Thursday, January 1, 2009

* * အသွင်အပြင် **

ကိုယ့်ရဲ့အသွင်အပြင်ဟာ အချိန်တိုင်းမှာ သန့်ရှင်းသပ်ရပ် စမတ်ကျနေဖို့လိုတယ်။ မနက်မိုး လင်းပြီဆိုတာနဲ့ မိသာစုအရင်း စောစောအပိယာထတ်တတဲ့အကျင့်ကို မွေးမြူရမယ်။ ညအိပ် ရာဝင်လျှင်လည်း သူများထက် နောက်ကျပြီးမှ အိပ်တဲ့အကျင့်ကို လုပ်ရမယ်။ အိပ်ပြီဆိုလျှင် လည်း ဘာအကြောင်းမျှ မစဉ်းစားတော့ပဲ လောကကြီးနပြ အဆက်အသွယ်ဖြတ်ပြီး နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်တတ်တဲ့ အကျင့်ကို မွေးမြူရမယ်။ တစ်အိမ်လုံးရဲ့စံနမှုနာဖြစ်ရမယ်။ တက်ကြွတဲ့အသွင်အပြင်၊ ပြုံးရွှင်တဲ့မျက်နှာထားထားရှိရမယ်။ ကိုယ့်ပတ်ဝန်ကျင်က မိသားစုပဲ ဖြစ်ဖြစ် မိတ်ဆွေအပေါင်းအသင်း၊ သူငယ်ချင်းပဲဖြစ်ဖြစ် အချိန်ရရင်ရသလို ၀န်ဆောင်မှုပေးရ မယ်။ သူများတွေက် မိမိကို စိတ်ဓာတ်ကျစရာစကား ဘယ်အချိန်ပင်လာပြောပြော ကိုယ့်အနေ နဲ့နားထောင် မျှဝေခံစားရုံကလွဲပြီး ဘယ်သူ့ကိုမှ စိတ်ဓာတ်ကျစရာ စကားပြန်မပြောရဘူး။ အ၀တ်အစားအသွင်အပြင်မှာလည်း ကိုယ်နဲ့လိုက်ဖက်ညီတဲ့အ၀တ်အစားကို ရွေးချယ်ဝတ်ဆင် ရမည်။ ဧည့်သည်မိတ်ဆွေအပေါင်းအသင်းများနှင့် စကားပြောဆိုသည့်အခါတွင်လည်း မတ် တပ်ရပ်ပြီးပြောလျှင် ခြေထောက်၊ ခါး ဖြောင့်မတ်စွာထားပြီး စကားပြောရမယ်။ ကုလား ထိုင်ပေါ်မှာထိုင်ပြီး စကားပြောလျှင်လည်း ခါးကို အောက်လေဆာပြီး ကုန်းကွ ပက်လက် ပုံစံမျိုး စိတ်ပျက်လက်ပျက် အားအင်ကုန်ခမ်းနေတဲ့ ပုံစံမျိုးဖြင့် စကားမပြော ရဘူး။
ဒူးခေါင်း၊ ခြေဖ၀ါး ညီညာစွာချ၍သော်လည်းကောင်း၊ တင်ပလ္လင်ချိန်၍ ထိုင်နည်း ဖြင့်လည်းကောင်း၊ ခါးကို ဖြောင့်မတ်စွာထားပြီး စတိုင်ကျကျ စမတ်ကျကျဖြင့် စကား ပြောရမည်။ လူရှေ့သူရှေ့မှာ ခေါင်းမကုတ်ရဘူး။ ဒူးမန့်ရဘူး၊ မျက်လုံး ဟိုကြည့်ဒီကြည့်ဖြင့် စကားမပြောရဘူး။ သွားကြားမထိုးရဘူး။ အရေးကြီးတဲ့ စကားပြောနေစဉ် လေးနက်တဲ့စကား ပြောနေစဉ် အစားမစားရဘူး။ နှာခေါင်းမနှိုက်ရဘူး၊ အင်္ကျီ၊ ပုဆိုး၊ ဘောင်းဘီမှာ အစွန်းအ ကွက် အပေါက်အပြဲ မရှိစေရဘူး။ စကားပြောလျှင်လည်း ကိုယ့်မိတ်ဆွေ ပြောသမျှကို လေးနက်စွာ နားထောင်ရမယ်။ သူ့ရဲ့မျက်ခုံးနှစ်ခုကြားကို ကြည့်ပြီး နားလည်နိုင်စွမ်းးအပြည့် ဖြင့် တည်ငြိမ်စွာ မေတ္တာတရား ပြည့်ဝစွာဖြင့် နားထောင်နေရမယ်။ နောက်ပြီး မိမိရဲ့အ၀တ် အစားနဲ့ ခန္ဓာကိုယ်အနံ့အသက်ရှိ မရှိကိုလည်း အမြဲတမ်း သတိပြုနေရမယ်။ အစားအ သောက်စားပြီးတဲ့ အခါတိုင်း သွားကို အမြဲတမ်း သတိပြုနေရမယ်။ အစားအသောက်စားပြီးတဲ့ အခါတိုင်း သွားကို စံနစ်တကျတိုက်ရမယ်။ လမ်းသွားရင်းနှင့် လမ်းဘေးတွေ့ရာ စားသောက် ဆိုင်မထိုင်ရဘူး။သန့်ရှင်းသပ်ယပ်သော အေးအေးဆေးဆေးလည်းဖြစ်မည့် စနစ်တကျရှိတဲ့ ဆိုင်မျိုးကိုသာရွေးချယ်ထိုင်ရမည်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ပတ်ဝန်းကျင်က လူတွေဟာ အချိန်တိုင်းမှာ မိမိရဲ့သွားလာနေထိုင်စားသောက်မှုကို ဂရုစိုက်နေကြလို့ပဲဖြစ်တယ်။ ကိုယ်နဲ့ အတူ ကိုယ့်မိတ်ဆွေပါလာရင်လည်း ကိုယ့်မိတ်ဆွေရဲ့လေးစားမှုကို ရရှိလိမ့်မည်။ ဘယ်အချိန် မှာ ဘာအစားပဲ စားစားပါးစပ်ကို မလုပ်ကျင်းဖို့မမေ့ပါနှင့်။ အကယ်၍များ ထမင်းစားပြီးပြီးချင်း ကိုယ့်မိတ်ဆွေတစ်ယောက်နှင့် အရေးကြီးတဲ့စီးပွားရေးစကား လုပ်ငန်းကိစ္စယုံကြည်မှုတည် ဆောက်သည့် စကားပြောနေသည့် အချန်တွင်သင့်ရဲ့သွားမှာ ကန်ဇွန်းရွက် အဖတ်တစ်ခုကပ် နေခဲ့မည်ဆိုလျှင် သင့်မိတ်ဆွေစကားပြောသည့်အခါတိုင်း သင့်သွားမှာရှိတဲ့ ကန်ဇွန်းရွက်ဖက် ကိုပဲ စိတ်ကရောက်နေပါလိမ့်မည်။
သင့်အပေါ်လေးစားမှု ပေါ့လျှော့သွားမည်မှာ အမှန်ပင်ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းဆိုတာ အသေးအဖွဲကအစ ဂရုစိုက်ကြရမည်။ ကလေးဆန်တဲ့ အပြုအမှုတွေကို တတ်နိုင်သမျှ ရှောင် ကျဉ်ရမည်။ ဥပမာ- ကိုယ့်မိတ်ဆွေလုပ်ငန်းရှင်များနှင့်သွားတဲ့အခါမျိုးမှာ လမ်းသွားရင်း ပြောင်းဖူးကိုက်စားသွားတာမျိုး၊ ဇီးထုပ်စားသွားတာမျိုးမလုပ်ရဘူး။ စတိုင်ကျရမယ်ဆိုတာ ယုံကြည်မှုတည်ဆောက်လို့ရတဲ့ စတိုင်မျိုးကို ပြောတာပဲဖြစ်တယ်။ စမတ်ကျစွာထိုင်ရမယ်ဆို တာအားအင်ကုန်ခမ်းခြေကုန်လက်ပန်းကျသည့် ထိုင်နည်းမျိုးကို မထိုင်ပဲ အေးဆေးတည်ငြိမ် ဖြောင့်မတ်စွာ ထိုင်ရမည်ကို ပြောတာပါ။ ပြောတာက စိတ်ဓာတ်တက်ကြွစရာအားပေးစကား ထိုင်နည်းက စိတ်ဓာတ်ကျဆင်းတဲ့ ဟန်ပန်မျိုးဖြစ်နေမယ်ဆိုရင် ကိုယ့်ရဲ့အားပေးမှုဟာ မထိ ရောက်ပါဘူး။ တစ်ဖက်လူကလည်း ကိုယ့်ကိုအားကိုးအားထားပြုပြီး လေးစားထိုက်တဲ့ ပုဂ္ဂိုလ် တစ်ယောက်ရယ်လို့ လက်ခံယုံကြည်တော့မှာ မဟုတ်ပါဘူး။
ဒါ့ကြောင့်စမတ်ကျစွာ ထိုင်ပြီးအားမာန်အပြည့်ဖြင့် ခြင်္သေ့မင်းကြီိးအလားအဟုန်ပြင်းစွာ အားပေးတတ်ဖို့လိုပါတယ်။ နောက်ပြီးကိုယ့်မျက်နှာ အနေအထားက တက်ကြွပြုံးရွှင်ပြီး နှစ်လို ဖွယ်အပြုံးဖြင့် ဆီးကြိုဧည့်ခံနားထောင်ပေးရမယ်။ အောင်မြင်တဲ့လူတွေဟာ သူဝါသနာပါတဲ့ အလုပ်ကိုလည်း စိတ်ဝင်စားစွာ နားထောင်တတ်တဲ့ အလေ့အကျင့်ရှိပါတယ်။ အောင်မြင်တဲ့ လူတွေဟာ အချိန်ကိုမစောင့်ပဲ အလုပ်လုပ်ခြင်းကို အလွန်ပဲနှစ်သက်ကြတယ်။ မနက်ဖန်ကို ငေးငိုင်စောင့်ကြည့် နေစရာမလိုပါဘူး။ ယနေ့လုပ်စ၇ာရှိသည်ကို လုပ်ထားခြင်းအားဖြင့် မနက် ဖြန်ကို သင်ပုံစံလောင်းနိုင် မည်ဖြစ်ကြောင်းပြောချင်ပါတယ်။ အောင်မြင်တဲ့လူတွေဟာ အလုပ် လုပ်တဲ့အခါ စိတ်ပါလက်ပါ လုပ်တတ်ကြတယ်။ အလုပ်ကို အလုပ်နှင့် တူအောင်လေးလေးစား စားလုပ်တတ်ကြတယ်။ ကိုရီးယားနိုင်ငံကအဖြစ် အပျက်ကလေးတစ်ခု ပြောချင်ပါတယ်။
ဒေါ်လာသန်း ၂၀၀ ကျပ် ချမ်းသာလာခဲ့တဲ့ သူဋ္ဌေးကြီးဟာ သူ့ထံကို အလုပ်ရှင်သူဌေးတစ်ဦးက ညသန်ခေါင်ကျော် ဖုန်းလှမ်းဆက်လာပါတယ်။ အဲဒီအချိန်မျာ သူက ည၀တ်အင်္ကျီဝတ်ဆင် ထားတာဖြစ်လိုပ အင်္ကျီကိုကဗျာကယာ ချွတ်တယ်။ ကုမ္ပဏီသွားတဲ့ အ၀တ်အစားတွေကို သေသေချာချာ သပ်သပ်ရပ်ရပ်ဝတ်ဆင်ပြီး လေးနက်စွာပြောဆိုပြီး ဖုန်းပြန်ချလိုက်ပါတယ်။ ည၀တ်အင်္ကျီကို ပြန်ဝတ်လိုက်တယ်။ ဒါကိုသူ့မိန်မကမြင်တော့ ရှင်ရူးနေလား။ ကိုယ့်ကိုမမြင်ရ တဲ့ လူတစ်ယောက်ကိုတွေ့ဖို့ရာလည်း အကြောင်းမရှိပဲနဲ့ တယ်လီဖုန်း စကားပြောရုံသက် သက်ကိုဘာကြောင့် ရှင်သပ်သပ်ရပ်ရပ် ၀တ်နေရသလဲလို့မေးလိုက်တယ်။ အေး...မိန်မရေမင်း ကိုငါ ပြောပြမယ်။
လူတစ်ယောက်နဲ့တစ်ယောက် လေးစားမှုလေးနက်မှုဆိုတာ သူ့ကွယ်ရာမှာလည်း လေးစားမှု လေးနက်မှုအပြည့်ရှိနေသလို သူ့ရှေ့မှာလည်း လေးစားမှု လေးနက်မှု အပြည့်ရှိနေဖို့လိုအပ် တယ်။ သူ့ကွယ်ရာမှာ လေးနက်မှုပေါ့သွားတာနျင့် တွေ့ဆုံကြမယ်ဆိုရင်လည်း လေးစားမှု လေးနက်မှု ပေါ့သွားလိမ့်မယ်။ ဒါကြောင့် သူ့အပေါ်မှာငါ့ရဲ့လေးနက်မှုကို လျော့မသွားအောင် ငါ့ကိုယ်ငါ ထိန်းသိမ်းလိုက်တာပဲဖြစ်တယ်။ ငါဟာ အဲဒီလေးစားမှု လေးနက်မှုတွေကြောင့် ဒီနေ့ ကိုရီးယားနိုင်ငံမှာ အချမ်းသာဆုံးသူဌေးကြီဖြစ်ခဲ့တယ်လို့ သူ့မိန်းမကို လေးလေးနက်နက် ပြောလိုက်ပါတယ်။ ဒါကြောင့် သင်ဟာလည်း ထင်ပေါ်ကျော်ကြားတဲ့ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးတစ်ယောက်ဖြစ်လိုလျှင် အထက်ပါစည်းကမ်းချက် ဥပဒေသတွေကိုလိုက်နာပြီး လူသားတိုင်းကို လေးလေးစားစားဆက်ဆံပြီး လေးနက်စွာစကားပြောပါ။ သင့်ကိုအများက ယုံကြည်လက်ခံလာပါလိမ့်မည်။ အဲဒါဟာ အောင်မြင်သူတွေရဲ့ချမ်းသာခြင်းရဲ့ အဓိကလျှို့ဝှက် ချက်သော့ချက်ပဲဖြစ်တယ်။

No comments: