Saturday, January 17, 2009

" အဆင့်မြင့်ကားကြီးနှင့် သူဌေးကြီးပုံပြင် "

သူဌေးကြီးတစ်ယောက်ဟာ အလွန်အင်မတန်မှ အဆင့်မြင့်သောလှပတဲ့ ကားကြီးတစ်စီးကို ပိုင်ဆိုင်ထားပါတယ်။ သူဌေးကြီးဟာ အသက်ကလည်းကြီးပြီဖြစ်တဲ့ အတွက်ကြောင့် သူအင်မ တန်မှ နှစ်သက်တဲ့ သူကိုယ်တိုင်တီထွင်ထားတဲ့ကားကြီးကို စိတ်ချရတဲ့ လူတစ်ယောက်ကို အမွေပေးထားခဲ့ချင်ပါတယ်။ ဒါပေမယ့် ဒီကားကိုပိုင်ဆိုင်မယ့်သူက ရိုးသား၊ ကြိုးစားတဲ့ လူဖြစ် ရမယ်။ ဒီကားနဲ့ပတ်သတ်လို့ ပျက်စီးချို့ယွင်းသွားလို့ရှိရင် ကားမှာသုံးတဲ့ ၀က်အူသေးသေး လေးမှအစ တစ်ပုံစံတည်းဖြစ်အောင် တီထွင်ဖန်တီးနိုင်တဲ့ လူဖြစ်ရမယ်။ ဒါကြောင့် ဒီကားကြီး ကို လွှဲအပ်အမွေပေးဖို့အတွက် သင်ယူချင်တဲ့စိတ်လည်းရှိမယ်။ ရိုးသားကြိုးစားတဲ့ လူတစ် ယောက်လည်း ဖြစ်ရမယ်ဆိုတဲ့ လူမျိုးကို မြို့ရွာတွေမှာ လှည့်ပြီးရှာပါတယ်။ ဒီလိုနဲ့ သူဌေးကြီး ဟာ အလွန်အင်မတန်မှ ဆင်းရဲလှတဲ့ ရွာလေးတစ်ခုကို ရောက်ရှိသွားပါတယ်။ အဲသည်ရွာ လေးတစ်ရွာမှာ အသက်နှစ်ဆယ်ခန့်ရှိတဲ့ ဆင်းရဲလှတဲ့ လူငယ်လေးဟာ သံပြားတစ်ချပ်ကို ကလေးကစားစရာ ကားပုံစံတစ်ခုကို ပြုလုပ်နေပါတယ်။
ဒီလူငယ်လေးဟာ ပစ္စည်းကိ၇ိယာ အစုံအလင်မရှိဘဲနဲပ ခဲရာခဲဆစ် လုပ်နေခြင်းဖြစ်ပါတယ်။ ဒါကို သူဌေးကြီးကမြင်တော့ အလွန်သဘောကျ သွားပါတယ်။ “ ဟေ့...လူလေး၊ မင်း ကြည့်ရ တာ ကားနဲ့ပတ်သတ်လို့ ၀ါသနာပါတဲ့ သဘောရှိတယ်။ ဒါကြောင့် “ဟော...ဟိုမှာမြင်နေရတဲ့ ကားကြီးမျိုးရော မလိုချင်ဘူးလားလို့” မေးလိုက်ပါတယ်။“ဟာ...အဘဘ ကလည်း ကျွန်တော် က အဲလိုကားမျိုါ်မှ မလုပ်တတ်တာလို့” ပြောလိုက်ပါတယ်။ ဒီတော့ သူဌေးကြီးက “ကားလုပ်ရ တာ ဘာမှမခက်ဘူး။ သင်ယူချင်း တဲ့စိတ်ပဲခက်တာ...မင်းမှာသာ သင်ယူချင်တဲ့စိတ်ရှိရင် ဒီကာလုပ်ပုံလုပ်နည်းတွေကို ငါသင်ပြပေးမယ်လို့” ပြောလိုက်ပါတယ်။ လူငယ်လေးက အရမ်း ၀မ်းသာသွားတယ်။ “တကယ်ပြောတာလား အဘ” “အေး...တကယ်ပြောတာပေါ့” ဒါဆိုရင် ကျွန်တော်လိုက်သင်မယ်လို့” လူငယ်လေးက ပြောလိုက်ပါတယ်။ သူဌေးကြီးက လူငယ်လေး ကိုအရမ်းသဘောကျသွားတဲ့ အတွက်ကြောင့် သူ့ရဲ့အိမ်ကိုခေါ်သွားခဲ့တယ်။ သူဌေးကြီးဟာ သူ့ရဲ့အိမ်ရောက်တော့ တောသားလူငယ်လေးအတွက် အခန်းတစ်ခန်းနှင့် စားစရာများကို စီစဉ်ထားရှိပေးပါတယ်။ သူဌေးကြီးဟာ မိုးလင်းကနေမိုးချုပ်ထိ ကားနဲ့ပတ်သတ်တဲ့ ၀က်အူ၊ သံချောင်း၊ သံပြား၊ အင်ဂျင် စသည့်ပစ္စည်းများကို ထုပ်လုပ်ပုံ၊ ထုတ်လုပ်နည်း စနစ်တကျ လူငယ်လေးကို သင်ပြပေးပါတယ်။ အဲဒီလိုနပြ နေ့စဉ်ရက်စက်ဆိုသလို ကားနဲ့ပတ်သက်တဲ့ ပညာတွေကို သင်ပြပေးပါတယ်။ ကားတည်ဆောက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်း ထုတ်လုပ် ပြီးတဲ့အခါ အဆင့်မြင့်ကားကြီးကိုတည်ဆောက်ပါတယ်။ အဲဒီလိုတည်ဆောက်ပြီးတဲ့အခါ ကားကိုမောင်းကြည့်ပါတယ်။ ကားမောင်းလို့ရပြီဆိုတာနဲ့ စက်ပြင်ဂိုဒေါင်ထဲကို သွင်းပြီးကား ကြီးကို တစ်စစီပြန် ဖြုတ်ခိုင်းပါတယ်။ ပြီးတာနဲ့ တစ်ခါပြန်တပ်ခိုင်းပါတယ်။
ဒီလိုတပ်လိုက် ဖြုတ်လိုက် စက်နှိုးလိုက်နှင့်လေ့ကျင့်လိုက်ရာ တောသားလူငယ်လေးမှနေပြီး အဆင့်မြင့်ကား ထုတ်လုပ်တဲ့သူ တစ်ယောက်အဖြစ် ကျွမ်းကျင်သွားခဲ့ပါပြီ။ ဒီလိုကျွမ်းကျင် သွားတာကို သူဌေးကြီး ကကြည့်ပြီးအလွန်ပဲ သဘောကျကျေနပ်သွားပါတယ်။ သူဌေးကြီးက လူငယ်လေးကို မေးလိုက်ပါတယ်။ “လူလေး...မင်းအနေနဲ့ ဒီလိုအဆင့်မြင့်ကားကြီး မျိုးမလုပ် တတ်ပါဘူးလို့ ပြောလို့ရသေးလား” “ဟုတ်ကဲ့...အဘမရတော့ပါဘူး” “အေးလေ ဟိုတုန်းက မင်းကသင်မှမသင်ရသေးတာ အခုတော့သင်ပြီးသွားပြီဆိုတော့ တတ်မြောက်သွားပြီပေါ့။ ငါ မင်းကို မေးပါရစေအုံး။ ဒီကားကြီးကို မင်းမစီးချင်ဘူးလား...” “ဟာ...အဘကလည်းဒီကားနဲ့ ကျွန်တော်နဲ့မတန်ပါဘူးလို့ ပြောလိုက်ပါတယ်။ ဒီတော့ သူဌေးကြီးက “မင်းက ဒီကားနဲ့ မတန်ဘူးလို့ ထင်နေတာပါ။ ကားတောင်မှ မင်းကိုယ်တိုင် တီထွင်တတ်ပြီဆိုတော့ ဒီကားနဲ့မင်း နဲ့မထိုက် တန်ဘူးဆိုရင် ဘယ်သူကလာပြီး ထိုက်တန် နိုင်ပါ့မလဲ။ ဒါကြောင့် ဘာမှထပ် ပြောမနေနဲ့တော့။ အခုမင်းဒီကားပေါ်တက်တော့ဆိုပြီး သူဌေးကြီးက ကားတံခါးကို ဆွဲဖွင့်ပေး လိုက်ပါတယ်။ လူငယ်လေးက သူဌေးကြီးကိုကြောက်ပြီး ကားပေါ်တက်ထိုင်လိုက်ပါတယ်။ ကားတံခါးလည်းပိတ်လိုက်ရော လူငယ်လေးမှာ ကြက်သီးမွှေးညှင်းများထအောင် လန့်သွား ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကားမျိုးကို သူတစ်ခါမှမစီးဖူးဘူး။ ကားဖင်ထိုင်ခုံနဲ့ သူနဲ့မ တန်ဘူးလို့ ထင်ထားတယ်။ သူဌေးကြီးက ကားမောင်းတဲ့ နေရာမှာဝင်ထိုင်လိုက်ပါတယ်။ ပြီးတာနဲ့ ကားကို မြို့ပြင်အဝေးပြေးလမ်းမကြီးရှိရာ မောင်းနှင်သွားပါတော့တယ်။ လူငယ်လေး ရဲ့စိတ်ထဲမှာ ကားပေါ်မှာထိုင်လိုက်နေပေမဲ့ လေထဲမှာလွင့်မြောနေသလို ခံစားနေရပါတယ်။ ဒီလိုနဲ့ သူဌေးကြီး ကသူ့ကိုမေးလိုက်ပါတယ်။ “လူလေး...မင်းလည်း ဒီကားကို မောင်းမယ်ဆို ရင် ဖြစ်လိမ့်မယ် လို့မတွေးမိဘူးလား” “ဟုတ်ကဲ့...အဘသင်မယ်ဆိုရင်တော့ မောင်းတက် မယ်လို့ထင်ပါတယ်” လို့ပြောလိုက်တယ်။ သူဌေးကြီးဟာ ကားကိုရပ်လိုက်ပါတယ်။ ကားပေါ် ကဆင်းပြီး လူငယ်လေးနှင့် ထိုင်ခုံချင်း လဲထိုင်လိုက်ပါတယ်။ လူငယ်လေးကို ကားမောင်းတဲ့ နေရာမှာ သူဌေးကြီးက ထိုင်ခိုင်းလိုက်တဲ့ အတွက်ကြောင့်အလွန်ပင် ကြောက်လန့်နေပါတယ်။ ပြီးတော့ သူကပြောလိုက်ပါတယ်။ အဘ ကျွန်တော်ကားမောမင်းတတ်ပါဘူး။ ဘာကြောင့် ကျွန်တော့်ကို ဒီမှာထိုင်ခိုင်းရတာလဲလို့ မေးလိုက်ပါတယ်။
ဒီတော့ သူဌေးကြီးက “အေး...မင်းကို ကားမောင်းသင်ပေးမလို့...ငါခိုင်းတဲ့ အတိုင်းလိုက်ပြီး လုပ်ပါ။ ကားသော့ကိုဖွင့် စက်ကိုနှိုးပါ။ ဘာမှ စိတ်မပူပါနဲ့။ မင်းရဲ့ဘေးနားမှာ စိတ်ချရတဲ့ကား မောင်းကျွမ်းကျင်တဲ့ ဆရာကောင်းတစ်ယောက်ရှိနေတယ်လို့ သဘောထားပါ။ မင်းကားမ မောင်းတက်လည်း ဘာမှမပူနဲ့။ မင်းကို ကားမောင်းသင်ရင်းနဲ့ငါပါ ကားမောင်းကူပေးမှာပါ။ ဟုတ်ပြီလား...ဟုတ်ကဲ့အဘ။ ဒီလိုနဲ့ သူဌေးကြီးဟာ သူ့လက်နဲ့ စတီယာတိုင်ကို ကိုင်ပြီးကလပ်ကို ဘယ်လိုနင်းရတယ်။ လီဘာကို ဘယ်လို တင်၇တယ်။ စီယာတိုင်ကို ဘယ်လိုကိုင်ရတယ်။ လမ်းတွေရဲ့ အကွေ့အကောက်မှာ ဘယ်လိုမောင်းရတယ်။ ရှေ့မှာ ရှောင်စ၇ာရှိ၇င် ဘယ်နှုန်းနဲ့မောင်းရတယ်။ ရှေ့မှာ ရှောင်စရာမရှိရင် ဘယ်နှုန်းမောင်းရတယ်။ လမ်းတွေဟာဖြောင့်နေပေမယ့် မြေလိမ်နေတာမျိုးရှိလျှင် ကားဟာမောင်းနေရင်း ဘေးကို ရောက်သွားတတ်တယ်။ ရှေ့မှာရှောင်စရာရှိရင် ကားဟွန်းသံကို ဘယ်လောက်အကွာ အဝေး က ကြိုပြီးတီးရတယ်။ ကားစထွက်လျှင် ကားရပ်မည်ဆိုလျှင် လီဘာကို ဘယ်လို လျှော့ပြီး ဘယ်လိုဘရိတ်အုပ်ရမည် ဆိုတာကို အသေးစိပ် သင်ပြပေးပါတယ်။ ဒီလိုနဲ့ တောသားလူငယ် လေးဟာ သူဌေးကြီးပြောတဲ့ စကားတွေကိုနားထောင်ရင်း မောင်းလိုက်ရာ ခရီးမိုင်ပေါင်းများ စွာကို မောင်းနှင်နိုင်ခဲ့ပါတယ်။ သူ့စိတ်ထဲမှာလည်း သူဌေးကြီး မောင်းကူလို့ ယခုလိုမောင်းနိုင် တာလို့ ထင်နေပါတယ်။ ဒါပေမယ့် သူဌေးကြီးက သူ့ရဲ့ဘေးနားထိုင်ခုံမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခဲ့ပါတယ်။ လူငယ်လေးဟာ သူ့ဟာသူအရမ်းအံ့သြ သွားပါတယ်။ ငါ့စိတ်ထဲမှာ သူဌေးကြီး မောင်းပေးနေတယ်လို့ထင်နေတာ။ ခုတော့...ငါကိုယ်တိုင် အဆင့်မြင့်ကားကြီးကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ မောင်းနိုင်ခဲ့တာပါလားလို့တွေးရင်း နဲ့ဝမ်းသာ လာခဲ့ပါတယ်။ ဒိအချိန် မှာ သူဌေးကြီးက အိပ်ရာကနိုးလာပါတယ်။ ဘယ်လိုလဲလူလေး...မင်းကားမမောင်းနိုင်ဘူး ဆိုတာ ဟုတ်သေးရဲ့လား...ဟုတ်ကဲ့“အဘ” ကျွန်တော်အခု အဆင့်မြင့်ကားကြီးကို မောင်းနိုင် သွားပြီလို့ ကျေနပ်ဝမ်းသာစွာ အားရပါးရ ပြောလိုက်ပါတယ်။ သူဌေးကြီးကလည်း လူငယ်လေး ရဲ့ ကြိုးစားမှုတွေကို အရမ်းသဘောကျသွားတယ်။ ဒီလိုနဲ့ သူဌေးကြီးက လူလေးရှေ့နားကား ရပ်ပါဦး...ဆိုပြီး အရပ်ခိုင်းလိုက်တယ်။ ပြီးတော့ သူဌေးကြီးက လူငယ်လေးကို ပြောလိုက်ပါ တယ်။ လူလေး...ဒီကားကြီးနဲ့ ပတ်သတ်လို့ ကျွမ်းကျင်နားလည်မှု အရှိဆုံး လူဟာလည်း မင်းပဲ ဖြစ်တယ်။
ဒါကြောင့် အလုပ်တစ်ခုကို မလုပ်ရသေးခင် အရင်ဆုံး မလုပ်တတ်ဖူး၊ မလုပ်နိုင်ဖူး လို့ ဆင်ခြေပေးတတ်တဲ့ ပါးစပ်က ထမင်းငတ်တတ်တယ်နော်။ ဆင်ခြေပေးတယ်ဆိုတာဟာ ပျင်းတဲ့ လူတွေအလုပ်ပါ။ ကောင်းတဲ့ ၊ မှန်ကန်တဲ့ အလုပ် ၊ လုပ်သင့်တယ်ထင်ရင် မဖြစ်မနေ လုပ်ရမယ်။ မသိရင်၊ မတတ်ရင်လည်း သူတစ်ပါးထံမှာ သင်ယူတတ်ရမယ်နော်။ တစ်ကယ် တော့ မလုပ်သေးတာပဲရှိတယ်။ မလုပ်တတ်တာဘားမှမရှိဖူးဆိုတာ မိတ်ဆွေတို့မှတ်ထားပါ။ စစ်မရောက်ခင် မျှားကုန်တာမျိုး ဘယ်တော့မှမဖြစ်ပါစေနဲ့လို့ အကြံပေးချင်ပါတယ်။

No comments: