လူတွေဟာ အောင်မြင်ကြီးပွားလိုတဲ့စိတ် လူတိုင်းမှာ ရှိကြသည်။ ဒါပေမယ့် တကယ့်လက် တွေ့မှာတော့ အောင်မြင်ကြီးပွားတဲ့ အလုပ်ကိစ္စကို လက်တွေ့ကျကျ လုပ်နိုင်ခြင်းမှာ မစွမ်း နိုင်ကြချေ။ တစ်ချို့လူတွေကြည့်ပါလား။ ဟေ့...သူငယ်ချင်း အောင်မြင်ကြီးပွားချမ်းသာတဲ့ နည်း ငါ့မှာရှိတယ်။ အဲဒါမင်းလုပ်နိုင်မလား။ ဒီအခါမှာ သူက ဘယ်လိုပြန်ဖြေသလဲဆိုတော့ အေး မင်းပြောတာတော့ ဟုတ်ပါတယ်။ ငါကချမ်းသာချင်တာတော့ အမှန်ပါပဲ။ ချမ်းတော့ချမ်း သာချင်တယ်။ နင်ပြောတဲ့ ချမ်းသာခြင်းအကြောင်း ငါစဉ်းစားဥိးမယ်ဆိုပြီး တုန့်ပြန်လိုက်ပါ တယ်။ ဒီနေရာမှာ သင်ကိုယ်တိုင် စဉ်းစားကြည့်ပါ။ ကိုယ်က ချမ်းသာချင်းလားလို့ မေးလိုက် တော့ သူက ချမ်းသာချင်တယ်လို့ဖြေတယ်။ အဲဒါဆိုရင် မင်းကို ငါချမ်းသာတဲ့နည်းပြောမယ်။ ပြမယ်ဆိုတော့သူက “စဉ်းစားဦးမယ်” လို့ အဖြေပေးလိုက်တယ်။ ကဲစဉ်းစားကြည့်တော့။ ချမ်းသာမယ် ဆိုတဲ့အရာများ၊ ကိုယ်လိုချင်နေမှတော့ ဘာများစဉ်းစားနေစရာလိုသေးလို့လဲ။ ဒါကြောင့်လဲ လူတွေမချမ်းသာကြတာပဲဖြစ်တယ်။ အခွင့်အလမ်းဆိုတာ လူတစ်ယောက်ရဲ့ ဘ၀မှာ(၃)ကြိမ် (၃)ခါတံခါးခေါက်ပြီး ၀င်လာတတ်တယ်လို့ ဆိုကြတယ်။ အခွင့်အလမ်းကို အခွင့်အလမ်းမှန်း မသိတဲ့သူဟာ ကိုယ့်ရဲ့ခြေထောက်ရှေ့မှ ငွေထုပ်ကြီးလာပြီးချပေးနေတာ တောင်မှ ရှာဖွေတွေ့နိုင်မှာ မဟုတ်ပါဘူး။ မချမ်းသာတဲ့နည်းတွေဟာ နှစ်ပေါင်း (၂၀) (၃၀) လုပ်လည်း မချမ်းသာနိုင်ဘူး။ နောက်(၅)နှစ်နေလည်း ဒီအတိုင်း၊ နောက် (၁၀)နှစ်နေလည်း ဒီပုံစံ၊ ဒါဟာ တကယ်ချမ်းသာတဲ့ နည်းမဟုတ်လို့ပေါ့။ တကယ့်ချမ်းသာတဲ့နည်းဟာ တစ်လ၊ တစ်နှစ်အတွင်းမှာပင်လျှင် ဘ၀တစ်ဆစ်ချိုး ပြောင်းလဲသွားအောင် ငွေကြေးဓနဥစ္စာများစွာ တိုးတက် ပြောင်းလဲခြင်းတွေနဲ့အတူ ရရှိပိုင်ဆိုင်စေပါတယ်။ အခွင့်အလမ်းကို အခွင့်အလမ်း မှန်းမသိတဲ့လူရဲ့ရှေ့မှာ ဘယ်လိုပင် အကျိုးအကြောင်း အဆိုးအကောင်း ယှဉ်ပြ၍ စနစ်တကျ ချပြနည်းလမ်းပေးသော်လည်း လက်ရှိ ခါးကုန်းအောင်လုပ်နေတဲ့ အလုပ်လောက် ယုံကြည်မှု မရှိပါဘူး။ သက်သက်သာသာ အလွယ်တကူနဲ့ ငွေရပေါက်ရလမ်းကို တစ်သက်လုံးခါးကုန်းပြီး လုပ်ရတဲ့ အလုပ်လောက် သူစိတ်မချပါဘူး။ ဟိုးရှေးတုန်းက ပုံပြင်လေးတစ်ပုဒ်ရှိတယ်။
ရွာလေးတစ်ရွာမှာ မောင်ဇင်နွယ်နဲ့ မောင်တင်ညိုဆိုတဲ့ သူငယ်ချင်း နှစ်ယောက်ရှိပါတယ်။ သူတို့ သူငယ်ချင်းနှစ်ယောက်ဟာ သူတို့ရွာနဲ့(၂)မိုင်လောက်ဝေးတဲ့ တောင်ကျစမ်းချောင်းလေး ကနေပြီး နေ့စဉ်ရွာထဲကို ရေထမ်းပြီးရောင်းကြပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ မောင်ဇင်နွယ် မှာ အကြံတစ်ခုရလိုက်တယ်။ မောင်တင်ညိုရေ ငါတို့ ရေထမ်းရောင်းတဲ့ ဘ၀ကလွတ်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် ငါတို့ရေထမ်းရတဲ့ ဘ၀မှလွတ်တဲ့နည်းစနစ်ကို အသုံးပြုကြရအောင်။ အဲဒါက ဘာလဲဆိုတော့ ဒီစမ်းချောင်းလေးထဲကနေပြီး ရွာထဲရောက်အောင် ရတဲ့ငွေလေးနဲ့ ရေပိုက်သွယ်ကြရအောင်။ တဖြည်းဖြည်းချင်း ရေပိုက်ကို နဲနဲချင်း ဆက်သွယ်သွားနိုင်လျှင် မကြာမီမှာ ရွာထဲကို ရေပိုက် ရောက်သွားပါလိမ့်မယ်။ အဲဒီအခါကျရင် ရေထမ်းစရာလဲမလို တော့ဘူး။ ရွာထဲမှာ ရေကန်တစ်ခုလုပ်၊ အဲဒီရေကန်ထဲကနေ ရေတွေခပ်ရောင်းလို့ရပြီဆိုပြီး မောင်ဇင်နွယ်က သူ့ရဲ့အကြံကို ပြောပြလိုက်ပါတယ်။ ဒါပေမဲ့ မောင်တင်ညိုက ဘာပြန်ပြောသ လဲဆိုတော့ဟ...သူငယ်ချင်း မောင်ဇင်နွယ်၊ မင်းကလည်း ကြံကြံဖန်ဖန် အလုပ်ရူပ်အောင် စဉ်းစားနေတယ်။ ငါတို့ဘိုးဘွာဘီဘင် လက်ထက်ကတည်းက အစဉ်အဆက် ဒီစမ်းချောင်းက နေ ရေထမ်းရောင်းလာကြတယ်။ ငါကတော့ ရေထမ်းရတဲ့ အလုပ်ကိုပဲပျော်တယ်။ ဒီတိုင်းထမ်း ရောင်းနေလို့လဲရတာပဲဥစ္စာ။ အချိန်ကုန်ခံ၊ လူပင်ပန်းခံပြီး အလုပ်ရူပ်အောင် ရေပိုက်သွယ်တဲ့ အလုပ်ကိုတော့ ငါမလုပ်ချင်ဘူးလို့ ပြောလိုက်ပါတယ်။ ဒါနဲ့ မောင်ဇင်နွယ်က အေး.. . မင်း မသွယ်ချင်လဲနေပါ။ ငါက ကောင်းတဲ့အကြံကို ပြောပြတာပဲဖြစ်တယ်။ ဒီနေ့ကစပြီး ရေထမ်းတဲ့ ဘ၀က လွတ်အောင်တော့ ရေပိုက်သွယ်တဲ့စနစ်ကို တဖြည်းဖြည်းချင်း လုပ်သွားမယ်လို့ ဆုံး ဖြတ်ချက်ချလိုက်ပြီလို့ သူကပြောလိုက်ပါတယ်။ မောင်ဇင်နွယ်ဟာ မောင်တင်ညိုနဲ့အတူ ရေထမ်းရောင်းရင်း မြို့ကနေရေပိုက်ကိုတဖြည်းဖြည်းချင်း ၀ယ်တယ်။ စမ်းချောင်းကနေ ရေပိုက်ကို တဖြည်းဖြည်းချင်း ဆက်သွားတယ်။ တစ်ချို့ရွာသူရွာသားတွေကလည်း သူရေပိုက်သွယ်တဲ့ စနစ်ကို သဘောကျကြတဲ့အတွက်ကြောင့် အလှူငွေများကိုလည်း ၀ိုင်းပြီး ထည့်ကြတယ်။ အဲဒီလိုနဲ့ မောင်ဇင်နွယ်က ရေပိုက်သွယ်လိုက်တာ တစ်နှစ်မပြည့်ခင်မှာပဲ ရွာကို ရေပိုက်ရောက်သွားတယ်။ ရေပိုက်သွယ်ပြီးပြီဆိုတော့ ရေကန်ကိုလုပ်တယ်။ ရေကန်ထဲ ကို ရေသွယ်ထည့်ပြီး အဲဒီနေ့ကစပြီး ရေထမ်းတဲ့ဘ၀မှ လွတ်ကာ ရေခပ်ရောင်းတဲ့ လူတစ်ယောက် ဖြစ်သွားပါတော့တယ်။
မောင်တင်ညိုကတော့ ရေထမ်းတဲ့ဘ၀မှာပဲ ရှိနေတဲ့အတွက်ကြောင့် ရေထမ်းပြီး ရောင်းတဲ့ အ တွက်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ပင်ပန်းနွမ်းနွယ်ပြီး အရိုးပြိုင်းပြိုင်းကျလာပါတော့တယ်။ အသက်(၅၀/၆၀) ရှိသည့်တိုင်အောင် ရေထမ်းတဲ့ဘ၀မှာပဲရှိနေပါတော့တယ်။ အထက်ပါအ အကြော်ငးအရာ အဖြစ်အပျက်သည်ကား ယနေ့ခေတ် လူများနှင့်အလွန်ပင် ကိုက်ညီလှပါ တယ်။ ဘာကြောင့်လဲဆိုတော့ လူအများစုဟာ သမာရိုးကျလုပ်ရိုးလုပ်စဉ် များ၌သာလျှင် အချိန်ကုန်ဆုံးကြလျှက် တစ်သက်လုံး ခါးကုန်းအောင် လုပ်ရတဲ့ အလုပ်မျိုးကိုသာလျှင် နှစ် သက်ကျေနပ်ကြတယ်။ ယနေ့(၂၁)ရာစု ကမ္ဘာကြီးတွင် နည်းပညာခေတ် ထွန်းကားလာပြီ ဖြစ်တဲ့အတွက်ကြောင့် ယခုလက်ရှိလုပ်ငန်းများထက်ကောင်းသော ကြီးပွားချမ်းသာရေး လုပ်ငန်းများကို လေ့လာကြရမည် ဖြစ်တယ်။ အကယ်၍များ ယခုလက်ရှိလုပ်ငန်းသည် သင့်ဘ၀အတွက် ၀င်ငွေအကောင်းဆုံးရသည့်လုပ်ငန်းတစ်ခု ဖြစ်တယ်လို့ ယူဆပါက (၁၀)နာရီ လုပ်ရမည့် အုလပ်ဆိုလျှင် (၅)နာရီနှင့် ပြီးပြတ်အောင် စီမံနိုင်တဲ့လူဖြစ်ရပါမယ်။ မိမိ အတွက်ပိုလျှံလာတဲ့ အချိန်များကို ခေတ်ပေါ် နည်းစံနစ်သစ်များကို လေ့ကျင့်သင်ယူရင်းဖြင့် တစ်နည်းတစ်ပုံ ဈေးကွက်ထိုးဖောက်ရန် စီမံဆောင်ရွက်ကြရပါလိမ့်မယ်။ အချိန်နှင့်ငွေဟာ လူ့ဘ၀၌ အလွန်တန်ဘိုးရှိပါတယ်။ သူတပါးလုပ်နိုင်တဲ့အလုပ်ကို သင်ကိုယ်တိုင် မလုပ်ပါနှင့်။ သင်လုပ်ရမည့် အလုပ်ကိုလည်း သူတစ်ပါးကို မခိုင်းပါနှင့်။ သင်ကိုယ်တိုင်လုပ်မှ အမြန်ဆုံးပြီး မယ်ဆိုလျှင် ထိုအလုပ်ကို သင်ကိုယ်တိုင်ပဲလုပ်ပါ။ အချိန်ကို တန်ဘိုးရှိစွာ စိစစ် အသုံးပြုနိုင် ခြင်းဟာ သင့်ထံကိုငွေတွေဒလဟောစီးဝင်နေသည့်ပမာ သင့်ထံကိုလည်း ငွေတွေဒလဟော စဲီးဝင်အောင် ကြိုးစားအားထုတ်ပါလော့ဟု အကြံပြုလိုက်ချင်ပါတယ်။
Saturday, January 10, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment