Monday, February 9, 2009

" မြန်မာအမျိုးသမီးများ၏ ပင်ကိုယ်သဘာဝ "

click to comment

မြန်မာအမျိုးသမီးများ၏ အလှစံချိန်ကို လောကနီတိကျမ်းက အချက်ရှစ်ချက်ဖြင့် စံအဖြစ် သတ်မှတ်ထားရာ သဘာဝအလှရှစ်ပါးတွင် အသားအရေကောင်းခြင်း၊ သမင်မျက်စိကဲ့သို့ ကြည်လင်သော မျက်လုံးရှိခြင်း၊ သေးငယ်သောခါး၊ သွယ်လျသောပေါင်တံ၊ ကောင်းသောဆံ ပင်၊ ညီညာသောသွား၊ တွင်းနက်သောချက်၊ မြင့်မြတ်သော ကိုယ်ကျင့်တရားတို့ ပါဝင်လေ သည်။ သို့ရာတွင် ဤစံချိန်အတိုင်းပြည့်စုံမှ အလှဟုခေါ်ရမည်ဆိုလျှင် တရားမျှတရာမရောက် နိုင်ပေ။ မျက်စိအားနည်းသူ ပါဒရက်သမားများ မလှတော့ပြီလော။ သွားခေါသူများ အလှစံချိန် မမီတော့ပြီလော။ စောဒကတက်စရာများ ပေါ်လာမည်ဖြစ်ပါသည်။ အမျိုးသမီး၏ သေးငယ် သောခါးကို အပြင်မှအကဲခတ်နိုင်သော်လည်း ၀မ်းဗိုက်ရှိချက်၏ အတိမ်အနက်ကိုမှု မည်သို့ မြင်နိုင်ပါနည်း။ လောကနီတိဆရာကြီးအား ယနေ့လူငယ်ထုက အမေးအဖြေလုပ်လိုကြမည်မှာ မလွဲပါ။ အများသဘောတူထောက်ခံကြမည့် အချက်တစ်ခုကား ၇ှိသည်။ ၄င်းမှာ မြန်မာအမျိုး သမီးများ၏ ဆံပင်ပင်ဖြစ်ပါသည်။
မြန်မာလူမျိုးများသည် ဆံပင်ကို အမြတ်တနိုးထားသူများဖြစ်၏။“ က္ကုတ္ထိယမှု ရူပါကောင်းလျက် ဆံထုံးဖျက်”ဆိုသည့်အတိုင်း ဆံပင်ကို အမျိုးမျိုးထုံးနှောင်ရစ်ဖွဲ့လာခဲ့ကြသည်။ ဆံပင်နှင့် မျက်နှာပုံပန်း အချိုးအစားအဆင်ပြေမှုမရှိလျှင် အလှပျက်တက်သည်ဖြစ်ရာ လိုအပ်သော ပစ္စည်းကိရိယာ နံ့သာဆီမွှေးများနှင့်တွဲဖက်၍ သုံးလာခဲ့ကြသည်။ အထွတ်အထိပ် ဦးခေါင်း တွင်ပေါက်သည့်အတွက်တည်း“ဦးသျှောင်ဆံကျင်”ဟု တင်စားထားကြခြင်းဖြစ်သည်။ ဘုရား ရှင်၏ဆံတော်ကိုကိုးကွယ်ကြသော အစဉ်အလာမှာ မြင့်မြတ်ခြင်းကြောင့်ဖြစ်သည်။
“စံပယ်တဲ့လေးရုံ၊ ပျိုတို့မောင် မပန်ထိုက်တယ်၊ ပန်းပြတ်ခိုက်ကြုံ၊ အပွင့်ရယ်ကုန် အငုံဖြင့်ကျန် သေး၊ ပန်ချင်သူ ပျိုမောင်ထွေးရယ်၊ ခေါင်းဖြီးခဲ့လေး” ဟူသော လေးဆစ်၌ ဘုရားလေးဆူအား မဖူးမြော်ထိုက်၍ ဘုရားမပွင့်သော ပန်းပြတ်ခိုက်ကာလနှင့် ကြုံနေရသော်လည်း အရိမေတ္တယျ တည်းဟူသော အငုံတစ်ငုံကျန်သေးသည့်အတွက် ပန်လို၊ ခူးးလိုသူများသည် ခေါင်းဖြီး၍ အဆင်သင့်စောင့်နေရမည်ဟူသော ဆံပင်နှင့်ပတ်သက်သည့် တင်စားချက်လည်းရှိခဲ့ပါသည်။
ဆံပင်ကောင်းခြင်းသည် အလှတစ်ပါးဖြစ်၍ ဆံပင်ကောင်းစေရန် အချို့က တံမြက်စည်းများ လှူကြသည်။ ဆံပင်ကောင်းသူကို ကေသာဝတီ၊ မြကေသာ စသည်ဖြင့်ဂုဏ်ယူကာ မှည့်ခေါ် ကြသည်။ သုံးတောင်ထွာကြော့၊ ကော့ကေခိုင်ကို ပိတုံးရောင်နှင့် နှိုင်းကြသည်။ ဆံကေသာ ရှည်စေရန် အတွက်လည်း တရော်ကင်ပွန်းဖြင့်လျှော်၍ ပဲနံ့သာစေ့ကို လျှော်ပြီးထည့်သော ဆီမွှေးကို လိမ်းကြသည်။
ဦးရေအေး၍ ရှင်းသန့်စေရန် ဆန်ဆေးရေးနှင့် ဆွတ်ကြသည်။ ဆံပင်မကျွတ်စေရန် အမဲဆီပါ သော ဆပ်ပြာများကို သုံးစွဲခြင်းမပြုကြ။ စံပယ်ဆီ၊ ဒေါနဆီ၊ လေးတရာဆီများကို နန်းတွင်းသူ တို့က သုံးကြသည်။ ပန်းပေါင်းထုပ်၊ ပန်းဝတ်ဆံခဲများကိုသွေး၍ လူးကြသည်။ ခဲနှင့် ငရဲမီးပါ သော မျက်နှာချေးများကို ရှေးအမျိုးသမီးများက အသားအရေပျက်မည်စိုး၍ မလိမ်းကျံကြပါ။ ဤမျှစည်းကမ်းရှိခဲ့ကြပါသည်။
ယခုခေတ်ကဲ့သို့ အလှပြင်နည်း အသုံးအဆောင် တန်ဆာပလာများ မပါစေကာမှု လှပလိမ်း ခြယ်မှု၌ အလွန်စည်းကမ်းကြီးခဲ့ကြပါသည်။ အလှပြင်ခြင်းသည် အမျိုးသမီးတိုင်း၏ တာဝန်ဖြစ် ၍ အလှခြယ်သနည်း၊ အလှပြင်နည်းအပြင် အလှကို ထိန်းသိမ်းနည်းပါ နားလည်ရမည်ဖြစ်ပါ သည်။ ရှေးခေတ်မြန်မာအမျိုးသမီးများသည် အလှပြုပြင်ရာ၌ ယခုထက်ပို၍ စေ့စပ်သေချာ စိတ်ရှည်ကြသူများလေသည်။
ညက်ညောသော ကျောက်ပြင်ချောလေးနှင့် သနပ်ခါးတုံးကို အဖော်ပြုကာ ငယ်စဉ်မှစ၍ အလှ ပြင်လာကြသည်။ ရေကောင်းရေသန့်နှင့် ဖော့ဖောလေးသွေးပြီး နုထွားသောပါးပြင်ပေါ်ဝယ် လက်ညှိုးလေးဖြင့် ညင်ညင်သာသာ လိမ်းခြယ်မှုံသလေ့ရှိကြသည်။
ဆံကေသာကိုလည်း တစ်ပင်တလေမျှ လွင့်ထောင်မနေစေရန် ပိပိရိရိဖြီး၍ ပြောင်လက်စေကြ သည်။ မိုးလင်းသည်နှင့် တစ်ပြိုင်နက် ဆံပင်ကို ကျော့နေအောင်ရစ်ပတ်ထုံးပြီးသား မြင်တွေ့ရ သည်။ ထဘီကိုလည်း ခါးတစ်ဖက်အရိုးဖုံးသည်အထိ ချပ်ချပ်ရပ်ရပ် ရစ်ပတ်ဝတ်တဆင်လေ့ရှိ သည်။ လူသူလေးပါးရှေ့၌ ထဘီတဖြန့်ဖြန့်သတ်ခြင်းကား အကျည်းတန်ဆုံးဟု ယူဆကြ သည်။
အိမ်ထောင်အလုပ်ဖြင့် ချက်ပြုတ်၊ ဖွတ်လျှော်၊ လှည်းကျင်း၊ ချုပ်လုပ်တာဝန်များ ရှုပ်လင့်ကစား မပျင်းရိဘဲ မိမိတို့ကိုယ်ကို သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင် ပြုပြင်ထားလေ့ရှိကြသည်။ အိမ် ထောင်တာဝန်ကို ထမ်းဆောင်ရင်းနှင့်ပင် ဧည့်ဝတ်စောင်ဝတ်၊ ရတနာသုံးပါးဝတ်၊ သားသမီး။ မိဘ၀တ္တရားများကို ကျေပွန်အောင် ဆောင်ရွက်နိုင်ကြသည်။ အလုပ်များသည်၊ ပင်ပန်းသည် ဟု ဆင်ခြေပေးလေ့မရှိကြ။ ကိုယ်ကိုလည်း အလှမပျက်စေဘဲ အိမ်ကိုလည်းသပ်ရပ်အောင် ပြုပြင်ထားကြသည်။
ကိုယ်ဟန်အမှုအရာ၊ နှုတ်အမှုအရာနှင့်ပတ်သက်၍လည်း သိမ်မွေ့မှုကို ဦးစားပေးလေ့ရှိကြ သည်။ အော်ကြီးဟစ်ကျယ်ပြောဆိုခြင်း၊ နှုတ်ကြမ်းခြင်းများကို လူကြီးများက ခွင့်မပြုပေ။ ခြေနင်းကြမ်းသည်ကိုပင် မကြိုက်ကြ။ သိမ်သိမ်မွေ့မွေ့ လူကြီးသူမများအား ဂုဏ၀ယ ၀ုဒ္ဓိ အလိုက် ရိုသေကိုင်းရိုင်းတက်အောင် ငယ်စဉ်ကစ၍ ဆုံးမသွန်သင် ပဲ့ပြင်ခြင်းခံခဲ့ကြရလေ သည်။
“ယောက်ျားပျင်း ကျောခင်း၊ မိန်းမပျင်း ခြေဆင်း” စကားဖြင့်လည်း အမျိုးသမီးလေးများအား ဆုံးမလာခဲ့ကြသည်။ သပ်ရပ်စွာ ၀တ်စားဆင်ယင်နည်း၊ စနစ်တကျ အိမ်ထောင်ထိန်းသိမ်း နည်းတွင် စည်းကမ်းလိုက်နာမှသာ မိန်းမကောင်းပီသမည်ဟု ယူဆခဲ့ကြလေသည်။ အလုပ်နှင့် လက်မပြတ်အောင် လှုပ်ရှားသွားလာနေခဲ့ကြ၍လည်း ရှေးခေတ်အမျိုးသမီးများမှာ အရပ်အ မောင်း လွန်စွာ မမြင့်မားစေကာမှု ခန္ဓာကိုယ်အချိုးအဆင်ပြေပြစ်၍ ကျော့ရှင်းကြသည်ကို တွေ့ရပေသည်။ ရှေးခေတ်က ထိုင်မသိမ်း လက်ပျက်အင်္ကျီနှင့် နံကွဲထဘီများမှာ သူတို့၏ လုံးကျစ်သောငါးရံ့ကိုကလေးများနှင့် လွန်စွာအဆင်ပြေနေလေသည်။
တစ်သက်နှင့်တစ်ကိုယ် မျက်နှာချေ မလိမ်းဖူးသောသူများလည်း ရှိသေးသည်။ မိန်းမအသက် ကရမက်ဟူသောစကားအရ ဆေးအဖြစ်လည်း လိမ်းကြသည်။ သနပ်ခါးအစ်မှုန့်နှင့် တောင်တန်းကတိုး၊ နံ့သာဖြူ၊ ကရမက်လောက်သာ သူတို့သုံးကြသည်။ နန်းတွင်းသူများမှာ ရွှေမှုန့်ကို သနပ်ခါးနှင့်လူးကြသည်ဟု အဆိုရှိပါသည်။ အလောင်းစည်သူမင်းကြီး၏ သမီးတော် များမှာ တစ်နေ့လျှင် ရွှေမှုန့်တစ်ဇွန်းစီ၊ ရွှေမှုန့်တစ်ကြက်ဥစိ အသနားတော်မြတ်ခံရသည်ဟု သိရသည်။ နန်းတွင်း၌ ဆံတော်ရှင်းရသော အပျိုတော်များမှာ လွန်စွာအရှိန်အ၀ါကြီးသည်ဟု ဆိုပါသည်။
ထဘီဝတ်ရာ၌လည်း အလွန်စည်းကမ်းကြီးသည်ဖြစ်ရာ တရွဲ့တစောင်းဦးစိုက်။ နောက်တက် တစ်ခြမ်းလွတ် ဆင်ယင်ခြင်းမျိုး မရှိခဲ့ပါ။ ရှေ့နှင့်နောက် ထညီစချင်းညီ-မညီ လမ်းမထွက်မီက ပင် မိခင်က စစ်ဆေးကြည့်သည်။ သည်လမ်းသည်ပန်းနှင်တော်သည်။ သည်ခရီးသည် ထီးနှင့် တော်သည်ကို လူကြီးမိဘက စီမံလမ်းညွှန်ပြသည့်အတိုင်း လူငယ်များကလည်း လိုက်နာလေ့ ရှိကြသည်။ ရှေးမြန်မာအမျိုးသမီးများသည် လှရေးပရေး၌ ဤမျှစည်းကမ်းစနစ်ထား၍ မိမိတို့ကိုယ်ကို တင့်တယ်စေရန် ၀တ်စားဆင်ယင်လာခဲ့ကြသူများဖြစ်၍ ခေတ်အဆက်ဆက်၍ တင့်တယ်ခဲ့ကြသည်ကို ယနေ့ အမျိုးသမီးလေးများက စံနမှုနာယူကာ ဂုဏ်ဝင့်ကြွားကြရမည် ဖြစ်ပါသည်။
မမနှင့်ညီမလေးတို့ အားလုံးပဲ အေးမြသောအပြုံး၊ ဖြူစင်သည့်အလှတို့ဖြင့် ယဉ်ကျေးသိမ်မွေ့ သောအလှကို မည်သူမဆို ထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

No comments: