ဟိုးရှေးရှေးတုန်းက သာဝတ္ထိပြည်မှာနေတဲ့ ကုန်သည်သူငယ်ချင်းနှစ်ယောက်ရှိခဲ့တယ်။ သူတို့ သူငယ်ချင်း နှစ်ယောက်ဟာ တစ်နေ့မှာ ခရီးတစ်ခုကို နှစ်ယောက်အတူတူ သွားဖြစ်ကြတယ်။ သူတို့နေတဲ့ သာဝတ္ထိမြို့ကနေ ဗာရာဏသီပြည်ကို သွားရန်အတွက် မနက်စောစော ခရီးထွက် လာခဲ့ကြတယ်။ တောတောင်တွေကိုလည်း ဖြတ်သန်းခဲ့ကြရတယ်။ ဒီလိုနဲပ ခရီးတစ်ခု အလှမ်း ဝေးရောက်တဲ့အခါမှာတော့ လျှော်ပုံတစ်ပုံတွေ့ရတယ်။ တစ်ယောက်က အကြံတစ်ခုရလိုက် တယ်။ သူ့သူငယ်ချင်းကို ဖွင့်ပြောလိုက်တယ်။ သူငယ်ချင်း ငါတို့ခရီးသွားတာ ဒီတိုင်းလက် ချည်းပဲ သွားနေမယ့်အတူတူ ဒီလျှော်တွေထမ်းပြီး သယ်သွားမယ်။ ဟို ဗာရာဏသီ ရောက်လို့ ရှိရင် ဒီလျှော်တွေကို ရောင်းစားမယ်။ ဒီအကြံကို သူ့သူငယ်ချင်းကလည်း သဘောတူလိုက် တယ်။ အဲဒီလိုနဲ့ ရှေ့ခရီးတစ်ထောက်မှာ အထည်အလိပ်တွေတွေ့တယ်။
ဒါ့ကြောင့် ပထမသူငယ်ချင်းက လျှော်တွေကို ချထားပြီး အထည်တွေကိုသယ်ဖို့ ဒုတိယသူငယ် ချင်းကို ပြောတယ်။ ဒုတိယ သူငယ်ချင်းက လျှော်တွေကို အဝေးကြီးကတည်းက သယ်လာခဲ့ ရတယ်။ ငါတော့ လျှော်ပဲဆက်သယ်မယ်လို့ ပြောတယ်။ ပထမသူငယ်ချင်းကတော့ လျှော် တွေကိုချပြီး အ၀တ်အထည်တွေကို သယ်သွားတယ်။ ဒုတိယ သူငယ်ချင်းကတော့ လျှော်ကိုပဲ ဆက်သယ်သွားတယ်။ ဒီလိုနဲ့ ရှေ့ခရီးတထောက်နားတဲ့နေရာ ရောက်ပြန်တော့ အဲဒီမှာလည်း ငွေထည်ပစ္စည်းတွေကိုသယ်တယ်။ ဒုတိယသူငယ်ချင်းကတော့လျှော်တွေပဲ ဆက်ပြီးထမ်းသွား တယ်။ အဲဒီလိုနဲ့ခရီးဆက်ခဲ့ရာ ဗာရာဏသီမြို့နားရောက်ခါနီးကျတော့ ရွှေထည် ပစ္စည်းတွေကို တွေ့ပြန်တယ်။ ပထမသူငယ်ချင်းက ဒုတိယသူငယ်ချင်းကို လျှော်တွေထားခဲ့ပြီး ရွှေတွေကို သယ်ရအောင်လို့ ပြောလိုက်ပါတယ်။ ဒါပေမယ့် ဒုတိယသူငယ်ချင်းက ငါကဒီလျှော်တွေကို အဝေးကြီးကတည်းက ထမ်းလာခဲ့ရတာ။ ဒီလျှော်တွေကို ငါမစွန့်နိုင်တော့ဘူး။ ဒါကြောင့် အိမ် အထိပဲ သယ်သွားတော့မယ်လို့ ပြောလိုက်တယ်။ ပထမသူငယ်ချင်းကတော့ ငွေတွေကိုချပြီး ရွှေတွေကို သယ်သွားပါတော့တယ်။ အဲဒီလိုနဲ့ သူတို့နှစ်ယောက်စလုံး အိမ်ပြန်ရောက် သွား ကြတယ်။ ပထမသူငယ်ချင်းကတော့ ခရီးတစ်လျှောက်လုံး တစ်မျိုးထဲဆုပ်ကိုင်ထားခြင်းမရှိဘဲ ကောင်းသထက်ကောင်းရာကို ရွေးချယ်ပြီးသယ်ဆောင်လာခဲ့တဲ့အတွက်ကြောင့် ဘ၀တစ်ခု လုံးမှာ နဂိုရှိရင်းစွဲပစ္စည်းအပေါ်၌သာလျှင် တစ်လမ်းလုံး တွယ်တာလာခဲ့တဲ့အတွက်ကြောင့် မကောင်းမှန်းသိသော်လည်း မစွန့်လွှတ်နိုင်ဘူး။ ခရီးတစ်ခုဆုံးလို့ အိမ်ပြန်ရောက်တဲ့အခါမှာ လည်း သူ့မိန်းမရဲ့ဆဲဆိုခြင်းကိုခံရပါတယ်။ ဒီအဖြစ်အပျက် အကြောင်းအရာကတော့ ယနေ့ ခေတ် လူများနှင့် အလွန်ပင် တူညီလှပါတယ်။
ဘာ့ကြောင့်လဲဆိုတော့ လူအများစုဟာ မိမိထံမှောက် အခွင့်အလမ်းတွေ ဘယ်လောက်ပင် ရောက်စေကာမှု လက်ရှိလုပ်ငန်းအပေါ်၍သာလျှင် အချိန်တွေပေးဆပ်ကာ အချိန်တွေကုန် ဆုံး၍ နေကြရတယ်။ “အနည်းငယ်သော စည်းစိမ်ချမ်းသာကို စွန့်လွတ်ခြင်းသည် ကြီးစွာသော အကျိုးကိုရရှိစေနိုင်သည်” ဟုဆိုသောစကားဟာ ဘယ်အလုပ်ဘယ်အကြောင်းအရာမဆို ရိုး မြေကျစွဲထားခြင်း မရှိပဲ စွန့်သင့်သည့်အချိန်မှာ စွန့်၊ ရယူသင့်သည့် အချိန်မှာ ရယူ၊ ခေတ်နှင့် အညီ မိမိအတွေးအခေါ်တွေပြောင်းလဲပြီး ခေတ်သစ် စနစ်သစ်လုပ်ငန်းများကို ရွေးချယ်လုပ် ကိုင်နိုင်သော သူများသာလျှင် အချိန်အခါမဆိုင်း စည်းစိမ်ချမ်းသာများစွာ ရရှိနိုင်သည်။
အနည်းငယ်မျှကို စွန့်လွှတ်ရမှာ ကြောက်သောသူသည် အပြောင်းအလဲသစ်တစ်ခုကို ရင်မ ဆိုင်ရဲသောကြောင့် ကြီးစွာသော အခွင့်အလမ်းနှင့် လွဲကြရတယ်။ လူတွေအများစုဟာ လျှော် ထမ်းတဲ့ အလုပ်ဖြင့်ပင် အချိန်ကုန်လုံးသွားတတ်ကြပါတယ်။ ဒါကြောင့် ကိုယ်ကတော့ ခေတ် နှင့်အညီပြောင်းလဲတိုးတက်ချင်လျှင် လျှော်ထမ်းသမားလိုမဖြစ်အောင် ဂရုစိုက်ကြရမှာပဲဖြစ် သည်။ ဒါသည်ပင်လျှင် ဘ၀အတွက်အကောင်းဆုံး ပညာပေးသင်ခန်းစာကြီး တစ်ရပ်ပင် ဖြစ်တယ်လို့ မှတ်ယူကြပါလေတော့။
Saturday, January 10, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment