အောင်မြင်းတဲ့ လူတစ်ယောက်ဖြစ်လာပြီဆိုရင် ကိုယ့်ကိုယ်ကို အထင်ကြီးလာတယ်။ ငါသာ လျှင် ပညာရှင်ဟု အမှတ်ပေးနေတယ်။ တချို့ကဒါကိုပင်လျှင် အရသာခံကာ ငါတို့ပညာရှင် အုပ်စုလို့ တဖွဖွပြောလေ့ရှိကြတယ်။ ကိုယ့်ကိုယ်ကို ပညာရှင်လို့ထင်ပြီဆိုတာနဲ့ ကိုယ့်ပတ်ဝန်း ကျင်က လူတွေကို အသိပညာမဲ့သူများလို့ ထင်မှတ်လိုက်သလိုဖြစ်သွားတယ်။ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ပညာရှင်လို့ ထင်တတ်ကြတဲ့လူတွေချည်းပါဘဲ။ လမ်းဘေးမှာတောင်းစားတဲ့ သူတောင်းစားကလည်း သူရှေ့လမ်းပေါ်က ဖြတ်သန်းသွားလာတာပါပဲ၊ သူလည်းပညာရှင်ပဲ မဟုတ်လား။ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ပညာရှင်လို့တဖွဖွ ပြောနေတာကိုက ကိုယ့်ဟာ တကယ်ပညာရှင်မဟုတ်သေးလို့ပါ။ အမြင့်ရောက်သွားတဲ့ လူတစ်ယောက်ကို အနိမ့်မှာ ရှိတဲ့ လူတွေက ပြောရဲဆိုရဲ သိပ်မရှိကြတော့ဘူး။
အဲဒီလိုမရှိတာကို အထက်လူကြီးလုပ်သူက ကိုယ်မှန်တယ်လို့ထင်ပြီး လုပ်ချင်ရာလုပ်တော့ တာပါပဲ။ လုပ်ချင်ရာလုပ်ပြီဆိုတာနဲ့ အထက်ရောက်နေရာက အောက်ပြန်ဆင်းနေပြီလို့မှတ်ရ မယ်။ ရာထူးသိပ်ကြီးလေမာနကြီးလေ။ စိတ်ကြီးဝင်လေပါပဲ။ သူ့ကိုလွှဲမှားတယ်လို့ ဝေဖန်ရင် အပြစ်ပေးတယ်။ ဒါကြောင့် အောက်လူတွေက သူဘာလုပ်လုပ် မှားနေလည်း မပြောတော့ဘူး။ အမှားပြင်ပေးမဲ့ သူမရှိတော့ဘူးဆိုလျှင် ကိုယ်တစ်ယောက်တည်း မှန်တယ်ထင်တဲ့ အမှားတွေ ကို အရူးတစ်ယောက်လို လုပ်နေပြီသာမှတ်ပါတော့။ မာနတရားက အသိဥာဏ်တွေကို ဖျက်ဆီးပြစ်လိုက်ပြီဖြစ်တယ်။ ငါသာအရေးပါတယ။ ပတ်ဝန်းကျင်ကလည်း မြှောက်ပင့်ဝေး ဝေးရှောင်တော့တာပါပဲ။ ပတ်ဝန်းကျင်က အကောင်းမြှောက်တာတော့ မဟုတ်ဘူး။ အောက် ကျအောင် လို့မြှောက်နေတယ်လို့မှတ်ပါ။ မြှောက်ပြီဆိုရင် သတိသာထားတော့။ အမှားတွေကို အမှန်ထင်တတ်တဲ့မာနတရားဟာ ထိုသူ၏ရင်အုပ်ကို သံစူးချွန်နှင့် ထိုးခွဲလိုက်သလို ဖြစ်တက် ပါတယ်။ အဖြစ်ပျက်ကလေးတစ်ခု ပြောကြဦးစို့။
တစ်နေ့သင်္ဘောတစ်စီးပေါ်မှာ( အဲလီဇဘတ်ဘုရင်မကြီး) က ကပ္ပတိန်ကို ဂုဏ်ပြုတဲ့ပွဲတစ်ခု ကျင်းပတယ်။ အဲဒီအချိန်မှာ သင်္ဘောသား တစ်ယောက်က ကပ္ပတိန်ကို လာပြောတယ်။ ကပ္ပတိန်...ရှေ့မှာလမ်းဖယ်ပေးဖို့ မီးပြနေတယ်။ ဘယ်လိုလုပ်ရမလဲလို့ မေးတယ်။ ဒီတော့ ကပ္ပတိန်က ဒီမှာ( အဲလီဇဘတ်ဘုရင်မကြီး) ပါတယ်။ အဲဒါကြောင့်သူတို့ကိုသာလမ်းဖယ်ပေးဖို့ အချက်ပြလိုက်ပါလို့ ခိုင်းလိုက်ပါတယ်။ ဒါနဲ့သင်္ဘောသားလေးကလည်း မီးနဲ့အချက်ပြလိုက် တယ်။ ဟိုဖက်ကလည်းသူတို့ကို မဖယ်ပေးနိုင်ကြောင်း ထပ်ပြီးမီးပြပြန်ပါတယ်။ ဒီတော့ သင်္ဘောသားလေးက ကပ္ပတိန်ကြီးကို ထပ်ပြောတယ်။ ကပ္ပတိန်ကြီးက အရမ်းစိတ်ဆိုး သွားတယ်။ ငါဆိုတဲ့ ကပ္ပတိန်ကြီးကို (အဲလီဇဘတ်ဘုရင်မကြီး ကိုယ်တိုင်ဂုဏ်ပြုပေးနေတာမို့ လမ်းဖယ်ပေးလို့ အချက်ပြခိုင်းတယ်။ ဟိုဖက်ကလည်း မဖယ်နိုင်ဘူးလို့ ပြန်ပြောတယ်။ ဒီအခါ မှာတော့ ကပ္ပတိန်ကြီးဟာ တော်တော် စိတ်ဆိုးသွားပြီဖြစ်တယ်။ မဖယ်ပေးရင်လည်း ငါ့လမ်းငါ သွားမယ်။ ငါတို့သင်္ဘောပေါ်မှာက ဘုရင်မကြီး ပါလာတာဒီတော့ ငါတိုီ့သင်္ဘောကိုဘဲ ဦးစား ပေးရမယ်ဆိုပြီး တတိယအခေါက် အချက်ပြခိုင်းတယ် သင်္ဘောသားလေးက အချက်ပြလို့ လည်းပြီးရော ရေးကြီးသုတ်ပြာနဲ့ ပြန်ရောက်လာတယ်။ ကပ္ပတိန်မဖြစ်တော့ဘူး...မဖြစ်တော့ ဘူး။ သူကမဖယ်ပေးရင် တိုက်မယ်လို့ပြောတယ်။ ထိုအခါကပ္ပတိန်ကြီဲးက ဘာတိုက်မှာလဲလို့ မေးလိုက်တယ်။ သင်္ဘောသားလေးက မီးပြတိုက်ကြီးကိုလို့ ပြောလိုက်ပါတယ်။
ဒီတော့မှ ကပ္ပတိန်ကြိးက ဒါဆိုမြန်မြန်ဖယ်မြန်မြန်ဖယ်ဆိုပြီး မာန်မာနချလိုက်ရတယ်။ ပြီးတော့ သူကိုယ်တိုင်က သူမှားသွားကြောင်း မီးပြတိုက်ကြီးကို ထွက်ပြီးတောင်းပန်လိုက်တယ်။ အထက် အောက်ဆိုတဲ့ စိတ်မျိုးနဲ့ ဆက်ဆံတာဟာ ကိုယ့်ကိုကိုယ် စိတ်ကြီးဝင်သူပဲဖြစ်တယ်။ တစ်ပါးသူကို အထင်သေးရာကျပါတယ်။ အထက်ကလူကို ပြုတ်ကျောအင်ဖြုတ်ချတယ်ဆိုတာ သူ့အထက်က လူမဟုတ်ပါဘူး။ သူ့အောက်က လူအများစုသာ ဖြစ်ပါတယ်။ လူမှာအသုံးမကျ ဆုံးပိုင်ဆိုင်မှုဟာ မာနတရားသာဖြစ်တယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ပါ။ သင့်မှာ မာနတရားတွေ ဘယ်လောက်ပြည့်ဝနေပြီလဲ။ မာနရှိတဲ့လူဟာ အထက်မှာပဲနေနေ အောက်မှာ ပဲနေနေ ရန်သူအမြဲတမ်း ၀န်းရံထားတယ်။ မိမိသူတစ်ပါးနှစ်ဦးနှစ်ဖက် ထိခိုက်ပျက်စီးစေတတ် တဲ့ မာနတရားကို ဘယ်တော့မှမမွေးပါနှင့်။ ငါဟာဘယ်တော့မှ မာနနှင့်လူမဖြစ် စေရတော့ ဘူး။
Thursday, January 1, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment