Thursday, October 30, 2008

ရည်မှန်းချက်နှင့်ပန်းတိုင်

click to comment
• ရည်မှန်းချက်အောင်မြင်စေရန် လုပ်ဆောင်ကြရာတွင် ကြောက်ရွံ့စိတ်၊ သံသယစိတ်၊ သိမ်ငယ်စိတ်တို့ကို မွေးမြူထားလျှင် စိုးရိမ်ပူပန်စိတ်များ ဖြစ်ပေါ်လာတတ်သည်။ စိတ်ဓာတ်ရေးရာ ချည်နဲ့လာသည်နှင့် အမျှ ကိုယ့်ကိုကိုယ်ယုံကြည်စိတ်၊ လေးစားတန်ဖိုးထားသည့် စိတ်များ လျော့ပါး စေနိုင်သည်။ တစ်နည်းဆို၇သော် အောင်မြင်ရေးလမ်းကြောင်းပေါ်မှ သွေးဖည်သွားနိုင်သည်။ ထို့ကြောင့် သင့်ဘ၀ကို အောင်မြင်မှုနှင့် ပျော်ရွှင်မှုပန်းတိုင်ဆီသို့ အမှန်တကယ် ရောက်လိုပါလျှင် ကိုယ့်ကို ကိုယ်ယုံကြည်စိတ် မွေးဖို့လိုကြော်ငး လမ်းညွှန်ပြထားပါသည်။
• မိမိတို့ဘ၀ အောင်မြင်မှုရရှိရန် မိမိကိုယ်မိမိတို့ အရှင်သခင်အဖြစ် ရဲရဲဝံ့ဝံ့ ခံယူကား သတ္တိရှိရှိ ခံယူရမည် ဖြစ်သည်။ လက်ဝှေ့သမားတို့ကို နှလုံးမှုရမည်။ ယင်းမှာ ကြိုးဝိုင်းဒိုင်၏ အမှတ်ရေတွက်သံကို နားထောင်၊ မှုးဝေနေသော ဦးခေါင်းကို ကြည်အောင်ရှင်း၊ စိတ်အာ၇ုံများ ပြန်လည်စုစည်း၊ မိမိနွှဲနေသည့် ပွဲကို နိုင်အောင်ဆက်တိုက်ရမည်။ ဘယ်လိုသော အခြေအနေမျိုးနှင့် ရင်ဆိုင်နေရစေကာမှု အနိုင်ရအောင် နွှဲရမည်သာ ဖြစ်သည်။ ထို့ကြောင့် အတ္တာဟိ အတ္တနော်နာထော- မိမိကိုယ်ကို ကိုးကွယ်ရမည်သာ ဖြစ်သည်။
• အောင်နိုင်ခြင်းဆိုတာ ကတော့ ရှေးဆုံးက ဖြစ်လာခြင်း သို့မဟုတ် ငွေတွေအများကြီး ရလာသည့်အတွက် စိတ်ချမ်းသာခြင်းသာ ဖြစ်၏။ မှားသလိုနှင့် အမှန်တွေပါနေသည့် ဆိုရိုးတစ်ခုကို ကျွန်ုပ်တို့အားလုံး အသိအမှတ်ပြုကြ၏။ အောင်မြင်မှု၏ အဓိပ္ပာယ်ကတော့ ချမ်းသာကြွယ်ဝခြင်း၊ အောင်မြင်ကျော်ကြားခြင်း၊ မြို့ထဲက ဘယ်စားသောက်ဆိုင်မဆို တန်းမစီဘဲ ကျော်ဖြတ်ဝင်ခွင့်ရခြင်း၊ နောက်ပြီး ပြိုင်ကားတွေ၊ မိန်းမချောချောလှလှတွေ၊ ပြီး တော့ ဘက်ဗာလီတောင်ကုန်းများတွင် မဟာအိမ်ကြီးတစ်လုံး။ ဤအရာများကိ ကျွန်ုပ်တို့ စိတ်ကူး အယဉ်ကြီးယဉ်နေမသည့် ဆုလာဘ်များ၊ ကျွန်ုပ်နို့ လိုချင်တပ်မက်၇ှိလှသည့် -နတ်သုဒ္ဓာဟင်းခွက်ကြီး။
• အောင်မြင်ခြင်းသည် ကံတရားနှင့် ဆိုင်သည့် ကိစ္စမဟုတ်၊ ကံတရားဆိုသည်မှာ အလျှဉ်းသင့် ကြုံကြိုက်သည့် ကိစ္စဖြစ်ပြီး အောင်မြင်ခြင်းကတော့ စီစဉ်ပုံဖော်ရသည့် ကိစ္စဖြစ်၏။ သင်၏ ရည်မှန်းချက်ကို စုံမက်မြတ်နိုးနေဖို့လို၏။ သင့်ရည်မှန်းချက်ပန်းတိုင်ကို မျက်စိတစ်မှိတ် လျှပ်တစ်ပြက်ကယ်မျှပင် မျက်ခြည်ပြတ်မခံဖို့လို၏။

No comments: