Monday, February 9, 2009

ချစ်ဦးသစ္စာ...

click to comment
တစ်နယ်စီခြား
ဝေးကွာငြားလည်း
တမ်းတသူကို
မှန်းဆမိနေ
လေရှုးနှောက်မွှေ
သစ်ရွက်ကြွေစဉ်
မှန်းဆရော်ရည် မောင့်အချစ်တွေသည်
ဆူးတောပန်းပွင့်
မှတ်ယူတင့်၍
ခြောက်သွေ့ ကန္တာ
ဆင့်ဆင့်ကျော်ကာ
မေ့ဆီအရောက်
မောင်လှမ်းလျှောက်မည်
နွေဦး ရောက်ခဲ့ပြန်လေပြီ....၊

အာကာခံပြင်း
ဒေါမာန်တင်း၍
မုန်တိုင်းတေးသံ
သောသောညံစဉ်
မှန်းဆရော်ရည်
မောင့်အချစ်တွေသည်
လှမ်းလင့်နွံအိုင်
တောကိုချိုင်၍
သားရဲ ရင်ဆိုင်
မရွံ့ ကြောက်နိုင်ပဲ
မေ့ဆီအရောက်
မောင်လှမ်းလျှောက်မည်
မိုးသို့ရောက်ခဲ့ပြန်လေပြီ.....၊

ခြုံလွှာယှက် သိုင်း
မြူတွေဆိုင်း၍
ဝေ့ဝေ့သီမှုန်
ချမ်းသိမ့်တုန်စဉ်
မှန်းဆရော်ရည်
မောင့်အချစ်တွေသည်
ထီမထင်အား
နှင်းတောင်လွှား၍
ရေခဲမြစ်ပြင်
လက်ပစ်နှင်ကာ
မေ့ဆီအရောက်
မောင်လှမ်းလျှောက်မည်
ဆောင်းသို့တစ်ခေါက်
ရောက်လေပြီ.........၊

ရာသီစက်ဝန်း
အလီလီယွန်း၍
အိုမင်းရင့်ရော်
ခြောက်သွေ့သော်လည်း
မှန်းဆရော်ရည်
မောင့်အချစ်တွေသည်
နှောင်ထုံး ဖွဲ့ တည်
မေ့အတွက်ကိုသာရည်.....။

( အချစ်ကို ကဗျာသီ......
သူ့ကိုရည် ၍ ရော်ရည်တမ်းတ..
အိပ်ပျက်ညတွေ
များခဲ့ပါပြီ...........)

No comments: