Thursday, January 1, 2009

## အပြောင်းအလဲ ##

လူတွေဟာ အားလုံးပြေးလွှားနေကြတယ်။ ကြောက်လို့လျောက်လို့ ပြေးလွှားနေကြတာ မဟုတ်ပါဘူး။ ကိုယ့်ရည်ရွယ်ချက်ပန်းတိုင်ဆီကို ပြေးလွှားတာကို ပြောတာပါ။ စာရေးဝတ်ရေး နေရေး ဘ၀အောင်မြင်ရေးအတွက် ကိုယ်သည်လည်း အပြေးသမားပဲ မဟုတ်လား။ တခါတ လေ ရန်ကုန်မြို့ဘတ်(စ်)ကားများလို အပြိုင်ပြေးခဲ့ကြရသည်လည်းရှိပါတယ်။ လူအများဟာ လဲကိုယ်လို အပြေးသမားတွေဖြစ်ကြတာမို့လို့ ဘာမျှအားငယ်စရာမရှိပါလား ဆိုတာနားလည်ခဲ့ တယ်။ တခါတလေ သူပြိုင်ကိုယ်ပြိုင်ပြေးနေကြလို့ ခရီတောင်ပိုတွင်ပါသေးတယ်။ ပြိုင်ဘက် ကိုကျေးဇူးတောင်တင်မိတယ်။ သူသာကိုယ့်ကိုယှဉ်ပြိုင်ဖို့ မဖိတ်ခေါ်ခဲ့ဘူးဆိုရင် ပုံစံခွက် ဟောင်းကြီးထဲမှ အမြန်ပြေးထွက်နိုင်ခဲ့မှာ မဟုတ်ပါဘူး။ အောင်မြင်မှုနဲ့ အတူခွန်အားသစ်တွေ လဲ ဖြစ်လာတာကို သတိထားမိခဲ့တယ်။ အချိန်နာရီပြောင်းလဲမှုတွေနဲ့အတူ လူ့ဘ၀ဆိုတာ ပိုပို ပြီးအဓိပ္ပာယ်ရှိပြီး တိုးတက်လာခဲ့တယ်။ ဘေးကနေချင်သူကို ဘေးကထားပေးခဲ့တယ်။ ဘေးတွေ့လာရင်လည်း သူတို့ကကာကွယ်ပေးခဲ့တယ်။ ၀မ်းနည်းဝမ်းသာမခံစားပဲ လူတွေပြော သမျှကို စိတ်ရှည်ရှည်နားထောင်ပေးခဲ့တယ်။ ၀မ်းနည်းဝမ်းသာ ဘာခံစားချက်မှ မရှိစေဘဲ စိတ်ကိုလွှတ်ပြီး ဗလာကျင်းပြီးပေါ့ပါးစွာ နားထောင်ပေးခဲ့တယ်။ တည်ငြိမ်စွာနဲ့ ဘ၀ခရီးဖော် တွေကို အားပေးခဲ့တယ်။ သူပြောခင်ျတာတွေ သူစိတ်ကူးတွေအားပါးတရ ပြောပြပါစေ။ သ ဘောထားစွာနားထောင်ပေးခဲ့တယ်။ ကျွန်ုပ်ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေဟာတနည်းနည်းနဲ့ တော့ ကျွန်ုပ်အတွက် အသုံးဝင်နေတတ်ကြတယ်။ ဘ၀ခရီးလမ်းတစ်လျှောက် ညင်ညင်သာ သာ လျှောက်လှမ်းရင်း အောင်မြင်မှုပန်းတိုင် တစ်ဝက်ကျိုးခဲ့ပြီဖြစ်တယ်။
လူတွေကို အပြစ်တင်ရူံ့ချတာထက် သူတို့ကို နားလည်ဖို့ကြိုးစားခြ့တယ်။ ဘာဝအောင်မြင်မှု အတွက် အခြေအနေအချိန်အခါ အလျှောက်အလှည့်အပြော်ငးတွေဆိုတာ ရှိပါတယ်။ မသိမသာအပြောင်းအလဲ သေးသေးလေးတွေကိုလည်း သတိထားပြီး ရင်ဆိုင်ဖြတ်သန်းသွား ကြရလိမ့်မယ်။ အပြောင်းအလဲ ကြီးကြီးတွေဖြစ်လာတဲ့ အခါမှာလည်း ပြောင်းလဲတတ်တဲ့ သ ဘောတရားကိုနားလည်သိရှိပြီး သားဖြစ်တာကြောင့် ပြဿနာကြီးကြီးမားမား မတွေ့နိုင်တော့ ပါဘူး။ လူသာမန်တွေကတော့ အပြောင်းအလဲဆိုတာ အသစ်တစ်ခုဖြစ်တာကြောင့် ဒုက္ခပေးတယ်လို့ ထင်တတ်ကြတယ်။ အတွေ့အကြုံသစ်ဟာ ကိုယ့်ဘ၀ရဲ့တွန်းအားတစ်ခု ထပ်မံဖြစ်စေခဲ့တာပါပဲ။ အောင်မြင်မှုတွေတစ်ခုပြီးတစ်ခု ထပ်မံထပ်မံပြီး လက်သစ်အောင်မြင်မှု တွေဖြစ်စေခဲ့တယ်။ ရုပ်ဆင်းအင်္ဂါပျိုဆေးလို့လည်း ပြောလို့ရပါတယ်။ လူသာမန်တွေက်တော့ ပတ်ဝန်းကျင် အသစ်တစ်ခုနဲ့တွေ့လျှင် မှားများမှားသွားလား၊ အချိန်ကုန်သွား မလားဆိုပြီး စိတ်ပူနေတတ်ကြတယ်။ လက်ရှိအောင်မြင်မှုမှထွက်ပြီး နောက်ထပ်အောင်မြင်မငကို မရှာလို ကြပါဘူး။ ပြောင်းလဲမှု သဘောတရားကိုနားလည်ပြီး စွန့်စားခဲ့သူတွေသာလျှင်တကယ့် လွတ်လပ်သော ချမ်းသာပျော်ရွှင်ခြင်းနှင့် ငြိမ်းချမ်းမှုကို ရရှိကြပါလိမ့်မယ်။
တစ်ခါတုနန်းက မြစ်တစ်စင်းဟာ စီိးဆင်းနေတယ်။ ကုန်းမြေပေါ်ကနေ ရေလမ်းကြောင်း အနေနဲ့ စီးဆင်းတဲ့အခါ နေရာတိုင်းဖြတ်သန်းရပြီး သွားရတဲ့ အတွက်ကြောင့် အခက်အခဲများ စွာ ရှိပါတယ်။ ဒါပေမယ့် အဲဒီမြစ်ကသူ လုပ်ဆောင်ရတာကို အမြဲဂုဏ်ယူနေတယ်။ အဲဒီလိုသွားလာရင်းနဲ့ သဲကန္တာရတစ်ခုကို ဖြတ်ရမဲ့အချိန်ရောက်လာခဲ့တယ်။ ဖြတ်သန်း မည်ဆိုတာနဲ့သဲထဲမှာ စုပ်ပြီးခန်းသွားမယ်။ စီးဆင်းတဲ့မြစ်ရေက ယ်လိုဖြတ်ရမှန်း မသိုးဖြစ်နေ တယ်။ ဖြတ်သန်းကြည့်တဲ့အခါနစ်သွားတော့ သူဘာလုပ်ရမှန်း မသိပဲစဉ်းစားနေချိန်မှာ တနေရာက အသံတစ်သံထွက်လာပြီးပြောတယ်။ နင်ဒီအတိုင်းစီးသွားရင် အဆင်မပြေဘူး။
အဲဒီတော ရေငွေ့အနေနဲ့ ပြောင်းရမှာဖြစ်တယ်။ ပြီးတော့လေနဲ့ လိုက်သွားရမယ်။ လေထဲကနေသဲကန္တာရကို ဖြတ်ရမယ်လို့ပြောတယ်။ ဒီအခါမြစ်က “ဟာ...” ဘယ်လိုဖြစ်မလဲ၊ ကျုပ်ကအမြဲ စီးဆင်းနေတာ၊ ရေငွေ့အနေနဲ့ မလုပ်ချင်ပါဘူးဗျာလို့ပြောလိုက်ောတ့ မင်းဒီလို ခေါင်းမာနေရင် ကိုယ်လိုရာရောက်မှာ မဟုတ်ဘူးလို့ဆိုပြီး အဲဒီအသံကြီးက အကြံပေးတယ်။ ငါပြောတဲ့ အတိုင်းသာလုပ်တစ်နေရာ ရောက်ရင်အငွေ့ အစြဖ်ကနေ မိုးရေအဖြစ် ပြန်ဖြစ်သွားပြီး မြစ်သဘာဝအတိုင်း ဆက်ပြီးစီးဆင်းသွားလို့ရတယ်လို့ ပြောလိုက်တယ်။ ဒီအခါမှာ မြစ်က “ဟာ...”ဒါလဲဘယ်ဖြစ်မလဲ ကိုယ်ကမိုးရွာလို့ မြစ်ပြန်ဖြစ်ပေမဲ့ ငါဟာ ဒီမြစ်မ ဟုတ်တော့ဘူး။ နောက်မြစ်အသစ်တစ်ခုမှာ ဖြစ်သွားမှာပေါ့ မလုပ်နိုင်ပါဘူး။ ရေငွေ့အနေနဲ့ မပြောင်းလည်းနိုင်ပါဘူး။ ငြင်းဆန်တယ်။ ဒီအခါမှာ အသံကြီးကဟေ့...မြစ် မင်းစဉ်းစားကြည့် လေ အဓိကကမြစ်ပြန်ဖြစ်ဖို့ပဲ မဟုတ်လား မြစ်ပြန်ဖြစ်လာရင်လုပ်စရာရှိတာ မြစ်သဘာဝ အတိုင်းဆက်လုပ်သွားနိုင်တာပဲ မဟုတ်လား။ ကိုယ်ကနဂိုမြစ် မဟုတ်တော့ပေမဲ့ မြစ်အ သစ်အဖြစ်စီးဆင်းရ်တာကိုက ပိုပြီးဂုဏ်ယူစရာကောင်းတယ်။ ကိုယ်လုပ်ရမှာက ရေငွေ့ အဖြစ်အသွင်ပြောင်းပြီး လေနှင့်လိုက်ပါပြီး မိုးရေကနေ မြစ်ပြန်ဖြစ်လာမယ်။ ဒီလိုပြောင်းလဲရ တာ အခိုက်အတန့်ပဲဖြစ်တာကြောင့်မှုလမြစ် အခြေအနေပျောက်ပျက် မသွားပါဘူးလို့ ပြောလိုက်တယ်။ နောက်ဆုံးတော့ မြစ်က ထိုအသံကြီး၏ အကြံပေးမှုကိုလက်ခံလိုက်ပြီး နောက်ဆုံးမှာ မြစ်အဖြစ်နဲ့ သဘာဝအတိုင်း ပျော်ရွှင်စွာ စီးဆင်းသွားလာခွင့် ရရှိပါတော့တယ်။
ဒီသင်ခန်းစာလေးဟာ ယနေ့ခေတ် လူသားများနှင့်တထပ်တည်း ဖြစ်၍နေပါတယ်။ တစ်ခုခု ပြောင်းလဲပါဆိုရင် မပြောင်းချင်ကြဘူး။ ပြောင်းလဲတယ် ဆိုတဲ့အပိုင်းကလည်းမှုလ ၇ည်ရွယ် ချက်ကို ပျောက်ပျက်ဖို့ မဟုတ်ပါဘူး။ ဘ၀အောင်မြင်ရေးအတွက် လိုအပ်တဲ့အချိန်မျာ အခိုက် အတန့် ပြောင်းလဲတာပဲဖြစ်တယ်။ ဘ၀အောင်မြင်ရေးအတွက် ဒီထက်ကောင်းတာရှိလျှင် ဒီထက်ပိုပြီးကောင်းတဲ့ အောင်မြင်မှုလမ်းစဉ်ကို လိုက်နာရလိမ့်မယ်ဟု ခိုင်မာတဲ့ဆုံးဖြတ်ချက် ကို ပိုင်ပိုင်နိုင်နိုင်ချလိုက်ပါ။ အောင်မြင်မှုတွေရရှိဖို့အတွက် ပြောင်းလဲမှုတွေကြုံဆုံပါလျက်နှင့် အပြောင်းလဲပဲဓာတ်ပြားဟောင်းကြီးကိုဖွင့်နား ထောင်ပြီးနေလင် အချိန်ကုန်လူပင်ပန်း (ပရုပ်လုံး) ပမာလုံးပါးပါးလို့ တန်ဖိုးရှိတဲ့ဘ၀ ဆုံးခန်းတိုင်သွားပါလိမ့်မယ်။ ဒါကြော်င့ နောက်ကို သင်ဘယ်တော့မှ ပြောလဲမှုတွက် တုန်လှုပ်မှုမဖြစ်ပါနဲ့။ အောင်မြင်မှုအတွက် ပြောင်းလဲတာဖြစ် တယ်။ ဒါကြောင့် မိမိရဲ့လှပတဲ့ ဘ၀သစ်မှာ ကောင်းစားဖို့ ရဲရဲသာပြောင်းလဲလိုက်ကြစမ်းပါ။

No comments: