Saturday, January 17, 2009

" ညိုနိုင်းတိုင်ပင်ခြင်း "

မိသားစုတစ်စုမှာ (၈)နှစ်အရွယ် သားငယ်လေးတစ်ယောက် ၇ှိပါတယ်။ တစ်နေ့ကျတော့ ဒီသားငယ်လေးဟာ ကျောင်းစာမေးပွဲမှာဆုရတယ်။ သူဆုယူရမယ့်အကြောင်းကို သူ့ရဲ့အမေ ရယ် အဒေါ်ရယ် အဖွားရယ်ကို ပြောပြလိုက်တယ်။ ဒါကြောင့် ဆုယူရမယ့် နေ့မတိုင်ခင်မှာ သားငယ်လေးအတွက် သူ့အမေဟာ ဆုယူဝတ်စုံတစ်စုံကို ၀ယ်လာခဲ့တယ်။ အိမ်ရောက်တော့ ၀ယ်လာတဲ့ ၀တ်စုံကို သားငယ်လေးအား ၀တ်ခိုင်းကြည့်လိုက်တော့ ဘောင်းဘီဟာ ကြီးနေ တောကို တွေ့ရတယ်။ ဈေးကိုပြန်ဝယ်ဖို့ အချိန်ကလဲမရတော့ဘူး။ မနက်ဖြန်ဆိုရင်လဲ ဆုယူရ တော့မှာဖြစ်တယ်။ အဲဒီအတွက် အဖွားနဲ့ အဒေါ်ကလဲ စိတ်ပူသွားတယ်။ ဒီလိုနဲ့ ညအိပ်အချိန် ရောက်လာခဲ့တယ်။ အားလုံးအိပ်ပျော်နေတဲ့ အချိန်မှာ သားငယ်လေးရဲ့အမေက ဘောင်းဘီ ကို ထားရာ နေနရာကယူပြီး လက်တစ်လုံးလောက် ကတ်ကျေးနဲ့ဖြတ်ကာ နှုတ်ခမ်းသားတွေ ကို သပ်သပ်ရပ်ရပ်ပြန်လည် ချုပ်ပေးလိုက်တယ်။ ပြီးတာနဲ့ သေချာစနစ်တကျခေါက်ပြီး ဘီရိုထဲကို ပြန်ထည့်ထားလိုက်တယ်။ ပြီးတာနဲ့ အိပ်ရာထဲဝင်ပြီး ပြန်အိပ်လိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ သားငယ်လေးရဲ့အဒေါ်က တရေးနိုးလာပြီး သားငယ်လေးရဲ့ ဘောင်းဘီ ရှည်နေမှန်းသိတဲ့အတွက်ကြောင့် သူကလဲဘီရိုထဲက အသာထုတ်ပြီး လက်နှစ်လုံးခန့် ကတ်ကျေးနဲ့ ဖြတ်ကာ စန်စ်တကျ ပြန်လည် ချုပ်လိုက်ပါတယ်။ ပြီးတာနဲ့ ဘောင်းဘီကို သပ် သပ်ရပ်ရပ် ခေါက်ပြီးဘီရိုထဲကို ပြန်လည်ထည့် လိုက်ပါတယ်။ ပြီးတာနဲ့ အိပ်ရာထဲအသာအရာ ၀င်အိပ်လိုက်ပါတယ်။
အဲဒီလိုနဲ့ ညသန်ခေါင်ရောက်တော့ အဖွားက အိပ်ရာကနိုးလာ ပြန်ပါတယ်။ အိပ်ယာကနိုးနိုး ခြင်း သူ့မြေးရဲ့ ဘောင်းဘီရှည်နေတာကို သတိရတယ်။ ဒါကြောင့် သူကလဲဘောင်းဘီကို ထုတ်ပြီး ကတ်ကျေးနဲပလက်နှစ်လုံးလောက် ညှပ်ကာ စနစ်တကျပြန်လည်ချုပ်ပြီး ဘီရိုထဲကို ထည့်သိမ်း ထားလိုက်ပြန်ပါတယ်။ ဒီလိုနဲ့နောက်နေ့ ဆုသွားယူမယ့် အချိန်ကို ရောက်လာခဲ့ တယ်။ အမေရယ် အဖွားရယ် အဒေါ်ရယ် သုံးယောက်ဟာ သားငယ်လေးကို ဘောင်းဘီဝတ် ပေးလိုက်ပါတယ်။ သူတို့ သုံးယောက်စလုံး မျက်လုံးအပြူးသား အံ့သြသွားကြတယ်။ ဘာ ကြောင့်လည်းဆိုတော့ သူတို့ဖြတ်ထားတာထက်ကို အရမ်းတိုနေတဲ့အတွက်ကြောင့်ပဲ ဖြစ် တယ်။ အမေရယ် အဖွားရယ် အဒေါ်ရယ် သုံးယောက်စလုံးဟာ ဘယ်သူ့ကိုမှမပြောဘဲ ညှိနှိုင်းတိုင်ပင်ခြင်း မပြုပဲပြန်လည် ပြင်ချုပ်ခဲ့တဲ့အတွက်ကြောင့် ဘောင်းဘီအရမ်းတိုသွားရ ခြင်းဖြစ်တယ်။ သူတို့ သုံးယောက်ဟာ သားငယ်လေးအတွက် အဆင်မပြေမှာကိုပဲ စိတ်ပူတဲ့ အတွက်ကြောင့် စေတနာကောင်းနဲ့ ပြင်ဆင်ပေးခဲ့တာဟာ အခြေအနေကို ပိုမိုဆိုးရွား လာစေခဲ့တယ်လို့ ပြောချင်တာပါပဲ။ အကယ်၍ တစ်ဦးနှင့်တစ်ဦးလှိနှိုင်းတိုင်ပင်ပြီးတော့ သာလုပ်မယ်ဆိုလျှင် ဒီ့ထက်ကောင်းတဲ့ စနစ်တကျရှိတဲ့ ဘောင်းဘီကောင်းတစ်ထည်ကို လုပ်ဆောင်ပေးနိုင်မှာပဲ ဖြစ်တယ်။ အထက်ပါ ဥပမာရဲ့ဆိုလိုရင်း အဓိပ္ပာယ်ကတော့ အဖွဲ့အစည်းနဲ့ လုပ်ရမယ့်ကိစ္စတွေကို ဆွေးနွေးတိုင်ပင်ခြင်းမပြုပဲ ကိုယ်စီအသိတရားဖြင့် ကိုယ့်ရူထောင့်ကနေ ကိုယ်လုပ်မယ်ဆိုလျှင် (ညိုနှိုင်းတိုင်ပင်မှု မရှိဘူးဆိုလျှင်) ကောင်းကျိုးမှ သည် ဆိုးကျိုးအသွင်ပြောင်းလဲသွားနိုင် ပါတယ်။

အရူံးစိတ်
ဘ၀မှာ အဆုံးအဖြတ်ပေးသင့်တဲ့အချိန်မှာ မပေးဘူးဆိုလျှင်အချိန်လွန်သွားမယ်။ လုပ်သင့် လုပ်ထိုက်တာကို မလုပ်ဘဲ လွယ်တာကိုလုပ်မိလျှင် နောင်မှာ မလွယ်တာတွေနဲ့ပဲ နိဂုံးချုပ်ရ လိမ့်မည်။ လူတိုင်းဟာ ဘ၀တစ်ခုရဲ့ အမြင့်ဆုံးနေရရာကို မှန်းဆတတ်ကြတယ်။ ဒီထက်ပိုပြီး ကောင်းတဲ့နေရာ၊ ဒီထက်ပိုမိုကျနစွာ ပိုမိုမြင့်မားစွာ မှန်းဆတတ်ကြပါတယ်။ မှန်းဆရုံသာ မှန်းဆတတ်ကြပြီး တကယ်လက်တွေ့မှာတော့ ပိုင်ဆိုင်မှုသေးသေးလေးတွေကို မစွန့်နိုင်ကြ တဲ့အတွက်ကြောင့် မှန်းဆထားသလောက် ခရီးမပေါက်ကြပါဘူး။ အတ္တ-ပရမခွဲမခွာ အပြန်အ လှန်ကျေးဇူးပြုတဲ့အရာကိုသာ ရွေးချယ်မည်ဆိုလျှင် ဘ၀မှာ ပူပန်သောကတွေ ဒီလောက်များ မှာ မဟုတ်ပါဘူး မွေးရာပါ အရူံးစိတ်ပါလာတဲ့ လူတစ်ယောက်ဟာ ဘာလုပ်လုပ်ဖြစ်မှာ မဟုတ် ဘူးဆိုတဲ့ စိတ်ပဲ စွဲနေတဲ့အတွက်ကြောင့် သူဘာလုပ်လုပ်မဖြစ်တာပါ။ သူများတွေလုပ်နေတာ မြင်ရင်လဲ ဟေ့...သွားမလုပ်နဲ့ ဒုက္ခရောက်သွားမယ်နော် မဖြစ်နိုင်ပါဘူး။ မင်းရူံးလိမ့်မယ်၊ မင်းမိုးကိုဒူးနဲ့ မတိုက်ပါနဲ့ကွာ နားမယောင်စမ်းပါနဲ့။ မမိုက်မဲ စမ်းပါနဲ့။ သူငယ်ချင်ဆိုပြီး အကျိုး လိုလားသည့်ဟန်ပန်ဖြင့် ပြောတတ်ကြတယ်။ ရူံးစိတ်မွေးထားသူမှာ ဘာပဲလုပ်လုပ် ကြောက် စိတ်နဲပ သံသယနှစ်ခုတွဲနေတယ်။ ဖြစ်မှဖြစ်ပါ့မလား။
အခြေအနေ ပိုဆိုးသွားမလား။ လူတွေကငါ့ကို ၀ိုင်းပြောကြမလားဆိုတဲ့ “လား” ပေါင်းများစွာနဲ့
အခွင့်အလမ်းတွေနဲ့ ဝေးရာကိုထွက်ပြေးခဲ့ပါတော့တယ်။ မော်စီတုန်း မကြာခဏ ပြောတတ်တဲ့ စကားတစ်ခုရှိတယ်။ တောင်းလို့ရရင်ရ တောင်းလို့မရရင် တိုက်ယူမယ်။ စစ်တိုက်တယ်၊ ရူံးတယ်၊ ထပ်တိုက်တယ်။ ထပ်ရူံးတယ်။ နောက်အထပ်ထပ်တိုက်ပြန်တယ်။ နောက်ဆုံးအောင် ပွဲ ရတော့တာပဲပေါ့။ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပါ။ မဟုတ်လို့ကတော့ သူများက ဖန်တီးသွား လိမ့်မယ်။ ငါလုပ်နိုင်တယ် ဆိုတဲ့စိတ်မမွေးသေးသရွေ့ ကိုယ်မလုပ်ချင်တာတွေကိုပဲ လုပ်နေရ လိမ့်ဦးမယ်။ ရူံးနိမ့်သူက လောကကြီးကို ကြိမ်ဆဲတယ်။ အောင်မြင်လိုသူက လောကကြီးကို စိမ်ခေါ်တယ်။ တစ်ချို့ကျတော့ ဘာမှစားစရာမရှိပဲ ထိုင်နေမယ့်အစား အပြင်ထွက်ပြီး လှုပ်လှုပ်ရှားရှားနဲ့ သွားနေတာကမှ ဘ၀မှာအဓိပ္ပာယ်ရှိသေးတယ်။ အပြင်ထွက်ပြီးစီးပွားရှာ တယ်။ တစ်ကြိမ်နှစ်ကြိမ် အခက်အခဲပြဿနာတွေ့ပြီဆိုတာနဲ့ ယခင်နေနရာဟောင်းကိုပဲပြန် သွား ချင်တဲ့စိတ် ဖြစ်ပေါ်လာတတ်ကြတယ်။ လုပ်ငန်းဟောင်းတွေကို မြန်မြန်စွန့်စားနိုင်လေ။ လုပ်ငန်းအသစ်နဲ့ နီးလေလေပဲဖြစ်တယ်။ လမ်းသစ်ကို ရှာ၇င်းနဲပ မိတ်ဆွေသစ်ကိုဖွဲ့သွားပါ။ သင့်ကို အကူအညီပေးပါလိမ့်မယ်။ ဒုက္ခဆိုတာ ကြည့်လိုက်ရင်တော့ ကြောက်စရာချည်းပဲ။ တကယ်ဖြတ်သန်းသွားလာကြည့်မှ ဘာမှမရှိတာကို တွေ့ရလိမ့်မယ်။ ဒုက္ခဟာနှင်းထုကြီးနဲ့တူ တယ်။ အဝေးကနေကြည့်လိုက်ရင် ပိန်းမှောင်နေတယ်။ ဖြတ်သန်းသွားလာကြည့်လိုက်၇င် ဘာမှ မရှိတာကို တွေ့ရလိမ့်မယ်။ သင့်ရဲ့စိုးထိတ်နေမှုတွေကိုဖယ်ရှားပြီး ဒုက္ခတွေကို ဖြတ်သန်းသွားလာမယ်ဆိုရင် သင်လိုချင်တဲ့ ချမ်းသာခြင်းသုခနှင့် လွတ်လပ်ပျော်ရွှင်ခြင်းကို ရရှိပါလိမ့်မယ်။ ပတ်ဝန်းကျင်သစ်၊ ရေမြေသစ်ကို ရောက်ရှိလာပြီဆိုတာနဲ့ အတွေးသစ်၊ အမြင်သစ်၊ မိတ်ဆွေသစ်တွေ ထပ်မံရရှိလာမည်ဖြစ်တယ်။ အပြောင်းအလဲအသစ်ဆိုတာ ကိုယ့်ကိုဒုက္ခပေးနိုင်တယ်လို့ သင့်အနေနဲ့ ထင်ကောင်းထင်မယ်။
ဒါပေမဲ့ သင့်ကိုအတွေ့အကြုံအသစ်တစ်ခု ထပ်မံရရှိအောင်သူက တွန်းအားပေးတာပဲဖြစ် တယ်။ ရောက်ရှိလာတြ့ ပတ်ဝန်းကျင်ပေါ်မှာ ယခင်ကထားရှိခဲ့တဲ့ မကောင်းတဲ့စိတ်မျိုးတွေ ဘယ်တော့မှ မမွေးတော့ပါနဲ့။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို ပြောင်းလဲစေချင်လျှင် ကိုယ့်ကို ကိုယ်အရင်ပြောင်းလဲလိုက်ပါ။ ကိုယ့်ရှေ့မှာေ၇ာက်လာတဲ့လူတွေအားလုံးကို ညီအစ်ကိုမောင် နှမသဖွယ်ဆက်ဆံပါ။ မိတ်ဆွေစိတ်နဲ့ ဆက်ဆံလျှင် သူတို့ကလည်း မိတ်ဆွေအဖြစ်နှင့် ကိုယ့်ကို ဆက်ဆံလာလိမ့်မယ်။ ကိုယ့်ကိုယ်ကို ဆုံးဖြတ်မခံလိုတဲ့ အရာတွေနဲ့ သူတစ်ပါးကို သွားပြီး မဆုံးဖြတ်ပါနှင့်။ ထောင့်ကျဉ်းကျဉ်းကိုရှောင်ပါ။ ချောင်ပိတ်မိနေသူကို အနိုင်မယူပါ နှင့်။ ဒါဟာရူံးရင်လည်းရူံးတာပဲ။ နိုင်ရင်လည်း နိုင်တာပါပဲ။ တစ်ဖက်လူကို နှုတ်ပြိုင်ပြောတဲ့အ ခါ သူနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အခြေအမြစ်မရှိတာတွေ၊ ချေးခြောက်ရေးနူးဟာ ယိုပေါက်တွေ ပြည့်နှက်နေတာကို မိမိကပယ်ပယ်နယ်နယ် ထောက်ပြရတဲ့အခါအတော့်ကို ပီတိဖြစ်ပါလိမ့်မယ်။ နိုင်ခဲ့တဲ့လူဟာတစ်နေ့ ရူံးရတော့မှပဲဆိုတာ သူမစဉ်းစားမိလိုက်ပါ။ ဥပမာ လေးတစ်ခုပြောပြမယ်။ မနက်(၇း၀၀)နာရီ နေထွက်ပြီဆိုတာနဲ့ နေထွက်ရာ အရှေ့အရပ်ကို သင်မျက်နှာမှုလိုက်ပါ။ နေမင်းကြီးဟာ သင့်ရှေ့တည့်တည့်မှာ ရှိနေတာတွေ့ရပါလိမ့်မယ်။ မွန်းတည့် (၁၂း၀၀)နာရီမှာ ညနေ(၅း၀၀)နာရီ အချိန်ဆိုလျှင် သင့်ရှေ့တည့်တည့်မှာ နေမင်းကြီးမရှိတော့ပါဘူး။

No comments: