Thursday, July 10, 2008

ကုဟကဇာတ်


glitter-graphics.com

ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်း လက်ထက်က ရွာသားတစ်ယောက်သည် ရသေ့ တစ်ဦးကိုကိုးကွယ်ထား၏။ ထိုရွာသားသည် ခိုးသားဓားပြဘေးကြောင့် ရွေစင်နိက္ခ တစ်ရာကို ရသေ့၏ ကျောင်းအနီး၌ မြေမှာမြှုပ်၍ ရသေ့ကို စောင့်ရှောက်ပေးရန် တောင်းပန်၏။ ထိုအခါ ရသေ့ ရဟန်းတို့မည်သည် ဤသို့ ရွှေငွေကို မစောင့်ရှောက်ကောင်းဟု ရသေ့က ဆို၏။ သို့သော် ရသေ့သည် “ရွှေစင်နိက္ခ တစ်ရာဆိုလျှင် လူဘောင်မှာ ချောင်ချောင် လည်လည် နေနိုင်ပြီ”ဟု ကောက်ကျစ်သော အကြံအစည်ဖြစ်၍ ရွှေများကို တစ်ခြားနေရာသို့ ပြောင်းရွှေ့ မြှုပ်နှံ ထားလိုက်၏။


ဤသို့ မရိုးသားသော စိတ်ဖြင့် သူတစ်ပါးပိုင်သော ပစ္စည်းကို နေရာပြောင်းရွှေ့မှုသည်
ခိုးယူခြင်း တစ်မျိုးပင် ဖြစ်၏။ ထို့နောက် ရသေ့သည် “အနေကြာလျှင် ဒကာတို့အပေါ် သံယောဇဉ် ဖြစ်တတ်သည်။ တစ်ခြားအရပ်သို့ သွားတော့မည်”ဟု ရွာသားကို နှုတ်ဆက်၍ ထွက်ခွာရန် ပြင်၏။ ဒကာသည် သူကြည်ညိုသော ရသေ့ကို တစ်ခြားအရပ်သို့ မသွားပါရန် တားမြစ်လျှောက်ထား၏။ တား၍ မရသောကြောင့် ရွာတံခါးအထိ လိုက်ပို့ နှုတ်ဆက်၏။ ရသေ့သည် အတန်ငယ် သွားပြီးနောက် ဒကာထံသို့ ပြန်လာ၍ “ဒကာ သင့်အိမ်အမိုးက သက်ငယ်မြက်တစ်ပင် ငါ့ဆံပင်ကြားမှာ ငြိပါလာသည်။ ရသေ့ရဟန်းမည်သည် မပေးလှူလျှင် မြက် တစ်ပင်ကိုမျှ မယူကောင်း” ဟုဆိုကာ ဆံကျစ်ကြားမှ မြက်ပင်ကို ဒကာအား ပေး၏။ ဒကာသည် “ရသေ့ကား ရိုးသားလှပေစွ”ဟု အောက်မေ့ကာ ရသေ့ကို တိုး၍ ကြည်ညိုသွား၏။ သို့သော် ရသေ့သည် နေရာပြောင်း၍ ခိုးဝှက်ထားသော ရွှေတို့ကို ယူသွား၏။ သို့သော် ထိုအချိန်၌ ဒကာ၏အိမ်မှာ ဘုရားလောင်း ရောက်ရှိနေ၏။ ဘုရားလောင်းသည် ရသေ့၏ စကား၌ မရိုးသားမှုကို တွေ့မြင်ရသောကြောင့် မြှုတ်နှံထားသော ရွှေတို့ကို သွားကြည့်စေ၏။ မူလနေရာ၌ ရွှေများ မတွေ့ရတော့၍ ရသေ့နောက်သို့ အမြန်လိုက်ကြရာ ရွှေများနှင့်တကွ ရသေ့ကို ဖမ်းမိလေ၏။ဤ၀တ္ထု၌ ရွှေခိုးမှု ပေါ်မည်စိုး၍ သက်ငယ်မြက် တစ်ပင်ကို ပြန်ပေးသော ရသေ့၏ လှည့်ပတ်မှုသည် မာယာပင်ဖြစ်၏။ ကိုယ့်အားနည်းချက် ကိုယ့်မကောင်းမှုကို ဖုံးကွယ်ရန် တစ်ဘက်သားကို လှည့်စားသော မာယာသည် လူသားတို့ သန္တာန်၌သာ ဖြစ်ပေါ်သည်မဟုတ်။ လူ့ဘောင်ကို ခွာရှောင်ခဲ့သော ရသေ့ရဟန်းတို့သည်ပင် မာယာကို ရှောင်နိုင်ခဲကြ၏။ မာယာ၏ နယ်ပယ်ကား ကျယ်လွန်းလှပေသည်။ သံသရာဝဋ်မြစ် လောဘ၏ နာမည်တစ်မျိုးဖြစ်သော ဤမာယာသည် သတ္တ၀ါတို့၏ သန္တာန်၌ သံသရာ အဆက်ဆက် အမြစ်တွယ် လာခဲ့၍ ပယ်ရှောင်ရန် ခက်ခဲသော အကုသိုလ် ဖြစ်၏။ မာယာမည်သည် အကုသိုလ် ဖြစ်သောကြောင့် ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ လူဖြစ်စေ ရှင်ဖြစ်စေ မာယာရှင် ဖြစ်သည်နှင့် အကုသိုလ်ကောင် ဖြစ်သွားတော့၏။ မာယာရှင်သည် လောကအတွက် အန္တရာယ်ရှိသူ ရှောင်ခွာရမည့်သူ ဖြစ်၏။ မာယာသည် ပယ်ရန်ခက်သည့် တရားဆိုး ဖြစ်သော်လည်း မိမိသန္တာန်၌ မာယာမဖြစ်အောင် သတိထားကြရပေမည်။ မည်သည့် အကုသိုလ်မဆို ပညာသတိဖြင့် လွန်မြောက်နိုင်၏။ မာယာရှင်ကို ရှောင်နိုင်အောင် ဂရုစိုက်ကြရပေမည်။ နိုးကြားမှုနှင့် ပါးနပ်မှုသည် ဘေးအားလုံးမှ လွတ်မြောက်စေနိုင်၏။ ကိုယ်တိုင် မာယာကင်းကြ၍ မာယာရှင်ကိုလည်း ရှောင်ကြဉ်နိုင်ကြပါစေ။

ရင်ထဲမှာရှိတာလေးတွေ

ယုံရမှာလား

glitter-graphics.com
အင်အားတွေချည့်နဲ့လာသလို
လေညင်းတွေနဲ့အတူ မင်းရဲ့အသံတွေငါ့နားထဲမှာ
ငါ့ရင်ဘတ်ထဲမှာ လှည့်ပတ်ပတ်ဆဲ
အတွေးတွေကိုအဖော်ပြုနေရတဲ့ငါဘ၀ကိုသနားလှည့်ပါ
မင်းကိုချစ်လွန်းလို့
အကြိမ်ကြိမ်ခွင့်တောင်းမိခဲ့တယ်
တစ်ဘ၀လုံးအတွက်ပါ
မျော်လင့်ခြင်းသက်သက်နဲ့တော့ ငါ့ရင်အစုံကို ငါမနှစ်သိမ့်ချင်ဘူး
မင်းပင်ပန်းမှာစိုးလို့
အချစ်ပန်းဆိုတာ တစ်ခါသာပွင့်တတ်တယ်တဲ့
ဟုတ်လား
အကြိမ်ကြိမ်စဉ်းစားရင်
မိုးလင်းသွားတဲ့နေ့တွေလဲ မနဲတော့ဘူးအချစ်ရာ
အချစ်ကိုခပ်မိုက်မိုက်ရင်ဆိုင်ဘို့ပြင်ဆင်လိုက်ချိန်မှာတော့
စီးဆင်းနေတဲ့ရေခဲပြင်တွေကြားထဲမှာ
ငါလေမျှောပါနေဆဲ--------
အေးခဲတဲ့နှင်းမုန်တိုင်းတွေနဲ့အတူ
အချစ်ဆိုတဲ့ဝိုင်တစ်ခွက်ကိုထပ်သောက်လိုက်တယ်
မသောက်နဲ့တော့တဲ့လားကွာ
တိုးညင်းတဲ့အသံတစ်ခုရင်ခွင်အစုံကိုရှပ်သွားတယ်
ဒီလိုနဲ့ကောင်းကင်ကြီးတစ်ခုလုံးကိုမော့ကြည့်လိုက်တယ်
ငါ့ကိုပြုံးပြနေတဲ့လမင်းက ပြောတယ်
အကိုရေ ဆက်မသောက်နဲ့တော့တဲ့..................

ပျား

glitter-graphics.com
အေးစက်စက်နိုင်လွန်းတဲ့တုန့်ပြန်မှုတွေက ရင်ကိုမနွေးထွေးစေနိုင်ဘူး၊
ရာသီအလိုက်ဖူးပွင့်နေတဲ့ပန်းတွေကလဲ တစ်ခုပြီးတစ်ခု၊
ဘယ်တုန်းကမှ နမ်းရှိုက်ခွင့်မရသေးတဲ့ သိုက်မြုံထဲကပျားတစ်ကောင်ဟာ ငါ ပါပဲ၊
ငါ့ဘေးမှာ ရစ်ဝဲနေတဲ့ပန်းတွေကို ပျားဆိုတဲ့ငါဘာဆိုဘာမှမသိခဲ့ဘူး၊
ပျားဆိုတာပျားရည်နဲ့မှ တင့်တယ်တယ်တဲ့၊
ပျားရည်အတုတွေကြားမှာ ပျားဖြစ်ခဲ့ရတဲ့ငါ
တစ်နေ့မှာ...
ပျားရည်အစစ်တွေ ဝေမျှနေပါရောလား
ဘယ်သူမှ မယူချင်ဘူးတဲ့ တိုးတိုးလေးလာပြောတယ်
မယုံနိုင်ဘူး ငါဆိုတဲ့ပျားဘ၀ကို
ပျားရည်အစစ်ကိုခံယူဖို့အတွက် ခက်ခဲလွန်းလို့ပါတဲ့
ဒီလိုနဲ့ လူမသိသူမသိတဲ့ သစ်ပင်အိုကြီးရဲ့ တစ်နေရာမှာ ငါနှလုံးအိမ်ကစီးကျလာတဲ့ ပျားရည်စက်တွေ တစ်စက်ပြီးတစ်စက်
သို့သော် ခံယူသူကင်းမဲ့နေဆဲ----

ါးသက်အလွမ်း

glitter-graphics.com
အတွေးတွေကနှိပ်စက် အလွမ်းတွေကခါးသက်သက်နဲ့ဘ၀ကိုပဲအပြစ်တင်ရတော့မလို
တစ်ခါတစ်ခါမှိုင်တွေငေးမောရင်း တိမ်တွေကပဲပြိုဆင်းတော့မယောင်
ငါ့ကိုယ်ငါ ဘာမှန်းမသိအောင် ဖြစ်နေတဲ့အချစ်စိတ်ကဘာသာမဲ့ စကားတစ်ခုလို
ဟိုဟိုဒီဒီစမ်းရင်းပေါ့
အနီးဆုံးနေရာကိုသွားဖို့ဆုံးဖြတ်တိုင်းမသေချာသေးတဲ့အဖြေတွေက ရင်ခွင်ကိုချိနဲ့စေပြန်တယ်
အားတင်းရင် ပြန်ထခဲ့တဲ့အကြိမ်တွေလဲမနဲတော့ပါဘူး
အဆုံးအဖြတ်ပေးမဲ့ တရားစီရင်မှုမှာစောင့်နေရတဲ့ တရားခံတစ်ယောက်လို
ထောင်နံရံကိုမှီရင်း သက်ပြင်းတွေအကြိမ်ကြိမ်ချခဲ့ရတယ်
သူလာမယ်တဲ့ သဲ့သဲ့အသံလေးက နံရံနဲ့ ငါနဲ့ကြားမှာ စစ်ခင်းနေကြဆဲ
ဒီလိုနဲ့တစ်ရက်ပြီးတစ်ရက်
ခါးသက်တဲ့အလွမ်းတွေနဲ့အတူဒီနံရံတွေကြားမှာ
ငါ ရှင်နေဆဲပါ ချစ်သူ။ ။

အလွမ်းမော်ကွန်း

glitter-graphics.com
အိမ်ရှေ့တံခါးကို ဖွင့်ထားခဲ့တယ်.
မင်းကို ဆီးကြိုဖို့အတွက်ပါ.
သံသယတွေ အခန်းထဲကို ပစ်ထည့်ဖို့မဟုတ်ဘူး
ထည့်ချင်လည်းထည့်ပေါ့
ယုံကြည်မှုနဲ့ ရှင်းလို့ရပါတယ်.
အစွဲတစ်ခုနဲ့ ငြင်းနေရင်တော့ ငါလည်း မတတ်နိုင်ဘူး

ငါ့နှလုံးသားကို ဖွင့်ထားခဲ့တယ်.
မောပန်းလာတဲ့မင်း ခိုနားနိုင်ဖို့ပါ
မျက်ရည်တွေ သွန်ချပစ်ခဲ့လို့ရတယ်.
နာကြည်းချက်တွေကို ဖောက်ထုတ်ပစ်ခဲ့လို့ရတယ်.
အပြစ်မယူပါဘူး
မငြူစူပါဘူး.
တစ်ခုပဲ ငါကြောက်နေမိတာ…
သံသယ ဓားချက်တွေ ငါ့နှလုံးအိမ်ကို မွှမ်းခံရမှာကိုပဲ…

တကယ်ဆိုငါဟာ
မင်းနဲ့ငါမဟုတ်သူတစ်ယောက်တို့ရဲ့
ဘ၀ဖြတ်သန်းမှုကို
ဘာမှမဖြစ်သယောင် ဟန်ဆောင်ငေးကြည့်ပြီး
ပြုံးပြနှုတ်ဆက်နေရသူပါ.
မပွင့်ခင်ကတည်းက ညှိုးနွမ်းခဲ့ရတဲ့
ငါ့အချစ်ပန်းတွေကို
မင်းရဲ့ သံသယအက်ဆစ်တွေနဲ့ အပြီးတိုင် မသတ်လိုက်ပါနဲ့တော့နော်
မင်းကို ငါဆက်ချစ်နေချင်သေးတယ်.
ကတိလည်းပေးပါတယ်.
မင်းနဲ့ငါ မခွဲဘူး…
ငါနဲ့မင်း မခွဲဘူး
မမြင်နိုင်တဲ့ သံယောဇဉ်ကြိုးတွေနဲ့
မင်းကို ငါစောင့်နေမယ်
နောက်နောင် ဘ၀များစွာအထိပေါ့
ငါ့ရဲ့ အသံတွေလည်း တိုးလျအားလျော့ချင်နေပါပြီ.
ဒါပေမယ့် ငါမင်းကို ဆက်ပြောမယ်
မင်းကိုငါ မခွဲဘူး
မင်းလည်း ငါ့ကို မခွဲပါနဲ့ဦးနော်…
ဖြူစင်တဲ့ မေတ္တာတွေနဲ့
နွေမှာ အေးမြ၊ မိုးမှာ လုံခြုံ၊ ဆောင်းမှာ နွေးထွေးစေ့ပါမယ်…
ငါမင်းကို သိပ်ချစ်တယ် ချစ်သူ………

Wednesday, July 9, 2008

ချစ်သူနဲ့ကွဲရတာလည်း ဆင်းရဲ


glitter-graphics.com
ချစ်သူနဲ့ ခွဲရတာ သိပ်ကို စိတ်ဆင်းရဲရပါတယ်။ ရင် ပူလောင်ရပါတယ်။ တချို့ဆို ရင်ကွဲနာကျပြီး သေတောင် သေတယ်။ ချစ်သူနဲ့ဆို ထားပါဦး။ အင်မတန် သဘောကျ နှစ်သက်တဲ့ သက်မဲ့ပစ္စည်းနဲ့တောင် မခွဲချင်ဘူး။ မပေးချင် ဘူး။ မပျက်စီးစေချင်ဘူး။ မြတ်စွာဘုရား ဟောခဲ့တဲ့ ဇာတ်တော်တစ်ခုထဲမှာငါး ကြီးတစ်ကောင် တံစို့ထိုးပြီး မီးကင်ခံနေရချိန်မှာ ငိုကြွေးနေတယ်။ “မီးလောင်ခံရလို့ မပူပါဘူး၊ တံစို့ထိုးခံရလို့ မနာပါ ဘူး”တဲ့။ ချစ်သူ ငါးမလေးနဲ့ ကွဲရမှာမို့ “ရင်ထဲမှာ မီးလောင် နေတယ်၊ ရင်ထဲမှာ နာနေတယ်”တဲ့။ ချစ်သူနဲ့ကွဲတဲ့ဆင်းရဲ၊ ချစ်မိလို့ ခံစားရတဲ့ဒုက္ခနော်။ ဦးဘညွန့်ရဲ့ ချစ်ဒုက္ခက ဘယ်လိုနေတယ် မသိဘူး။ ငါးကြီးရဲ့ဒုက္ခကိုတော့ ဘုန်းကြီးသံဝေဂရမိတယ်။

ချစ်စရာပင်ဂွင်းငှက်ကလေးများ

Tuesday, July 8, 2008

လွမ်းတဲ့မျက်ရည်သုတ်ပစ်မည်


နှင်းသောက်လက်စ လက်ဖက်ရည်ခွက်ကို စားပွဲပေါ်တင်လိုက်ရင်းမှ-
"နှင်း သိပ်ခံစားနေရတယ်ပေါ့ ဟုတ်လား "
"အေးလေ ခံစားရတာပေါ့ဟာ ၊ နင်ကလည်း ငါက သူ့ကို တကယ်ချစ်ခဲ့တာပဲ"
" ပြစမ်းပါအုံး ၊ နှင်းကောင်လေးဆီက ဖြတ်စာ "
" ရော့-ဒီမှာ ၊ ဖတ်ကြည့်"
ကျွန်မ စာရွက်ကို ဖြန့်လိုက်သည်။ မီးရောင်အောက်တွင် ၀ိုင်းစက် ညီညာသော စာလုံးလေးများကို တွေ့ရသည်။
နှင်း..
အစ်ကို့ဘက်က ရှေ့ဆက်ချင်တဲ့စိတ်မရှိ တော့လို့ ဘာကိုမှ မျှော်လင့်ချက်ထားစရာ မလိုတော့ဘူး ၊ အတိတ်ကို အိပ်မက်လိုမေ့လိုက်ရင် နှင်းအတွက် အကောင်းဆုံးဖြစ်မှာပါ။
"အေးလေကွာ ၊ ဒါဆိုပြီးနေပြီပဲ ၊ နှင်းက ဘာလုပ်အုံးမလို့လဲ "
" ဟား-ဟား-ဟား "
ကျွန်မ နှင်းကို ကြည့်ကာ ဟားတိုက် ရယ်ပစ်လိုက်ပါသည်။ ပြီးမှ-
" နှင်း-နှင်း ၊ ဟုတ်လဲဟုတ်တဲ့ နှင်းဘဲ ၊ နှင်းမှာ အပြစ်ရှိမှ ယောကျာ်းလေးက မုန်းရမှာလား ၊ ယောကျာ်းလေး တစ်ယောက်က မချစ်တော့လို့ အဆက်ဖြတ်တာကို နှင်းအပြစ်တွေ ဖော်ပြနေရ အုံးမှာလားဟ"
" ဖော်ပြသင့်တာပေါ့ကွ ၊ နှင်းသစ္စာဖောက်လို့ ဒါမှမဟုတ် သက်သက်မဲ့ ပေါ်တင်ကြီး လုပ်သွားတာ ၊ လုံးဝ မတရားဘူး "
" ဒါကတော့ လူတစ်ဦး တစ်ယောက်ရဲ့ အချစ်နဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့် အခွင့်အရေးပဲကွ ၊ နှင်းကိုချစ်စဉ်က ချစ်ခဲ့ပေမယ့် မုန်းချင်တဲ့ အချိန်မှာ မုန်းနိုင်တယ်လေကွာ ၊ လူဆိုတာမျိုးက တစ်ယောက်ကို တစ်ယောက် ချစ်တယ်ဆိုတာ အမှန်တော့ အားကိုစရာရှာတာ ၊ ဒါမှမဟုတ်ရင် သာယာမှုကိုရှာတာဟ ၊ နှင်းထက် အားကို နိုင်ပြီး သာယာမှုတွေပေးနိုင်မယ့် သူတွေ့ရင် အခုလိုအချိန်မှာ မင်းကိုမုန်းပစ်နိုင်တယ်၊ ဒါကိုမတရားပါဘူးလို့ ပြောလို့မရဘူး ၊ နှင်းကိုယ်တိုင်ကရောသူ့ကို ဘ၀တစ်ခု ပုံအပ်ရလောက်အောင် သူကအားကိုးထိုက်ရဲ့လား ၊ သာယာမှုပေးနိုင်ရဲ့လား ၊ နှင်းကိုယ်တိုင်လည်း ပြန်ဆန်းစစ်ကြည့်အုံးလေကွာ"
" ဒါကတော့ဟာ ၊ သူ့ကိုနှင်းစပြီး ချစ်မိကတည်းက နှင်းအကြောင်းလည်းသူသိ ၊ သူ့အကြောင်းလဲနှင်းသိ ပြီးသားတွေပဲ ၊ နင်ပြောသလို နှင်းကိုတစ်ကယ်မချစ်ရင် ၊ သာယာမှုမပေးနိုင်ဘူး ထင်ရင် အစကတည်းက ချစ်တယ်ဆိုတဲ့စကားကို လာမပြောနဲ့ပေါ့ဟာ ၊ ခုတော့ ချစ်ခဲ့ကြပြီးမှ မုန်းလိုက်တော့ ၊ ကိုယ့်ဆီကအကြင်နာတွေကို မလိုချင်ပါနဲ့တော့တဲ့ ငါဘယ်လိုခံစားရမယ်ဆိုတာ ကိုယ်ချင်းစာသင့်တာပေါ့ "
" နှင်းပြောတာ နှင်းဘက်ကကြည့်ရင် မှန်ပေမယ့် သူ့ဘက်ကကြည့်ရင် မမှန်ပြန်ဘူးကွ ၊ နှင်းကိုချစ်ရေးဆိုတုန်းက နှင်းဟာသူ့တွက် အားပေးဖော် သိပ်ချစ်ရတဲ့သူ ဖြစ်နေလိမ့်မယ် ၊ ဒါပေမယ့် အချိန်ရဲ့ ပြောင်းလဲခြင်နဲ့အတူ သူ့ရဲ့ အသိဥာဏ် ၊ အတွေးအခေါ်တွေဟာလဲ ပြောင်းလဲခဲ့ပြီး ၊ ရင့်ကျက်လာပြီ၊ ဟိုတုန်းက နှင်းကိုချစ်ခဲ့ပေမယ့် အခုနှင်းကို မချစ်နိုင်တော့ဘူး ၊ သူ့ရဲ့ ဦးနှောက်စွမ်းအားကို တစ်သမတ်တည်း တည်ငြိမ်နေမယ်လို့ မတွက်ဆသင့်ဘူး ၊ အရာရာတိုင်းဟာ အချိန်နဲ့အတူ ပြောင်းလဲနေတယ် ၊ အချစ်ဆိုတာ ဦးနှောက်ရဲ့ ထိန်းချုပ်မှုများလေဆိုတာ နှင်းသိထားသင့်တယ် "
" နင်က သူ့ဘက်က ရှေ့နေလိုက်နေတာလား ၊ ယောကျာ်းလေးတွေ အတွေးအခေါ်ရင့်ကျက်ပြောင်းလဲလာတိုင်း အချစ်ပါ ပြောင်းရရောလား ၊ ငါ့မှာ ဘာအပြစ်မှမရှိဘဲ အခုလို ဖြတ်လိုက်တာရော မှန်တယ်လို့ နင်ယူဆတာလား "
" ဒီလိုလဲ မဟုတ်ပါဘူး ၊ ယောကျာ်းလေးတစ်ယောက်ရဲ့ အချစ်ဟာ ထာဝရတည်ငြိမ်နေရမယ် ၊ ပုံသေဖြစ်နေရမယ်လို့ နှင်းဆိုလိုတာကို လက်မခံတာပါ ၊ မင်းက သစ္စာရှိသလို သူကလဲ သစ္စာရှိရမယ် ၊ ဒီလို နှင်းဆိုချင်တာ မဟုတ်လား "
" အေး-ဟုတ်တယ် ၊ ငါ့ရဲ့အချစ်ဟာ သစ္စာတရားနဲ့ ၀န်းရံထားသလို ငါ့ကိုချစ်တဲ့ ယောကျာ်းလေးရဲ့ အချစ်ဟာလဲသစ္စာရှိရမယ် ၊ ပြီးတော့ အဲဒီလိုတစ်ယောက်နဲ့ တစ်ယောက်သစ္စာရှိနေရတာကိုပဲ ဂုဏ်ယူနေရမယ် "
" အေးပေါ့ဟာ ၊ မင်းပြောသလိုသာ အဲ့ဒီလို အချစ်မျိုးတွေချည်း ရှိနေရင် အသည်းကွဲတာတွေ ၊ လွမ်းဆွေးတာတွေ ၊ ရင်နာတာတွေ ဘယ်ရှိတော့မလဲ ၊ ဆန့်ကျင်ဘက်ဆိုတာတွေဟာ အမြဲတမ်းရှိနေရမှာပဲ ၊ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ဆန့်ကျင်ဘက်တို့ ၊ အားပြိုင်မှုကြောင့်သာ တိုးတက်မှုတွေ ဖြစ်ပေါ်လာခဲ့တာ မဟုတ်လား "
" နင်ကတော့ အချစ်မရှိတဲ့ သူတွေဘဲနင်တို့က ဟွန်း...ငါ့လိုဘယ်မှာ ခံစားတတ်ပါ့မလဲ "
" နေစမ်းပါအုံး ၊ အခု နှင်းဘယ်လောက် ခံစားနေရလဲ "
" ခံစားရတာပေါ့ကွ ၊ ငါတန်ဖိုးထားပြီး ယုံကြည်စိတ်ချပြီး ချစ်တဲ့သူက မုန်းသွားတော့ ဘာမှ မလုပ်ချင်တော့ဘူး ၊ အလုပ်လုပ်ရင်လဲ စိတ်ကသူ့ဆီ ရောက်နေတော့မှားနေတာချည်းပဲ ၊ သူ့အကြောင်းကိုလည်းအမြဲစဉ်းစားမိနေတယ် ၊ ပြောရရင်ငါအလုပ်ကတောင် ထွက်ပြီး တစ်နေရာ မှာတောင်သွားလုပ်ချင်တယ်။ အချစ်ဦးမိုလို့ တစ်ကယ်ခံစားရတယ်ဟာ "
" ကောင်မခံစား-ခံစား ၊ အားရအောင် ခံစားနေ ၊ နင်ခံစားရရုံပဲ မဟုတ်လား ၊ မသေပါဘူးကွာ ၊ နှင်းဟာ ခံစားတတ်ပေမယ့် သေကြောင်းကြံစည် လောက်အောင်တော့ မရူးးပါဘူး ၊ နှင်းအဲ့ဒီလောက်တော့ အသိဥာဏ်မမဲ့ပါဘူး ၊ မပျော့ညံ့ပါဘူး ၊ ဒါတွေကလဲ ခဏပါကွာ ၊ နှင်းရင်ထဲမှာ လောလောဆယ် အချစ်တွေနဲ့ ပြည့်နေပေမယ့် ကြာကြာ ထမင်းငတ် မခံနှိုင်ပါဘူး ၊ တစ်လလောက် မအိပ်ဘဲ မနေနိုင်ပါဘူး ၊ တစ်ခုတော့ ရှိတယ် ၊ အချစ်ကို အလုပ်နဲ့မရောနဲ့ကွ ၊ အမှန်တော့ အချစ်ဆိုတာ ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုလိုပဲ နှင်းမှတ်ထား ၊ ဘ၀မှာ အချစ်ထက်အရေးကြီးတာတွေ အများကြီး ရှိနေသေးတယ် ၊ သစ္စာမရှိတဲ့ ယောကျာ်းလေးတစ်ယောက်အတွက် နှင်းအချိန်ပေးပြီး နှင်းခံစားနေရင် နှင်းဘက်က ဒုတိယအကြိမ် ထပ်ရူံးပြီလို့ နှင်းမှတ်ထားပေတော့ "
" ငါ-သူနဲ့ တွေ့ပြီး မေးချင်သေးတယ်ကွာ ၊ ဘာကြောင့် ငါ့ကိုမုန်းတာလဲလို့ "
" ဘာလဲ ၊ အယူခံဝင်ချင်သေးလို့လား ၊ နှင်းဘက်က မှားခဲ့လို့ သူကအထင်လွဲပြီး မုန်းတာဆိုရင်တော့ နှင်းကတောင်းပန်ရင် ရှင်းပြရင် ပြေလည်နိုင်တယ် ၊ ခုဟာက နှင်းမှာ အမှားမှ မရှိဘဲ ၊ တမင်သက်သက် မုန်းချင်လို့ မုန်းသွားတာဆိုတော့ မေးနေလဲ အပိုပဲလေ ၊ မချစ်တော့လို့ မုန်းတာဟ ၊ နှင်းကို အထင်လွဲလို့ စိတ်ကောက်ပြီး မုန်းနေတာမဟုတ်ဘူး "
" ဒါဆိုသူ တစ်ခြားအသစ်တစ်ယောက်ကိုးများ ပိုချစ်သွားတာလား မသိဘူးနော် "
" ဒါ အဖြစ်နိုင်ဆုံး ထင်မြင်ချက်ပဲ ၊ ယောကျာ်းလေး ဆိုတာ အမြဲတမ်း အမြင့်ကို မျှော်တတ်တယ်ကွ ၊ ဒါကလဲ လူတိုင်းရဲ့ မွေးရာပါ ဘ၀ပေး တာဝန်တစ်ခုလို ဖြစ်နေပြီ၊ အားလုံးကိုတော့ မဆိုလိုပါဘူး ၊ ကိုယ်တိုင်က မပြည့်စုံတဲ့ သူတွေကျတော့လည်း ကိုယ်တိုင်ကမပြည့်စုံပေမဲ့ ပြည့်စုံတဲ့သူကိုသာစဉ်းစားတယ် ၊ စဉ်းစားတယ် ဆိုကတည်းက ဦးနှောက်နဲ့ အလုပ်လုပ်ပြီပေါ့ဟာ ၊ ဒီတော့ နှလုံးသားသမားတွေတွက် နေရာမရှိဘူး ၊ ရှိခဲ့ရင်တောင်မှပဲ ကျဉ်းတယ် ၊ နည်းတယ် ၊ အဲ့ဒီတော့ သူတို့စဉ်းစားနိုင်တဲ့ အထဲမှာပါ အောင် လူတိုင်းကြိုးစားကျရမှာပေါ့ကွာ ၊ အမှန်တော့ ခုလိုဖြစ်တာ ပိုပြီးတောင် ကောင်းပါသေးတယ် ၊ နှင်းမှာ ငုပ်လျှိုနေတဲ့ ကြိုးစားချင်စိတ်တွေ ပေါ်လာအောင် ဖော်ထုတ်ပေးသလို ဖြစ်နေလို့ပေါ့နှင်းရ "
" နေပါအုံး ၊ အဲ့ဒီလို ပြည့်စုံမှုကို တပ်မက်ပြီး ချစ်တဲ့အချစ်ကရော စစ်ပါ့မလားဟာ "
" နှင်းကို ငါပြန်မေးမယ် ၊ အချစ်စစ်ဆိုတာ ဘာလဲ ၊ ဘာတွေနဲ့ တိုင်းတာသလဲ "
" ဒါကတော့ဟာ ၊ တစ်ယောက်နဲ့ တစ်ယောက် သစ္စာရှိမယ် ၊ ကြင်နာမယ် ၊ အနစ်နာခံမယ် ၊ ဒါမျိုးတွေပေါ့ကွာ ၊ အဲဒါတွေရှိရင် အကြမ်းဖျင်းပေါ့ကွာ ၊ အချစ်စစ်လို့ ငါထင်တယ် "
" ငါလဲ ဒီလိုဘဲယူဆပါတယ် ၊ သစ္စာရှိတယ် ဆိုတာကလဲ စိတ်ထဲကပါ သစ္စာရှိမှကွ ၊ မနောကံပေါ့ကွာ ၊ တချို့ အိမ်ထောင်သည်တွေ လူကသာမဖောက်ပြန်ပေမယ့် စိတ်နဲ့ဖောက်ပြန် နေတာတွေ အများကြီးတွေ ၊ ကိုယ်ကတော့ လူ့ကျင့်ဝတ်တို့ ၊ ဘာသာတရားတို့အရ လိုက်နာ ကျင့်ကြံ့ ထိန်းသိမ်းနေရလို့ ၊ ဒါတောင်မှတစ်ချို့ ဖောက်ပြန်နေကြတာ နှင်းတွေ့မှာပဲ ၊ စိတ်နဲ့ဖောက်ပြန်နေတာကတော့ ပြောမနေတော့နဲ့ ပေါ့ ၊ ဥပမာ ၊ အနားမှာ မိန်းမကို ငုတ်တုတ်ထားပြီး ဘယ်မင်းသမီးကမိုက်တယ် ၊ ချောတယ်နဲ့ စသဖြင့်ပေါ့ ၊ အသေးအဖွဲ စိတ်ဖောက်ပြန်မှုတွေရှိနေတာပဲ ၊ အနစ်နာခံတယ်ဆိုတာကလဲ အတိုင်းအတာနဲ့ပါကွာ ၊ သွေးကိုဖောက်ပြီး မျှတလှုူနိုင်ပေမယ့် အသက်ချင်းလဲရမယ်ဆိုရင် ဘယ်သူမှ အနစ်နာမခံနိုင်ပါဘူး ၊ အတ္တသမံ ပေမံ နတ်ထိတဲ့လေ ၊ ဒါဘုရားဟောထားတာ ၊ ကိုယ့်ကိုကိုယ်သာ အချစ်ဆုံးပဲ ၊ အဲဒီတော့ နှစ်ကိုတူချစ်လို့ ပဲဖြစ်ဖြစ် ၊ တပ်မက်ပြီး ၊ အထင်ကြီးပြီး ချစ်လို့ပဲဖြစ်ဖြစ် ၊ သနားပြီး ချစ်တာပဲဖြစ်ဖြစ် ၊ အနစ်နာခံမှုမှာ အတိုင်းအတာ ဆိုတာ ရှိတယ် ၊ ဒါပေမယ့် တစ်ခုနဲ့ တစ်ခု ကွာဟမှုတော့ရှိမှာပေါ့ ၊ သိပ်တော့ ကြီးကြီးမားမား ကွာဟမှာတော့ မဟုတ်ဘူး ၊ ဘာဖြစ်လို့ လဲဆိုတော့ လူရယ်လို့ ဖြစ်ပေါ်လာကတည်းက ဒီကိစ္စတွေဖြစ်ခဲ့ပြီးသားပဲ ၊ အခုလဲဖြစ်နေတုန်းပဲ ၊ နောင်လဲ ဖြစ်အုံးမှာပဲ "
" နင်ဆိုလိုတာက အချစ်စစ် ဆိုတာ မရှိတော့ဘူးပေါ့ ၊ နှလုံးသားရေးရာ ကိစ္စတွေမှာ ဦးနှောက်လွှမ်းမိုးမှုတွေဟာ မှန်တယ်ပေါ့ ၊ ဒီလို ဆိုချင်တာလား "
" အချစ်စစ်ဆိုတာမရှိဘူးလို့ မပြောပါဘူး ၊ ဘာတွေနဲ့တိုင်းပြီး ဘယ်စံဝင်မှ အချစ်စစ်လို့ သတ်မှတ်သလဲ ၊ ကမ္ဘာဦးကတည်းက အဲဒီလိုစံမီတဲ့ ဂန္ထ၀င်အချစ် ဘယ်နှဦး ပေါ်ခဲ့ပြီလဲ ၊ လက်ရှိ လူဦးရေနဲ့ ရာခိုင်နူန်း တွက်ကြည့်ရင် ကျေနပ်လောက်တဲ့ အရေအတွက်လား ၊ ပြီးတော့ မင်းပြောတဲ့ နှလုံးသားရေးရာ ကိစ္စဆိုတာ အချစ်ကိစ္စကို ပြောတာပဲ မဟုတ်လား ၊ ဦးနှောက်ဆိုတာ တွက်ချက်တဲ့ အလုပ်ကိုလုပ်ရမှာမို့ ဘယ်နေရာ ၊ ဘယ်ကိစ္စဖြစ်ဖြစ် ပါရမှာပဲ ၊ နှလုံးသားကို အလိုလိုက်ရင် မှားမှာပဲ ၊ ဦးနှောက်နဲ့ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတာ ကြိုတွက်ရင် အမှားနည်းမှာပဲ ၊ ဦးနှောက်နဲ့ တွက်တိုင်း မှန်တယ်လို့တော့ ပြောတာမဟုတ်ဘူးနော် ၊ အမှားနည်းတာကိုပြောတာ ၊ အဲဒီလို မထွက်ရင် မဖြစ်သင့်တာတွေ ဖြစ်ကုန်မှာပဲ ၊ အချစ်မှာ လူတန်းစား မရှိဘူးဆိုပေမယ့် အိမ်ထောင်ရေး မှာတော့ လူတန်းစားရှိတယ်လေ ၊ ကိုယ်နဲ့အံဝင်ခွင်ကျမဟုတ်တဲ့ အသိုင်းအ၀ိုင်းထဲ ရောက်သွားရင် ကဋိပက္ခတွေ ဖြစ်လာမှာပဲ ၊ ပဋိပက္ခကြီးလာတာနဲ့ အချစ်တွေလျော့ကုန်ပြီ ၊ အဲဒီတော့ နှလုံးသားနဲ့ ဦးနှောက်အပိုင်းမှာ ချင့်ချိန်ရင် အကောင်းဆုံးလို့ ငါထင်တယ် "
" ဒါဆိုရင် အခု ငါဘာလုပ်သင့်သလဲ "
"နှင်းသူနဲ့ တွေ့ရင် ခွင့်လွှတ်နိုင်ပါ့မလား "
" ခုအချိန်မှာတော့ ငါသိပ်ခံစားနေရတယ်ဟာ ၊ ခုအချိန်မှာသာ တွေ့ရင် ဘာကြောင့်မုန်းတာလဲလို့ မေးမိမှာပဲ ၊ အဲဒါကိုမှ ငါ့ကို ကောင်းကောင်းမွန်မွန် မဆက်ဆံရင် ငါဒေါသဖြစ်မှာ သေချာတယ် ၊ ဒေါသဖြစ်လို့ သူ့ကိုတစ်ခုခု ပြန်ပြောမိရင်လဲ ငါမှားမှာပဲ "
" ဒါပေါ့ဟာ ၊ ဒီလို ကြိုသိနေရမယ်လေ ၊ သူနဲ့တွေ့ရင် အကျိုးအမြတ်ဘာရှိမလဲ ၊ ဒေါသဖြစ်လို့ နှင်းကသူ့ကို တစ်ခုခုပြောမိရင် နှင်းကိုဘဲ ပတ်ဝန်းကျင်က ၀ိုင်းပြီး အပြစ်မြင်ကြမယ် ၊ ယောကျာ်းလေးတစ်ယောက်နဲ တုဖက်ပြီး စကားများတယ်ဆိုတာကလည်း မိန်းမကောင်းတို့ အလုပ်မဟုတ်ဘူး ၊ ဒေါသကြောင့် ဖြစ်လာတဲ့ တခြားအကျိုးဆက်တွေကိုလဲ ရင်ဆိုင်အုံးမယ် ၊ ဒေါသအတိုင်းအတာ အလျောက် စိတ်လိုက်မာန်ပါလုပ်မိရင်လဲ တရားဥပဒေ ရဲ့ အဆုံးအမကို ခံရဦးမယ် ၊ နှင်းကိုမချစ်တော့လို့ မုန်းပါ ၊ မေ့ပါလို့ ပြောနေတဲ့ ယောကျာ်းတစ်ယောက် ရှေ့မှာ အောက်ကျခံနေတာဟာ ၊ အချစ်ကြီးတာနဲ့ ပျော့ညံ့တာတခြားစီပဲ နှင်းရ "
" ငါကတော့ ဘယ်လိုမှမေ့လို့ရမှာမဟုတ်သေးဘူး ၊ သူက အိမ်မက်လိုမေ့လိုက်ပါ ဆိုပေမယ့်လဲ ဘယ်မေ့နိုင်မှာလဲကွာ ၊ စိတ်ရောဂါ ဝေဒနာရှင် တဦးဦးမှ မဟုတ်တာပဲ "
" နှင်းမေပလို့ မရတာကို အပြစ်မတင် ပါဘူး ၊ ခုချိန်မှာတော့ နှင်းသတိရနေမှာပဲ ၊ မကြာသေးဘဲကို ၊ ကြာသွားရင်တော့ တိုက်ဆိုင်မှုရှိမှပဲ သတိရတော့မှာပါ ၊ အဲဒီထက် ပိုကြာလာရင် နှင်း-သူနဲ့ မျက်နှာချင်းဆိုင် တွေ့တော့မှပဲ သြော်-သူကိုလို့ သတိရတော့မှာ"
" နင်ကတော့ သင်္ချာသမားလို့ မပြောရဘူး ၊ အားလုံးကို ကြိုတွက်နေတော့တာပဲ "
" ဟာ-ဒါက တွက်နေစရာ မလိုပါဘူးဟ ၊ ပုံသေနည်း ရှိပြီးသား ၊ နှင်းသိအောင် ပြောပြတာ ၊ ဒီမှာနှင်း ၊ နင်စဉ်းစားကြည့် ၊ လူတွေအရက်သောက်တာများရင် အရက်နာကျမယ် ၊ အဲ့ဒါကိုဘယ်လိုဖြေကျသလဲ ဆိုတော့ အရက်နည်းနည်းထပ်သောက်လိုက်တာပေါ့ ၊ အေးလေ ၊ အခုနှင်းလဲ နှင်းချစ်သူအပေါ်အချစ်တွေများသွားလို့ အချစ်နာကျတာပါ ဒီတော့ နှင်းလည်း နှင်းကိုချစ်တဲ့သူတစ်ယောက်ကို အစားထိုးပြီး ဖြေလိုက်ပေါ့ဟာ"
" နှင်းကဒီလိုမလုပ်ချင်ပါဘူးဟာ ၊ နှင်းတစ်ကယ်ချစ်တဲ့သူမှ ချစ်ချင်တာလေ ၊ နှင်းကတစ်ကယ်မချစ်ဘဲ အစားထိုးရင်လဲ တစ်ဖက်သူအတွက် မကောင်းပါဘူးလေ ၊ နှင်းကဒီလိုလည်းကိုယ်ချင်းစာတတ်သားပဲနော် ဟဟ ၊ မရယ်ပါနဲ့ ကိုယ်ချင်းစာတတ်ပါတယ်ဟာ ၊ ချစ်သူဆိုပေမယ့်လဲ မောင်နှမစိတ် ကင်းမဲ့စွာနဲ့ ချစ်တာမဟုတ်ပါဘူး ၊ သူကမချစ်လို့ ထားခဲ့ပေမဲ့ "
"ဒါဆိုရင်လဲ နှင်းရဲ့ ခံစားချက်ကို လိုင်းပြောင်းကွာ ၊ နှင်းက ကဗျာသမားဆိုတော့ ကဗျာရေးပေါ့ကွာ ၊ အင်းလေ ၊ ခံစားမှုတစ်ခုကြောင့် စိတ်မှာတင်ကျပ်လာရင် စာရေးချလိုက်တာဟာ အကောင်းဆုံး ဖြေဆေးပဲလေ ၊ ပြီးတော့ စာရေးတာ ၊ ကဗျာရေးတာဟာ စိတ်တည်ငြိမ်တယ် ၊ စိတ်ရှည်စေတယ် ၊ အတွေးအမြင်လဲ ဆန်းသစ်စေတယ် ၊ ရင့် သန်စေတယ်လို့ ငါထင်တယ် "
" ဒါပေါ့ ၊ အခုအချိန်မှာသာ နှင်းကသူ့ကိုစွဲလန်းပြီး အပြစ်တွေမြင်နေမယ်ဆိုရင်တော့ ပတ်ဝန်းကျင်ကလည်း ဘာပြောကြမယ်ထင်လဲ ၊ နှင်းချစ်နေတဲ့သူကရော ဇာတ်လမ်းတွေထဲကလို သနားလို့ဆိုပြီး ပြန်လာမယ်ထင်နေလား ၊ ဝေးသေးတယ် ၊ အဲ့ဒီခေတ်ကကုန်ပြီ ၊ နှင်းမိဘတွေတောင်ကြားထဲက နာမည်ပျက်နေအုံးမယ် ၊ လူတွေက ကောင်းတာကို မြင်လွယ်ပေမယ့် မကော်ငးတာကျတော့ မြင်လွယ် ၊ သိလွယ်တယ် ငါ့ကြောင့်ခံစားသွားရပြီ တွေ့လား ၊ ငါပညာပေးလိုက်တာ ၊ ငါ့ရဲ့လှည့်စားမှုဒဏ်ကို ပညာပေးလိုက်တာ တွေ့တယ်မလားဆိုပြီးမှ ၀ိုင်းရယ်လှောင်ပြောင်နေကြဦးမယ် "
" ဒီတော့ နှင်းအနေနဲက ဒီအချိန်မှာ ဘာမှမထူးခြားသလို တည်တည်ငြိမ်ငြိမ် ပိုပြီးနေပြနှိုင်ရမယ် ၊ သူနဲ့တွေ့ရင်တောင် စိတ်ကို ထိန်းချုပ်ပြီး သူငယ်ချင်းတစ်ယောက်လို ဆက်ဆံနိုင်ရမယ် ၊ ဟန်ဆောင်နေကြတာချင်းတူတူ သူ့ထက်ပိုပြီး ပီပြင်နေရမယ် ၊ မိန်းခလေးပဲဟာ ခံစားရလဲ ရင်ထဲမှာဘဲထားလိုက် ၊ အချစ်အတွက် အသက်တောင် စွန့်ရဲတယ်ဆိုတဲ့ လူတွေဟာ သူရဲကောင်းလို့မသတ်မှတ်ကြဘူး ၊ သူရဲဘောကြောင်တာလို့ပဲ သတ်မှတ်ကြလိမ့်မယ် ၊ တစ်ကယ်တော့အချစ်ဆိုတာ ဘ၀ရဲ့တစ်စိတ်တစ်ဒေသပါ ၊ ပျောက်ဆုံးသွားတဲ့ အချစ်တစ်ခုအတွက် ဘ၀တစ်ခုလုံးထိခိုက်သွားစရာမလိုပါဘူး “
“ ရည်းစားများတဲ့ ယောကျာ်းလေး တစ်ယောက၊ မိန်းခလေးတစ်ယောက်ကို သူ့အကြောင်းသေသေချာချာသိတဲ့ လူတစ်ယောက်က အလွယ်တကူ ဆုံးဖြတ်ပြီး ဘ၀ကြင်ဖော်အဖြစ် လက်တွဲမယ်လို့ နှင်းယုံကြည်သလား ၊ ရှင်းရှင်းပြောရရင် ယောကျာ်း ၊ မိန်းခလေးဘဲ ဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူရဲ့ အချစ်ဦးဘ၀ကိုသာ လိုချင်ကြတဲ့သူတွေချည်းပါ ၊ အင်းလေ-ဒါတော့ဟုတ်တယ် ၊ အဲဒီသဘောကို လူတွေက နားမလည်ကြဘူးလေ ၊ အင်း-တစ်ချို့ကလဲ နားမည်တာလဲပါတာပေါ့ဟာ ၊ တချို့ကြတော့လဲ ရည်းစားများရတာကိုပဲ ဂုဏ်တစ်ရပ်လို့ မြင်နေကြတာ တွေကလဲ ရှိသေးတယ် ၊ ဘေးတွေ့မှသာ စိတ်ညစ်တတ်ကြတာလေ ၊ သူတို့သိဖို့ကောင်းတာက ရည်းစားများတာဟာ တစ်ချိန်ချိန်မှာ မိမိတစ်ကယ်ချစ်တဲ့သူပေါ်လာရင် အဲ့လိုရူပ်တာတွေဟာ နောင်တစ်ချိန်မှာ ပြသနာ အခက်အခဲတွေ ဖြစ်လာနိုင်တယ်လေ ၊ ဒါကြောင့်ဘ၀အတွက် နာမည်တစ်လုံးဟာ သိပ်အရေးကြီးတာမို့ ယောကျာ်း မိန်းမ ဘယ်သူမဆို စဉ်စဉ်ခြင်ခြင်နေသင့်တယ် ဆိုတာကို နည်းလည်ကျဖို့ကောင်းတယ် “
“ တစ်ခုရှိတာက အချစ်ချင်းမတူရင်လဲ ပေါင်းစပ်လို့ မရနိုင်ပြန်ဘူးလေ ၊ နှင်းအချစ်က မြင့်မြတ်ဖြူစင်နေမယ် ၊ သူ့အချစ်က နိမ့်ကျနေမယ်ဆိုရင်လဲ မထိုက်တန်တော့ ပေါင်းလို့မရဘူးလေ ၊ ပြောခဲ့သလို ဆန့်ကျင်ဘက်တွေဟာ အားပြိုင်လို့ပဲရတယ်လေ ၊ ပေါင်းစပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ ဒီတော့ ဒီလိုယောကျာ်းမျိုးနဲ့ ရည်းစားဘ၀မှာ လမ်းခွဲသွားရတာဟာ နှင်းအတွက်ကံကောင်းတယ် မှတ်ပေတော့ “
“ ငါ နားလည်ပါတယ် သူငယ်ချင်း ၊ ဒါပေမယ့် ငါတတ်နိုင်ဆုံး ကြိုးစားပြီး သူ့စိတ်ကြိုက်ဖြစ်အောင် နေထိုင်နေတဲ့ကြားက ဒီလို လုပ်တာကို မကျေနပ်နိုင်တာတော့ အမှန်ပဲကွာ “
“ လောကမှာ ကြိုးစားတိုင်း အရာမထင်တာတွေ ၊ ကြိုးစားရက်သားနဲ့ မအောင်မြင်တာတွေ အများကြီးပဲကွ ၊ ကြိုးစာရကျိုးမနပ်ခဲ့လို့ စိတ်မကောင်ဖြစ်တာကိုတော့ ငါလက်ခံပါတယ် ၊ ဒါပေမယ့် စိတ်မကောင်းဖြစ်ရုံပဲဖြစ် ၊ စိတ်တော့ မလေစေနဲ့ပေါ့ “
“ စိတ်ချပါဟာ ၊ သူ့လိုလူအတွက်နဲ့ ငါမှာ ဘာမျှအမည်းစက် မရှိစေရဘူး ၊ ငါ့ကိုယ်ငါထိန်းနိုင်ပါတယ် ၊ ဒါပေါ့ဟာ ၊ မချစ်တော့လို့ထားခဲ့သူတစ်ယောက်တွက်နဲ့ ယောကျာ်းတွေကို သိမ်းကျုံးမုန်းတယ်ဆိုတာ မှန်ကန်တဲ့ လုပ်ရက်လည်းမဟုတ်ဘူးနော် ၊ အောက်တန်းစားတွေရဲ့ လုပ်ရပ်လို့ငါမြင်တယ် ၊ အဖြစ်ရှိရင် အပျက်ရှိမှာပဲ ၊ ဒါကလဲ လူမှုရေးတာဝန်တစ်ရပ်ကို ထမ်းဆောင်တယ်လို့ပဲ သဘေားထားလိုက် ၊ အချစ်ကြောင့် ဘ၀ပျက်တယ် ၊ အချစ်ကြောင့် အသည်းကွဲတယ်ဆိုတာတွေဟာ ဦးနှောက်မရှိတဲ့လူတွေမှာသာ ဖြစ်တာဟ”
“ ကျေးဇူးပဲ သူငယ်ချင်း ၊ လုပ်သင့်တာကို ငါနားလည်ပြီ ၊ အချိန်လည်းသိပ်မရှိတော့ဘူး ၊ ငါတို့ပြန်ကြရအောင် “
နှစ်ယောက်သားပြန်ရန် ထလိုက်သည်။ ထိုစဉ် ဆိုင်တွင်းရှိ ကတ်ဆက်မှ သီချင်းသံက ပျံ့လွင့်လာသည်။ သီချင်းကလည်း တိုက်တိုက်ဆိုင်ဆိုင် သူဆိုနေကျသီချင်းလေးပါ “ငယ်ရွယ်စဉ်မှာ အချစ်ကအိမ်မက်လို ငါလွမ်းနေလည်းကျေနပ်လို့သွားမယ် ၊ ကျန်နေခဲ့ပါစေ ငါ့တစ်ယောက်တည်း ငါချစ်တာမင်းသိရင်တော်ပြီဒီဘ၀တော့ “ ဆိုတဲ့သူသိပ်ကြိုက်တဲ့သီချင်းလေးပါ။
“ ကြားလား-နှင်း ဒီသီချင်းလိုပါဘဲ ငယ်ရွယ်စဉ်မှာအချစ်က အိမ်မက်လိုဆိုတာလေ ၊ အိမ်မက်ကလန့်နိုးတော့ ဘားမှမရှိတော့ဘူး လို့မှတ်လိုက်ပေါ့ ၊ ကိုယ့်ကိုမချစ်လို့ ထားခဲ့သူတွက် ဘယ်တော့မှ ၀မ်းမနည်းမျက်ရည်မကျစေနဲ့ ၊ အင်းပါ-သူငယ်ချင်း ငါမျက်ရည်မကျဘူး ၊ မချစ်လို့ထားခဲ့တဲ့ သူအတွက် ငါဘယ်တော့မှဝမ်းမနည်းတော့ဘူး ငါကောင်းကောင်း သဘောပေါက်သွားပါပြီ “
“ ဒီနေ့ကစပြီး လွမ်းတဲ့မျက်ရည်တွေကို သုတ်ပစ်လိုက်မည် “

Saturday, June 28, 2008

ကြာပြီပဲအမေ

မနေ့ကဆိုလည်း
ဒီလမ်းနဲ့ ဒီထီးကို ထမ်းခဲ့ရ။

ဒီမနက်ကျတော့လည်း
ပုံပြင်ဟောင်းနဲ့
ကော်ဖီကျကျတစ်ခွက်၊

ညနေမှာ တစ်ဆင့်ချိုင့်နဲ့ကောင်မလေးတစ်ယောက်ရယ်
အကြွေမရှိတော့တဲ့ ဘ၀တစ်ခုစာရယ်
မိုးရေစိုနေတဲ့ အိပ်မက်တစ်လုံးရယ်
ည ည
ထ ထ နာကျင်နေတဲ့ လွယ်အိပ်ကလေးရယ်
အကြောင်းမဲ့ပိတ်ခံထားရတဲ့ လမ်းကလေးတစ်စင်းရယ်
ရှင်းမည့်သူမရှိတဲ့ အိမ်ကလေးတစ်လုံးရယ်
ငါ့တွေ့ရှိချက်တွေဟာ
ငါ့ပတ်ဝန်းကျင်တစ်စုံလား
ခွဲခြားသိရခက်တဲ့ အဆိပ်သင့်ကောင်းကင်တစ်အုံစာရယ်

နာကျင်နေတဲ့မြို့ပြဟာ
ကျားနာခဲခဲမှာပဲ စိုးတယ်။
အထိနာခဲ့တဲ့ ဘ၀တွေက
အကျမနာတွေမှာတော့မှာ သေချာတယ်
မနက်ဖန်
အမေရယ်
ငါရယ်
ငါ့ညီမလေးရယ်
ဂလိုဘယ်ပုလဲတစ်ကုံးရယ်
အစီစဉ်မရှိဘဲ စီစဉ်တကျ ဆွဲထားတဲ့ မြေပုံတစ်ချပ်ရယ်

အမေ့ကို မတွေ့ရတာ ကြာပြီ
ညီမလေးရဲ့ချွဲသံနွဲ့နွဲ့ကို နားမထောင်ရတာလည်း ကြာပြီ
ငါတို့အိမ်တွင်းရေးကို လွတ်လွတ်လပ်လပ် မဆွေးနွေးရတာလည်းကြာပြီ
အမေ့အိမ်လေး ပြန်ပြင်ဖို့အချိန်တွေလည်း နောက်ကျခဲ့တာ ကြာပြီ
ကြာပြီ အမေ
အားလုံး ကြာခဲ့ပါပြီမေမေရယ်။
ကေတီဦး

ဘ၀တွက်အဆင်ပြေအောင်နေထိုင်နည်း

အောင်မြင်မှုသူများတွင်တွေ့ရှိရသော အချက်များ

၁။ မိမိကို သတိပြုမိအောင် လုပ်ပြခြင်း
၂။ ပထမဆုံးပေးအပ်သည့်တာဝန်ကို လိုသည်ထက်ပို၍ ကျေပွန်အောင် ဆောင်ရွက်ခြင်း
၃။ မိမိလုပ်ငန်းနယ်ပယ်ကို ကျွမ်းကျင်နှံ့စပ်အောင်လေ့လာခြင်း
၎။ ဖြစ်ရမည် စိတ်ချဟု အာမခံရဲခြင်း
၅။ လုပ်ငန်းကိစ္စ၌ အမြဲစိတ်ထက်သန်မှုရှိခြင်း
၆။ ကိုယ်ပိုင်ညဏ်ဖြင့် တီထွင်လုပ်ကိုင်တတ်ခြင်း


ပရိသတ်ကြားတွင် စိတ်လွတ်လပ်ပေါ့ပါးစွာပြောဆိုနေထိုင်တတ်စေရန် နည်းလမ်း (၄) ရပ်

၁။ ရိုးသားပွင့်လင်းစွာ ပြောသည့်အလေ့အထကို မွေးမြူပါ။
၂။ ကြောက်သောအရာကို တစ်ထစ်ချင်း တစ်စချင်း ရင်ဆိုင်ပါ။
၃။ အဓိကအာရုံကို သူတစ်ပါးကို ရွှေ့ပြောင်းပေးပါ။ (တစ်ပါးသူအား စကားပြောဆိုခွင့်ပေးပါ။)
၎။ စိတ်လှုပ်ရှားမှုကို စွမ်းအင်အဖြစ် ပြောင်းလဲပစ်ပါ။


အထက်လူကြီးနှင့်အဆင်ပြေစေရန်နည်းလမ်း(၁၀)ရပ်

၁။ နားထောင်ပါ။
၂။ လိုရင်းတိုရှင်းပြောပါ။
၃။ သံတမန်နည်းပရိယာယ်မျိုး ကျင့်သုံးတတ်ပါစေ။
၎။ ကိုယ့်ပြဿနာကိုယ် ဖြေရှင်းပါ။
၅။ အထက်လူကြီး၏ဂုဏ်ကို မြှင့်တင်ပါ။
၆။ အကောင်းမြင်တတ်ပါ။
ရ။ အလုပ်ခွင်ကို စောစောလာပါ။ နောက်ကျခံပြီး မပြန်ပါနှင့်။
၈။ ကတိတည်ပါစေ။
၉။ မိမိအထက်လူကြီးအကြောင်းကို သိအောင်ကြိုးစားပါ။
၁၀။ ရင်းနှီးလွန်းရင်လည်း မကောင်းပါ။

ဆရာတော်ဦးဇောတိက၏ သိစရာ၊ တွေးစရာများ

-ပစ္စည်းဥစ္စာဆုံးရှုံးခြင်း၊ ရာထူးဆုံးရှုံးခြင်း စတာတွေဟာအကြီးမားဆုံး ဆုံးရှုံးမှုမဟုတ်သေးပါဘူး၊ ကိုယ့်ရင်ထဲက အမြင့်မြတ်ဆုံး စိတ်ထား ဆုံးရှုံးသွားတာကမှသာ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်တယ်။
-တန်ဖိုးအရှိဆုံးအရာဆိုတာ မျက်လုံးနဲ့မမြင်ရဘူး။
-ခွင့်လွှတ်ခြင်းသည် စိတ်ကျန်းမာရေးနှင့် ပျော်ရွှင်မှုအတွက် အလွန်အရေးပါသော အချက်ဖြစ်သည်။
-သူတစ်ပါးပြောတာကိုစိတ်ပါလက်ပါအာရုံစိုက်ပြီး နားထောင်ခြင်းဖြင့် သူ့အပေါ်သင့်ရဲ့ ချစ်ခင်လေးစားမှုကို ပြရာရောက်ပါတယ်။
-စိတ်ကျေနပ်မှုအစစ်ဆိုသည်မှာ အားလုံးအတွက် အကျိုးရှိသော၊ တန်ဖိုးရှိသောအလုပ်ကို သစ္စာရှိရှိ ရိုးရိုးသားသားလုပ်ပြီးမှ ရနိုင်ပါတယ်။ ကိုယ်ကျိုးသက်သက်ရှိတဲ့အလုပ်မျိုးကို လုပ်နေရုံနဲ့ မရနိုင်ပါဘူး။
-ပါးစပ်က ဘာပြောပြောနောက်ဆုံးမှာ သဘောထားကပဲ အဆုံးအဖြတ်ပေးပါတယ်။ ပါစပ်ကညာလို့ရတယ်၊ သဘောထားက ညာလို့မရဘူး။ ချစ်စရာကောင်းတာလည်း သဘောထားကြောင့်ပဲ။ ဘ၀မှာရေရှည်အဆင်ပြေဖို့ အရေးကြီးဆုံးက သဘောထားမှန်ဖို့ပါပဲ။

" ဆရာကြီးပီမိုးနှင်းဆုံးမစာ "

မိဘကိုမသေခင်ကျွေးပါ ၊ သေမှမငိုပါနဲ့ ။
မိဘမျက်ရည်တစ်စက် ၊ သားသမီးဆင်းရဲတစ်သက်။
မိဘကိုရှာမကျွေးချင်နေ ၊ သောကရောက်အောင်မလုပ်ပါနဲ့။
သင်ကောင်းလျှင် ၊ ကျွန်ုပ်မဆိုးပါ ။
လူသာလာပါ ၊ ပြသနာခေါ်မလာပါနဲ့ ။
ပြောတော့သူဋ္ဌေး စားတော့အကြွေး ၊ တောင်းတော့မပေး ။
ကလေးရယ် ၊ ခွေးရယ် ၊ အကြွေးရယ် အလိုမလိုက်နှင့်။
စေတနာသည် လူတိုင်းနှင့်၊ မထိုက်တန်ပါ ။
အားနာလို့လိုက်လျောတာ ၊ အတယ်လို့မထင်နဲ။
ရွှေကိုချစ်တဲ့ရွှေမျိုးတွေ ၊ အိမ်မလာရ ။
ရွှေရှိမှအမျိုးတော် ၊ ငွေရှိမှလာပေါင်းချင်သူတွေကို
ကျွန်ုပ်မတွေ့လိုပါ ။
အချိန်နှင့်ဒီရေသည် ၊ လူကိုမစောင့်ပါ ။
ဘ၀မပျက်ခင်၊ တန်ဘိုးကိုနားလည်ပါ ။
တစ်ဆယ်တန်တဲ့အလုပ်ကို တစ်ရာတန်လောက် အချိန်မဖြုန်းပါနဲ့ ။
ဟန်ဆောင်ကောင်းသောမိတ်ဆွေသည် ရန်သူထက်ကြောက်ဖို့ကောင်းသည် ။
ပိုသေချာချင်ရင် ကိုယ်တိုင်ထလုပ်ပါ ။

" ပုသိမ်ဦးလှကြွယ်ဆုံးမစာ "

ငွေရှိတိုင်းလည်းအရမ်းမကြွားနဲ့ အထင်ကြီးလို့သောကများတတ်တယ် ။
အမေမသိဘဲလမ်းမသလားနဲ့ ဘိုကေဆွဲလို့ခါးကြီးတတ်တယ် ။
ဇီးပြားလည်းအပိုမကြိုက်နဲ့ သွားကြိမ်းလို့ဝမ်းပျက်တတ်တယ် ။
ရည်းစားလည်းအလိုမလိုက်နဲ့ ဗိုက်ထွက်တတ်တယ် ။
လိမ်မော်သီးလည်းစိမ်းတာမစားနဲ့ ချဉ်ချဉ်လေးနဲ့ခါးတတ်တယ် ။
အချိန်မတော်ကြီးချိန်းတာမသွားနဲ့ မသိစိတ်နဲ့မှားတတ်တယ် ။
မျက်စိမြင်ချင်လို့ငရဲမီးမခတနဲ့ မျက်လုံးပေါက်လို့ကွဲတတ်တယ်။
လက်ရှိလင်ကိုလည်း သရဲကြီးမမှတ်နဲ့ တစ်သက်လုံးမှောက်လို့ကွဲတတ်တယ်။
ခရီးမောလို့လည်းမြက်ပုံကိုမလူးနဲ့ မျက်မွှေးစူးလို့ယားတတ်တယ် ။
သမီးချော်လို့လည်းသမက်ကုန်မကူးနဲ့ မြေးတွေများများရတတ်တယ်။

" ညောင်ပင်သာဦးပုညဆုံးမစာ "

အိပ်ချင်တိုင်းလည်းမငိုက်နဲ့ သူများနိုက်တာခံရတတ်တယ် ။
စိတ်ဝင်စာတိုင်းလည်မကြိုက်နဲ့ အမြှောင်မယားဖြစ်တတ်တယ် ။
စီးပွားဖြစ်လို့တစ်မျိုးတစ်ဖုံမကြံနဲ့ အကြံရှက်လို့မွဲတတ်တယ် ။
ခဲအိုနားလည်းပျင်းကြောမဖြေနဲ့ မထိန်းနိုင်လို့ငြိတတ်တယ် ။
ငါးခြောက်စားလို့လည်းအပိုအပြစ်မတင်နဲ့ ဆီစိမ်းဘိုးနဲ့မွဲတတ်တယ် ။
အမောက်ထားလို့လည်းအပျိုစစ်မထင်နဲ့ ရေခဲစိမ်နဲ့ညားတတ်တယ် ။
အစ်ကိုအရွယ်မို့လည်းမေကညာမရာနဲ့ ဗိုက်ထွက်လို့ကျန်ခဲ့မယ် ။
အလိုကြီးတယ်လို့လည်းငွေရှာမလောနဲ့ ပြသနာရတတ်ချေတတ်တယ် ။

" သာမညဆရာတော်ဆုံးမစာ "

အစာနှင်းခိုင်းဝမ်းကိုနိုင်း ၀င်တိုင်းမစားနဲ့
နေ့ညချင်းနူန်း ကာလပိုင်း ပျော်တိုင်းမအိပ်နဲ့
သူတစ်ပါးကို အမျက်လို ပြင်သို့မထွက်နဲ့
သရမ်းမော်ကား နူတ်ထွက်ကြား စကားမကြံနဲ့
ပိုက်ဆံအိတ်နဲ့ ပါးစပ်ကို သတိနဲ့ဖွင့်ပါ ။

နေလိုတောက်ပတုန်းက မမောက်မာခဲ့ရင်
ဝမ်းလိုခြောက်သွေ့သော်လည်း ကြောက်စရာမရှိပါ
ဘ၀ဆိုတာ တိုက်ပွဲတစ်ခု ဘ၀င်မမြင့်ပါနဲ့
ဘ၀ကိုသာ ပြုပ်ပါ ကျွေးသောလက်ကိုမကိုက်ပါနဲ့
ထမင်းကျွေးသောအလုပ်မှာ တာဝန်ကျေပါ
မိတ်ဆွေသူပြုံးနေသည် အကြွေးယူတော့မည် ။

သူဋ္ဌေးလောင်းကို အကြွေးမရောင်းပါ
စည်းကမ်းရှိမှ တိုးတက်မည်
အချိန်ရှိခိုက် လုံးလစိုက်
လသာတုန်း ဗိုင်းငင်ပါ
မိုးရွာတုန်း ရေခံပါ
မိုးလွန်မှ ထွန်မချပါနဲ့။