Saturday, January 17, 2009

" အဓိပ္ပာယ်ရှိသောလူ "

အလုပ်မှာ စက်ရုပ်တစ်ရုပ်လို လုပ်နေရပြီဆိုလျှင် ဘ၀ဟာအဓိပ္ပာယ် မရှိတော့ဘူး။ ကျန်းမာ ရေးတွေ ချို့ယွင်းလာမယ်၊ စီးပွးရေးတွေဘယ်လောက်ကောင်းကောင်း ကိုယ်ရှာဖွေထားတဲ့ စည်းစိမ်ဟာ ကိုယ့်ကျန်းမာရေးမှ ပြန်လည် မစောင့်ရှောက်နိုင်ဘူးဆိုလျှင် ရရှိထားတဲ့စည်းစိမ် ချမ်းသာဟာ အလကားပဲ ဖြစ်တယ်။ လူမှုရေးတွေလည်း လစ်ဟင်းလာမယ်။ လူမှုရေးတွေကို လျှစ်လျှူရူမိလျှင် ပတ်ဝန်းကျင်ကောင်း မိတ်ဆွေကောင်းနဲ့ ဝေးကြရလိမ့်မယ်။ ကိုယ့်ပါတ်ဝန်း ကျင်ကလူတွေက ကိုယ့်ကို ယုံကြည်မှု လေးစားမှုပေါ့လျှော့လာပြီဆိုလျှင် စည်းစိမ်ချမ်းသာ ရှိသော်လည်း ဘ၀မှာအဖော်မဲ့ အထီးကျန်အဖြစ်မျိုးနဲပ ကြုံဆုံရပါလိမ့်မယ်။ လက်ရှိလုပ်နေတဲ့ အလုပ်ဟာ စီးပွားရေး ငွေကြေးတွေ တိုးတက်လာသည်နှင့်အမျှ လူမှုရေးရာ အသိုင်းအ၀ိုင်း တွေလည်းပိုပြီး ကျယ်ပြန့်လာရမှာပြဲ့ဖစ်တယ်။ လှူသင့်တာလှူ ပေးသင့်တာပေး လျစ်လျူရူ သင့်တာကို လျစ်လျူရူ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်သွားမယ်ဆိုလျှင် ရွှေမရှား-ငွေမရှား- လူမရှား အဓိပ္ပာယ်ရှိတဲ့လူအဖြစ် အသိအမှတ်ပြုခံရပါလိမ့်မယ်။

No comments: