လူဖြစ်လာပြီဆိုလျှင် ကိုယ့်အနားမှာရှိတဲ့ လူတွေအားလုံးပေါ်၌သော်၎င်း၊ ပတ်ဝန်းကျင် လူ့ဘောင်အဖွဲ့အစည်းကလူတွေကို တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ယုံကြည်မှုတည်ဆောက်ရ မည်ဖြစ်တယ်။ ကိုယ်ရရှိပိုင်ဆိုင်သော ဓနဥစ္စာငွေကြေးများဟာ မိမိဘ၀ကိုယ်စိတ်နှစ်ပါး ချမ်း သာရန်အတွက် အဓိကလိုအပ်ချက်ပင်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ချမ်းသာခြင်းကို အပြည့်အ၀ ပိုင်ဆိုင်နိုင်ဖို့အတွက် သင့်ကို စိတ်စေရာအတိုင်း ဖန်တီးပေးကြတဲ့ အခြွေအရံများသည်လည်း ရှိကြမည်သာဖြစ်ပါတယ်။ အခြွေအရံဆိုတဲ့ သဘောတရားသည် ခြွေမှာသာလျှင် ရံကြတဲ့အ တွက်ကြောင့် ပေးသင့်ပေးထိုက်သည်ကို သမ္မာအာဇီဝနည်းဖြင့် ပေးကြရလိမ့်မယ်။ သမ္မာအာဇီ ၀ဖြင့် ဓနဥစ္စာငွေကြေးများကို ရှာဖွေခြင်းဟာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ သမ္မာအာဇီဝဖြင့်ရရှိထားသော ဓနဥစ္စာငွေကြေးကို ကိုယ့်ရဲ့အခြွေအရံများအပေါ်မှာ ပေးသင့် ပေးထိုက်ပါလျှက်ကယ်နှင့် လောဘသက္ကာယစိတ်ကြောင့် မပေးပဲနေပါက သမ္မာအာဇီဝဖြင့် အသက်မွေးဝမ်းကြောင်းပြုတဲ့ ပုဂ္ဂိုလ်လို့မဆိုနိုင်ပါဘူး။ မိမိရရှိထားသော စည်းစိမ်ချမ်သာမှန် သမျှဟာ မိမိဦးနှောက်ဥာဏ်အားကိုးသုံးပြီး အောက်ခြေလူတန်းစားဖြင့် တည်ဆောက်ထားရ တဲ့ အိမ်တစ်အိမ်နှင့်တူပါတယ်။ ဘ၀ပေး အခြေအနေကြောင့် မလွဲသာလို့ မိမိထံမှာ အလုပ်အကျွေးဖြင့်လာရောက် လုပ်ပေးရတဲ့ လူရဲ့အပေါ်မှာ အသေးအမွှားကိစ္စကအစ ငွေ ကြေးတွက်ချက် စာရင်းဇယားပြပြီး သူ့ပိုင်ဆိုင်မှုထဲမှ နှုတ်ယူခြင်းများကိုလည်း မပြုလုပ်ရပါ ဘူး။ အောက်ခြေ လူတန်းစားဆိုတာ သူ့ဘ၀ရပ်တည်နိုင်ဖို့အတွက် ဘ၀တစ်ခုလုံးကို သင့်ထံ ပုံအပ်ခဲ့ရတယ်။ သင့်ရဲ့စောင့်ရှောက်မှုကြောင့် ကျေးဇူးတရားကိုနားလည်ပြီး သင့်အလိုကျစိတ်
စေရာလုပ်ပေးမည်မှာ အမှန်ပင်ဖြစ်သည်။
အဲဒီလိုလုပ်ပေးပါလျှက်နဲ့ အသေးစိတ်ကအစ တွက်ချက်နေမည်ဆိုလျှင် သင်ပဲဆုံးရူံးနစ်နာရ မည်ဖြစ်တယ်။ အဖြစ်အပျက်ကလေးတစ်ခုကို ပြောပြချင်ပါသေးတယ်။ စာရေးသူတို့ရဲ့ အရပ် ဒေသမှာ ငွေကြေးချမ်းသာတဲ့ အရာရှိအမျိုးသမီးကြီးတစ်ဦးရှိပါတယ်။ သူ့မှာအစိုးရဌာနက ပေးထာသော မာစတာဂျစ်ကား အစိမ်းလေးတစ်စီးလည်း ရှိပါတယ်။ တစ်နေ့တော့ သူ့ကား ဒရိုင်ဘာနဲ့အတူ ထိုဂျစ်ကားအစိမ်းလေးနဲ့ပင် ရန်ကုန်မြို့ကို အလုပ်ကိစ္စနဲ့ ထွက်လာခဲ့ကြ တယ်။ ရန်ကုန်မြို့ရောက်တော့လည်း သူ့ကားသမားက ထိုအမျိုးသမီးကြီး သွားချင်တဲ့နေရာ မှန်သမျှကို မညည်းမညူလိုက်လံ ပို့ဆောင်ပေးခဲ့ပါတယ်။ ဒါပေမယ့် သူဟာတစ်လမ်းလုံး သူ့ဒရိုင်ဘာကို ထမင်းလဲမကျွေးဘူး။ သူ့ဟာသူဝယ်စား၊ ကိုယ့်ဟာကိုယ်စား၊ ကားသမားကို လခပေးထားတာပဲဆိုတဲ့ အသိစိတ်နဲ့ အားနာလို့တောင် မုန့်ဟင်းခါး ခေါ်ကျွေးဖော်မရဘူး။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူ့ကိုထမင်းဆိုင်ကောင်းကောင်း တစ်ဆိုင်ပို့ခိုင်းပါတယ်။ ထမင်းဆိုင် ရှေ့ရောက်တော့ ရော့နင်ကတော့ မုန့်ဟင်းခါးသွားစားဆိုပြီး ငွေ(၂၀၀)ကျပ် ထုပ်ပေးလိုက်ပါ တယ်။ မုန့်ဟင်းခါးစားပြီးလျှင် ကားနဲ့ဒီဆိုင်ရှေ့မှာလာပြီး စောင့်နေပါလို့မှာလိုက်တယ်။ ကား သမားလည်း အရာရှိအမျိုးသမီးကြီးကို ထမင်းဆိုင်မှာထားပြီး ဆီအရောင်းအ၀ယ်လုပ်တဲ့ဆိုင် ကို ထွက်လာခဲ့ပါတယ်။ ဆီဆိုင်ရောက်တော့ ကားပေါ်ပါလာတဲ့ ဆီထဲမှနေပြီး ဆီဂါလံ(၂၀)ကို ထုတ်ရောင်းလိုက်ပါတယ်။ ကားသမားလည်း ငွေ (၅)သောင်းလောက်ရသွားပါတယ်။ ပြီးတာနဲ့ သူ့အမျိုးသမီးအရာရှိစားတဲ့ ဆိုင်ထက်ကြီးသော စားသောက်ဆိုင်မှာ သွားပြီးတော့ ကောင်း ကောင်း စားသောက်ပစ်လိုက်ပါတယ်။ ဒီအဖြစ်အပျက်ဟာ တစ်ကယ်ဖြစ်ပျက်ခဲ့သော အဖြစ် အပျက်ပင်ဖြစ်ပါတယ်။ စာရေးသူက အဲဒီကားသမားကို မေးကြည့်ပါတယ်။ ဘာဖြစ်လို့ အဲ့ဒီလို လုပ်တာလည်မေးတော့ သူခိုင်းတာတွေလဲ လုပ်ရသေးတယ်။ ဘယ်စားသောက်ဆိုင်ထဲသွား သွား သူတစ်ယောက်ထဲပဲစားတယ်။ သူ့ကို အားနာလို့တောင် ခေါ်ဖော်မရဘူး။ သူကပ်စေးနှဲ မှန်းကိုလည်း အရင်ကတည်းက သိပါတယ်။ ဒါပေမယ့် ကိုယ့်အရပ်ကိုယ့်ဒေသမှာဆိုလျှင် ခွင့်လွှတ်နိုင်တယ်။ ယခုကျတော့ ကိုယ့်အရပ်ကိုယ့်ဒေသလဲ မဟုတ်ဘူး။ သူခေါ်လို့လဲလိုက် လာရသေးတယ်။ စားဖို့မရှိလို့ ပိုက်ဆံတောင်းလျှင်လဲ နင့်လခထဲကဖြတ်မှာနော်။ နင့်လခထဲက ဖြတ်မှာနော်ဆိုပြီး တဖွဖွပြောပါတယ်။ ကိုယ့်ရဲ့စေတနာကို ဒီလောက်ပဲစော်ကားရသလား။ ကိုယ့်ဝန်ထမ်းတစ်ယောက်ရဲ့ အပေါ်မှာ ဒီလောက်ပဲ အလိုက်သိမှု ကြင်နာမှု၊ စာနာမှုခေါင်းပါး ရသလားဆိုပြီး အမြင်ကတ်တဲ့အတွက်ကြောင့် ယခုလို လုပ်လိုက်တာပဲလို့ သူကပြောပါတယ်။
ဒီလိုထုတ်ရောင်းလိုက်တာ သူမသိဘူးလားမေးတော့ သူက ကားအကြောင်းနားမလည်ဘူး။ ဘယ်နှစ်မိုင်မောင်းလျှင် ဆီဘယ်လောက်ကုန်လဲဆိုတာ သူမသိဘူး။ ကားသမားပြောတဲ့အ တိုင်းပဲ ဆီဘယ်လောက်ကုန်ကုန် သူကထည့်မယ်။ အဲဒါကျတော့ သူမနှမြောဘူး။ ကားသမားကို ထမင်း(၅၀၀) ဖိုးလောက်ကျွေးရမှာကျတော့ နှမြောတယ်။ လခထဲကဖြတ်မယ် ခဏခဏပြောတယ်။ အကယ်၍သာ သူအလိုက်သိခဲ့မယ်ဆိုလျှင် သူ့အပေါ်မှာ ဒီလိုမျိုးမလုပ်ပါ ဘူးလို့ သူက စာရေးသူကို ပြောပြပါတယ်။ ဒီလိုပြောပြတာကလည်း စာရေးသူနှင့် အလွန်ရင်း နှီးတဲ့အတွက်ကြောင့် ဒီအဖြစ်အပျက်ကလေးကို သူပြောပြတာပါ။
ဒါကြောင့် မိမိအပေါ်ကောင်းတဲ့ စေတနာထားသူတွေအပေါ် မိမိကလည်း စစ်မှန်သောစေတနာ လေးတွေထားကြရမယ်။ ဘာမဟုတ်တာလေးတွေကိုတွန့်တိုနေပြီး စွန့်လွှတ်သင့်တာတွေကို မစွန့်လွှတ်နိုင်ခဲ့ရင်တော့ ထို့ထက်ပိုတဲ့ ဆုံးရူံးမှုတွေရှိလာနိုင်ပါတယ်။ ဆိုလိုတာကတော့ ပေး သင့်ပေးထိုက်တာကို မပေးဘဲ အသေးအဖွဲ လေးတွေကအစ နှမြောတွန့်တို နေမယ်ဆိုလျှင် ကြီးစွာသော ဆုံးရူံးမှုနှင့် ကြီးစွာသော ပေးဆပ်မှုတွေကို တန်ပြန်ခံကြရတယ်လေ။
Saturday, January 17, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment