သေးတာကို လည်းမှတ်မိနေဆဲပင်။ သူမတို့နှစ်ဦးကို ရစ်နှောင်ထားခဲ့သောကြိုးတွေ တစ်စတစ်စနှင့် လျော့ရဲကာ တချို့တစ်ဝက်လည်း ပြတ်တောက်ကုန်ပြီ။ တစ်ချို့လည်း တဲတဲလေးသာကျန်တော့ကြောင်း ရိပ်မိသိရှိနေခဲ့သော အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ကတော့ “နင့်မေ့လိုက်ပါတော့လား”ဟု အကြံပေးခဲ့ဖူးပါသည်။
 သူငယ်ချင်းရယ်ရူးကြောင်ကြောင် အတွေးအခေါ်နှင့်ပဲ ပြောပါရစေ။ မွေးဖွားလာသူတိုင်းဟာ သေဆုံးရမယ်ဆိုတာကို ကမ္ဘာဦးကတည်းက လူတွေသိခဲ့ရဲ့သားနှင့် နာက်ဆုံးအသက်ကယ်ဆေးကို ဘာလို့ မတီထွင်ခဲ့ကြသလဲ။ မခွဲခွာချင်တဲ့သူ၊ ခွဲခွာမသွားချင်ပေမယ့်ခွဲကိုခွဲခွာရတော့မယ့်သူတွေဟာနောက်ဆုံးလက်ကျန်အချိန်လေးကိုတော့ ရှည်နိုင်သမျှ ရှည်အောင် ဆွဲဆန့်ထားချင်ကြတာပဲ မဟုတ်လား။
 သူမဟာ ကြယ်တစ်ပွင့်ရဲ့ဘ၀ကို အတော်အားကျခဲ့တာလေ။ နွေးထွေးသည့် သူ့ရင်ခွင်ကိုတော့ ကောင်းကင်ကြီးအဖြစ်သတ်မှတ်ခဲ့ဖူးတာပေါ့။ ကောင်းကင်နှင့်ကြယ်အမြဲ နံရချင်ခဲ့တဲ့သူပါ။ ကြယ်လေးတွေဟာလည်း သူတို့ချစ်သည့် ကောင်းကင်ရဲ့ရင်ခွင်မှာ စ်သက်တာခိုလှုံခွင့်ကိုလည်း လိုချင်ကြမှာမလွဲပါ။ ရင်ခွင်ကော်ငးကင်ကနေ ကြွေကျသွားခဲ့သည့် ကြယ်တစ်ပွင့် ဘယ်သူမှဖြစ်ချင်ကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း…ကောင်းကင်ကသူ့ရဲ့ ကြယ်လေးကို ရင်ခွင်ကနေ တကယ်ခြွေချလိုက်တယ်။ ဒီလိုပဲသူလည်း…….
 အဲဒီလောက်တောင်ပဲ တိုက်ဆိုင်ရလားကွယ်။ ခန်းခြောက်နေတဲ့ မျက်ရည်တွေကြားက သူမပြုံးမိပါရဲ့။ နှလုံးသားက အချစ်တစ်ခုကွဲကြေသွားလို့ အက်ခနဲမြည်သွားချိန်မှာ ကောင်းကင်ပေါ်က ကြယ်လေးတစ်ပွင့်လည်း ကမ္ဘာမြေပေါ် တကယ်ကြွေဆင်းလာသည့်အချိန်။ မှတ်မှတ်ရရ အဲဒီကြယ်ေးလက နံပါတ်(၃၀)တဲ့လေ။
 အချိန်မတန်ပဲ ကောင်းကင်ရင်ခါင်မှ ကြွေလွင့်သွားရသော ကြယ်ပွင့်လေးရေ ကမ္ဘာမြေကြီးရဲ့ ဘယ်နေရောက ဘယ်ကောင်းကင်ရင်ခွင်မှာ ရှိနေလဲ။ ဟိုအရင်ချိန်ကတော့ သိပ်ချစ်ပါတယ်၊ သိပ်မြတ်နိုးပါတယ်ဆိုပြီး နားဝင်ချိုစရာ ချစ်သစကားလေးတွေ ပြောနေတတ်တဲ့ အပြောင်းအလဲ မြန်သော ကောင်လေးရေ…အခုဘယ်ရင်ခွင်သစ်မှာ ပျော်ရွှင်နေလဲမသိ။ မင်းကိုအရူးအမှုးချစ်ခဲ့ ၊ မင်းနဲ့ထပ်ဆုံဖြစ်ခဲ့ရင် စကားလေးတွေပြန်လည်းပြောချင်တယ်၊ မင်းပြန်လာမယ့်နေ့တွေကို ကြယ်လေးတွေရေတွက်ကာ စောင့်ရင်းနဲ့ဘဲ သိပ်သတိရမိနေတယ်ဆိုရင် နင်ယုံမှာလား..ဟယ်။ အေးစက်လာသည့် ချစ်သူရဲ့အပြုံးတွေကို မြင်တိုင်း စိတ်ထင်သလိုလုပ် ပျော်ရွှင်နေတတ်တဲ့ အတိတ်ကကောင်ေးလကို သတိရမိတာငါမှားလား၊ ပြောရရင် အချစ်ဦးနှင့် အတိတ်ကကောင်လေးသည် ဆန့်ကျင်ဘက်ပဲ ဖြစ်ပါသည်။
 အချစ်ဦးသည် အချစ်နှင့်ပတ်သတ်လျှင် ပညာ၇ှင်ပဲ ဖြစ်သည်။ အတိတ်ကကောင်လေးသည် ရည်းစားစကားကိုပင် အပေါက်လမ်းတည့်အောင်မပြောတတ်တဲ့ သူလေးပါ။ အချစ်ဦးရဲ့ စကသားများသည် မိန်းမချောများစွာကို ညွှတ်ခနဲ့ပြိုဆင်းစေခဲ့သော်လည်း အတိတ်ကကောင်လေးသည် ရည်းစားစကားကိုပင် စာစီစာကုံးရေးသလို ရေးသူတည်း…အချစ်ဦးသည် သူမပေးသော လက်ဆောင်များကို တန်ဖိုးမထားခဲ့သော်လည်း ကောင်လေးကတော့ စွယ်တော်ရွက်လေးတစ်ရွက်ကိုပင်လျှင် တယုတယ သိမ်းဆည်းထားခဲ့သူပဲ ဖြစ်ပါသည်။
 ယခုအချိန်ခါတွင် သူမသည် အချစ်ဦးဆိုတာကို တမ်းတမနေချင်တော့ပါ။ ရှိလည်း မရှိတော့ပါ။ ကြယ်ကြွေညနှင့်အတူ အချစ်ဦးသည် အပြီးတိုင် ပျောက်ကွယ်သွားခဲ့ပြီ။ ဒီအချိန်မှာ သူမအတမ်းတဆုံးက အတိန်ကကောင်လေးကိုပဲ ဖြစ်ပါသည်။ ကောင်လေးနှင့် သူမတို့ကြားတွင် ထိန်းချုပ်ခဲ့ရသော အသိဥာဏ်တွေမရှိ၊ ပင့်သက်ရိုက်ခဲ့ရသည့် အနမ်းရှည်တွေမရှိ၊ သူမရဲ့မျက်ရည်တွေမရှိ၊ အလွမ်းတွေမရှိ၊ ခံစားချက်ဆိုတာတွေမရှိ၊ သူမရဲ့ ချစ်ဦးသူလို အကျင့်ဆိုးတွေမရှိ၊ အဖြုရောင်နှောင်ကြိုးလေးဖြင့် ရိုးရိုးသားသား ပင်တွယ်တာခဲ့လေသည်။ တကယ်တော့ ချစ်ဦးသူနှင့် ကောင်လေးကြားတွင် ကြီးမားသော ကွာဟချက်မှာ တစ်ခုတည်းသာ ရှိပါသည်။
 ထိုအရာကို သူမ အမှန်းဆုံးဖြစ်သည်။ တစ်နှစ်ဆိုသော အချိန်သည် ကောင်ေးလကို အချစ်ဦးဒအဖြစ် လုံးဝကြောက်မက်ဖွယ်ကောင်းအောင် အသွင်ပြောင်းလဠဲပေးလိုက်တာပဲ ဖြစ်လေသည်။ အချစ်ဦးထံတွင် ကောင်လေးထံကလို ကြင်နာတတ်သည့် နှလုံးသား မရှိတော့။ အချိန် အဲဒီအချိန်ဆိုတာကို သူမ အတော်မုန်းတီးပါသည်။ ထို့အတူ အချစ်ဦးဖြစ်ခဲ့ဖူးသော ယောက်ျားတစ်ယောက်ကိုလည်း မုန်းသည်။
 နိဂုံးချုပ်ရလျှင် ကောင်းကင်၏ နံပါတ်သုံးဆယ်မြောက် ကြယ်ပွင့်လေးကို ကိုယ်စားပြုသော သူမသည် အတိတ်ကကောင်လေးကို လွမ်းဆွတ်သတိရဆဲ၊ ထို့အတူရှာဖွေဆဲပင်ဖြစ်လေသည်။

No comments: