Sunday, October 19, 2008

## ရည်မှန်းရမည့် ပန်းတိုင် ##

click to comment
၁။ “မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်းနှင့် ပန်းတိုင်”
*သင့်လုပ်ငန်းကို စီမံချက်ချပါ။ ထို့နောက်စီမံသည့်အတိုင်းလုပ်ပါ။
*Plan your work and work your plan.
“လက်တွေ့လုပ်ဆောင်ရန်”
*ယနေ့မှစ၍ ငါသည် စီမံချက်အတိုင်း မှန်မှန်ကြိုးစားမည်။ ငါ့မိတ်ဆွေအားလည်း မှန်မှန်ကြိုးစားရန် ငါတိုက်တွန်းမည်။

၂။ “ကြိုးပမ်းမှုနှင့် ပန်းတိုင်”
* အောင်မြင်ခြင်းနှင့် ဆုတ်ယုတ်ခြင်းတို့၏ အကြား၌ရှိနေသော နေရာသည် ကြိုးပမ်းအားထုတ်မှု ရှိခြင်းနှင့်မရှိခြင်း ဟူသော အရာနှစ်ခုသာ ဖြစ်ပါသည်။
“လက်တွေ့လုပ်ေ်ဆာင်ရန်”
* ယနေ့မှစ၍ ငါသည် ပန်းတိုင်သို့ ချီတက်ရာတွင် ကြိုးပမ်းမှုကို ထိပ်တန်းမှထား၍ ကြီးစားပါမည်။ အခြားသူများနှင့် တွေ့ဆုံရာတွင်လည်း ကြိုးပမ်းမှုကို မလျှော့ရန် အလေးအနက်ထား၍ တိုက်တွန်းပါမည်။

၃။ “မျော်လင့်ချက်နှင့် ပန်းတိုင်”
* ကံကောင်းခြင်းနှင့် မကောင်းခြင်းတို့သည် အလွန်အမင်းဝေးကွာမှုမရှိ။ စိတ်ပျက်အားလျော့ခြင်း မဖြစ်သမျှ ကံကောင်းနေမည် ဖြစ်သည်။
“လက်တွေ့လုပ်ဆောင်ရန်”
*ယနေ့မှစ၍ ကျွန်ုပ် လက်ထဲတွင် မျှော်လင့်ချက်ကို အမြဲ ဆုပ်ကိုင်ထားမည်။

၎။ “ဆန္ဒနှင့် ပန်းတိုင်း”
*မနက်ဖြင်နအတွက် အကောင်းဆုံး ပြင်ဆင်မှု ပြုလုပ်ခြင်းဆိုသည်မှာ ယနေ့လုပ်ရမည့် အလုပ်ကို အကောင်းတကာ့ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ခြင်းပင်တည်း။
“လက်တွေ့လုပ်ဆောင်ရန်”
*ယနေ့မှစ၍ ငါဘာလိုချင်သည်ကို ယနေ့အဖို့အတွက် သတ်မှတ်မည်။ ထို့နောက် အောင်မြင်မှု ရရှိရေး နည်းလမ်းတစ်ခုကို ချမှတ်မည်။

၅။ “ဦးစားပေးမှုနှင့် ပန်းတိုင်”
*လုပ်ငန်းအကောင်အထည်ဖော်ရာ၌ သင်ခွန်အားစိုက်သလောက် စီမံကန်းပြုလုပ်ရာတွင် သင်ခွန်အားကို အပြည့်အ၀ အသုံးပြုပါ။
“လက်တွေ့လုပ်ဆောင်ရန်”
*ယနေ့မှစ၍ ငါသည် ရေရှည်အတွက် ဦးစားပေး အစီအစဉ်များသတ်မှတ်ထားသလို မနက်ဖြန်အတွက်လည်း ယနေ့ပင် ဦးစားပေး အစီအစဉ်များ ရေးဆွဲထားမည်။

၆။ “အချိန်နှင့် ပန်းတိုင်”
*လူတိုင်းညည်းတွားမှု တစ်ရပ် အမြဲရှိသည်မှာ မိမိတို့တွင် အချိန်မရှိပါဟု အမြဲညည်းညူတက်ကြခြင်း ပင်ဖြစ်သည်။
“လက်တွေ့လုပ်ဆောင်ရန်”
*ယနေ့မှစ၍ ငါသည် အလုပ်ကို ရှောင်လွဲလို၍ အများပြောဆိုကြသော အချိန်မရှိပါဟူသည့် စကားကို ပယ်ဖျက်၍ အချိန်ကို အကျိုးရှိရှိ မှန်မှန်ကန်ကန် သုံးစွဲ လုပ်ဆောင်တော့မည်။

ရ။ “ဆုတောင်းနှင့် ပန်းတိုင်း”
*ဆုတောင်းကို ဗုဒ္ဓဘာသာဝင်များရော၊ ခရစ်ယာန်ဘာသာဝင်များပါ ပြုလုပ်ကြ၏။ ဆုတောင်းခြင်းကို ကျွန်မသည် မိမိရည်မှန်းချက်များ ထုတ်ဖော် ကြေငြာခြင်းအဖြစ် ယူဆပါ၏။ သို့ဖြစ်၍ “ဘယ်တော့မှ အလျှော့မပေးဖို့နှင့် ဆုတောင်းရာတွင် စိတ်ဓာတ်မကျဖို့” တိုက်တွန်းပါသည်။

၈။ “စီမံချက်နှင့်ပန်းတိုင်”
*အဆင်းရဲဆုံး ပုဂ္ဂိုလ်တို့သည် ရည်ရွယ်ချက်ပန်းတိုင် မရှိဆုံးသော သူများသာ ဖြစ်သည်။
“လက်တွေ့လုပ်ဆောင်ရန်”
*ယနေ့မှစ၍ ငါသည် ငါ၏အမြင့်ဆုံး ကြိုးပမ်းမှုများဖြင့် ရယူနိုင်မည့် ရည်မှန်းချက်များကို တိကျစွာ သတ်မှတ်မည်။ ငါသည် ငါ့ရည်မှန်းချက်အတိုင်း စီမံချက်တစ်ခု ရေးဆွဲ အကောင်အထည် ဖော်မည်။

၉။ “သံတိုသံစနှင့် ပန်းတိုင်”
*ကျွန်မတို့ဆီမှာ တစ်ခါက ပန်းပဲဖိုတွင် စာတမ်းတစ်ခုကို ချိတ်ဆွဲထား၏။ အရှင်သခင်၊ မီး၊ သံတိုသံစ တို့ကို မပေးပါနှင့်။ ပန်းပဲသမားသည် မြင်းခွာလုပ်ရန် သံများကို အပူပေးရ၏။ အပူပေးပြီး သံတစ်စကို မီးထဲမှ ဆွဲထုတ်ကာ ပေတုံးပေါ်သို့ တင်လိုက်သည်။ ထိုသံစမာခြင်း၊ ခိုင်ခြင်း ရှိမရှိ သိသာစေရန် ပန်းပဲဆရာသည် တူနှင့် ထုရိုက်ကြည့်လိုက်၏။ ထုရိုက်ကြည့်၍ မာခြင်း၊ ခိုင်ခြင်း မရှိပါက အမှိုက်ပုံးထဲသို့ ပစ်လိုက်ပါ၏။ သို့သော်ခိုင်သော်၊ မာသော် ကောင်းသည်ဟုဆိုပါက မီးထဲသို့ ထည့်ကာ မြင်းခွာ တစ်ခုရအောင် အထိပြီးအောင် ဆက်၍ ထု၏။ သင်တို့သည်လည်း ဘ၀လမ်းတွင် သူတစ်ပါး၏ ထုနှက်စမ်းသပ်သည့် ဒဏ်ကို ခံနိုင်ရည်ရှိမှ အောင်မြင်နိုင်မည် ဖြစ်သည်။
“လက်တွေ့လုပ်ဆောင်ရန်”
*ယနေ့မှစ၍ ငါသည် ပြသနာဟုခေါ်သော ထုနှက်မှုများကို အခွင့်အလမ်းများ နောက်ကွယ်တွင် ရှိနေသည့် ရည်ရွယ်ချက်ကို ရအောင် ရှာဖွေမည်။

၁၀။ “ကံဆိုးမိုးမှောင်ကျခြင်းနှင့် ပန်းတိုင်”
*အမှု၊ အကျင့်၊ စရိုက်ဆိုသည်မှာ အကျပ်အတည်း ကာလမျိုးတွင် တည်ဆောက်ယူခြင်း မဟုတ်။ ထိုကာလမျိုးတွင် ပေါ်လွင်လာခြင်းသာ ဖြစ်သည်။
“လက်တွေ့လုပ်ဆောင်ရန်”
*ယနေ့မှစ၍ ငါသည် ပြသနာများ အပေါ်တွင် အာရုံမစိုက် ပြသနာ၏ အဖြေပေါ်တွင်သာ အာရုံကို စူးစိုက်မည်။

၁၁။ “ဆန္ဒစာအုပ်နှင့် ပန်းတိုင်”
*သင်ကိုယ်တိုင်လည်း သင်ဘာဖြစ်ချင်သည်ကို ရေးချပါ။ သို့မှသာ သင့်ဆန္ဒပန်းတိုင်သည် ထင်ထင်ရှားရှား ဖြစ်လာမည်ဖြစ်၏။
“လက်တွေ့လုပ်ဆောင်ရန်”
*ယနေ့မှစ၍ ငါသည် ဆန္ဒစာအုပ်ကို ထား၍ ငါ့ဘ၀တွက် လိုအပ်၊ အရေးပါသော ငါ့ဆန္ဒများကို ရေးချမည်။

၁၂။ “အခွင့်အလမ်းနှင့် ပန်းတိုင်”
*အခက်အခဲ၊ အဟန့်အတား ဆိုသည်မှာ ရှင်သန်ကြီးထွားမှုနှင့် တိုးတက်မှု တို့အတွက်အခွင့်အလမ်းများ ဖြစ်သည်။ နေ့စဉ်အပွတ်အတိုက်ခံရမှုသည် မိမိဘ၀ တောက်ပြောင်လှပစေရန် အရောင်တင်ခံနေရခြင်း ဖြစ်သည်။
“လက်တွေ့လုပ်ဆောင်ရန်”
*ယနေ့မှစ၍ ငါသည် အခက်အခဲ၏နောက်မှ အခွင့်အလမ်းကို ရှာဖွေမည်။

၁၃။ “အခက်အခဲကျော်လွှားခြင်းနှင့် ပန်းတိုင်”
*ထာဝရဘုရားသခင်က ငှက်တိုင်းကို အစာပေးပါသည်။ သို့သော် ငှက်သိုက်ထဲသို့ ရောက်အောင်တော့ ပစ်ထည့်မပေးပါ။
“ လက်တွေ့လုပ်ဆောင်ရန်”
*ယနေ့မှစ၍ ငါ၏ အခက်အခဲတို့က ငါ၏ပန်းတိုင်သို့ အရောက်အောင်မဟန့်တားနိုင်ကြ။ ငါကသာ အဟန့်အတား အားလု့းကို ကျော်လွှားနိုင်သူဟု ကြွေးကြော်မည်။

၁၄။ “စူးစိုက်လုပ်ဆောင်ခြင်းနှင့် ပန်းတိုင်”
*သင့်အတွေးအာရုံများကို သင်လက်ရှိ လုပ်ဆောင်နေသော အလုပ်တွင် စူးစိုက်မှုပြုပါ။ နေရောင်ခြည်သည် တစ်နေရာတည်းတွင် စုစည်းလာခြင်း မရှိသေးသမျှ လောင်ကျွမ်းစေခြင်း မရှိပါ။
“လက်တွေ့လုပ်ဆောင်ရန်”
*ယနေ့မှစ၍ ငါသည် ဘာလုပ်ဆောင်မည်ဟု ကိစ္စတစ်ရပ်ကို ရွေးချယ်မည်။ ထို့နောက် ယင်းကိစ္စကို စူးစိုက် လုပ်ဆောင်မည်။

၁၅။ “အလွန်ပင်ပန်းနွမ်းနယ်ခြင်းနှင့်ပန်းတိုင်”
*လေးလှိုင်းနှင့် ရွက်တိုင်တို့သည် စွမ်းရည်အရှိဆုံး ရေကြောင်း သွားလာသူတို့ဘက်မှ ရပ်တည်သည်။
“လက်တွေ့လုပ်ဆောင်ရန်”
*ယနေ့မှစ၍ ငါသည် ငါမမြင်နိုင်သော်လည်း လိုဏ်ခေါင်း၏ အဆုံးဖြစ်သော ငါ၏ ပန်းတိုင်သို့ ငါအရောက်သွားမည်။ ငါသည် လက်မြှောက် အရူံးပေးခြင်းကို မကျင့်သုံးဘဲ နေမည်ဖြစ်သည်။

၁၆။ “အချိန်ဖြုန်းခြင်းနှင့် ပန်းတိုင်”
*အလုပ်ကို ရွှေ့ဆိုင်းထားလေလေ၊ အောင်မြင်မှု နောက်ကျလေလေ ဖြစ်သည်။ ဘ၀၏ အောင်မြင်မှုဟူသည် အကြီးအကျယ်ထလုပ်ခြင်း မဟုတ်။ အသေးလေးများကို စုပေါင်းထားခြင်းဖြင့် ကြီးမားလာခြင်း ဖြစ်သည်။
“လက်တွေ့လုပ်ဆောင်ရန်”
*ယနေ့မှစ၍ ငါ၏ ပိုင်ဆိုင်သော အချိန်တိုင်းကို ထိရောက်စွာ အသုံးချမည်။ အချိန်ဖြုန်းမှုကို ငါ အတက်နိုင်ဆုံး ရှောင်ရှားတော့မည်။

၁၇။ “ အခွင့်အလမ်းနှင့် ပန်းတိုင်”
*အခွင့်အလမ်းများသည် ကြီးမားသော၊ စွန့်စားလုပ်ဆောင်ရသော လုပ်ငန်းကြီးများ၏ အစကနဦးများ ဖြစ်တက်ကြသည်။
“လက်တွေ့လုပ်ဆောင်ရန်”
*ယနေ့မှစ၍ ငါသည် “အဟန့်အတား၊ အခက်အခဲ” ဟူသော စကား၏ စာလုံးပေါင်းကို “အခွင့်အလမ်း” ဟူ၍ ပြောင်းလဲမည်။ ထို့ပြင်ငါသည် အခက်အခဲများ ဆိုသည်နှင့် တစ်ပြိုင်နက် အဖြေကိုသာ ရှာဖွေမည်။

၁၈။ “ကျရူံးခြင်းနှင့် ပန်းတိုင်”
*မနေ့တုန်းက အောင်မြင်မှုတွေကို ယစ်မှုးပြီး ညပိုင်းက ဆုံးရူံးမှုရဲ့မျက်ရည်များကို မေ့လျော့နေမည်ဆိုလျှင် မနက်ဖြန်မှာ ၀မ်းနည်းကြေကွဲစရာများနှင့် ကြုံတွေ့ပါမည်။
“လက်တွေ့လုပ်ဆောင်ရန်”
*ယနေ့မှစ၍ ငါသည် ငါ၏ ကျဆုံးမှုများကို ငါ၏ ဒိုင်ယာရီထဲတွင်လည်းကောင်း ၊ ငါ၏ အိမ်နံရဲတွင်လည်းကောင်း အမြဲမြင်နေရအောင် ရေးသားထားမည်။

၁၉။ “သတ္တိနှင့် ပန်းတိုင်”
*ထိပ်တန်းသို့ရောက်ရှိရေးတွင် သတ္တိသည် အရေးကြီးသော ကိစ္စတစ်ရပ် ဖြစ်၏။ သတ္တိမရှိဘဲ ရည်မှန်းချက် ပန်းတိုင်သို့ မရောက်နိုင်ပါ။
“လက်တွေ့လုပ်ဆောင်ရန်”
*ယနေ့မှစ၍ ငါသည် ပန်းတိုင်သို့ သွားရာ ခရီးတွင် သတ္တိကို မွေးမြူမည်။

၂၀။ “အတင်းပြောခြင်းနှင့် ပန်းတိုင်”
*အမှားကို ၀န်ခံရန် ၀န်မလေးပါနှင့်။ အမှားကို ၀န်ခံခြင်းသည် သတ္တိထူး တစ်ရပ် ဖြစ်သည်။
“လက်တွေ့လုပ်ဆောင်ရန်”
*ယနေ့မှစ၍ ငါသည် မိမိအား မတရားပြောဆိုမှုများ၊ အသံများကို ပြုံး၍ နားထောင်နေမည်။

၂၁။ “၀ီရိယနှင့် ပန်းတိုင်”
*မိမိရေပုံးကြိုး တိုနေသည်ကို မသိဘဲ ရေတွင်းကို နက်လှချည့်လားလို့ အပြစ်မတင်ပါနှင့်။
“လက်တွေ့လုပ်ဆောင်ရန်”
*ယနေ့မှစ၍ ငါသည်နိုးစက်ပါသော နာရီကို ၀ယ်၍ နိုးနေကျ အချိန်ထက် နာရီဝက်စောစော နိုးစက်ကို ဖွင့်ပြီး ထိုနေ့ လုပ်မည့် လုပ်ငန်းများအတွက် အချိန်စာရင်း ရေးဆွဲပြီး စာပုဒ်များကို ပြီးအောင် ဖတ်မည်။

၂၂။ “ငွေကြေးနှင့် ပန်းတိုင်”
*သတ္တိ၊ ၀ီရိယ၊ ဇွဲ၊ လုံ့လ၊ မေတ္တာတရား တို့နှင့် သာ ပန်းတိုင်သို့သွားပါ။ ပန်းတိုင်တွင် ငွေကြေး ပိုက်ဆံ တို့ စုပုံနေမည် ဖြစ်ပါ၏။ ပန်းတိုင်သို့ ချီတက်ရာတွင် ငွေကြေးကိုတော့ သိထားဖို့လိုပါ၏။
“လက်တွေ့လုပ်ဆောင်ရန်”
*ယနေ့မှစ၍ ငါသည် အပေါက်သေးသေးလေးက သင်္ဘောကြီးအား နစ်မြုပ်သွားစေနိုင်သည် ဟူသော အချက်ကို အထူးသတိပြု မှတ်သားထားမည်။

၂၃။ “ငြင်းဆိုခြင်းနှင့် ပန်းတိုင်”
*အချိန်ကုန်သော ကိစ္စရပ်များကို ငြင်းဆိုခဲ့ခြင်းသည် သူမ၏ ဘ၀တွက် ပို၍ အရေးပါသော ရည်မှန်းချက်ပန်းတိုင်အတွက အောင်ပွဲတစ်ရပ် ဖြစ်ခဲ့ပါ၏။ ထို့ကြောင့်“ No ” ဟူသော စကားလုံးသည် အောင်မြင်မှုအတွက “Yes” ဟူသော အဓိပ္ပာယ်ကို ဆောင်တတ်သည်ကို သင် သတိပြုပါ။ ပန်းတိုင်သို့ ချီတက်ရာတွင် အားမနာပါနှင့်။ အားနာလွန်းပါက သင်သည် ပန်းတိုင်သိုက မျက်ခြည် ပြတ်သွားမည်၏
“လက်တွေ့လုပ်ဆောင်ရန်”
*ယနေ့မှစ၍ ငါသည် အချိန်ကုန်မည့် ကိစ္စရပ်များကို “No” ငြင်းဆိုမှုများကို စုပေါင်း၍ အောင်မြင်မှု ရယူမည်။

၂၄။ “လုပ်ဆောင်ခြင်းနှင့် ပန်းတိုင်”
*လူတစ်ယောက်ဟာ မြောင်းကြားထဲက ကြွက်စုတ်တစ်ကောင် ဖြစ်မလား။ ဟိုကောင်းကင်ကြီးမှာ ၀ဲနေတဲ့ သိန်းစွန်ငှက်ကြီး ဖြစ်မလား ဆိုတာဟာ သူ့ဘ၀ကို သူဘယ်ပုံ ဘယ်နည်းလျှောက်ခဲ့သလဲ ဆိုတဲ့ အချက်ပေးမှာပဲ တည်မှီနေတယ်။
“လက်တွေကလုပ်ဆောင်ရန်”
*ယနေ့မှစ၍ ငါသည် ဘာမှလုပ်စရာ မရှိစေကာမှု တစ်ခုခုကိုတော့ လုပ်ဆောင်နေမည်။

၂၅။ “အလုပ်နှင့် ပန်းတိုင်”
*အချို့သောလူများသည် အလုပ်ကို ပိုလုပ်ခဲ့ကြသည်ဟု ထင်မြင်တတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် သုံးနာရီကြာနိုင်သော အလုပ်တစ်ခုကို တစ်နေကုန် လုပ်ခဲ့သောကြောင့် ဖြစ်သည်။ ထိုလူများသည် ပန်းတိုင်နှင့် ဝေးသော သူများသာ ဖြစ်သည်။
“လက်တွေ့လုပ်ဆောင်ရန်”
*ယနေ့မှစ၍ ငါသည် ရည်မှန်းချက် တစ်ရပ်ကို ထားရှိ၍ ယင်းအရာကို ကြိုးပမ်းမှုဖြင့် ရယူမည်ဟု ဆုံးဖြတ်ပြီး ယနေ့ပင် ငါ လုပ်ဆောင်မည်။

(ချစ်စံဝင်း)

No comments: