Wednesday, October 22, 2008

ခြင်စည်းဝေးသဘင်(ဟာဟ)

*မောင်မောင်ခြင်
- (စာရွက်တစ်ရွက်ကို မျက်နှာကပ်ကြည့်လျက်)
- ခြင်အကောင်တစ်ရာမှာ တစ်ကောင်နူန်း အေအိုင်ဒီအက်စ်ရောဂါတွေ ကူးစက်နေပါတယ်။
- ဟာ ဟင် အို ၀ီဝီ
- (ခြင်အားလုံးထံမှ အာမေဋိတ်သံ ထွက်လာရမည်)

* ခြင်ငပေါ
- မောင်မောင်ခြင် ပြောတဲ့ရောဂါက လူတွေဖြစ်တဲ့ ရောဂါပါ။ ဘယ်လိုဖြစ်ပြီး ခြင်တွေကို ကူး
စက်ရတာလဲ။ ရှင်းစမ်းပါဦး။ ကျုပ်က ခြင်ပွေလီ ကုန်ကူးနေရတာဗျ။

* ဦးခြင်ကြား
- (ရယ်၍)
- အေး ခင်ဗျားတို့ ခြင်တွေ ပိုအရေးကြီးတယ်။ သွားလေရာမှာ တွေ့ရာလူသွေးစုပ်ပြီး ရောဂါ
တွေသယ်ယူလာတတ်တယ်လေ။
- (ခြင်အားလုံးက ခြင်ငပေါကို ရူံ့ချသည့်အကြည့်နှင့် ၀ိုင်းကြည့်လိုက်စေ)

* ခြင်ပွေလီ
- ဒီလိုဆို ကျုပ်တို့က ဘာလုပ်ရမှာလဲ။ လူတစ်ခါကိုက်မယ်ကြံတိုင်းသွေးစစ်ကြည့်နေရမှာ
လား။

*ဒေါ်ရွှေခြင်
- အေအိုင်ဒီအက်စ်ရောဂါ ဆိုတာ ဘာလဲ။

* မောင်မောင်ခြင်
- (ရူံ့မဲ့၍)
- ဒါကြောင့် ခင်ဗျားကြီး အပျိုကြီး ဖြစ်နေတာ မှတ်ထား။ ကိုယ်ခံအားကျဆင်းတဲ့ ရောဂါကို ခေါ်
တာဗျ။
- (ခြင်အားလုံး ၀ိုင်းရယ်ကြစေ)

* ဦးခြင်ကြား
- နောက်တစ်ခုရှိသေးတယ်။ ဆေးဆိုးထားတဲ့ ဆီးထုပ်တွေ မစားနဲ့။ ဓာတုဗေဒနဲ့ စစ်ဆေးပြီး
ပိတ်ထားတယ်။

*ဒေါ်ရွှေခြင်
- သူဇာခြင်၊ ညည်းက အချဉ်၊ အချို သိပ်စုပ်တယ်။ သတိထား ကြားလား။ ကြွသွားမယ်။

* သူဇာခြင်
- (မဲ့၍)
- အဲ့ဒါမှဒုက္ခပဲ။ ဒီလိုဆို ကျွန်မတို့ကဘာစားရမှာလဲ။ ခြင်ဖြစ်ရတဲ့ ဘ၀တောင် မလွယ်ပါ
လားနော်။

* ဦးခြင်ကြား
- (ရယ်၍)
- ခြင်နဲ့လူဆိုတာ ဒွန်တွဲနေရတာပဲ။ ကိုယ့်ဘေး ကိုယ်ကြည့်ပြီး စုပ်ကြ၊ သောက်ကြပေါ့။ အင်း
မဖြစ်သေးပါဘူး။ အေအိုင်ဒီအက်စ်ပညာပေး သင်တန်းတော့ ဖွင့်မှနဲ့ တူတယ်။ အဟီး။
- ဒါမှ ဘယ်လိုလူမျိုးကို ကိုက်သင့်တယ်၊ သွေးစုတ်သင့်တယ်ဆိုတာ သိကြမှာ။

* မောင်မောင်ခြင်
- သင်တန်းကြေး ကောက်မှာနော့။

* ခြင်ငပေါ
- ခြင်ရာ အိမ်မှူးပီသပါပေ့။

* ဦးခြင်ကြား
- ကဲ အစည်းအဝေးကတော့ ဒါပါပဲ။ တခြားဘာများ ဆွေးနွေးချင်ပါသေးသလဲ။ ဆွေးနွေးနိုင်ပါ
တယ်။

* ခြင်ပွေလီ
- ခုတလော လူတွေထုတ်တဲ့ ပြက္ခဒိန်တို့ ဝေါရှစ်တို့မှာ တင်ကြီးတွေ တစ်လုံးတစ်ခဲထုတ်ပြပြီး
အပြိုင်အဆိုင် ရောင်းနေတာ ကျုပ်တွေနေရပါတယ်။ အဲ့ဒါကြီးတွေ ၀င်ကိုက်ရင် ဘေးရှိမရှိ
သိချင်ပါတယ်။
- (သူဇာခြင်က ခြင်ပွေလီကို လှမ်းကြည့်ကာ ဏှာဘူးခြင်ဟု လှမ်းပြောလိုက်စေ)

* ဦးခြင်ကြား
- (ရယ်၍)
- ဖြစ်မှ ဖြစ်ရလေ ခြင်ပွေလီရယ်။ စက္ကူထဲက အရုပ်ပဲ။ စုတ်ပြဲအောင်ကိုက် ပစ်လိုက်။ ဘားမှမ
ဖြစ်ဘူး။ အေးတစ်ခုတော့ ရှိတယ်။ ခြင်သိက္ခာကျတယ်ကွ။
- (ခြင်အားလုံး ၀ိုင်းရယ်ကြစေ)

* အစည်းအဝေးကတော့ ဒီလောက်ပါပဲ ။ ကားလိပ်ချ။

No comments: