• ဆောင်းတွင်းချိန် နံနက်စောစော အချိန်ဖြစ်သည်။ သမင်မ တစ်ကောင်သည် ဘေ့ဆင်တောင်၌ အစာစားနေသည်။ ညတုန်းက နွေးထွေးလျက် မိုးလည်းရွာသည်။ ယခုနံနက်မှာမှု ရာသီဥတုက မရေရာသည့် အခြေအနေဖြစ်သည်။ လေက တောင်အရပ်မှာ တိုက်ခတ်လာပြီး ကောင်းးကင်၌ မိုးသား တိမ်တိုက်များ ရှိသည်။
• သမင်မ၏ တစ်ခုတည်းသော အဖော်မှာ သူမ၏ ရင်သွေးပင် ဖြစ်သည်။ ချစ်စရာ သမင်ငယ်ကလေး၊ ကိုယ်လုံးအညိုရောင်ပေါ်၌ အစက်အပြောက်ကလေးများ လှပစွာ ရှိသည်။
• ထို့ကြောင့်သမင်ပျို တစ်ကောင်ကဲ့သို့ပင် ချစ်စရာကောင်းသည်။ သမင်ငယ်၏ ဖခင် သမင်ကြီးသည် ညက ခရီးဝေးသွားသည်။ တောင်ကို ဖြတ်ကျော်၍ ကြည်လင်သော ရေကန်သို့ သွားသည်။ ယခုထိ ပြန်ရောက်မလာသေး။ ရေကန်မှ ရွှန်းစိုသည့် ကြာဖူးများကို စားရန်ဟု အကြောင်းပြပြီး သွားသည်။ “သူဟားမိုးလင်းတဲ့အထိ ကြာဖူးပန်းများကို စားမယ်၊ အလင်းရောင်လာတော့ မှောင်ရိပ်တွေ ပျေက်ကွယ်သွားပြီ။ ဒီအချိန်ဆိုရင် ပြန်ရောက်ဖို့ ကောင်းပြီ၊ ခုထိ မရောက်လာသေးပါကလား”ဟု သမင်မက ရေရွတ်သည်။
• ကြည်လင်သော ရေကန်မှာ ဝေးလှသည်၊ သားငယ်ကေးလနှင့် သမင်မအဖို့ အစ်ညတာ စားသောက်ရန်အတွက် မသွားရောက်နိုင်။ ထိုရေကန်မှာ သားသမင်တို့ နှစ်သက်သည့် ရေကန်၊ လရောင်အောက်၌ ဆုံစည်းကြသည့်နေရာ၊ သမင်ကြီးသည် မြန်မလာသေးချေ။ သူသည် ကျောက်စွန်းတန်း တစ်ခုအောက်၌ အိပ်နေပုံရသည်။ တစ်ကောင်တည်းမှ ဟုတ်ပါလေစ။
• သမင်မက ရွက်နုကလေးများကို စားသည်။ မကြာခဏလည်း သားငယ်ကို လှမ်း၍ကြည့်သည်။ သမင်ငယ်ကလည်း နံနက်စာအဖြစ် ရွက်နုများ စားသည်။ ယခု ရေညှိပေါ်လဲလျောင်းရင်း နူးညံ့သည့် အညိုရောင်မျက်လုံးအစုံဖြင့် လှမ်းကြည့်နေသည်။ မိခင် လှုပ်ရှားသမျှကို မျက်ခြည်မပြတ်လိုက်ကြည့်သည်။ ခပ်လှမ်းလှမ်း၌ မိခင်ရပ်တန့်လိုက်လျှင် သမင်ငယ်က ထလိုက်တော့မလို ဟန်ပြင်တတ်သည်။ သမင်ငယ်အဖို့ တစ်ကမ္ဘာလုံး၌ မှခိုစရာဟူ၍ သည်မိခင်သာ ရှိသည်။ မိခင်က တုံ့ပြန်ကြည့်လိုက်လျှင်ကာ သားငယ်မှာ စိတ်ချသွားသည်။ အကယ်၍ သမင်ငယ်က အထိတ်တလန့် အော်မြည်လိုက်လျှင် မိခင်က သားငယ်ထံချက်ချင်းပင် အပြေးရောက်သွားသည်။ အစက်အပြောက်များနှင့် သားငယ်၏ ကိုယ်ကို အရောင်တောက်ပလာသည်အထိ လျှာဖြင့်လျက်ပေးသည်။
• လောက အလှပင်ဖြစ်၏။ တစ်ဘက်က မိခင်မေတ္တာ ဖော်ပြသည်။ တစ်ဘက်က ယုံကြည်အားထား ပျော်ရွှင်မှုကို ဖော်ပြသည်။ သမင်မမှာ လှသည်။ တင့်တယ်သည်။ ခြေလက်များ သွယ်ပျောင်းသည်။ ကိုယ်ထည်က လုံးဝန်းပြီး ဦးခေါင်းက နန်းဆန်သည်။ နားရွက်က ငယ်ပြီး မျက်လုံးများက တောက်ပလျက် အသိဥာဏ်ရှိပုံ၊ ကြင်နာ ချစ်ခင်တတ်ပုံကို ဖော်ပြသည်။ သမင်မသည် နိုးကြားဖျတ်လတ်သည်။ ပျော့ပျောင်းသည်။ လွတ်လပ်သည်။ ဦးခေါင်းမြှင့်၍ သားငယ်ကို လှမ်းကြည့်လိုက်ပုံမှာ နှစ်လိုဖွယ် ကောင်းလှသည်။
• သမင်မက ဦးခေါင်းကို ဆတ်ခနဲ မော့လိုက်သည်။တောင်အရပ်ဆီသို့ နားစွင့်သည်။ အသံတစ်ခုခု ကြားလေသလော၊ တောင်လေတိုက်ခြင်းပင်လော၊ တစ်တောလုံး တိတ်ဆိတ်နေသည်၊ အကယ်၍ သမင်မ အသံတစ်ခုခု ကြားသည်ဆိုလျှင် အလွန်ဝေးကွာမှ အသံဖြစ်ပေမည်။ တောတွင်၌ မကြာခဏဆိုသလို ညည်းညူသံမျိုး ပေါ်ပေါက်တတ်သည်။ အပြောင်းအလဲ နိမိတ်ပင်ဖြစ်သည်။ ဤသည်ကို နားထူသည့် လူသားများ မကြားကြချေ။ သို့သော် တောသတ္တ၀ါများက ကြားကြသည်။ နားလည်သည်။ သံသယပျောက်သွားသည်။ သမင်မက သားငယ်ကို ကြင်နာစွာ ကြည့်လိုက်ပြီး အစာပြန်စားသည်။
• သို့သော် ရုတ်တရက် သမင်မ လန့်ဖျပ်သွားသည်။ ခေါင်းထောင်လိုက်သည်၊ မျက်လုံး ကျယ်လာသည်၊ ခြေလက်များတုန်လှုပ်သွာားသည်။ ခြေတစ်လှမ် လှမ်းလိုက်ပြီး ဦးခေါင်းကို တောင်ဘက် လှည့်လိုက်သည်။ နားစွင့် ထောင်သည်၊ ဝေးကွာရာမှ အသံတစ်သံ၊ အဆက်မပြတ် တောတွင်း ပျံ့နှံ့လာသည်။ ညင်သာသည့် တုန်ခါမှုဖြင့် လေကို လှုပ်ရှားစေသည်။ ယခုခါ သမင်မ၌ယုံမှား သံသယ မရှိတော့။ ခြေလှမ်း နီးကပ်လာသောအခါ အာရုံ ခံစားလွယ်သည့် ထိကရုန်းပင် လှုပ်ရှားးသလို သမင်မ လှုပ်ရှားနေသည်။ အမဲလိုက် ခွေးဟောင်သံပေတည်း။
• ဝေးတော့ ဝေးလှသည်။ တောင်ခြေမှ ဖြစ်သည်။ ထွက်ပြေးဖို့ အချိန် လုံလောက်သည်။ ပြေးလျှင် သမင်မနှင့် အမဲလိုက် ခွေးကြား၌ မိုင်များစွာ ကွာခြားသွားမည်။ ထူထပ်သော တောထဲ ဖြတ်ပြေး၍ လွတ်မြောက်ရန် အချိန် လုံလောက်သည်။ ကျားသစ်တောင်ကြားအတွင်းရှိ လိုဏ်များအတွင်း ၀င်ပုန်းနိုင်သည် အချိန် လုံလောက်သည်။
• သို့သော် သမင်ငယ်ကလေးက ရှိနေသည်။ အမဲလိုက် ခွေး၏ အသံက ထပ်ဆင့်နေသည်။ ပို၍ ကွဲပြားစွာ ကြားရသည်။ မိခင်သည် နဂိုသဘာဝအလျောက် ခြေလှမ်းအနည်းငယ် ထွက်ပြေးလိုက်သည်။ သမင်ငယ်က ထိတ်လန့်စွာ အောမြည်ရင်း ရပ်လိုက်သည်။ မိခင်က ပြန်လှည့်သည်၊ သားငယ်ထံ ပြန်လာသည်။ သားငယ်ကို ထားမပစ်နိုင်ခဲ့ပါ။ မိခင်က သားငယ်အပေါ် ကိုင်းညွတ်လိုက်ပြီး လျှာနှင့် လျက်သည်။
• “သားလေး လာခဲ့၊ တို့ကို လိုက်နေကြပြီ၊ တို့ပြေးကြရမယ်”ဟု ပြောနေသည်နှင့်တူသည်။
• သမင်မက အနောက်အရပ်သို့ ထွက်ခွာသွားသည်။ သားငယ်က နောက်မှခုန်ပေါက် လိုက်သွားသည်။ သို့သော် လဲကျနေသည့် ပင်စည်များနှင့် ထူထပ်ကြမ်းတမ်းသော ချုံပိတ်ပေါင်းများကြောင့် သမင်ငယ်၏ သေးကွေးသည့် ခြေထောက်များက မြန်ဆန်စွာ မသွားနိုင်ကြချေ။ သမင်မက ရှေ့သို့ ထွက်ပြေးသွားပြီး နောက် ရပ်စောင့်သည်။ သမင်ငယ်မှာ တိုးတိုးဝှေ့ဝှေ့ လိုက်ရှာသည်။ ချော်လဲသည်၊ တိုက်လဲသည် သေးကွေးသည့် ခြေများဖြင့် တုန်တုန်ယင်ယင် နှေးနှေးပြေးသဖြင့်လည်း အဆက်မပြတ် တစာစာ အော်မြည်နေလေသည်။
• သမင်ငယ်သည် အမဲလိုက်ခွေးအသံကို မကြားချေ။ ဘာမျှ မသိတတ်သေးသဖြင့် ခွေးက ကိုက်ခဲသတ်ဖြတ်ရန် အတင်းချသ်းကပ်လာသည့်တိုင်အောင် သမင်ငယ်က လိုလားစွား မိတ်ဖွဲ့မည် ဖြစ်လေသည်။ သမင်မက သမင်ငယ်ကို တွန်းအားပေးသည်။ သို့သော် မမြန်ဆန်၊ နှေးကွေးလှသည်။ သမင်မသည် တစ်မိုင်လောက်အဝေး ရောက်လာသည်။ သားငယ်သည်မိခင်ကို မီလာတိုင်း ၀မ်းသာ မြူးထူးဖြစ်လေသည်။ သမင်ငယ်က အစာ စားချင်သေးသည်။ သို့သော် သမင်မက ရပ်မနေ၊ ဆက်လက်သွားသည်။ သမင်ငယ်၏အားနည်းသော ခြေထောက်များသည် လမ်းကျဉ်းတွင် အမြစ်များနှင့် ငြိသည်။
• ခဏအကြာ၌ ခွေးဟောင်သံ ကြားရသည်။ သမင်မမှာ ကြောက်လန့် တုန်လှုပ်သွားသည်။ တောင်တန်းအခြားနေရာများမှလည်း ခွေးဟောင်သံ အဆက်မပြတ် ကြားရသည်။ အခြေအနေကို သမင်မ သိပါသည်။ အမဲလိုက် ခွေးတစ်ကောင်က သမင်မ၏ လမ်းကြောင်းကို တွေ့သွားပါပြီ။ ထိုခွေး၏ အသံကို အခြားခွေးများက တုံ့ပြန်သည်။ အန္တရာယ်က သေချာနေပြီ။ နီးကပ်နေပြီ။ ဤပုံအတိုင်း နှေးနှေးကွေးကွေး သွားနေ၍ မဖြစ်တော့။ ခွေးများ မီလာတော့မည်။ သမင်မက လျင်မြန်စွာပြေးသည်။ သမင်ငယ်က အားစိုက်၍ လိုက်ရှာပါသည်။ တိုက်လဲသည်၊ သနားစဖွယ် အော်မြည်သည်၊ ယခု ခွေးဟောင်သံက သေချာသည့် အသံမျိုး ဖြစ်သည်။ ပို၍ နီးလာသည်။
• သမင်ငယ်လေးနှင့် လွတ်အောင် ပြေးရန်ဆိုသည်မှာ မဖြစ်နိုင်။ သမင်မကပြန်လှည့်လာပြီး သမင်ငယ်၏ ဘေး၌ ရပ်လိုက်သည်။ ခေါင်းထောင်ထားသည်။ နှာခေါင်းက ပွလာသည်။ သမင်မက ငြိမ်သက်စွာ ရပ်သည်။ သို့သော် တုန်ခါနေသည်။ စဉ်းစားနေခြင်း ဖြစ်လေမည်လား။ သမင်ငယ်ကတော့ ရသမျှ အချိန်တွင် သစ်ရွက်နုများကို စားသည်။ သမင်မက စိတ်ကို ဆုံးဖြတ်ချက် ချလိုက်ပုံရသည်။ သားငယ် ပြီးအောင်အစာစားစေသည်။ ကြိုက်သလောက် စားပြီးသောအခါ သမင်ငယ်က လဲလျောင်းလိုက်သည်။ သမင်မက သားငယ်ကို လျှာဖြင့် လျက်သည်။ ထို့နောက်တွင်ကား ငှက်တစ်ကောင် ပျံသလို တစ်ဟုန်တည်း ပြေးထွက်သွားတာ ခဏအတွင်း တောထဲ၌ ပျောက်ကွယ်သွားလေသည်။ သမင်မသည် အမဲလိုက်ခွေးများ ရှိရာဘက်သို့ ဦးတည်ပြေးသွားလေသည်။
• သမင်မသည် သေမင်းခံတွင်းအတွင်းသို့ ပြေးဝင်ခြင်းပင် ဖြစ်၏။ သမင်မက တည့်တည်းပြေးသည်။ အဆက် မပြတ်သော ခွေးဟောင်သံကို ပို၍ကွဲပြားစွာ ကြားရသည်။ ကုန်းမြင့်ပိုင်းမှ ပြေးဆင်းသည်။ သစ်တောကျဲသည့်နေရာ ရောက်လာသည်။ ခေါးဟောင်သံများက ပိုနီးကပ်လာသည်။ ခွေးများနှင့်မဝေးလှသော်လည်း တောင်ကျောခြားနေသဖြင့် မမြင်ရချေ။ သမင်မက အရှေ့ဘက်သို့ ချိုးပြေးသည်။ ထိုမှတစ်ဆင့် မြောက်ဘက်သို့ပြေးသည်။ အတော်ခရီးရောက်သည်။ ငါးမိနစ်ခန့်ရှိလျှင် ခွေးများ၏ အားတက်သရော ဟောင်သံကို ကြားရသည်။ သမင်မ၏ပြေးလမ်းကို ခွေးများတွေ့ကြပြီး။ သမင်ငယ်ကလေး ရန်ကင်းလေပြီ။
• သမင်မမှာ ပြေးအားကောင်းနေသည်။ မြေအနေအထားက အဆိုးရွားချေ။ အသာစီးမှပြေးနေရသဖြင့် နှစ်သိမ့်မိသည်။ အခိုက်အတန့်၌ ကြောက်စိတ်ကင်းနေသည်။ လွတ်အောင်ပြေးနိုင်သဖြင့် ၀မ်းသာစိတ်ဖြင့် လွှားခနဲ လွှားခနဲ ပြေးနေသည်။ ချုံပုတ်များကို ဖြတ်ကျော်သည်။ လဲကျနေသည့် ပင်စည်များပေါ် ခုန်ပျံကျော်လွှားသည်။ ချောင်းကိုတွေ့၍၊ ချောက်ကိုတွေ့၍ တုံ့ဆိုင်းခြင်းမရှိပေ။ ခွေးဟောင်သံများက အနောက်ဘက်တါင် မှေးမှိန်ကျန်ရစ်သည်။
• သို့သော် မြေအနေအထား ဆိုးရွားသောနေရာသို့ သမင်မရောက်သွားသည်။ သစ်တောသေကွင်း ဖြစ်သည်။ အပြိုင် အရိုင်း ရူပ်ရူပ်ထွေးထွေး လဲကျနေသည့် ပင်စည်များအပေါ် သေးသွယ်သည့်ခြေထောက် မခိုက်မိအောင်၊ မကျိုးအောင် ခုန်ပျံပြေးလွှားပုံမှာ အံ့သြလောက်သည်။ အခြားမည်သည့် သတ္တ၀ါမျှ ထိုသို့စွမ်းဆောင်နိုင်မည် မဟုတ်ချေ။ သို့သော် ဤကိစ္စမှာ သေရေး၊ ရှင်ရေး ဖြစ်သည်။ သမင်မ မောပန်းထိတ်လန့်စ ပြုလာသည်။ အခြေအနေကောင်းက လျော့သွားသည်။ ခွေးဟောင်သံများ နီးလောသည်။ သစ်တော လွှမ်းကုန်းမြင့်ပိုင်းသို့ တက်ပြေးသည်။ မြန်မြန်ဆန်ဆန် ကြီးတော့မဟုတ်။ မြေအနေအထားက ကောင်းလာပြန်သည်။ သမင်မ အမောအပန်း သက်သာလာသည်။ စိတ်အာ တက်လာပြီး ပြေးပြန်သည်။
• မိုင်ဝက်လောက် လျင်မြန်စွာ ပြေးပြီးသောအခါ အနောက်ဘက်သို့ ချိုးကွေ့၍ သားငယ်ကို ရှာဖွေမည်ဟု သမင်မကကြံသည်။ ယခုလောက် ကွေ့ဝိုက် ပြေးပြီးသည့်နောက် ဘေးရန်ကင်းလောက်ပြီဟု ထင်သည်။ သို့သော် ထိုစဉ် သမင်မ၏ အနောက်အရပ်ဆျွှီ ခွေးဟောင်သ့ကို ကြားလိုက်ရရာ သမင်မမှာ တစ်ကိုယ်လုံး ကျဉ်သွားသည်။ အမဲလိုက်ခွေးတချို့က အနောက်ဘက်မှ ပန်း၍ လိုက်လာကြခြင်းပေတည်း။ မတတ်နိုင်တော့။ ဦးတည်ရာ မြောက်ဘက်သို့သာ ဆက်ပြေးရသည်။ ငါးမိနစ်ကျော် ရှိသည့်အခါ တောင်ကမှု ကွင်းပြင်ကို ဖြတ်မိသည်။ နွားများ မြက်စားနေကြသည်ကို တွေ့ရသည်။ ချူသံကြားရသည်။ အောက်ဘက်မျာ မြေနိမ့်ကွင်းပြင် ဖြစ်သည်။ ဟို တစ်စု သည်တစ်စု သစ်ပင်အုပ်များ ရှိသည်။ ၀င်းခြံများ ခြားထားသည်။ ထို့နောက် တစ်မိုင်နှစ်မိုင်တွင် ချိုင့်ဝှမ်းဖြစ်သည်။ ယာခင်း အိမ်များ ရှိသည်။ ထိုအေးချမ်းနှစ်လိုဖွယ်ချိုင့်ဝှမ်း၌ ကြင်နာတတ်သူတစ်ဦးမျှ မရှိချေ။
• သမင်မ ခဏကလေး တုံ့နှေးသွားသေးသည်။ ဆလိုက်ဘရုတ် ချိုင့်ဝှမ်းကို ဖြတ်ရလိမ့်မည်။ တစ်ဘက်မှ တောင်တန်းအရောက် ပြေးရမည်။ သမင်မ အပြေးတွင် ရှေ့ချိုင့်ဝှမ်းဆီမှ ခွေးဟောင်သံ ကြားရသည်။ ယနေ့ မကောင်းဆိုးဝါးအားလုံး ထွတ်ထွက်နေကြဟန် တူသည်။ တစ်ခုတည်းသော လမ်းဖြစ်သည့် အိမ်ခြေစုစုနှင့် တောင်ကုန်းဆီသို့ ပြေးဆင်းသည်။
• သမင်မက အောက်ဘက်ကွင်းဆီသို့ ပြေးဆင်းသည်။ ၀င်းခြံများကို ခုန်ကျော်သွားသည်။ ကြည့်ကောင်းသည့် မြင်ကွင်းဖြစ်သည်။ သမင်မ ဆက်ပြေးသည်။ ၀င်းခြံများကို ခုန်ကျော်သွားသည်။ ကြည့်ကောင်းသည့် မြင်ကွင်းဖြစ်သည်။ သမင်မ ဆက်ပြေးသည်။ ညာဘက် ချောင်းကမ်းပါးထိပ်မှ လွှစက်ကို ကျော်လွန်ခဲ့သည်။ ဆလိုက်ဘရုတ် အနားရောက်လျှင် ရိုင်ဖယ်သေနတ် မြှောက်ကိုင်ထားသည့် လူငယ်တစ်ယောက်ကို မြင်ရသည်။ ခွေးများကိုတော့ မမြင်ရ။ တောင်အောက် ပြေးဆင်းလာကြသည်ကိုတော့ ကြားရသည်။ တုံ့နှေးဖို့ အချိန်မရှိ။ ချောင်းကို တစ်ဟုန်ထိုး ဖြတ်ကျော်သည်။ တစ်ဘက်ကမ်းပေါ် ခြေချမိစဉ် သေနတ်သံတစ်ချက် ကြားလိုက်ရသည်။ ကျည်ဆံနက် ခေါင်းပေးမှ ဖြတ်သွားသည်။
• သေနတ်သံက သနားစရာ သမင်မကို တောင်ပံတပ်ပေးလိုက်ခြင်းနှင့် တူသည်။ ကွင်းပြင်ထဲ ရောက်သွားသည်။ ယခုအခါ တစ်မြို့လုံး လှုပ်ရှားသွားပြီ။ မိန်းမများ၊ ကလေးများက တံခါးဆီ၊ ပြတင်းပေါက်ဆီ ပြေးကြသည်။ ယောက်ျားများက သေနတ်ဆွဲယူပြီး ပစ်ခတ်သည်။ မြက်ခင်းထဲ၌ စက်ကွင်းပစ်နေကြသည့် လူငယ်အချို့က ခုန်ပျံပြေးလွှားနေသည့် သမင်မကိုမြင်လျှင် သေနတ်ဖြင့်ပစ်ကြသည်။ သို့သော် သူတို့မှာ ငြိမ်နေသည့် ပစ်မှတ်ကို သာ ပစ်တတ်သူများ ဖြစ်သည်။
• သမင်မက တောင်ခြေသို့ ပြေးသည်။ အရှိန်နှေး သွားသည်။ မောပန်းလှပြီ ဖြစ်သည်။ ခပ်ပါးပါး တောအုပ်တွင် ၀င်စအပြုတွင် ၀ရုန်းသုန်းကား လူတစ်စု လိုက်လာသည်ကို မြင်ရသည်။ မောပန်း၍ လျှာတန်းလန်း ထွက်နေသည့် ခွေးများလည်း ပါသည်။
• ပင်ပန်းလှပြီ ဖြစ်သော်လည်း စိတ်အားကား လုံးဝမလျှော့သေး။ သို့သော် အလွန်အကဲ ပင်ပန်းတကြီး ပြေးခဲ့ရခြင်းက ထိခိုက်လာလေပြီ။ ခြေထောက်များ တုန်ယင်းနေပြီ။ နှလုံးခုန်သည်ကလည်း တဒုန်းဒုန်းနှင့်။ ချောင်း၏ ယာဘက်ဘေးမှ အားစိုက် ပြေးနေသော်လည်း မတတ်သာသဖြင့် နျေးလေးနေလေပြီ။ နှစ်မိုင်လောက် ရောက်လာသည်။ ခွေးများက တဖြည်းဖြည်း နီးလာသည်။ သမင်မက ချောင်းခပ်ကျယ်ကျယ်။ ခပ်နက်နက်တစ်ခုကို ဖြတ်ကူး၍ ဘယ်ဘက်ကမ်းပေါ် တက်ပြေးသည်။ ခွေးများ ဖြတ်ကူးရန် သောင်ခုံရှာနေရသဖြင့် နှောင့်နှေး ကျန်ရစ်သည်။ သမင်မခမျာ ခဏတာ အသက်ဖြောင့်ဖြောင့်ရူ၍ နားရသည်။ သမင်မသည် ခွေးများအသံ မှေးမှိန်ကျန်သည်အထိ ဆက်လက်သွားကာ ပင်ပန်းလှသဖြင့် မြေပြင်ပေါ် လဲကျသွားလေသည်။
• ခဏမျှနားလိုက်ရခြင်းအတွက် သမင်မမှာ များစွားသက်သာ အားရှိသွားသည်။ ခွေးများ ဟောင်သံကြားရသည့်အခါ သမင်မ ထပြေးရပြန်သည်။ ဘယ်ရယ်ဟူ၍ မဟုတ်တော့၊ ခြေဦးတည်ရာသို့သာ ပြေးရသည်။ ခွေးဟောင်သံနီးလျှင် မြန်မြန် ပြေးရသည်။ ခွေးဟောင်သံဝေးလျှင် ခပ်ဖြည်းဖြည်း ပြေးသည်။ စိတ်ဓာတ်ကျပြီး ခြေထောက်များ မကြံ့ခိုင်တော့။
• ညနေပိုင်းတွင် သမင်မသည် ဘာ့တလက်တောင်နှာမောင်းအောက်သို့ ဒယီးဒယိုင်နှင့် ရောက်လာသည်။ ရေကန်အစပ်တွင် ရပ်လိုက်သည်။ ဤရေကန်ကိုသာ ဖြတ်ကူးသွားနိုင်လျှင် နောက်မှ လိုက်လာသော ဘေးရန်မှ မုချလွတ်ကင်းမည်။ သမင်မ၌ ကန်ကို ဖြတ်ကူးရန် ခွန်အား ရှိပါသေးသလော။
• သမင်မ ရေထဲအဆ်ငးလိုက်တွင် ကန်ထဲမှ တစ်စုံတစ်ခုကို မြင်လိုက်၍ နောက်သို့ ပြန်ခုန်ဆုတ်လိုက်မိသည်။ ကန်အလယ်၌ လှေတစ်စင်း၊ လှေပေါါ်တွင် လူနှစ်ယောက်၊ တစ်ယောက်က လှေလှော်နေသည်။ အခြားလူ၏လက်တွင်း၌ သေနတ် ကိုင်ထားသည်။ လူနှစ်ယောက်က သမင်မကို မြင်သည်။ ထိုသူတို့သည် ခွေးဟောင်သ့ကို စောစောက ကြားသဖြင့် တမင်စောင့်နေကြခြင်း ဖြစ်သည်။
• နောက်မှ အမဲလိုက်ခွေးများ နီးကပ် လာပြီ၊ သမင်မပြေးသည့်တိုင်အောင် လွတ်မည် မဟုတ်တော့ချေ။ တစ်ချက်မျှ တုံ့နှေးသွားပြီး သမင်မသည် ရေထဲ ခုန်ချလိုက်လေသည်။ ပင်ပန်းလှပြီဖြစ်သော ခြေထောက်များက မြန်ဆန်စွား မကူးခတ်နိုင်။ လှေက သမင်မဆီ ဦးတည်လာသည်။ သမင်မက ရေလယ်သို့ ကူးသွားသည်။ လှေကလိုက်လာသည်။ လှေတက်ခတ်သံကို သမင်မ ကြားရသည်။ သမင်မက ကမ်းဘက် ပြန်လှည့်ကူးသွာားသည်။ ရေစပ်၌ ခွေးများက ရေသောက်ရင်း ဟောင်နေသည်။ သမင်မ ရေလယ်ဆီသို့ ပြန်လှည့်ရ ပြန်သည်။ သတ္တိရှိသော၊ လှပသော သမင်မမှာ လုံးလုံးလျားလျား အားအင်ကုန်ခမ်းလေပြီ။ ချက်ချင်းလိုပင် လှေက ကပ်လာသည်။ တက်ခတ်သူက ကိုယ်ကိုကိုင်၍ သမင်မ၏အမြီးကို ဆုပ်ကိုင်ဖမ်းလိုက်သည်။ သူက ကျန်လူကို အော်ပြောလိုက်သည်။
• “တက်နဲ့ ခေါင်းကိုရိုက်ချလိုက်”
• ကျန်လူမှာ ကြင်နာတတ်သည့် လူကြီးလူကောင်း ဖြစ်ပါသည်။ သူက တက်ကိုယူလိုက်သည်။ သမင်မက ထိုသူဘက် မျက်နှာလှည့်ပြီး ထိုသူကို အသနားခံသည့် မျက်လုံးအစုံဖြင့် ကြည့်ရှာသည်။
• “ကျုပ်မရိုက်ရက်ဘူး၊ မလုပ်နိုင်ဘူး၊ အို-လွှတ်လိုက်ပါဗျာ” ထိုသူက တက်ကိုချထားလိုက်သည်။
• သမင်မကို ဖမ်းကိင်ထားသူက မလွှတ်ပါ။ သမင်မ ဦးခေါင်း သူကဘက်လည်လာအောင် ဆွဲယမ်းလိုက်သည်။ ပြီးလျှင် ခါးမှ အမဲလိုက် ဓားမြှောင်ကို ဆွဲထုတ်ယူကာ သမင်မ၏ လည်ပင်းကို လှီးဖြတ်လိုက်လေသည်။ ထိုည၌ လူကြီးလူကောင်ူးလည်း သမင်သားစားပါသည်။
• သမင်ကြီး နေ့လယ်ပိုင်း၌ ပြန်ရောက်လာပါသည်။ သမင်ငယ်ကလေက သနားစဖွယ် တစာစာအော်မြည်သည်။ သူ့ခမျာ ဆာလောင်နေသည်။ အထီးကျန် ဖြစ်နေသည်။ သမင်ကြီး တအံ့တသြ ဖြစ်နေသည်။ တောတွင်း လှမ်းလင့်ကြည့်သည်။ တောတွင်း လှည့်ပတ်ရှာပြီး ပြန်လာသည်။ သမင်မကို ဘယ်နေရာမှာမှ မမြင်တွေ့ပါ။ အားကိုးရာမဲ့ ဖြစ်နေရှာသည့် သမင်ငယ်ကလေးကို သမင်ကြီးက ငုံ့ကြည့်သည်။ သမင်ငယ်က အစာတောင်းသည်။ သမင်ကြီးအနေဖြင့် သမင်ငယ်ကိုပေးစရာ ကျွေးစရာ မရှိပါ။ ကရူဏာသက်ရုံမျှသာ ရှိပါသည်၊ အကယ်၍ သမင်ကြီးကသာ တစ်စုံတစ်ရာ ပြောမည်ဆိုလျှင် ဤစကားများသာ ဖြစ်မည်။
• “ဒီမိသားစုမှာ ငါဟာ အကြီးအကဲပဲ၊ ဒါပေမယ့် အခုဖြစ်ရပ်ဟာ အထူးအဆန်းပဲ၊ မင့်အတွက် ငါ့မှာဘာမျှ မ၇ှိဘူး၊ ဘာလုပ်ရမှန်းလည်းမသိဘူး၊ ငါ့မှာ ဖခင်တစ်ယောက်ရဲ့ ခံစားမှုမျိုး ရှိပါတယ်၊ ဒါပေမယ့် အဲဒါကိုအမှီပြုပြီး မင်းအသက် မရှင်နိုင်ဘူး၊ ကိုင်း-တို့ သွားကြစို့ရဲ့”
• သမင်ကြီးကးး ထွက်ခွာသွားသည်။ သမင်ငယ်က နောက်မှ ယိုင်တိယိုင်တိုင်နှင့် လိုက်သွားလေသည်။ သူတို့ တောအုပ်တွင်း ၀င်ရောက် ပျောက်ကွယ်သွားလေ၏။
• ဒါကြောင့် မိဘဆိုတာ “သားသမီးအတွက်ဆိုရင်လေ သားသမီးတွေဘ၀ အလင်းရောင်ရစေဖို့တွက် ဖယောင်းတိုင်လို ကိုယ့်ကိုယ်ကို အရည်ပျော်အကျွမ်းခံ အလင်းပေးသွားခဲ့ရှာ တုမရတဲ့နည်းနာတွေနဲ့ပါ” လို့ဆိုကြတယ်။
Wednesday, October 22, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment